< Süleyman'In Özdeyişleri 30 >
1 Massalı Yake oğlu Agur'un sözleri: Bu adam şöyle diyor: “Yoruldum, ey Tanrım, yoruldum ve tükendim.
၁ယာကေသားအာဂုရသည် ဣသေလနှင့် ဥကလကိုဆုံးမသောတရား စကား ဟူမူကား၊
2 Gerçekten ben insanların en cahiliyim, Bende insan aklı yok.
၂အကယ်စင်စစ် ငါသည် လူမဟုတ်၊ တိရစ္ဆာန် ဖြစ်၏။ လူဥာဏ်နှင့် မပြည့်စုံ။
3 Bilgeliği öğrenmedim, Kutsal Olan'a ilişkin bilgiden de yoksunum.
၃ပညာတရားကို မသင်၊ သန့်ရှင်းသော အရာ တို့ကို မလေ့ကျက်။
4 Kim göklere çıkıp indi? Kim yeli avuçlarında topladı? Suları giysisiyle sarıp sarmalayan kim? Kim belirledi dünyanın sınırlarını? Adı nedir, oğlunun adı nedir, biliyorsan söyle!
၄ကောင်းကင်ဘုံသို့ အဘယ်သူတက်သနည်း။ အဘယ်သူဆင်းလာသနည်း။ အဘယ်သူသည် လေကို မိမိလက်နှင့် ဆုပ်ထားသနည်း။ အဘယ်သူသည် ရေကို အဝတ်နှင့် ထုပ်ထားသနည်း။ မြေကြီးစွန်းရှိသမျှတို့ကို အဘယ်သူတည်စေသနည်း။ ထိုသို့ပြုသောသူ၏ အမည် နှင့်သူ၏သားအမည်ကား အဘယ်သို့နည်း။ သင်ပြော နိုင်သလော။
5 Tanrı'nın her sözü güvenilirdir, O kendisine sığınan herkese kalkandır.
၅ဘုရားသခင်၏ စကားတော်ရှိသမျှသည် စင်ကြယ်၏။ ခိုလှုံသောသူအပေါင်းတို့၌ ဘုရားသခင် သည် အကွယ်အကာဖြစ်တော်မူ၏။
6 O'nun sözüne bir şey katma, Yoksa seni azarlar, yalancı çıkarsın.
၆စကားတော်၌ ထပ်၍မသွင်းနှင့်။ သို့ပြုလျှင် အပြစ်တင်တော်မူ၍၊ သင်သည် မုသာသုံးသောသူ ဖြစ်လိမ့်မည်။
7 Ey Tanrı, iki şey diledim senden: Ben ölmeden bunları esirgeme benden.
၇ကိုယ်တော်ထံမှာ ဆုနှစ်ပါးကို အကျွန်ုပ်တောင်း ပါ၏။ အကျွန်ုပ်မသေမှီတိုင်အောင် ငြင်းတော်မမူပါနှင့်။
8 Sahtekârlığı, yalanı benden uzak tut, Bana ne yoksulluk ne de zenginlik ver; Payıma düşen ekmeği ver, yeter.
၈အကျွန်ုပ်မှ အနတ္တနှင့် မုသာကိုပယ်တော်မူပါ။ ဆင်း ရဲခြင်းနှင့် ငွေရတတ်ခြင်းကို ပေးတော်မမူပါနှင့်။ အသက်မွေးလောက်သောပညာကိုသာ ပေးတော်မူပါ။
9 Yoksa bolluktan, ‘Kimmiş RAB?’ diye seni yadsır, Ya da yoksulluktan çalar Ve Tanrım'ın adını lekelemiş olurum.
၉သို့မဟုတ်၊ အကျွန်ုပ်သည် ကြွယ်ဝ၍၊ ထာဝရ ဘုရားကား၊ အဘယ်သူနည်းဟုဆိုလျက်၊ ကိုယ်တော်ကို ငြင်းပယ်မည်ဟု ဆိုးရိမ်စရာရှိပါ၏။ သို့မဟုတ်၊ ဆင်းရဲ၍ သူ့ဥစ္စာကိုခိုးသဖြင့်၊ အကျွန်ုပ်၏ ဘုရားသခင် နာမ တော်ကို မုသာနှင့်ဆိုင်၍ မြွက်ဆိုမည်ဟု စိုးရိမ်စရာ ရှိပါ၏။
10 “Köleyi efendisine çekiştirme, Yoksa sana lanet eder, sen de suçlu çıkarsın.
၁၀ကျွန်၏ အကျိုးကိုဖျက်ခြင်းငှါ သူ၏သခင်ကို မပြောနှင့်။ ပြောလျှင်ကျွန်သည် သင့်ကိုကျိန်ဆဲ၍၊ သင်၌ အပြစ်ရောက်မည်ဟု စိုးရိမ်စရာရှိ၏။
11 Öyleleri var ki, babalarına lanet eder, Annelerine değer vermezler.
၁၁အဘကိုကျိန်ဆဲ၍ အမိကိုလည်း ကောင်းကြီး မပေးတတ်သောလူတမျိုး၊
12 Öyleleri var ki, kendilerini tertemiz sanırlar, Oysa kötülüklerinden arınmış değiller.
၁၂ငါသည် စင်ကြယ်၏ဟု မိမိကိုယ်ထင်သော် လည်း၊ မိမိအညစ်အကြေးမှ မဆေးကြောသေးသော လူတမျိုး၊
13 Öyleleri var ki, kendilerinden üstün kimse yok sanır, Herkese tepeden bakarlar.
၁၃အလွန်စိတ်မြင့်၍ မော်ကြည့်တတ်သော လူတမျိုး၊
14 Öyleleri var ki, dişleri kılıç, çeneleri bıçaktır, Mazlumlarla yoksulları yutup yeryüzünden yok ederler.
၁၄ဆင်းရဲသောသူတို့ကို မြေကြီးပေါ်က၎င်း၊ ငတ်မွတ်သောသူတို့ကို လူစုထဲက၎င်း၊ ကိုက်စားပယ်ရှင်း စရာဘို့ သန်လျက်နှင့်တူသောသွား၊ ထားနှင့်တူသော အံနှင့် ပြည့်စုံသော လူတမျိုးရှိ၏။
15 Sülüğün iki kızı vardır, adları ‘Ver, ver’dir. Hiç doymayan üç şey, ‘Yeter’ demeyen dört şey vardır:
၁၅မျှော့ကောင်၌ပေးပါနှင့်ပေးပါဟူသော သမီးနှစ် ကောင်ရှိ၏။ အလိုဆန္ဒမပြေနိုင်သော အရာသုံးပါးမက၊ တန်တော့ဟု မဆိုတတ်သော အရာလေးပါးဟူမူကား၊
16 Ölüler diyarı, kısır rahim, Suya doymayan toprak ve ‘Yeter’ demeyen ateş. (Sheol )
၁၆သင်္ချိုင်းတပါး၊ မြုံသောမိန်းမဝမ်းတပါး၊ ရေမဝ နိုင်သောမြေတပါး၊ တန်တော့ဟု မဆိုတတ်သော မီးတပါးတည်း။ (Sheol )
17 Babasıyla alay edenin, annesinin sözünü hor görenin Gözünü vadideki kargalar oyacak; O akbabalara yem olacak.
၁၇အဘကိုကျီစားသောသူ၊ အမိ စကားကိုနားမထောင်၊ မထီမဲ့မြင်ပြုသောသူ၏ မျက်စိကို ချိုင့်၌ကျင်လည် သောကျီးအတို့သည် နှိုက်ကြလိမ့်မည်။ ရွှေလင်းတသငယ်တို့သည်လည်း စားကြလိမ့်မည်။
18 Aklımın ermediği üç şey, Anlamadığım dört şey var:
၁၈ငါ့ဥာဏ်မမှီနိုင်သော အရာသုံးပါးမက၊ ငါမသိ၊ နားမလည်နိုင်သော အရာလေးပါးဟူမူကား၊
19 Kartalın gökyüzünde, Yılanın kayada, Geminin denizde izlediği yol Ve erkeğin genç kızla tuttuğu yol.
၁၉လေ၌ရွှေလင်းတသွားရာလမ်းတပါး၊ ကျောက် ပေါ်မှာ မြွေသွားရာလမ်းတပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာလမ်းတပါး၊ အပျိုမနှင့် ယောက်ျားသွား ရာလမ်းတပါးတည်း။
20 Zina eden kadının yolu da şöyledir: Yer, ağzını siler, Sonra da, ‘Suç işlemedim’ der.
၂၀မျောက်မထားသော မိန်းမလမ်းလည်း ထိုအတူ ဖြစ်၏။ အစာစားပြီးမှ မိမိပစပ်ကိုသတ်၍၊ ဒုစရိုက်ကို ငါမပြုမိဟုဆိုတတ်၏။
21 Yeryüzü üç şeyin altında sarsılır; Katlanamadığı dört şey vardır:
၂၁မြေကြီးကို မွှေနှောက်သောအရာသုံးပါးမက၊ မြေကြီးမခံနိုင်သော အရာလေးပါးဟူမူကား၊
22 Kölenin kral olması, Budalanın doyması,
၂၂မင်းပြုသောကျွန်တပါး၊ ဝစွာစားရသော လူမိုက် တပါး၊
23 Nefret edilen kadının evlenmesi Ve hizmetçinin hanımının yerine geçmesi.
၂၃လက်ထပ်သော မိန်းမဆိုးတပါး၊ သခင်မ ဥစ္စာ ကို အမွေခံရသော ကျွန်မတပါးတည်း။
24 “Dünyada dört küçük yaratık var ki, Çok bilgece davranırlar:
၂၄မြေကြီးပေါ်မှာ သေးနုပ်သော်လည်း၊ အထူး သဖြင့် ပညာရှိသော အရာလေးပါးဟူမူကား၊
25 Karıncalar güçlü olmayan bir topluluktur, Ama yiyeceklerini yazdan biriktirirler.
၂၅ခွန်အားမရှိသောအမျိုးဖြစ်သော်လည်း၊ နွေ ကာလ၌ မိမိစားစရာကို ပြင်ဆင်တတ်သော ပရွက်ဆိတ် တပါး၊
26 Kaya tavşanları da güçsüz bir topluluktur, Ama yuvalarını kaya kovuklarında yaparlar.
၂၆မသန်စွမ်းသော အမျိုးဖြစ်သော်လည်း၊ ကျောက် တွင်း၌ နေရာချတတ်သော ရှာဖန်ယုန်တပါး၊
27 Çekirgelerin kralı yoktur, Ama bölük bölük ilerlerler.
၂၇မင်းမရှိသော်လည်း၊ တပ်ဖွဲ့၍ အစဉ်အတိုင်း သွားတတ်သောကျိုင်းတပါး၊
28 Kertenkele elle bile yakalanır, Ama kral saraylarında bulunur.
၂၈လက်ဖြင့်ကိုင်ဆွဲ၍၊ နန်းတော်၌ပင် နေတတ် သော အိမ်မြှောင်တပါးတည်း။
29 “Yürüyüşü gösterişli üç yaratık, Davranışı gösterişli dört yaratık var:
၂၉ကောင်းစွာသွားတတ်သော အရာသုံးပါးမက၊ အသွားလှသော အရာလေးပါးဟူမူကား၊
30 Hayvanların en güçlüsü olan Ve hiçbir şeyin önünde pes etmeyen aslan,
၃၀တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီး၍၊ အဘယ်သူကိုမျှ မရှောင်တတ်သော ခြင်္သေ့တပါး၊
31 Tazı, teke Ve ordusunun başındaki kral.
၃၁စစ်မြင်းတပါး၊ ဆိတ်ထီးတပါး၊ အဘယ်သူမျှ မဆီးတားနိုင်သော ရှင်ဘုရင်တပါးတည်း။
32 “Eğer budala gibi kendini yücelttinse Ya da kötülük tasarladınsa, Dur ve düşün!
၃၂သင်သည် ကိုယ်ကိုချီးမြှောက်၍ မိုက်သောအမှု ကို ပြုမိသော်၎င်း၊ မကောင်းသော အကြံကိုကြံမိ သော်၎င်း၊ သင်၏နှုတ်ကို လက်နှင့်ပိတ်ထားလော့။
33 Çünkü nasıl sütü dövünce tereyağı, Burnu sıkınca kan çıkarsa, Öfkeyi kurcalayınca da kavga çıkar.”
၃၃အကယ်စင်စစ် နို့ကိုမွှေလျှင် ထောပတ်တွက် တတ်၏။ နှာခေါင်းကိုဆွဲလိမ်လျှင် အသွေးထွက်တတ်၏။ ထိုနည်းတူ၊ ဒေါသကိုနှိုးဆော်လျှင် ခိုက်ရန်ထွက်တတ်၏။