< Yeşu 8 >
1 RAB Yeşu'ya, “Korkma, yılma” dedi, “Bütün savaşçılarını yanına alıp Ay Kenti'nin üzerine yürü. Ay Kralı'nı, halkını ve kenti bütün topraklarıyla birlikte sana teslim ediyorum.
၁ထာဝရဘုရားသည်ယောရှုအား``သင်သည် စစ်သူရဲအပေါင်းတို့နှင့်အတူအာဣမြို့ သို့ချီတက်လော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ ငါသည်သင့်လက်တွင်းသို့အာဣမင်းနှင့် တကွပြည်သူပြည်သားများ၊ သူ၏မြို့၊ သူ၏နယ်မြေတို့ကိုပေးအပ်မည်။-
2 Eriha'ya ve kralına ne yaptıysan, Ay Kenti'ne ve kralına da aynısını yap. Ama mal ve hayvanlardan oluşan ganimeti kendinize ayırın. Kentin gerisinde pusu kur.”
၂သင်သည်ယေရိခေါမြို့နှင့်၎င်း၏မင်းကို သုတ်သင်ဖျက်ဆီးသကဲ့သို့ အာဣမြို့နှင့် ၎င်း၏မင်းကိုသုတ်သင်ဖျက်ဆီးပစ်ရမည်။ သို့ရာတွင်၎င်း၏ပစ္စည်းများနှင့်တိရစ္ဆာန် များကိုသင်တို့သိမ်းယူနိုင်သည်။ မြို့ကို အနောက်ဘက်မှဝင်စီးရန်တပ်ပုန်းချ ထားလော့'' ဟုမိန့်တော်မူ၏။
3 Böylece Yeşu bütün savaşçılarıyla birlikte Ay Kenti'nin üzerine yürümeye hazırlandı. Seçtiği otuz bin yiğit savaşçıyı geceleyin yola çıkarırken
၃သို့ဖြစ်၍ယောရှုသည်စစ်သူရဲအပေါင်းတို့နှင့် အာဣမြို့သို့ချီတက်ရန်အသင့်ပြင်လေသည်။ သူသည်လက်ရွေးစင်စစ်သူရဲသုံးသောင်းကို ညအချိန်၌စေလွှတ်၍၊-
4 onlara şöyle buyurdu: “Gidip kentin gerisinde pusuya yatın. Kentin çok uzağında durmayın. Hepiniz her an hazır olun.
၄``သင်တို့သည်မြို့၏အနောက်ဘက်မလှမ်း မကမ်းတွင်ပုန်းအောင်းနေလော့။ မြို့ကိုတိုက် ခိုက်ရန်အသင့်ရှိနေကြလော့။-
5 Ben yanımdaki halkla birlikte kente yaklaşacağım. Bir önceki gibi, düşman kentten çıkıp üzerimize gelince, önlerinde kaçar gibi yapıp
၅ငါနှင့်ငါ၏တပ်သားတို့သည်မြို့အနီးသို့ ချဉ်းကပ်လာကြမည်။ အာဣမြို့သားတို့သည် ငါတို့အားထွက်၍တိုက်ခိုက်ကြသောအခါ ငါတို့သည် ယခင်တစ်ကြိမ်ကကဲ့သို့ဆုတ်ခွာ ထွက်ပြေးကြမည်။-
6 onları kentten uzaklaştırıncaya dek ardımızdan sürükleyeceğiz. Önceki gibi onlardan kaçtığımızı sanacaklar. Biz kaçar gibi yaparken,
၆ထိုအခါသူတို့သည်မြို့မှဝေးကွာသည့်အရပ် သို့ရောက်သည့်တိုင်အောင် ငါတို့နောက်သို့လိုက်လံ တိုက်ခိုက်ကြလိမ့်မည်။ ငါတို့ယခင်အတိုင်း ထွက်ပြေးကြပြီဟုသူတို့ထင်မှတ်လိမ့်မည်။-
7 siz de pusu kurduğunuz yerden çıkıp kenti ele geçirirsiniz. Tanrımız RAB orayı elinize teslim edecek.
၇ထိုအခါသင်တို့ပုန်းကွယ်ရာမှထွက်၍မြို့ ကိုသိမ်းယူရမည်။ သင်တို့၏ဘုရားသခင် ထာဝရဘုရားသည်မြို့ကိုသင်တို့လက် သို့အပ်တော်မူမည်။-
8 Kenti ele geçirince ateşe verin. RAB'bin buyruğuna göre hareket edin. İşte buyruğum budur.”
၈သင်တို့သည်မြို့ကိုသိမ်းယူပြီးနောက်ထာဝရ ဘုရားမိန့်မှာတော်မူသည့်အတိုင်း မြို့ကိုမီး ရှို့ဖျက်ဆီးပစ်ရမည်။ ဤအမိန့်အတိုင်း ဆောင်ရွက်ကြလော့'' ဟုအမိန့်ပေးလေ၏။-
9 Ardından Yeşu onları yolcu etti. Adamlar gidip Beytel ile Ay Kenti arasında, Ay Kenti'nin batısında pusuya yattılar. Yeşu ise geceyi halkla birlikte geçirdi.
၉ယောရှုသည်လက်ရွေးစင်သူရဲတို့ကိုစေလွှတ် သဖြင့် သူတို့သည်ချီတက်၍အာဣမြို့အနောက် ဘက်နှင့်ဗေသလမြို့စပ်ကြားတွင်ပုန်းအောင်း စောင့်ဆိုင်းနေကြလေသည်။ ယောရှုသည်ထို ည၌စခန်းတွင်နေ၏။
10 Yeşu sabah erkenden kalkarak halkı topladı. Sonra kendisi ve İsrail'in ileri gelenleri önde olmak üzere Ay Kenti'ne doğru yola çıktılar.
၁၀နံနက်စောစော၌ယောရှုသည်ဣသရေလအမျိုး သားအကြီးအကဲတို့နှင့်အတူ စစ်သူရဲတို့ ကိုဦးဆောင်၍အာဣမြို့သို့ချီတက်လေသည်။-
11 Yeşu, yanındaki bütün savaşçılarla kentin üzerine yürüdü. Yaklaşıp kentin kuzeyinde ordugah kurdular. Kentle aralarında bir vadi vardı.
၁၁သူနှင့်အတူလိုက်ပါလာသောစစ်သူရဲတို့ သည် မြို့တံခါးမဘက်သို့ချီတက်၍မြောက် ဘက်တွင်စခန်းချကြသည်။ သူတို့၏စခန်း နှင့်မြို့အကြားတွင်ချိုင့်ဝှမ်းရှိ၏။-
12 Yeşu beş bin kişi kadar bir güçle Beytel ile Ay Kenti arasında, kentin batısında pusu kurdurdu.
၁၂သူသည်စစ်သူရဲငါးထောင်ခန့်ကိုမြို့အနောက် ဘက် အာဣမြို့နှင့်ဗေသလမြို့အကြားတွင် ပုန်းအောင်းနေစေ၏။-
13 Ardından hem kuzeyde ordugah kuranlar, hem batıda pusuya yatanlar savaş düzenine girdiler. Yeşu o gece vadide ilerledi.
၁၃တပ်မကိုမြို့၏အနောက်ဘက်တွင်လည်းကောင်း တပ်စွဲစေ၏။ ထိုည၌ယောရှုသည်ချိုင့်ဝှမ်း ထဲသို့ဆင်းသွားလေ၏။-
14 Bunu gören Ay Kralı, kent halkıyla birlikte sabah erkenden kalktı. Zaman yitirmeden, İsrailliler'e karşı savaşmak üzere Arava bölgesinin karşısında belirlenen yere çıktı. Ne var ki, kentin gerisinde kendisine karşı kurulan pusudan habersizdi.
၁၄အာဣမင်းသည်ယောရှု၏စစ်သူရဲများတပ်ချ လျက်ရှိသည်ကိုမြင်လျှင် မိမိ၏စစ်သူရဲအပေါင်း တို့ကိုအလျင်အမြန်စုရုံး၍ ဣသရေလတပ် ကိုတိုက်ခိုက်ရန်ယော်ဒန်မြစ်ချိုင့်ဝှမ်းဘက် ယခင် တိုက်ခိုက်ခဲ့သောအရပ်သို့ချီတက်လေသည်။ သို့ရာတွင်သူသည်မြို့၏အနောက်ဘက်၌ ဣသရေလတပ်ပုန်းများချထားကြောင်း ကိုမရိပ်မိချေ။-
15 Yeşu ile yanındaki İsrailliler, kent halkı önünde bozguna uğramış gibi, çöle doğru kaçmaya başladılar.
၁၅ယောရှုနှင့်သူ၏တပ်သားတို့သည်စစ်ရှုံး ဟန်ဆောင်လျက် မြို့ပြင်ကွင်းထဲသို့ထွက်ပြေး လေ၏။-
16 Kentteki bütün halk İsrailliler'i kovalamaya çağrıldı. Ama Yeşu'yu kovalarken kentten uzaklaştılar.
၁၆အာဣမင်းသည်မြို့တွင်းရှိယောကျာ်းအားလုံး ကိုဆင့်ခေါ်၍ ယောရှု၏တပ်နောက်သို့လိုက်စေ သဖြင့်သူတို့သည်မြို့နှင့်အလှမ်းကွာသော အရပ်သို့ရောက်လာကြလေသည်။-
17 Ay Kenti'yle Beytel'den İsrailliler'i kovalamaya çıkmayan tek kişi kalmamıştı. İsrailliler'i kovalamaya çıkarlarken kent kapılarını açık bıraktılar.
၁၇အာဣမြို့သားအားလုံးတို့သည်ဣသရေလ အမျိုးသားတို့နောက်သို့ ထွက်လိုက်ကြရာမြို့ ကိုကာကွယ်မည့်သူတစ်ယောက်မျှမကျန် ရစ်ချေ။
18 RAB Yeşu'ya, “Elindeki palayı Ay Kenti'ne doğru uzat; orayı senin eline teslim ediyorum” dedi. Yeşu elindeki palayı kente doğru uzattı.
၁၈ထိုအခါထာဝရဘုရားသည်ယောရှု အား``သင်၏လှံကိုအာဣမြို့ဘက်သို့ချိန် ရွယ်လော့။ မြို့ကိုသင်၏လက်သို့ငါအပ်မည်'' ဟုမိန့်တော်မူ၏။ ထာဝရဘုရားမိန့်တော် မူသည့်အတိုင်း၊-
19 Elini uzatır uzatmaz, pusudakiler yerlerinden fırlayıp kente girdiler; kenti ele geçirip hemen ateşe verdiler.
၁၉ယောရှုသည်လှံကိုကိုင်၍မြို့ဘက်သို့ချိန်ရွယ် လိုက်ရာစစ်သူရဲတို့သည် ပုန်းအောင်းရာမှ အလျင်အမြန်ထွက်လာ၍ မြို့တွင်းသို့ပြေး ဝင်ကြပြီးလျှင်မြို့ကိုသိမ်း၍ချက်ချင်း မီးရှို့ဖျက်ဆီးကြ၏။-
20 Kentliler arkalarına dönüp bakınca, yanan kentten göklere yükselen dumanı gördüler. Çöle doğru kaçan İsrailliler de geri dönüp onlara saldırınca artık kaçacak hiçbir yerleri kalmadı.
၂၀အာဣမြို့သားတို့သည်နောက်သို့လှည့်ကြည့် သောအခါ မြို့မှမီးခိုးလုံးကြီးများအထက် သို့တက်လျက်ရှိသည်ကိုမြင်ရလေသည်။ ထို အခါမြို့ပြင်ဘက်သို့ထွက်ပြေးခဲ့ကြသော ဣသရေလတပ်သားတို့သည်ပြန်လှည့်၍ အာဣမြို့သားတို့ကိုတိုက်ခိုက်ကြသဖြင့် သူတို့ထွက်ပေါက်မရှိဘဲပိတ်မိနေကြ၏။-
21 Pusuya yatmış olanların kenti ele geçirdiğini, kentten dumanlar yükseldiğini gören Yeşu ile yanındaki İsrailliler, geri dönüp Ay halkına saldırdılar.
၂၁ယောရှုနှင့်သူ၏တပ်သားတို့သည်မိမိတို့ တပ်ပုန်းများက မြို့ကိုသိမ်းလိုက်ကြောင်းကို လည်းကောင်း၊ မြို့မီးလောင်လျက်ရှိသည်ကို လည်းကောင်းတွေ့မြင်ရလျှင်ပြန်လှည့်၍ အာဣမြို့သားများကိုတိုက်ခိုက်သတ်ဖြတ် ကြသည်။-
22 Kenti ele geçirenler de çıkıp saldırıya katılınca, kent halkı iki yönden gelen İsrailliler'in ortasında kaldı. İsrailliler tek canlı bırakmadan hepsini öldürdüler.
၂၂မြို့တွင်း၌ရှိသောဣသရေလတပ်သားတို့ ကလည်းထွက်၍တိုက်ခိုက်ကြရာ အာဣမြို့ သားတို့သည်ဝိုင်းရံခြင်းကိုခံရသဖြင့် သူတို့အားလုံးပင်ကျဆုံးကြကုန်၏။ အာဣ မင်းကလွဲ၍မည်သူမျှအသက်ရှင်၍မကျန် ရစ်ခဲ့ချေ။ ဣသရေလတပ်သားတို့သည် အာဣမင်းကိုလက်ရဖမ်းဆီး၍ယောရှု ထံသို့ခေါ်ဆောင်ခဲ့ကြလေသည်။
23 Sağ olarak tutsak aldıkları Ay Kralı'nı Yeşu'nun önüne çıkardılar.
၂၃
24 İsrailliler Ay Kenti'nden çıkıp kendilerini kırsal alanlarda ve çölde kovalayanların hepsini kılıçtan geçirdikten sonra kente dönüp geri kalanları da kılıçtan geçirdiler.
၂၄ဣသရေလတပ်သားတို့သည်ကွင်းပြင်ဒေသ ၌ ရန်သူများကိုတစ်ယောက်မကျန်သတ်ဖြတ် ပြီးနောက် အာဣမြို့ထဲသို့ပြန်ဝင်လာ၍ကျန် ရှိသူရှိသမျှကိုသုတ်သင်လိုက်ကြလေသည်။-
25 O gün Ay halkının tümü öldürüldü. Öldürülenlerin toplamı, kadın erkek, on iki bin kişiydi.
၂၅မြို့သူမြို့သားများတစ်ယောက်မကျန်သေဆုံး ကုန်သည်အထိ ယောရှုသည်မိမိလှံကိုမချ ဘဲအာဣမြို့ဘက်သို့ချိန်ရွယ်ထားလေသည်။ ထိုနေ့၌တစ်သောင်းနှစ်ထောင်မျှရှိသောမြို့ သူမြို့သားအားလုံးသေဆုံးကုန်ကြ၏။-
26 Yeşu kentte yaşayanların tümü yok edilinceye dek pala tutan elini indirmedi.
၂၆
27 İsrailliler, RAB'bin Yeşu'ya verdiği buyruk uyarınca, kentin yalnız hayvanlarıyla mallarını yağmaladılar.
၂၇ယောရှုအားထာဝရဘုရားမိန့်မှာတော်မူ သည်အတိုင်း ဣသရေလအမျိုးသားတို့ သည်သိုးနွားတိရစ္ဆာန်များနှင့်ဥစ္စာပစ္စည်း များကိုမိမိတို့အတွက်သိမ်းယူကြ၏။-
28 Ardından Yeşu Ay Kenti'ni ateşe verdi, yakıp yıkıp viraneye çevirdi. Yıkıntıları bugün de duruyor.
၂၈ယောရှုသည်အာဣမြို့ကိုမီးရှို့ဖျက်ဆီး လိုက်သဖြင့် ယနေ့တိုင်မြို့ပျက်အဖြစ် ကျန်ရစ်လေသည်။-
29 Ay Kralı'nı ağaca asıp akşama dek orada bırakan Yeşu, güneş batarken cesedi ağaçtan indirerek kent kapısının dışına attırdı. Cesedin üzerine taşlardan büyük bir yığın yaptılar. Bu yığın bugün de duruyor.
၂၉အာဣမင်းကိုလည်းသစ်ပင်တွင်လည်ဆွဲချ၍ သတ်ပြီးလျှင် နေဝင်ချိန်တိုင်အောင်အလောင်း ကိုဆွဲထားလေ၏။ နေဝင်ချိန်၌အလောင်းကို ဖြုတ်ချ၍မြို့တံခါးဝတွင်ပစ်ထားရန် ယောရှုအမိန့်ပေး၏။ ထိုနောက်သူတို့သည် အလောင်းပေါ်တွင်ကျောက်တုံးများကိုပုံ ထားကြသဖြင့် ယနေ့တိုင်ထိုကျောက်ပုံ ကြီးကိုတွေ့မြင်နိုင်လေသည်။
30 Bundan sonra Yeşu Eval Dağı'nda İsrail'in Tanrısı RAB'be bir sunak yaptı.
၃၀ထိုနောက်ယောရှုသည်ဧဗလတောင်ပေါ်တွင် ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားပူဇော်ရန်ယဇ်ပလ္လင်ကို တည်လေ၏။-
31 Sunak, RAB'bin kulu Musa'nın İsrail halkına verdiği buyruk uyarınca, Musa'nın Yasa Kitabı'nda yazıldığı gibi yontulmamış, demir alet değmemiş taşlardan yapıldı. RAB'be orada yakmalık sunular sundular, esenlik kurbanları kestiler.
၃၁ထာဝရဘုရား၏အစေခံမောရှေ၏ပညတ် တရားတွင်``သံလက်နက်ကိရိယာဖြင့်မဆစ် သောကျောက်များဖြင့်ယဇ်ပလ္လင်ကိုတည်ရမည်'' ဟူ၍ညွှန်ကြားသည့်အတိုင်းထိုယဇ်ပလ္လင်ကို တည်လေသည်။ သူတို့သည်မီးရှို့သောယဇ်နှင့် မိတ်သဟာယယဇ်တို့ကို ယဇ်ပလ္လင်ပေါ်တွင် ထာဝရဘုရားအားပူဇော်ကြသည်။-
32 Yeşu Musa'nın İsrail halkının önünde yazmış olduğu Kutsal Yasa'nın kopyasını orada taş levhalara yazdı.
၃၂ယောရှုသည်ကျောက်များပေါ်တွင်မောရှေရေး ခဲ့သော ပညတ်တရားကိုဣသရေလအမျိုး သားတို့၏မျက်မှောက်၌ကူးရေးလေသည်။-
33 Bütün İsrailliler, ileri gelenleriyle, görevlileriyle ve hâkimleriyle birlikte –yabancılar dahil– RAB'bin Antlaşma Sandığı'nın iki yanında, yüzleri, sandığı taşıyan Levili kâhinlere dönük olarak dizildiler. Halkın yarısı sırtını Gerizim Dağı'na, öbür yarısı da Eval Dağı'na verdi. Çünkü RAB'bin kulu Musa kutsanmaları için bu şekilde durmalarını daha önce buyurmuştu.
၃၃ခေါင်းဆောင်များ၊ အရာရှိများ၊ တရားသူကြီး များမှစ၍ဣသရေလအမျိုးသားအပေါင်း တို့သည် ယင်းတို့နှင့်အတူနေထိုင်သောလူမျိုး ခြားများတို့နှင့်အတူ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်ကိုပင့်ဆောင်သော လေဝိ အနွယ်ဝင်ယဇ်ပုရောဟိတ်များ၏တစ်ဘက် တစ်ချက်၊ သေတ္တာတော်၏ဝဲယာ၌လူစုခွဲ၍ ရပ်နေကြ၏။ လူဦးရေတစ်ဝက်တို့သည် ဂေရဇိန်တောင်ကိုကျောပေး၍ကျန်တစ် ဝက်တို့သည်ဧဗလတောင်ကိုကျောပေး လျက်ရပ်နေကြသည်။ သူတို့သည်ကောင်းချီး မင်္ဂလာကိုခံယူသောအခါထိုသို့လိုက်နာ ဆောင်ရွက်ရမည်ဟူ၍ထာဝရဘုရား၏ အစေခံမောရှေမိန့်မှာခဲ့သည်။-
34 Ardından Yeşu yasanın tümünü, kutsama ve lanetle ilgili bölümleri Yasa Kitabı'nda yazılı olduğu gibi okudu.
၃၄ထို့နောက်ယောရှုသည်ပညတ်တရားကျမ်း စာအုပ်တွင်ရေးသားဖော်ပြသည့်ကောင်းချီး မင်္ဂလာနှင့် ကျိန်စာများအပါအဝင်တရား အလုံးစုံတို့ကိုအသံကျယ်စွာဖြင့်ဖတ် ရှုလေ၏။-
35 Böylece Yeşu'nun, yabancıların da aralarında bulunduğu kadınlı, çocuklu bütün İsrail topluluğuna, Musa'nın buyruklarından okumadığı tek bir söz kalmadı.
၃၅ယောရှုသည်အမျိုးသမီးနှင့်ကလေးများ၊ သူတို့နှင့်အတူနေထိုင်သောလူမျိုးခြား များအပါအဝင် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့၌မောရှေပေးသောပညတ် ရှိသမျှကိုဖတ်ရွတ်လေသည်။