< Çölde Sayim 20 >

1 İsrail topluluğu birinci ay Zin Çölü'ne vardı, halk Kadeş'te konakladı. Miryam orada öldü ve gömüldü.
ပ​ထ​မ​လ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဇိ​န​ဟု​ခေါ်​သော​တော​ကန္တာ​ရ​သို့​ရောက်​၍ ကာ​ဒေ​ရှ​အ​ရပ်​၌​စ​ခန်း​ချ​ကြ​သည်။ ထို အ​ရပ်​တွင်​မိ​ရိ​အံ​သေ​ဆုံး​သ​ဖြင့် သူ့​အ​လောင်း ကို​မြှုပ်​နှံ​သင်္ဂြိုဟ်​လိုက်​ကြ​၏။
2 Ancak topluluk için içecek su yoktu. Halk Musa'yla Harun'a karşı toplandı.
စ​ခန်း​ချ​ရာ​အ​ရပ်​တို့​တွင်​ရေ​မ​ရှိ​သော​ကြောင့် သူ​တို့​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ထံ​သို့​စု​ရုံး လာ​ကြ​ပြီး​လျှင်၊-
3 Musa'ya, “Keşke kardeşlerimiz RAB'bin önünde öldüğünde biz de ölseydik!” diye çıkıştılar,
``အ​ကျွန်ုပ်​တို့​သည်​ယ​ခု​ကဲ့​သို့​သော​ဆင်း​ရဲ ဒုက္ခ​ခံ​ရ​သည်​ထက် အ​ကျွန်ုပ်​တို့​၏​သား​ချင်း များ​နှင့်​အ​တူ​ထာ​ဝ​ရ​ဘု​ရား​၏​တဲ​တော် ရှေ့​တွင်​သေ​ရ​သည်​က​ပို​၍​ကောင်း​ပါ​သေး သည်။-
4 “RAB'bin topluluğunu neden bu çöle getirdiniz? Biz de hayvanlarımız da ölelim diye mi?
အ​ကျွန်ုပ်​တို့​၏​တိ​ရစ္ဆာန်​များ​နှင့်​အ​တူ​သေ ကြေ​ပျက်​စီး​စေ​ခြင်း​ငှာ သင်​တို့​သည်​အ​ကျွန်ုပ် တို့​အား​ဤ​တော​ကန္တာ​ရ​သို့​အ​ဘယ်​ကြောင့် ခေါ်​ဆောင်​ခဲ့​ပါ​သ​နည်း။-
5 Neden bizi bu korkunç yere getirmek için Mısır'dan çıkardınız? Ne tahıl, ne incir, ne üzüm ne de nar var. Üstelik içecek su da yok!”
အ​ဘယ်​ကြောင့်​အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ ထုတ်​ဆောင်​၍ မည်​သည့်​အ​ပင်​မျှ​မ​ပေါက်​သော​ဤ ခေါင်​သည့်​အ​ရပ်​သို့​ခေါ်​ဆောင်​ခဲ့​ပါ​သ​နည်း။ ဤ အ​ရပ်​တွင်​ကောက်​ပဲ​သီး​နှံ​ပင်​မ​ရှိ၊ သ​ဖန်း​ပင် မ​ရှိ၊ စ​ပျစ်​ပင်​မ​ရှိ၊ သ​လဲ​ပင်​မ​ရှိ၊ သောက် စ​ရာ​ရေ​မ​ရှိ'' ဟု​ညည်း​တွား​ကြ​လေ​သည်။-
6 Musa'yla Harun topluluktan ayrılıp Buluşma Çadırı'nın giriş bölümüne gittiler, yüzüstü yere kapandılar. RAB'bin görkemi onlara göründü.
ထို​အ​ခါ​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​လူ​အ​စု အ​ဝေး​မှ​ထွက်​ခွာ​၍ တဲ​တော်​တံ​ခါး​ဝ​တွင်​ရပ် နေ​ကြ​၏။ သူ​တို့​သည်​ပျပ်​ဝပ်​လျက်​နေ​ကြ​စဉ် ထာ​ဝ​ရ​ဘု​ရား​၏​တောက်​ပ​သော​ဘုန်း​အ​သ ရေ​တော်​ထင်​ရှား​လာ​၏။
7 RAB Musa'ya, “Değneği al” dedi, “Sen ve ağabeyin Harun topluluğu toplayın. Halkın gözü önünde su fışkırması için kayaya buyruk verin. Onlar da hayvanları da içsin diye kayadan onlara su çıkaracaksınız.”
ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
8
``ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့​တွင် ရှိ​သော​တောင်​ဝှေး ကို​ယူ​လော့။ ထို​နောက်​သင်​နှင့်​အာ​ရုန်​တို့​သည် ဣ​သ ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား​စု​ဝေး​စေ​ရန် ဆင့်​ဆို​လော့။ သူ​တို့​ရှေ့​တွင်​ထို​အ​ရပ်​၌​ရှိ​သော ကျောက်​ဆောင်​ကို ရေ​ထွက်​စေ​ရန်​အ​မိန့်​ပေး​လော့။ သူ​တို့​နှင့်​သူ​တို့​၏​တိ​ရစ္ဆာန်​များ​သောက်​ရန် ကျောက်​တုံး​မှ​ရေ​ပန်း​ထွက်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။-
9 Musa kendisine verilen buyruk uyarınca değneği RAB'bin önünden aldı.
မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည်​အ​တိုင်း တောင်​ဝှေး​ကို​ယူ​ခဲ့​လေ​သည်။
10 Musa'yla Harun topluluğu kayanın önüne topladılar. Musa, “Ey siz, başkaldıranlar, beni dinleyin!” dedi, “Bu kayadan size su çıkaralım mı?”
၁၀သူ​သည်​အာ​ရုန်​နှင့်​အ​တူ လူ​အ​ပေါင်း​တို့​ကို ကျောက်​ဆောင်​ရှေ့​တွင်​စု​ရုံး​စေ​၏။ ထို​နောက် မော​ရှေ​က``ပုန်​ကန်​သူ​တို့၊ နား​ထောင်​လော့။ ဤ ကျောက်​ဆောင်​ထဲ​မှ​သင်​တို့​အ​ဖို့​ရေ​ထွက် ရ​အောင် ငါ​တို့​ပြု​လုပ်​ရ​မည်​လော'' ဟု​ဆို​လျက်၊-
11 Sonra kolunu kaldırıp değneğiyle kayaya iki kez vurdu. Kayadan bol su fışkırdı, topluluk da hayvanları da içti.
၁၁တောင်​ဝှေး​ကို​မြှောက်​၍​ကျောက်​တုံး​ကို​နှစ်​ကြိမ် ရိုက်​လေ​သည်။ ထို​အ​ခါ​ကျောက်​ဆောင်​မှ​ရေ များ​စွာ​ပန်း​ထွက်​သ​ဖြင့် လူ​အ​ပေါင်း​တို့​နှင့် တိ​ရစ္ဆာန်​များ​ရေ​သောက်​ကြ​ရ​သည်။
12 RAB Musa'yla Harun'a, “Madem İsrailliler'in önünde bana güvenmediniz ve kutsallığımı küçümsediniz” dedi, “Bu topluluğu kendilerine vereceğim ülkeye de götürmeyeceksiniz.”
၁၂သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့် အာ​ရုန်​တို့​အား``သင်​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှေ့​တွင်​ငါ့​တန်​ခိုး​တော်​ကို ယုံ​ကြည်​မှု​နည်း​သော​ကြောင့် က​တိ​ထား​သော ပြည်​သို့​သူ​တို့​အား​ပို့​ဆောင်​ရ​ကြ​လိမ့်​မည် မ​ဟုတ်'' ဟု​ဆုံး​မ​တော်​မူ​၏။
13 Bu sulara Meriva suları denildi. Çünkü İsrail halkı orada RAB'be çıkışmış, RAB de aralarında kutsallığını göstermişti.
၁၃မေ​ရိ​ဘ​အ​ရပ်​ကား ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ထာ​ဝ​ရ​ဘု​ရား​အား​ညည်း​တွား​သော၊ ထာ​ဝ​ရ ဘုရား​က​မိ​မိ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​ပြ​သော​အ​ရပ်​ဖြစ်​သ​တည်း။
14 Musa Kadeş'ten Edom Kralı'na ulaklarla şu haberi gönderdi: “Kardeşin İsrail şöyle diyor: ‘Başımıza gelen güçlükleri biliyorsun.
၁၄မော​ရှေ​သည်​ကာ​ဒေ​ရှ​အ​ရပ်​မှ​ဧ​ဒုံ​ဘု​ရင်​ထံ သို့ သံ​တ​မန်​များ​ကို​စေ​လွှတ်​လိုက်​၏။ သံ​တ​မန် တို့​က​ဧ​ဒုံ​ဘု​ရင်​အား``ကိုယ်​တော်​၏​ဆွေ​မျိုး သား​ချင်း​ဖြစ်​သော​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ထံ​မှ သ​တင်း​ပါး​လိုက်​ပါ​သည်။ အ​ကျွန်ုပ် တို့​ဆင်း​ရဲ​ဒုက္ခ​မည်​မျှ​ခံ​ခဲ့​ရ​ကြောင်း ကိုယ်​တော်​သိ​ပါ​၏။-
15 Atalarımız Mısır'a gitmişler. Orada uzun yıllar yaşadık. Mısırlılar atalarımıza da bize de kötü davrandılar.
၁၅အ​ကျွန်ုပ်​တို့​၏​ဘိုး​ဘေး​များ​သည်​အီ​ဂျစ် ပြည်​သို့​သွား​ရောက်​၍ နှစ်​ပေါင်း​များ​စွာ​နေ ထိုင်​ခဲ့​ရာ​အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ဘိုး ဘေး​များ​နှင့်​အ​ကျွန်ုပ်​တို့​ကို​ညှင်း​ဆဲ​နှိပ်​စက် ခဲ့​ပါ​၏။-
16 Ama biz RAB'be yakarınca, yakarışımızı işitti. Bir melek gönderip bizi Mısır'dan çıkardı. “‘Şimdi senin sınırına yakın bir kent olan Kadeş'teyiz.
၁၆အ​ကျွန်ုပ်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​အ​ကူ အ​ညီ​တောင်း​ခံ​လျှောက်​ထား​သော​အ​ခါ ကိုယ် တော်​သည်​နား​ညောင်း​တော်​မူ​၍​ကောင်း​ကင် တ​မန်​ကို​စေ​လွှတ်​လျက် ကျွန်ုပ်​တို့​အား​အီ​ဂျစ် ပြည်​မှ​ထုတ်​ဆောင်​တော်​မူ​ခဲ့​၏။ ယ​ခု​အ​ကျွန်ုပ် တို့​သည်​ကိုယ်​တော်​၏​နယ်​စပ်​တွင်​တည်​ရှိ သော​ကာ​ဒေ​ရှ​မြို့​သို့​ရောက်​ရှိ​နေ​ပါ​သည်။-
17 İzin ver, ülkenden geçelim. Tarlalardan, bağlardan geçmeyeceğiz, hiçbir kuyudan da su içmeyeceğiz. Sınırından geçinceye dek, sağa sola sapmadan Kral yolundan yolumuza devam edeceğiz.’”
၁၇ကိုယ်​တော်​၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​ပေး​တော် မူ​ပါ။ အ​ကျွန်ုပ်​တို့​နှင့်​တ​ကွ​သိုး၊ နွား၊ တိ​ရစ္ဆာန် တို့​သည်​ကိုယ်​တော်​၏​လယ်​များ၊ စ​ပျစ်​ဥ​ယျာဉ် များ​ကို​ဖြတ်​သန်း​ခြင်း​ပြု​မည်​မ​ဟုတ်​ပါ။ ရေ​တွင်း​များ​မှ​ရေ​ကို​လည်း​သောက်​သုံး​မည် မ​ဟုတ်​ပါ။ အ​ကျွန်ုပ်​တို့​သည်​ကိုယ်​တော်​၏ ပိုင်​နက်​လွန်​သည် အ​ထိ​လမ်း​မ​ကြီး​အ​တိုင်း ဖြတ်​သန်း​သွား​ပါ​မည်'' ဟု​လျှောက်​ထား ကြ​လေ​သည်။
18 Ama Edom Kralı, “Ülkemden geçmeyeceksiniz!” diye yanıtladı, “Geçmeye kalkışırsanız kılıçla karşınıza çıkarım.”
၁၈ဧ​ဒုံ​အ​မျိုး​သား​တို့​က``သင်​တို့​အား​ငါ​တို့ ၏​ပြည်​ကို​ဖြတ်​သန်း​ခွင့်​မ​ပြု​နိုင်။ သင်​တို့ ဖြတ်​သန်း​လာ​လျှင်​ငါ​တို့​သည်​အ​လုံး အ​ရင်း​နှင့်​ချီ​တက်​၍​သင်​တို့​အား​တိုက်​ခိုက် မည်'' ဟု​ဖြေ​ကြား​ကြ​လေ​သည်။
19 İsrailliler, “Yol boyunca geçip gideceğiz” dediler, “Eğer biz ya da hayvanlarımız suyundan içersek karşılığını öderiz. Yürüyüp geçmek için senden izin istiyoruz, hepsi bu.”
၁၉ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က``အ​ကျွန်ုပ်​တို့ သည်​လမ်း​မ​ကြီး​အ​တိုင်း​သာ​ဖြတ်​သန်း​သွား ကြ​ပါ​မည်။ အ​ကျွန်ုပ်​တို့​နှင့်​အ​ကျွန်ုပ်​တို့​၏ တိ​ရစ္ဆာန်​များ​သည် ကိုယ်​တော်​၏​ပြည်​မှ​ရေ​ကို သောက်​သုံး​မိ​လျှင်​ရေ​ဖိုး​ကို​ပေး​ပါ​မည်။ ဖြတ်​သန်း​ခွင့်​ကို​သာ​ပေး​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​လေ​သည်။
20 Edom Kralı yine, “Geçmeyeceksiniz!” yanıtını verdi. Edomlular İsrailliler'e saldırmak üzere kalabalık ve güçlü bir orduyla yola çıktılar.
၂၀ဧ​ဒုံ​အ​မျိုး​သား​တို့​က``ငါ​တို့​ဖြတ်​သန်း​ခွင့် မ​ပြု​နိုင်'' ဟု​ဆို​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​ရန် ဗိုလ်​ပါ​အ​လုံး​အ​ရင်း နှင့်​ချီ​တက်​လာ​ကြ​လေ​သည်။-
21 Edom Kralı ülkesinden geçmelerine izin vermeyince, İsrailliler dönüp ondan uzaklaştılar.
၂၁ဧ​ဒုံ​အ​မျိုး​သား​တို့​က​မိ​မိ​တို့​ပြည်​ကို​ဖြတ် သန်း​ခွင့်​မ​ပြု​ကြ​သော​ကြောင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​လှည့်​လည်​၍​အ​ခြား သော​လမ်း​ဖြင့်​ခရီး​ဆက်​ကြ​လေ​သည်။
22 İsrail topluluğu Kadeş'ten ayrılıp Hor Dağı'na geldi.
၂၂ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ကာ​ဒေ​ရှ အ​ရပ်​မှ​ထွက်​ခွာ​ခဲ့​ရာ ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ ဟော​ရ​တောင်​သို့​ရောက်​ရှိ​ကြ​လေ​သည်။ ထို အ​ရပ်​တွင်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့် အာ​ရုန်​တို့​အား၊-
23 RAB, Edom sınırındaki Hor Dağı'nda Musa'yla Harun'a şöyle dedi:
၂၃
24 “Harun ölüp atalarına kavuşacak. İsrail halkına vereceğim ülkeye girmeyecek. Çünkü ikiniz Meriva sularında verdiğim buyruğa karşı geldiniz.
၂၄``အာ​ရုန်​သည်​အ​နိစ္စ​ရောက်​လိမ့်​မည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​က​တိ ထား​သော​ပြည်​သို့​ဝင်​ရ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​သည် မေ​ရိ​ဘ​အ​ရပ်​တွင် ငါ​၏​အ​မိန့်​တော်​ကို မ​နာ​ခံ​ခဲ့​သော​ကြောင့်​ဖြစ်​သည်။-
25 Harun'la oğlu Elazar'ı Hor Dağı'na çıkar.
၂၅အာ​ရုန်​နှင့်​သူ​၏​သား​ဧ​လာ​ဇာ​ကို​ဟော​ရ တောင်​ပေါ်​သို့​ခေါ်​ဆောင်​ခဲ့​ပြီး​လျှင်၊-
26 Harun'un kâhinlik giysilerini üzerinden çıkarıp oğlu Elazar'a giydir. Harun orada ölüp atalarına kavuşacak.”
၂၆အာ​ရုန်​၏​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​ကို​ချွတ်​၍ ဧ​လာ​ဇာ​အား​ဝတ်​ဆင်​ပေး​လော့။ အာ​ရုန်​သည် ထို​အ​ရပ်​တွင်​အ​နိစ္စ​ရောက်​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။-
27 Musa RAB'bin buyurduğu gibi yaptı. Bütün topluluğun gözü önünde Hor Dağı'na çıktılar.
၂၇ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ဆောင်​ရွက်​လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​တို့​ရှေ့​တွင် သူ​တို့​သည်​ဟော​ရ တောင်​ပေါ်​သို့​တက်​သွား​ကြ​၏။-
28 Musa Harun'un kâhinlik giysilerini üzerinden çıkarıp oğlu Elazar'a giydirdi. Harun orada, dağın tepesinde öldü. Sonra Musa'yla Elazar dağdan indiler.
၂၈တောင်​ပေါ်​တွင်​မော​ရှေ​သည်​အာ​ရုန်​၏​ယဇ် ပု​ရော​ဟိတ်​ဝတ်​စုံ​များ​ကို​ချွတ်​၍ ဧ​လာ​ဇာ အား​ဝတ်​ဆင်​ပေး​လေ​သည်။ အာ​ရုန်​သည်​ထို တောင်​ပေါ်​တွင်​အ​နိစ္စ​ရောက်​လေ​၏။ မော​ရှေ နှင့်​ဧ​လာ​ဇာ​တို့​သည်​တောင်​အောက်​သို့ ဆင်း​လာ​ကြ​၏။-
29 Harun'un öldüğünü öğrenince bütün İsrail halkı onun için otuz gün yas tuttu.
၂၉ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် အာ​ရုန်​အ​နိစ္စ​ရောက်​ကြောင်း​ကြား​သိ​ရ​သော အ​ခါ ရက်​ပေါင်း​သုံး​ဆယ်​ပတ်​လုံး​ဝမ်း​နည်း ပူ​ဆွေး​ကြ​လေ​သည်။

< Çölde Sayim 20 >