< Mezmurlar 107 >

1 RAB'be şükredin, çünkü O iyidir, Sevgisi sonsuzdur.
ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ် ကျေးဇူးတော်ကို ချီးမွမ်းကြလော့။
2 Böyle desin RAB'bin kurtardıkları, Düşman pençesinden özgür kıldıkları,
ရန်သူ၏လက်မှ ထာဝရဘုရားနှုတ်၍ အရှေ့ အနောက် တောင်မြောက်အရပ်ရပ်ထဲက စုသိမ်းသော သူတည်းဟူသော၊ ရွေးတော်မူသော သူတို့သည် ဝန်ခံ ကြစေ။
3 Doğudan, batıdan, kuzeyden, güneyden, Bütün ülkelerden topladıkları.
4 Issız çöllerde dolaştılar, Yerleşecekleri kente giden bir yol bulamadılar.
သူတို့သည် တောတွင်းလူဆိတ်ညံရာအရပ်၌ လည်၍၊ နေစရာမြို့သို့ ရောက်သောလမ်းကို မတွေ့ကြ။
5 Aç, susuz, Sefil oldular.
ဆာငတ်မွတ်သိပ်၍ စိတ်ပျက်ကြ၏။
6 O zaman sıkıntı içinde RAB'be yakardılar, RAB kurtardı onları dertlerinden.
ဆင်းရဲခံရသောအခါ၊ ထာဝရဘုရားကို အော် ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ဆယ်နှုတ်တော်မူ၏။
7 Yerleşecekleri bir kente varıncaya dek, Onlara doğru yolda öncülük etti.
သူတို့နေစရာမြို့သို့ ရောက်စေခြင်းငှါ၊ ဖြောင့် သောလမ်းဖြင့် ပို့ဆောင်တော်မူ၏။
8 Şükretsinler RAB'be sevgisi için, İnsanlar yararına yaptığı harikalar için.
လူသားတို့၌ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
9 Çünkü O susamış canın susuzluğunu giderir, Aç canı iyiliklerle doyurur.
အကြောင်းမူကား၊ တောင့်တသော ဝိညာဉ်ကို ရောင့်ရဲစေ၍၊ မွတ်သိပ်သော ဝိညာဉ်ကိုလည်း၊ ကောင်း သောအရာနှင့် ဝစေသော်မူ၏။
10 Zincire vurulmuş, acıyla kıvranan tutsaklar, Karanlıkta, zifiri karanlıkta oturmuştu.
၁၀ထိုသူတို့သည် ဘုရားသခင်၏ အမိန့်တော်ကို ငြင်းဆန်၍၊ အမြင့်ဆုံးသော ဘုရား၏ အကြံတော်ကို မထီမဲ့မြင် ပြုသောကြောင့်၊
11 Çünkü Tanrı'nın buyruklarına karşı çıkmışlardı, Küçümsemişlerdi Yüceler Yücesi'nin öğüdünü.
၁၁မှောင်မိုက်၊ သေမင်းအရိပ်၌ ထိုင်လျက်၊ ဒုက္ခနှင့်၎င်း၊ သံကြိုးနှင့်၎င်း ချည်နှောင်လျက် နေရကြ၏။
12 Ağır işlerle hayatı onlara zehir etti, Çöktüler, yardım eden olmadı.
၁၂ဘုရားသခင်သည် အမှုရောက်စေ၍၊ သူတို့ စိတ်ကိုနှိမ့်ချတော်မူ၏။ သူတို့သည် လဲ၍ထောက်မသော သူမရှိဘဲ၊
13 O zaman sıkıntı içinde RAB'be yakardılar, RAB kurtardı onları dertlerinden;
၁၃ဆင်းရဲခံရသောအခါ၊ ထာဝရဘုရားကို အော် ဟစ်၍ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။
14 Çıkardı karanlıktan, zifiri karanlıktan, Kopardı zincirlerini.
၁၄မှောင်မိုက်နှင့် သေမင်းအရိပ်ထဲက ထုတ် ဆောင်၍ သူတို့ချည် နှောင်ခြင်းကို ဖြေတော်မူ၏။
15 Şükretsinler RAB'be sevgisi için, İnsanlar yararına yaptığı harikalar için!
၁၅လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကိုထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးကို ချီးမွမ်းကြစေ။
16 Çünkü tunç kapıları kırdı, Demir kapı kollarını parçaladı O.
၁၆အကြောင်းမူကား၊ ကြေးဝါးတံခါးတို့ကို ချိုး၍၊ သံကန့်လန့်တို့ကို အပိုင်းပိုင်းဖြတ်တော်မူ၏။
17 Cezalarını buldu aptallar, Suçları, isyanları yüzünden.
၁၇မိုက်သောသဘောရှိသော သူတို့သည်လမ်းလွှဲ၍၊ ဒုစရိုက်ကို ပြုသောကြောင့် ဆင်းရဲခြင်းနှင့် တွေ့ကြုံ ရကြ၏။
18 İğrenir olmuşlardı bütün yemeklerden, Ölümün kapılarına yaklaşmışlardı.
၁၈စားစရာမျိုးကို ရွံ၍ သေခြင်းတံခါး ငါ့အနီးသို့ ရောက်ကြ၏။
19 O zaman sıkıntı içinde RAB'be yakardılar, RAB kurtardı onları dertlerinden.
၁၉ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော် ဟစ်၍၊ ဆင်းရဲ ဒုက္ခထဲက ကယ်တင်တော်မူ၏။
20 Sözünü gönderip iyileştirdi onları, Kurtardı ölüm çukurundan.
၂၀နှုတ်ကပတ်တော်ကိုလွှတ်သဖြင့်၊ သူတို့အနာကို ငြိမ်းစေ၍၊ ဖျက်ဆီးခြင်းအရာများထဲက နှုတ်ယူတော် မူ၏။
21 Şükretsinler RAB'be sevgisi için, İnsanlar yararına yaptığı harikalar için!
၂၁လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သောအမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား ၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
22 Şükran kurbanları sunsunlar Ve sevinç çığlıklarıyla duyursunlar O'nun yaptıklarını!
၂၂ကျေးဇူးတော် ဝန်ခံရာယဇ်ကို ပူဇော်၍၊ ရွှင် လန်းသော အသံနှင့်တကွ အမှုတော်တို့ကို ကြားပြော ကြစေ။
23 Gemilerle denize açılanlar, Okyanuslarda iş yapanlar,
၂၃သင်္ဘောစီးလျက်ပင်လယ်ကိုကူး၍၊ ရေများပေါ် မှာ လုပ်ဆောင်သော သူတို့သည်၊
24 RAB'bin işlerini, Derinliklerde yaptığı harikaları gördüler.
၂၄နက်နဲရာအရပ်၌ ထာဝရဘုရား၏ အမှုတော် တို့နှင့်၊ အံ့ဘွယ်သော အမှုတော်တို့ကို မြင်ရကြ၏။
25 Çünkü O buyurunca şiddetli bir fırtına koptu, Dalgalar şaha kalktı.
၂၅အမိန့်တော်ရှိ၍ လေပြင်းမုန်တိုင်းတိုက်သဖြင့်၊ လှိုင်းတံပိုးတို့ကို ထစေ၏။
26 Göklere yükselip diplere indi gemiler, Sıkıntıdan canları burunlarına geldi gemicilerin,
၂၆မိုဃ်းကောင်းကင် တိုင်အောင်တက်လျက်၊ နက်နဲရာထဲသို့ ဆင်းလျက် တွေ့သောဘေးကြောင့်၊ သူတို့သည် စိတ်ပျက်ကြ၏။
27 Sarhoş gibi sallanıp sendelediler, Ustalıkları işe yaramadı.
၂၇တလည်လည်သွားလျက် ယစ်မူးသော သူကဲ့သို့ တိမ်းယိမ်းလျက်နေ၍ ဥာဏ်တိမ်မြုပ်ခြင်းရှိကြ၏။
28 O zaman sıkıntı içinde RAB'be yakardılar, RAB kurtardı onları dertlerinden.
၂၈ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော် ဟစ်၍၊ ဆင်းရဲ ဒုက္ခထဲက ထုတ်ဆောင်တော်မူ၏။
29 Fırtınayı limanlığa çevirdi, Yatıştı dalgalar;
၂၉လေပြင်းကို ပျောက်စေတော်မူ၍၊ လှိုင်းတံပိုး များလည်း ငြိမ်ဝပ်ကြ၏။
30 Rahatlayınca sevindiler, Diledikleri limana götürdü RAB onları.
၃၀ထိုသို့ ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏။ အလိုရှိရာ သင်္ဘောဆိပ်သို့ ပို့ဆောင် တော်မူ၏။
31 Şükretsinler RAB'be sevgisi için, İnsanlar yararına yaptığı harikalar için!
၃၁လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက်၍၊ ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
32 Yüceltsinler O'nu halk topluluğunda, Övgüler sunsunlar ileri gelenlerin toplantısında.
၃၂လူပရိတ်သတ်၏ အလယ်မှာ ထာဝရဘုရားကို ချီးမြှောက်၍ အသက်ကြီးသူတို့၏ အစည်းအဝေး၌ ချီးမွမ်းကြစေ။
33 Irmakları çöle çevirir, Pınarları kurak toprağa,
၃၃မြစ်တို့ကို လွင်ပြင်ဖြစ်စေခြင်းငှါ၎င်း၊ စမ်းရေ ထွက်ရာအရပ်ကိုလည်း သွေ့ခြောက်စေခြင်းငှါ၎င်း ပြုတော်မူ၏။
34 Verimli toprağı çorak alana, Orada yaşayanların kötülüğü yüzünden.
၃၄မြေကောင်းသော ပြည်ကို ပြည်သူပြည်သားတို့ ၏ အပြစ်ကြောင့် ဆားမြေဖြစ်စေတော်မူ၏။
35 Çölü su birikintisine çevirir, Kuru toprağı pınara.
၃၅တဖန်လွင်ပြင်ကို ရေနှင့်ပြည့်စေခြင်းငှါ၎င်း၊ သွေ့ခြောက်သော အရပ်ကိုလည်း စမ်းရေထွက်စေခြင်းငှါ ၎င်း ပြုတော်မူ၏။
36 Açları yerleştirir oraya; Oturacak bir kent kursunlar,
၃၆ထိုအရပ်၌လည်း၊ ငတ်မွတ်သောသူတို့ကို နေရာ ချတော်မူ၍၊ သူတို့သည် မိမိနေစရာဘို့မြို့ကို တည်ကြ၏။
37 Tarlalar ekip bağlar diksinler, Bol ürün alsınlar diye.
၃၇လယ်လုပ်လျက်၊ စပျစ်ဥယျာဉ်ကိုလည်း စိုက်ပျိုး လျက်၊ မြေအသီးအနှံတို့ကို ပြုစုကြ၏။
38 RAB'bin kutsamasıyla, Çoğaldılar alabildiğine, Eksiltmedi hayvanlarını.
၃၈ကောင်းကြီးပေးတော်မူ၍၊ သူတို့သည် အလွန် ပွားများကြ၏။ သူတို့သိုးနွားများကိုလည်း လျော့စေတော် မမူ။
39 Sonra azaldılar, alçaldılar, Baskı, sıkıntı ve acı yüzünden.
၃၉တဖန်သူတို့သည် လျော့၍ညှဉ်းဆဲခြင်း၊ ငြိုငြင် ခြင်း၊ စိတ်ပူပန်ခြင်းအားဖြင့် နှိမ့်ချလျက်နေရကြ၏။
40 RAB rezalet saçtı soylular üzerine, Yolu izi belirsiz bir çölde dolaştırdı onları.
၄၀မင်းသားတို့ကို အရှက်ခွဲ၍၊ လမ်းမရှိသော တော အရပ်၌ လည်စေတော်မူ၏။
41 Ama yoksulu sefaletten kurtardı, Davar sürüsü gibi çoğalttı ailelerini.
၄၁ဆင်းရဲသောသူကိုလည်း ဒုက္ခမှ ထမြောက်စေ ၍၊ သိုးစုကဲ့သို့ အိမ်ထောင်ပွားများစေတော်မူ၏။
42 Doğru insanlar görüp sevinecek, Kötülerse ağzını kapayacak.
၄၂ဖြောင့်မတ်သောသူတို့သည် မြင်၍၊ ဝမ်းမြောက် ကြ၏။ ခပ်သိမ်းသော ဒုစရိုက်သည်လည်း မိမိနှုတ်ကို ပိတ်ရ၏။
43 Aklı olan bunları göz önünde tutsun, RAB'bin sevgisini dikkate alsın.
၄၃အကြင်သူသည်ပညာရှိ၏၊ ထိုသူသည် ဤအမှု အရာတို့ကို ဆင်ခြင်၍၊ ထာဝရဘုရား၏ ကရုဏာ ကျေးဇူးတော်ကို နားလည်လိမ့်မည်။

< Mezmurlar 107 >