< Nehemya 5 >

1 Bir süre sonra kadınlı erkekli halk Yahudi kardeşlerinden şiddetle yakınmaya başladı.
ထိုအခါ ယောက်ျားမိန်းမများတို့သည် အမျိုးသား ချင်း ယုဒလူတို့ကို အလွန်အပြစ်တင်၍ မြည်တမ်းကြ၏။
2 Bazıları, “Biz kalabalığız” diyordu, “Oğullarımız, kızlarımız çok. Yaşamak için buğdaya ihtiyacımız var.”
အချို့ကလည်း၊ ငါတို့နှင့် သားသမီးများစွာ ရှိကြ၏။ သူတို့ အသက်မွေးလောက်အောင် စားစရာ ဆန်စပါးကို အဘယ်မှာ ရနိုင်မည်နည်းဟုဆိုကြ၏။
3 Bazıları da, “Kıtlıkta buğday almak için tarlalarımızı, bağlarımızı, evlerimizi ipotek ediyoruz” diyordu.
အချို့ကလည်း၊ ငါတို့သည် လယ်ယာ၊ ဥယျာဉ်၊ အိမ်တို့ကို ပေါင်ထားပြီ။ အစာခေါင်းပါးသောကာလ၊ ဆန်စပါးကို အဘယ်မှာ ရနိုင်ပါမည်နည်းဟု ဆိုကြ၏။
4 Bazıları ise, “Krala vergi ödemek için tarlalarımızı, bağlarımızı karşılık gösterip borç para aldık” diyordu,
အချို့ကလည်း၊ ငါတို့သည် အခွန်တော်ကို ပေးစရာရှိခြင်းငှါ လယ်ယာဥယျာဉ်အတွက် ငွေကို ချေးယူပြီ။
5 “Yahudi kardeşlerimizle aynı kanı taşımıyor muyuz? Bizim çocuklarımızın onlarınkinden ne farkı var? Oğullarımızı kızlarımızı köle olarak satmak zorunda kaldık. Kızlarımızdan bazıları cariye olarak satıldı bile. Çaresiz kaldık. Çünkü tarlalarımız, bağlarımız başkalarının elinde.”
ယခုမှာ ငါတို့ ကိုယ်ခန္ဓာသည် အမျိုးသားချင်း တို့၏ ကိုယ်ခန္ဓာ ကဲ့သို့ဖြစ်၏။ ငါတို့သားသမီးသည် သူတို့ သားသမီးကဲ့သို့ဖြစ်ကြ၏။ ငါတို့ သားသမီးကိုရောင်း၍ ကျွန်ခံစေရမည်လော။ ကျွန်ခံပြီးသော သမီးတို့ကိုလည်း ရွေးခြင်းငှါ မတတ်နိုင်။ ပိုင်ရင်းလယ်ယာနှင့် ဥယျာဉ်တို့ သည် သူတပါးလက်သို့ ရောက်လေပြီတကားဟု ဆိုကြ၏။
6 Onların bu dertlerini, yakınmalarını duyunca çok öfkelendim.
ထိုသို့အပြစ်တင်မြည်တမ်းသောစကားကို ငါ သည် ကြားသောအခါ၊ အလွန်ညှိုးငယ်သောစိတ်ရှိ၍၊ ကိုယ်အလိုအလျောက် ဆင်ခြင်ပြီးမှ၊
7 Düşününce soylularla yetkilileri suçlu buldum. Onlara, “Kardeşlerinizden faiz alıyorsunuz!” dedim. Onlara karşı herkesi bir araya topladım. Sonra şöyle dedim:
မှူးမတ်နှင့် မင်းအရာရှိတို့ကိုခေါ်၍၊ သင်တို့ သည် အမျိုးသားချင်းတို့၌ အတိုးစားတတ်ကြသည် တကားဟု ဆုံးမသဖြင့်၊ သူတို့တဘက်၌ လူအများတို့ကို စုဝေးစေလျက်၊
8 “Biz yabancılara satılan Yahudi kardeşlerimizi elimizden geldiğince geri almaya çalışırken siz kardeşlerinizi satıyorsunuz. Yine bize satılsınlar diye mi?” Sustular, söyleyecek söz bulamadılar.
တပါးအမျိုးသားတို့လက်၌ ကျွန်ခံသောငါတို့ ညီအစ်ကို ယုဒလူတို့ကို၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနှုတ်ပြီးမှ၊ သင်တို့သည် ညီအစ်ကိုတို့ကို တဖန် ရောင်းဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟုဆိုလျှင်၊ သူတို့သည် ပြန်ပြော စရာမရှိ၊ တိတ်ဆိတ်စွာနေကြ၏။
9 Sonra, “Yaptığınız doğru değil” dedim, “Düşmanlarımız olan öteki ulusların aşağılamalarından kaçınmak için Tanrı korkusuyla yaşamanız gerekmez mi?
ငါကလည်း၊ သင်တို့ပြုသောအမှု မကောင်းပါ တကား။ ငါတို့ ရန်သူဖြစ်သော တပါးအမျိုးသားတို့သည် ငါတို့ကိုကဲ့ရဲ့မည်ဟု စိုးရိမ်၍၊ ငါတို့၏ ဘုရားသခင်ကို ကြောက်ရွံ့သောစိတ်နှင့် သင်တို့ကျင့်သင့်သည် မဟုတ် လော။
10 Kardeşlerim, adamlarım ve ben ödünç olarak halka para ve buğday veriyoruz. Lütfen faiz almaktan vazgeçelim!
၁၀ငါနှင့်ငါ့ညီ၊ ငါ့ကျွန်တို့သည်လည်း၊ လူများတို့၌ ငွေနှင့်ဆန်စပါးကို ခွဲယူပိုင်သည်မဟုတ်လော။ အတိုးစား သော အမှုကို ပယ်ဖြတ်ကြပါလော့။
11 Tarlalarını, bağlarını, zeytinliklerini, evlerini onlara hemen geri verin. Bir de faiz olarak aldığınız gümüşün, buğdayın, yeni şarabın, zeytinyağının yüzde birini verin.”
၁၁ယနေ့ပင်သူတို့လယ်ယာ၊ စပျစ်ဥယျာဉ်၊ သံလွင် ဥယျာဉ်၊ အိမ်ရာကို၎င်း၊ သူတို့၌ခွဲယူပြီးသော ငွေ၊ ဆန်စပါး၊ စပျစ်ရည်၊ ဆီအချို့ကို၎င်း ပြန်ပေးကြပါလော့ ဟု ဆိုသော်၊
12 “Veririz” dediler, “Artık onlardan hiçbir şey istemeyeceğiz. Ne diyorsan öyle yapacağız.” Kâhinleri çağırdım ve yetkililere kâhinlerin önünde verdikleri sözü tutacaklarına ilişkin ant içirdim.
၁၂သူတို့က ပြန်ပေးပါမည်။ ဘာမျှမတောင်းမယူ ပါ။ ကိုယ်တော်မိန့်တော်မူသည်အတိုင်း ပြုပါမည်ဟု ဝန်ခံကြ၏။ ထိုသို့ ယဇ်ပုရောဟိတ်တို့သည် ဂတိထား သည်အတိုင်း ပြုရမည်အကြောင်း၊ ငါသည် သူတို့ကို ခေါ်၍ ကျိန်ဆိုစေပြီးမှ၊
13 Sonra eteğimi silktim ve dedim ki, “Kim verdiği sözü tutmazsa, Tanrı da onu böyle silksin; malını mülkünü elinden alsın; tamtakır bıraksın.” Herkes buna, “Amin” dedi ve RAB'be övgüler sundu. Ve sözlerini tuttular.
၁၃ကိုယ်ခါးပိုက်ကို ခါလျက်၊ ဂတိပျက်သော သူအပေါင်းတို့ကို ဘုရားသခင်သည် အိမ်တော်၊ အမှုတော် ထဲက ဤသို့ခါလိုက်တော်မူပါစေသော။ သူတို့သည် ဤသို့ခါပစ်လိုက်ခြင်းကို ခံရကြပါစေဟုဆို၍ စည်းဝေး သောသူအပေါင်းတို့သည် အာမင်ဟု ဝန်ခံ၍ ထာဝရ ဘုရားကို ချီးမွမ်းကြ၏။ လူများတို့သည်လည်း၊ ဂတိထား သည်အတိုင်း ပြုကြ၏။
14 Yahuda'da valilik yaptığım on iki yıl boyunca, ilk atandığım günden son güne kadar, Artahşasta'nın krallığının yirminci yılından otuz ikinci yılına dek, ne ben, ne kardeşlerim valiliğe ayrılan yiyecek bütçesine dokunmadık.
၁၄ထိုမှတပါး ယုဒမြို့ဝန်အရာကို ငါခံသောအချိန်၊ အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်မှစ၍ သုံးဆယ်နှစ်နှစ် တိုင်အောင်၊ တဆယ်နှစ် နှစ်ပတ်လုံး ငါနှင့် ငါ့ညီတို့သည် မြို့ဝန်ရိက္ခာကိုမစား။
15 Benden önce görev yapan valiler halka yük oldular. Onlardan kırk şekel gümüşün yanısıra yiyecek ve şarap da aldılar. Uşakları bile halkı ezdi. Ama ben Tanrı'dan korktuğum için böyle davranmadım.
၁၅အရင်မြို့ဝန်တို့ကို လူများတို့သည် ကျွေးရကြ၏။ မုန့်နှင့်စပျစ် ရည်ကို၎င်း၊ တနေ့လျှင် ငွေလေးဆယ်ကို၎င်း ပေးရကြ၏။ မင်းလုလင်၏ စေစားခြင်းကိုလည်း ခံရကြ ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့်၊ အရင်မြို့ဝန်ကဲ့သို့မပြု။
16 Surların onarımını sürdürdüm. Adamlarımın hepsi işin başında durdu. Bir tarla bile satın almadık.
၁၆ထိုမှတပါး၊ ငါသည် မြို့ရိုးကိုအမြဲလုပ်၍နေ၏။ ငါနှင့် ငါ့ကျွန်တို့ သည်လယ်ယာကို မဝယ်၊ မြို့ရိုးတည်ခြင်း အမှုကိုသာ ဝိုင်းညီ၍ ကြိုးစားကြ၏။
17 Çevremizdeki uluslardan bize gelenlerin dışında Yahudiler'den ve yetkililerden yüz elli kişi soframa otururdu.
၁၇ထိုမှတပါး၊ ပတ်ဝန်းကျင်၌နေ၍ ငါတို့ထံသို့ လာသော တပါးအမျိုးသားကို မဆိုဘဲ၊ ယုဒအမျိုးသားတို့ နှင့် မင်းအရာရှိ တရာငါးကျိပ်တို့သည် ငါ့စားပွဲ၌ စားသောက်မြဲရှိကြ၏။
18 Benim için her gün bir boğa, altı seçme koyun, tavuklar kesilir, on günde bir de her türden bolca şarap hazırlanırdı. Bütün bunlara karşın valiliğin yiyecek bütçesine dokunmadım. Çünkü halk ağır yük altındaydı.
၁၈နေ့တိုင်း ငါ့စားပွဲကို နွားတကောင်၊ ရွေးသော သိုးခြောက်ကောင်၊ ကြက်များကို စီရင်ရ၏။ ဆယ်ရက် တခါများစွာသော စပျစ်ရည်အမျိုးမျိုးကိုလည်း တင်ရ၏။ ထိုမျှလောက်ကုန်သော်လည်း၊ လူများတို့သည် ပင်ပန်းစွာ အမှုစောင့်ရသောကြောင့်၊ မြို့ဝန်၌ ရိက္ဓာကို ငါမတောင်း။
19 Ey Tanrım, bu halk uğruna yaptıklarım için beni iyilikle an.
၁၉အိုအကျွန်ုပ် ဘုရားသခင်၊ ဤလူတို့အဘို့ အကျွန်ုပ်ပြုသမျှအတွက် အကျွန်ုပ်ကို အောက်မေ့၍ ကျေးဇူးပြုတော်မူပါ။

< Nehemya 5 >