< Süleyman'In Özdeyişleri 13 >
1 Bilge kişi terbiye edilmeyi sever, Alaycı kişi azarlansa da aldırmaz.
၁ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်း ကို နားထောင်တတ်၏။ မထီမဲ့မြင်ပြုသောသားမူကား၊ အပြစ်တင်ခြင်းကို နားမထောင်တတ်။
2 İyi insan ağzından çıkan sözler için ödüllendirilir, Ama hainlerin soluduğu zorbalıktır.
၂လူသည် မိမိနှုတ်၏အသီးတည်းဟူသော ကောင်းသောအရာကို စားရ၏။ ပြစ်မှားတတ်သော သူမူ ကား၊ ညှဉ်းဆဲခြင်းအပြစ်၏အသီးကို စားရ၏။
3 Dilini tutan canını korur, Ama boşboğazın sonu yıkımdır.
၃မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကို စောင့်၏။ မိမိနှုတ်ကို ကျယ်ကျယ်ဖွင့်သောသူမူကား၊ ပျက်စီးခြင်းသို့ရောက်တတ်၏။
4 Tembel canının çektiğini elde edemez, Çalışkanın istekleriyse tümüyle yerine gelir.
၄ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့် တ၍ မရတတ်။ လုံ့လဝိရိယပြုသောသူမူကား၊ မိမိအလို ဆန္ဒပြည့်စုံရ၏။
5 Doğru kişi yalandan nefret eder, Kötünün sözleriyse iğrençtir, yüzkarasıdır.
၅ဖြောင့်မတ်သောသူသည် မုသာစကားကို မုန်း တတ်၏။ မတရားသောသူမူကား၊ စက်ဆုပ်ဘွယ်ဖြစ်၍၊ အရှက်ကွဲခြင်းသို့ ရောက်တတ်၏။
6 Doğruluk dürüst yaşayanı korur, Kötülük günahkârı yıkar.
၆ဖြောင့်မတ်ခြင်းတရားသည် လမ်းမလွှဲသော သူကိုစောင့်တတ်၏။ ဒုစရိုက်တရားမူကား၊ အပြစ်ရှိသော သူကိုလှဲတတ်၏။
7 Kimi hiçbir şeyi yokken kendini zengin gösterir, Kimi serveti çokken kendini yoksul gösterir.
၇အလွန်ဆင်းရဲလျက်နှင့် ရတတ်ဟန်ဆောင် သော သူရှိ၏။ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန် ဆောင်သောသူလည်းရှိ၏။
8 Kişinin serveti gün gelir canına fidye olur, Oysa yoksul kişi tehdide aldırmaz.
၈စည်းစိမ်သည် ရတတ်သောသူ၏အသက်ကို ရွေးဘို့ဖြစ်၏။ ဆင်းရဲသောသူမူကား၊ အပြစ်တင်သော စကားကို မကြားဘဲနေ၏။
9 Doğruların ışığı parlak yanar, Kötülerin çırası söner.
၉ဖြောင့်မတ်သော သူ၏အလင်းသည် ရွှင်လန်း ၏။ မတရားသော သူ၏မီးခွက်မူကား၊ သေရလိမ့်မည်။
10 Kibirden ancak kavga çıkar, Öğüt dinleyense bilgedir.
၁၀မာနကြောင့်သာ ရန်တွေ့ခြင်းဖြစ်၏။ သတိပေး သော စကားကို နားခံသောသူမူကား ပညာရှိ၏။
11 Havadan kazanılan para yok olur, Azar azar biriktirenin serveti çok olur.
၁၁လျှပ်ပေါ်ခြင်းအားဖြင့် ဥစ္စာသည်လျော့တတ် ၏။ ကြိုးစားအား ထုတ်၍ဆည်းဖူးသော သူ၏ဥစ္စာမူကား၊ ပြန့်ပွားတတ်၏။
12 Ertelenen umut hayal kırıklığına uğratır, Yerine gelen dilekse yaşam verir.
၁၂မြော်လင့်သောအရာသည် ဖင့်နွဲလျှင်၊ စိတ်နှလုံး ကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏။
13 Uyarılara kulak asmayan bedelini öder, Buyruklara saygılı olansa ödülünü alır.
၁၃နှုတ်ကပတ်တော်ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကိုခန့်ညားသော သူမူကား၊ ချမ်းသာရလိမ့်မည်။
14 Bilgelerin öğrettikleri yaşam kaynağıdır, İnsanı ölüm tuzaklarından uzaklaştırır.
၁၄ပညာရှိသောသူ၏တရားသည် အသေခံရာ ကျော့ကွင်းတို့မှ၊ လွှဲရှောင်ရာအသက်စမ်းရေတွင်းဖြစ်၏။
15 Sağduyulu davranış saygınlık kazandırır, Hainlerin yoluysa yıkıma götürür.
၁၅ကောင်းသောဥာဏ်ရှိသောသူသည် မျက်နှာ ရတတ်၏။ ပြစ်မှားသော သူတို့လမ်းမူကား၊ ခက်သော လမ်းဖြစ်၏။
16 İhtiyatlı kişi işini bilerek yapar, Akılsız kişiyse ahmaklığını sergiler.
၁၆သမ္မာသတိရှိသော သူအပေါင်းတို့သည် ပညာ အတတ်နှင့်ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက် သော အပြစ်ကို ထင်ရှားစေတတ်၏။
17 Kötü ulak belaya düşer, Güvenilir elçiyse şifa getirir.
၁၇မတရားသောအစေခံသည် မိမိစောင့်သောအမှု ကို ဖျက်တတ်၏။သစ္စာရှိသော သံတမန်မူကား၊ ကျန်းမာ ခြင်းအကြောင်းဖြစ်၏။
18 Terbiye edilmeye yanaşmayanı Yokluk ve utanç bekliyor, Ama azara kulak veren onurlandırılır.
၁၈သွန်သင်ခြင်းကို ငြင်းပယ်သောသူသည် ဆင်းရဲ ခြင်းနှင့်ရှက်ကြောက်ခြင်းသို့ ရောက်လိမ့်မည်။ ဆုံးမသော စကားကို နားထောင်သော သူမူကား၊ ဂုဏ်အသရေကို ရလိမ့်မည်။
19 Yerine getirilen dilek mutluluk verir. Akılsız kötülükten uzak kalamaz.
၁၉အလိုဆန္ဒပြည့်စုံခြင်းအရာသည် ချိုမြိန်၏။ ဒုစရိုက်ကို ရှောင်သောအရာမူကား၊ မိုက်သောသူတို့ စက်ဆုပ်သော အရာဖြစ်၏။
20 Bilgelerle oturup kalkan bilge olur, Akılsızlarla dost olansa zarar görür.
၂၀ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။
21 Günahkârın peşini felaket bırakmaz, Doğruların ödülüyse gönençtir.
၂၁အပြစ်ရှိသော သူတို့ကို ဘေးလိုက်တတ်၏။ ဖြောင့်မတ်သော သူတို့မူကား၊ ကောင်းသောအကျိုးကို ခံရလိမ့်မည်။
22 İyi kişi torunlarına miras bırakır, Günahkârın servetiyse doğru kişiye kalır.
၂၂သူတော်ကောင်းသည် သားမြေးတို့အဘို့ အမွေ ဥစ္စာကို ချန်ထားတတ်၏။ အပြစ်ရှိသော သူ၏စည်းစိမ် မူကား၊ ဖြောင့်မတ်သော သူတို့အဘို့ သိုထားလျက်ရှိ၏။
23 Yoksulun tarlası bol ürün verebilir, Ama haksızlık bunu alıp götürür.
၂၃ဆင်းရဲသား၊ လယ်လုပ်ခြင်းအားဖြင့် စားစရာ ပွါးများ၏။ သို့ရာတွင်၊ မတရားသော အမှုကြောင့် ပျက်စီး ခြင်းသို့ ရောက်တတ်၏။
24 Oğlundan değneği esirgeyen, onu sevmiyor demektir. Seven baba özenle terbiye eder.
၂၄ကြိမ်လုံးကို မသုံးသောသူသည် မိမိသားကို မုန်းရာသို့ ရောက်၏။ သားကိုချစ်သောသူမူကား၊ ငယ် သောအရွယ်မှစ၍ ဆုံးမတတ်၏။
25 Doğru kişinin yeterince yiyeceği vardır, Kötünün karnıysa aç kalır.
၂၅ဖြောင့်မတ်သောသူသည် ဝစွာစားရသော အခွင့်ရှိ၏။ မတရားသော သူမူကား၊ မွတ်သိပ်ခြင်းကို ခံရလိမ့်မည်။