< Nehemya 7 >

1 Surların onarımı bitip kapılar yerine takıldıktan sonra, kapı nöbetçileri, ezgiciler ve Levililer göreve atandı.
ယ​ခု​အ​ခါ​၌​မြို့​ရိုး​ကို​ပြန်​လည်​တည်​ဆောက်​ပြီး​၍ တံ​ခါး​များ​ကို​နေ​ရာ​တ​ကျ​တပ်​ဆင်​ကာ​ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ၊ ဋ္ဌမ္မ​သီ​ချင်း​သည်​များ​နှင့်​လေ​ဝိ​အ​နွယ်​ဝင်​များ​အား​အ​လုပ်​တာ​ဝန်​များ​ကို​ခွဲ​ဝေ​သတ်​မှတ်​ပေး​ပြီး​လေ​ပြီ။-
2 Kardeşim Hanani'yle kale komutanı Hananya'yı Yeruşalim'e yönetici atadım. Hananya güvenilir bir kişiydi. Çoğu insandan daha çok Tanrı'dan korkardı.
ထို​နောက်​ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အုပ်​ချုပ်​ရန် ငါ့​ညီ​ဟာ​နန်​နှင့်​ရဲ​တိုက်​မှူး​ဟာ​န​နိ​တို့​ကို​တာ​ဝန်​ပေး​အပ်​၏။ ဟာ​န​နိ​သည်​စိတ်​ချ​ယုံ​ကြည်​ရ​သူ၊ ဘု​ရား​သ​ခင်​ကို​အ​ထူး​ကြောက်​ရွံ့​ရို​သေ​သူ​ဖြစ်​၏။-
3 Onlara, “Güneş ortalığı ısıtıncaya kadar Yeruşalim kapıları açılmasın” dedim, “Kapı nöbetçileri görev başındayken kapıları kapalı tutsunlar. Kapıları siz sürgüleyin ve Yeruşalim'de oturanlara nöbet görevi verin. Bazıları bu görevi yapsın, bazıları da evlerinin çevresinde nöbet tutsun.”
ငါ​သည်​သူ​တို့​အား``နံ​နက်​ချိန်​၌​နေ​မ​မြင့်​မ​ချင်း​ယေ​ရု​ရှ​လင်​မြို့​တံ​ခါး​များ​ကို​မ​ဖွင့်​စေ​နှင့်။ နေ​ဝင်​ချိန်​၌​တံ​ခါး​စောင့်​များ​တာ​ဝန်​ပြီး​ဆုံး​ချိန်​မ​တိုင်​မီ တံ​ခါး​များ​ကို​ပိတ်​၍​ကန့်​လန့်​ကျင်​များ​ကို​ထိုး​ထား​စေ'' ဟု​မှာ​ကြား​ထား​၏။ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သူ​များ​ထဲ​မှ​ကင်း​စောင့်​သူ​များ​ခန့်​ထား​ပြီး​လျှင် ထို​သူ​အ​ချို့​ကို​နေ​ရာ​အ​တိ​အ​ကျ​တွင်​ကင်း​စောင့်​စေ​၍​အ​ချို့​ကို​မိ​မိ​တို့​အိမ်​များ​၏​ပတ်​ဝန်း​ကျင်​တွင်​ကင်း​စောင့်​စေ​ရန်​ကို​လည်း​မှာ​ကြား​ထား​၏။
4 Yeruşalim geniş, büyük bir kentti, ama nüfusu azdı. İçindeki evler henüz onarılmamıştı.
ယေ​ရု​ရှ​လင်​မြို့​သည်​ကျယ်​ဝန်း​သော်​လည်း​နေ​ထိုင်​သူ​လူ​ဦး​ရေ​နည်း​ပါး​၍ အိမ်​အ​မြောက်​အ​မြား​ကို​လည်း​မ​တည်​မ​ဆောက်​ရ​ကြ​သေး​ပေ။-
5 Tanrım soylarına göre halkın sayımı yapılabilsin diye soyluları, yetkilileri ve bütün halkı toplamamı istedi. Sürgünden ilk dönenlerin soy kütüğünü buldum. İçinde şunlar yazılıydı:
ပြည်​သူ​များ၊ သူ​တို့​၏​ခေါင်း​ဆောင်​များ​နှင့်​အုပ်​ချုပ်​ရေး​မှူး​တို့​အား​စု​ရုံး​စေ​၍ အိမ်​ထောင်​စု​စာ​ရင်း​များ​ကို​စစ်​ဆေး​ရန်​ဘု​ရား​သ​ခင်​သည်​ငါ​၏​စိတ်​ကို​နှိုး​ဆော်​တော်​မူ​၏။ ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ရာ​မှ​ရှေး​ဦး​စွာ​ပြန်​လည်​ရောက်​ရှိ​လာ​သူ​များ​၏​စာ​ရင်း​ကို​ဤ​သို့​ရှာ​ဖွေ​တွေ့​ရှိ​ရ​သည်။
6 Babil Kralı Nebukadnessar'ın sürgün ettiği insanlar yaşadıkları ilden Yeruşalim ve Yahuda'daki kendi kentlerine döndü.
ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​မင်း​ဖမ်း​ဆီး​ခေါ်​ဆောင်​သွား​ချိန်​မှ​အ​စ​ပြု​၍ ဗာ​ဗု​လုန်​ပြည်​တွင်​နေ​ထိုင်​ရာ​မှ​ပြန်​လည်​ရောက်​ရှိ​လာ​သူ​များ​သည် မိ​မိ​တို့​နေ​ရင်း​ဌာ​နေ​ဖြစ်​သော​ယေ​ရု​ရှ​လင်​မြို့​နှင့်​အ​ခြား​ယု​ဒ​မြို့​များ​သို့​ပြန်​လာ​ခဲ့​ကြ​၏။-
7 Bunlar Zerubbabil, Yeşu, Nehemya, Azarya, Raamya, Nahamani, Mordekay, Bilşan, Misperet, Bigvay, Nehum ve Baana'nın önderliğinde geldiler. Sürgünden dönen İsrailliler'in sayıları şöyleydi:
သူ​တို့​၏​ခေါင်း​ဆောင်​များ​မှာ​ဇေ​ရု​ဗ​ဗေ​လ၊ ယော​ရှု၊ နေ​ဟ​မိ၊ အာ​ဇ​ရိ၊ ရာ​မိ၊ နာ​ဟ​မာ​နိ၊ မော်​ဒ​ကဲ၊ ဗိ​လ​ရှန်၊ မိ​ဇ​ပေ​ရက်၊ ဗိ​ဂ​ဝဲ၊ နေ​ဟုံ​နှင့်​ဗာ​နာ​တို့​ဖြစ်​သည်။
8 Paroşoğulları: 2 172
ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သူ​လူ​ဦး​ရေ​စာ​ရင်း​မှာ​သား​ချင်း​စု​အ​လိုက်​အောက်​ပါ​အ​တိုင်း​ဖြစ်​၏။ သား​ချင်း​စု ဦး​ရေ ပါ​ရုတ် ၂၁၇၂ ရှေ​ဖ​တိ ၃၇၂ အာ​ရာ ၆၅၂ ပါ​ဟတ်​မော​ဘ (ယော​ရှု​နှင့်​ယွာ​ဘ​တို့​၏ သား​မြေး​များ) ၂၈၁၈ ဧ​လံ ၁၂၅၄ ဇတ္တု ၈၄၅ ဇက္ခဲ ၇၆၀ ဗိနွိ ၆၄၈ ဗေ​ဗဲ ၆၂၈ အာ​ဇ​ဂဒ် ၂၃၂၂ အ​ဒေါ​နိ​ကံ ၆၆၇ ဗိ​ဂဝဲ ၂၀၆၇ အာ​ဒိန် ၆၅၅ (ဟေ​ဇ​ကိ​ဟု​လည်း​နာ​မည်​တွင်​သော) အာ​တာ​ဦး​ရေ ၉၈ ဟာ​ရှုံ ၃၂၈ ဗေ​ဇဲ ၃၂၄ ဟာ​ရိပ် ၁၁၂ ဂိ​ဗောင် ၉၅
9 Şefatyaoğulları: 372
10 Arahoğulları: 652
၁၀
11 Yeşu ve Yoav soyundan Pahat-Moavoğulları: 2 818
၁၁
12 Elamoğulları: 1 254
၁၂
13 Zattuoğulları: 845
၁၃
14 Zakkayoğulları: 760
၁၄
15 Binnuyoğulları: 648
၁၅
16 Bevayoğulları: 628
၁၆
17 Azgatoğulları: 2 322
၁၇
18 Adonikamoğulları: 667
၁၈
19 Bigvayoğulları: 2067
၁၉
20 Adinoğulları: 655
၂၀
21 Hizkiya soyundan Ateroğulları: 98
၂၁
22 Haşumoğulları: 328
၂၂
23 Besayoğulları: 324
၂၃
24 Harifoğulları: 112
၂၄
25 Givonlular: 95
၂၅
26 Beytlehemliler ve Netofalılar: 188
၂၆အောက်​ဖော်​ပြ​ပါ​မြို့​တို့​တွင်​နေ​ထိုင်​ခဲ့​သူ​ဘိုး​ဘေး​များ​မှ ဆင်း​သက်​ပေါက်​ဖွား​လာ​သော​သူ​များ​သည်​လည်း​ပြန်​လာ​ကြ​လေ​သည်။ ဗက်​လင်​မြို့​နှင့်​နေ​တော​ဖ​မြို့ ၁၈၈ အာ​န​သုတ်​မြို့ ၁၂၈ ဗေ​သာ​ဇ​မာ​ဝက်​မြို့ ၄၂ ကိ​ရ​ယက်​ယာ​ရိမ်​မြို့၊ခေ​ဖိ​ရ​မြို့​နှင့် ဗေ​ရုတ်​မြို့ ၇၄၃ ရာ​မ​မြို့​နှင့်​ဂါ​ဗ​မြို့ ၆၂၁ မိတ်​မတ်​မြို့ ၁၂၂ ဗေ​သ​လ​နှင့်​အာ​ဣ​မြို့ ၁၂၃ အ​ခြား​နေ​ဗော​မြို့ ၅၂ အ​ခြား​ဧ​လံ​မြို့ ၁၂၅၄ ဟာ​ရိမ်​မြို့ ၃၂၀ ယေ​ရိ​ခေါ​မြို့ ၃၄၅ လော​ဒ​မြို့၊ ဟာ​ဒိဒ်​မြို့​နှင့်​သြ​နော​မြို့ ၇၂၁ သေ​နာ​မြို့ ၃၉၃၀
27 Anatotlular: 128
၂၇
28 Beytazmavetliler: 42
၂၈
29 Kiryat-Yearimliler, Kefiralılar ve Beerotlular: 743
၂၉
30 Ramalılar ve Gevalılar: 621
၃၀
31 Mikmaslılar: 122
၃၁
32 Beytel ve Ay kentlerinden olanlar: 123
၃၂
33 Öbür Nevo Kenti'nden olanlar: 52
၃၃
34 Öbür Elam Kenti'nden olanlar: 1254
၃၄
35 Harimliler: 320
၃၅
36 Erihalılar: 345
၃၆
37 Lod, Hadit ve Ono kentlerinden olanlar: 721
၃၇
38 Senaalılar: 3 930
၃၈
39 Kâhinler: Yeşu soyundan Yedayaoğulları: 973
၃၉ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယေ​ဒါ​ယ (ယော​ရှု​၏​သား​မြေး​များ) ၉၇၃ ဣ​မေ​ရ ၁၀၅၂ ပါ​ရှု​ရ ၁၂၄၇ ဟာ​ရိမ် ၁၀၁၇
40 İmmeroğulları: 1 052
၄၀
41 Paşhuroğulları: 1 247
၄၁
42 Harimoğulları: 1017
၄၂
43 Levililer: Kadmiel ve Hodeva soyundan gelen Yeşuoğulları: 74
၄၃ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​သူ​လေ​ဝိ​သား​ချင်း​စု​များ​မှာ အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယော​ရှု​နှင့်​ကာ​ဒ​မေ​လ(ဟော​ဒေ​ဝ​၏ သား​မြေး​များ) ၇၄ ဗိ​မာန်​တော်​ဂီ​တ​ပ​ညာ​သည်​များ (အာ​သပ်​၏​သား​မြေး​များ) ၁၄၈ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ (ရှလ္လုံ၊အာ​တာ၊တာ​လ​မုန်၊အက္ကုပ်၊ ဟ​တိ​တ​နှင့်​ရှော​ဗဲ​တို့​၏​သား​မြေး​များ) ၁၃၈
44 Ezgiciler: Asafoğulları: 148
၄၄
45 Tapınak kapı nöbetçileri: Şallumoğulları, Ateroğulları, Talmonoğulları, Akkuvoğulları, Hatitaoğulları, Şovayoğulları: 138
၄၅
46 Tapınak görevlileri: Sihaoğulları, Hasufaoğulları, Tabbaotoğulları,
၄၆ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​၏​သား​ချင်း​စု​နာ​မည်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ဇိ​ဟ၊ဟ​သု​ဖ၊တ​ဗ္ဗောက်၊ ကေ​ရုတ်၊သ​ယ၊ပါ​ဒုန်၊ လေ​ဗ​န၊ဟာ​ဂ​ဗ၊ရှာ​လ​မဲ၊ ဟာ​နန်၊ဂိဒ္ဒေ​လ၊ဂါ​ဟာ၊ ရာ​ယ၊ရေ​ဇိန်၊နေ​ကော​ဒ၊ ဂဇ္ဇမ်၊သြ​ဇ၊ပါ​သာ၊ ဗေ​သဲ၊မု​နိမ်၊နေ​ဖိ​ရှေ​သိမ်၊ ဗာ​က​ဗုတ်၊ဟာ​ကု​ဖ၊ဟာ​ရ​ဟု​ရ၊ ဗာ​ဇ​လိတ်၊မေ​ဟိ​ဒ၊ဟာ​ရ​ရှ၊ ဗာ​ရ​ကုတ်၊သိ​သ​ရ၊တာ​မ၊ နေ​ဇိ​နှင့်​ဟ​တိ​ဖ။
47 Kerosoğulları, Siaoğulları, Padonoğulları,
၄၇
48 Levanaoğulları, Hagavaoğulları, Şalmayoğulları,
၄၈
49 Hananoğulları, Giddeloğulları, Gaharoğulları,
၄၉
50 Reayaoğulları, Resinoğulları, Nekodaoğulları,
၅၀
51 Gazzamoğulları, Uzzaoğulları, Paseahoğulları,
၅၁
52 Besayoğulları, Meunimoğulları, Nefişesimoğulları,
၅၂
53 Bakbukoğulları, Hakufaoğulları, Harhuroğulları,
၅၃
54 Baslitoğulları, Mehidaoğulları, Harşaoğulları,
၅၄
55 Barkosoğulları, Siseraoğulları, Temahoğulları,
၅၅
56 Nesiahoğulları, Hatifaoğulları.
၅၆
57 Süleyman'ın kullarının soyu: Sotayoğulları, Soferetoğulları, Peridaoğulları,
၅၇ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော ရှော​လ​မုန်​၏​အ​စေ​ခံ​သား​ချင်း​စု​နာ​မည်​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ သော​တဲ၊သော​ဖ​ရက်၊ပေ​ရိ​ဒ၊ ယာ​လ၊ဒါ​ကုန်၊ဂိဒ္ဒေ​လ၊ ရှေ​ဖ​တိ၊ဟတ္တိ​လ၊ပေါ​ခ​ရက်၊ ဇေ​ဗိမ်​နှင့်​အာ​မုန်။
58 Yalaoğulları, Darkonoğulları, Giddeloğulları,
၅၈
59 Şefatyaoğulları, Hattiloğulları, Pokeret-Hassevayimoğulları, Amonoğulları.
၅၉
60 Tapınak görevlileriyle Süleyman'ın kullarının soyundan olanlar: 392
၆၀ပြည်​နှင်​ဒဏ်​သင့်​ရာ​မှ​ပြန်​လာ​ကြ​သော​ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​နှင့် ရှော​လ​မုန်​၏​အ​စေ​ခံ​များ​မှ​ဆင်း​သက်​ပေါက်​ဖွား​လာ​သူ​ဦး​ရေ​စု​စု​ပေါင်း​မှာ သုံး​ရာ​ကိုး​ဆယ့်​နှစ်​ယောက်​ဖြစ်​၏။
61 Tel-Melah, Tel-Harşa, Keruv, Addon ve İmmer'den dönen, ancak hangi aileden olduklarını ve soylarının İsrail'den geldiğini kanıtlayamayanlar şunlardır:
၆၁တေ​လ​မေ​လ​မြို့၊ တေ​လ​ဟာ​ရ​ရှ​မြို့၊ ခေ​ရုပ်​မြို့၊ အဒ္ဒုန်​မြို့​နှင့်​ဣ​မေ​ရ​မြို့​တို့​မှ​ထွက်​ခွာ​လာ​သော​ဒေ​လာ​ယ၊ တော​ဘိ​နှင့်​နေ​ကော​ဒ​သား​ချင်း​စု​အ​နွယ်​ဝင်​များ​မှာ ခြောက်​ရာ​လေး​ဆယ့်​နှစ်​ယောက်​ဖြစ်​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​မှ မိ​မိ​တို့​ဆင်း​သက်​ပေါက်​ဖွား​လာ​ကြောင်း​သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ။
62 Delayaoğulları, Toviyaoğulları, Nekodaoğulları: 642
၆၂
63 Kâhinlerin soyundan: Hovayaoğulları, Hakkosoğulları ve Gilatlı Barzillay'ın kızlarından biriyle evlenip kayınbabasının adını alan Barzillay'ın oğulları.
၆၃အောက်​ပါ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​များ​သည် မိ​မိ​တို့​ဘိုး​ဘေး​များ​ကား​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို​သက်​သေ​ခံ​အ​ထောက်​အ​ထား​ပြ​ရန်​တစ်​စုံ​တစ်​ရာ​ရှာ​၍​မ​တွေ့​နိုင်​ကြ။ ဟ​ဗာ​ယ၊ ကော​ဇ​နှင့်​ဗာ​ဇိ​လဲ (ဗာ​ဇိ​လဲ​ယဇ်​ပု​ရော​ဟိတ်​သား​ချင်း​စု​၏​ဘိုး​ဘေး​ဖြစ်​သူ​သည်​ဂိ​လဒ်​ပြည်​သား၊ ဗာ​ဇိ​လဲ​သား​ချင်း​စု​မှ​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​စုံ​ဖက်​ပြီး​နောက်​မိ​မိ​ယောက္ခ​မ​သား​ချင်း​စု​၏​နာ​မည်​ကို​ခံ​ယူ​ခဲ့​၏။) ထို​သူ​တို့​သည်​မိ​မိ​တို့​ဘိုး​ဘေး​များ​မှာ​မည်​သူ​မည်​ဝါ​ဖြစ်​သည်​ကို သက်​သေ​ခံ​အ​ထောက်​အ​ထား​မ​ပြ​နိုင်​ကြ​သ​ဖြင့်​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​သိ​အ​မှတ်​ပြု​ခြင်း​ကို​မ​ခံ​ရ​ကြ။-
64 Bunlar soy kütüklerini aradılar. Ama yazılı bir kayıt bulamayınca, kâhinlik görevi ellerinden alındı.
၆၄
65 Vali, Urim ile Tummim'i kullanan bir kâhin çıkıncaya dek en kutsal yiyeceklerden yememelerini buyurdu.
၆၅ယု​ဒ​ဘု​ရင်​ခံ​က​သူ​တို့​အား``သင်​တို့​သည်​ဥ​ရိမ်​နှင့်​သု​မိမ် ကို​အ​သုံး​ပြု​၍​ဆုံး​ဖြတ်​နိုင်​သူ​ယဇ်​ပု​ရော​ဟိတ်​တစ်​ပါး​မ​ပေါ်​မ​ချင်း​ဘု​ရား​သ​ခင်​အား​ပူ​ဇော်​သည့်​အ​စား​အ​စာ​များ​ကို​မ​စား​ကြ​ရ'' ဟု​ဆို​၏။
66 Bütün halk toplam 42 360 kişiydi.
၆၆ပြန်​လာ​ကြ​သော​ပြည်​နှင်​ဒဏ်​သင့်​သူ စု​စု​ပေါင်း​ဦး​ရေ ၄၂၃၆၀
67 Ayrıca 7 337 erkek ve kadın köle, kadınlı erkekli 245 ezgici, 736 at, 245 katır, 435 deve, 6 720 eşek vardı.
၆၇ack သူ​တို့​၏​အ​စေ​ခံ​ယောကျာ်း မိန်း​မ ၇၃၃၇ အ​မျိုး​သား​အ​မျိုး​သ​မီး ဂီ​တ​ပ​ညာ​သည်​များ ၂၄၅ မြင်း ၇၃၆ ကောင် လား ၂၄၅ ကောင် ကု​လား​အုတ် ၄၃၅ ကောင် မြည်း ၆၇၂၀ ကောင်
၆၈
၆၉
70 Bazı aile başları onarım işi için bağışta bulundu: Vali hazineye 1 000 darik altın, 50 çanak, 530 kâhin mintanı bağışladı.
၇၀ဗိ​မာန်​တော်​ပြန်​လည်​တည်​ဆောက်​မှု​ကုန်​ကျ​စ​ရိတ်​အ​တွက် ပေး​လှူ​ကြ​သူ​များ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ဘု​ရင်​ခံ​ရွှေ​အောင်​စ ၂၇၀ ဗိ​မာန်​တော်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် အ​သုံး​ပြု​သည့်​အင်​တုံ ၅၀ ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ ၅၃၀ သား​ချင်း​စု​ခေါင်း​ဆောင်​များ ရွှေ ၃၃၇​ပေါင် ငွေ ၃၂၁၅​ပေါင် ကျန်​ပြည်​သူ​များ​ရွှေ ၃၃၇ ပေါင် ငွေ ၂၉၂၃ ပေါင် ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ ၆၇
71 Bazı aile başları da iş için hazineye 20 000 darik altın, 2 200 mina gümüş verdiler.
၇၁
72 Halkın geri kalanı ise, toplam 20 000 darik altın, 2 000 mina gümüş ve 67 kâhin mintanı verdi.
၇၂
73 Kâhinler, Levililer, tapınak görevlileri ve kapı nöbetçileri, ezgiciler, sıradan insanlar ve bütün İsrailliler kentlerine yerleştiler.
၇၃ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ​အ​နွယ်​ဝင်​များ၊ ဗိ​မာန်​တော်​အ​စောင့်​တပ်​သား​များ၊ ဂီ​တ​ပ​ညာ​သည်​များ၊ သာ​မန်​ပြည်​သူ​အ​မြောက်​အ​မြား၊ ဗိ​မာန်​တော်​အ​လုပ်​သ​မား​များ​အ​စ​ရှိ​သော​ဣသ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ယု​ဒ​မြို့​ရွာ​များ​တွင်​အ​တည်​တ​ကျ​နေ​ထိုင်​ကြ​လေ​သည်။

< Nehemya 7 >