< Yuhanna 9 >
1 İsa yolda giderken doğuştan kör bir adam gördü.
၁ကိုယ်တော်သည်လမ်းလျှောက်၍ကြွတော်မူစဉ် ဝမ်းတွင်းပါမျက်မမြင်တစ်ဦးကိုတွေ့ရှိ တော်မူ၏။-
2 Öğrencileri İsa'ya, “Rabbî, kim günah işledi de bu adam kör doğdu? Kendisi mi, yoksa annesi babası mı?” diye sordular.
၂တပည့်တော်တို့က ``အရှင်ဘုရား၊ ဤသူမျက်စိ မမြင်သည်မှာမိမိ၏အပြစ်ကြောင့်လော၊ မိဘ တို့၏အပြစ်ကြောင့်လော'' ဟုမေးလျှောက်ကြ၏။
3 İsa şu yanıtı verdi: “Ne kendisi, ne de annesi babası günah işledi. Tanrı'nın işleri onun yaşamında görülsün diye kör doğdu.
၃သခင်ယေရှုက ``သူ၏အပြစ်ကြောင့်မဟုတ်၊ မိဘတို့၏အပြစ်ကြောင့်လည်းမဟုတ်။ သူ မျက်စိမမြင်ရခြင်းမှာ ဘုရားသခင်၏ တန်ခိုးတော် သူ၌ထင်ရှားလာစေရန်ပင် ဖြစ်၏။-
4 Beni gönderenin işlerini vakit daha gündüzken yapmalıyız. Gece geliyor, o zaman kimse çalışamaz.
၄ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အမှု တော်မြတ်ကိုနေ့အချိန်၌ငါတို့လုပ်ဆောင် ကြရမည်။ အဘယ်သူမျှမလုပ်ဆောင်နိုင် သည့်ညဥ့်အချိန်ကျရောက်လာလိမ့်မည်။-
5 Dünyada olduğum sürece dünyanın ışığı Ben'im.”
၅ငါသည်ဤလောကမှာရှိနေစဉ်လောက ၏အလင်းဖြစ်၏'' ဟုမိန့်တော်မူ၏။
6 Bu sözleri söyledikten sonra yere tükürdü, tükürükle çamur yaptı ve çamuru adamın gözlerine sürdü.
၆ဤသို့မိန့်တော်မူပြီးနောက်ကိုယ်တော်သည် မြေပေါ်သို့တံတွေးထွေး၍ရွှံ့ပြုလုပ်တော် မူ၏။ မျက်မမြင်၏မျက်စိကိုရွှံ့နှင့်လူး၍၊-
7 Adama, “Git, Şiloah Havuzu'nda yıkan” dedi. Şiloah, gönderilmiş anlamına gelir. Adam gidip yıkandı, gözleri açılmış olarak döndü.
၇``သွားလော့၊ ရှိလောင်ရေကန်တွင် ဆေးလော့'' ဟု မိန့်တော်မူ၏။ (ရှိလောင်၏အနက်ကား ``စေလွှတ် သည်'' ဟုဆိုလိုသတည်း။) ထိုသူသည်သွား၍ မျက်စိကိုဆေးပြီးနောက်မျက်စိမြင်လျက် ပြန်လာ၏။
8 Komşuları ve onu daha önce dilenirken görenler, “Oturup dilenen adam değil mi bu?” dediler.
၈သူသည်သူတောင်းစားဖြစ်သဖြင့်ယခင်က သူ့ကိုမြင်ဖူးသူများနှင့်အိမ်နီးချင်းများ က ``ဤသူသည်ထိုင်၍ကြေးငွေတောင်းခံလေ့ ရှိသူမဟုတ်ပါလော'' ဟုဆိုကြ၏။
9 Kimi, “Evet, odur” dedi, kimi de “Hayır, ama ona benziyor” dedi. Kendisi ise, “Ben oyum” dedi.
၉လူအချို့တို့က ``ဟုတ်ပါသည်'' ဟူ၍လည်းကောင်း၊ အချို့က ``ထိုသူမဟုတ်၊ ထိုလူနှင့်တူသူဖြစ်၏'' ဟူ၍လည်းကောင်းဆိုကြ၏။ သူကိုယ်တိုင်ကမူ ``အကျွန်ုပ်သည်ထိုသူပင်တည်း'' ဟုဆို၏။
10 “Öyleyse, gözlerin nasıl açıldı?” diye sordular.
၁၀လူတို့က ``သင်အဘယ်သို့မျက်စိမြင်လာ သနည်း'' ဟုမေးကြ၏။
11 O da şöyle yanıt verdi: “İsa adındaki adam çamur yapıp gözlerime sürdü ve bana, ‘Şiloah'a git, yıkan’ dedi. Ben de gidip yıkandım ve gözlerim açıldı.”
၁၁ထိုသူက ``ယေရှုဆိုသူသည်ရွှံ့အနည်းငယ်လုပ် ၍အကျွန်ုပ်၏မျက်စိကိုလူးပြီးလျှင် အကျွန်ုပ် အားရှိလောင်ရေကန်သို့သွား၍မျက်စိကိုဆေး ခိုင်းပါ၏။ သို့ဖြစ်၍အကျွန်ုပ်သည်သွား၍ဆေး လိုက်ရာ မျက်စိမြင်လာပါသည်'' ဟုပြန်ပြော၏။
12 Ona, “Nerede O?” diye sordular. “Bilmiyorum” dedi.
၁၂လူတို့က ``ထိုသူသည်အဘယ်မှာနည်း'' ဟု မေးလျှင်၊ သူတောင်းစားက ``အကျွန်ုပ်မသိပါ'' ဟုဆို၏။
13 Eskiden kör olan adamı Ferisiler'in yanına götürdüler.
၁၃လူတို့သည်ယခင်ကမျက်မမြင်ဖြစ်ခဲ့သူကို ဖာရိရှဲတို့ထံသို့ခေါ်ခဲ့ကြ၏။-
14 İsa'nın çamur yapıp adamın gözlerini açtığı gün Şabat Günü'ydü.
၁၄သခင်ယေရှုရွှံ့ဖြင့်ပြုလုပ်၍ထိုသူကိုမျက်စိ မြင်စေတော်မူသောနေ့ကားဥပုသ်နေ့ဖြစ်သတည်း။-
15 Bu nedenle Ferisiler de adama gözlerinin nasıl açıldığını sordular. O da, “İsa gözlerime çamur sürdü, yıkandım ve şimdi görüyorum” dedi.
၁၅ဖာရိရှဲတို့သည်ထိုသူမျက်စိအလင်းရရှိ လာပုံကိုမေးမြန်းကြ၏။ ထိုသူက ``သူသည် အကျွန်ုပ်၏မျက်စိကိုရွှံ့နှင့်လူးပေးပါ၏။ ထိုနောက်အကျွန်ုပ်သည်မျက်စိကိုဆေးလိုက် ရာမျက်စိမြင်လာပါသည်'' ဟုဆို၏။
16 Bunun üzerine Ferisiler'in bazıları, “Bu adam Tanrı'dan değildir” dediler. “Çünkü Şabat Günü'nü tutmuyor.” Ama başkaları, “Günahkâr bir adam nasıl bu tür belirtiler gerçekleştirebilir?” dediler. Böylece aralarında ayrılık doğdu.
၁၆အချို့သောဖာရိရှဲတို့က ``ထိုသူသည်ဥပုသ် မစောင့်သဖြင့်ဘုရားသခင်ထံမှကြွလာ သူမဟုတ်'' ဟုဆိုကြ၏။ အချို့ကမူ ``အပြစ်ကူးသူတစ်စုံတစ်ယောက် သည်အဘယ်သို့လျှင် ဤသို့သောအံ့သြဖွယ် နိမိတ်လက္ခဏာများကိုပြနိုင်ပါမည်နည်း'' ဟုဆိုကြ၏။ ဤသို့လျှင်ထိုသူတို့သည် အချင်းချင်းစိတ်သဘောကွဲလွဲလျက်နေ ကြ၏။
17 Eskiden kör olan adama yine sordular: “Senin gözlerini açtığına göre, O'nun hakkında sen ne diyorsun?” Adam, “O bir peygamberdir” dedi.
၁၇ထို့ကြောင့်ဖာရိရှဲတို့သည် မျက်မမြင်ဖြစ်ခဲ့ဖူး သူအား ``သင့်ကိုမျက်စိမြင်စေသူသည်အဘယ် သို့သောသူဖြစ်သနည်း'' ဟုတစ်ဖန်မေးပြန် ကြ၏။ ထိုသူက ``ပရောဖက်ဖြစ်ပါ၏'' ဟုဖြေကြား၏။
18 Yahudi yetkililer, gözleri açılan adamın annesiyle babasını çağırmadan onun daha önce kör olduğuna ve gözlerinin açıldığına inanmadılar.
၁၈သို့ရာတွင်ယုဒအာဏာပိုင်တို့သည်ယခင်က ထိုသူမျက်မမြင်ဖြစ်ခဲ့သည်ကိုလည်းကောင်း၊ ယခုမျက်စိမြင်လာသည်ကိုလည်းကောင်း မယုံသဖြင့် သူ့မိဘတို့ကိုခေါ်၍မေးကြ၏။-
19 Onlara, “Kör doğdu dediğiniz oğlunuz bu mu? Peki, şimdi nasıl görüyor?” diye sordular.
၁၉သူတို့က ``ဤသူသည်သင်တို့၏သားလော။ သင် တို့ပြောသည်အတိုင်းဝမ်းတွင်းပါမျက်မမြင် လော။ သို့မှန်လျှင်သူသည်အဘယ်သို့ယခု မျက်စိမြင်သနည်း'' ဟုမေးကြ၏။
20 Adamın annesiyle babası şu karşılığı verdiler: “Bunun bizim oğlumuz olduğunu ve kör doğduğunu biliyoruz.
၂၀မိဘတို့က ``ဤသူသည်အကျွန်ုပ်တို့၏ သားမှန်ပါ၏။ ဝမ်းတွင်းပါမျက်မမြင်ဖြစ် ကြောင်းလည်းမှန်ပါ၏။-
21 Ama şimdi nasıl gördüğünü, gözlerini kimin açtığını bilmiyoruz, ona sorun. Ergin yaştadır, kendisi için kendisi konuşsun.”
၂၁သို့ရာတွင်အဘယ်နည်းဖြင့်သူ့မျက်စိမြင် လာသည်ကိုအကျွန်ုပ်တို့မသိပါ။ သူ့အား အဘယ်သူမျက်စိမြင်စေသည်ကိုလည်းမသိ ပါ။ သူသည်အရွယ်ရောက်ပါပြီ။ သူ့အားမေး ပါ။ သူ့အကြောင်းကိုသူကိုယ်တိုင်ပြောပြ နိုင်ပါလိမ့်မည်'' ဟုဖြေကြားကြ၏။-
22 Yahudi yetkililerden korktukları için böyle konuştular. Çünkü yetkililer, İsa'nın Mesih olduğunu açıkça söyleyeni havra dışı etmek için aralarında sözbirliği etmişlerdi.
၂၂ဤသို့ဖြေကြားကြခြင်းမှာယုဒအာဏာ ပိုင်တို့ကိုကြောက်သောကြောင့်ဖြစ်၏။ ကိုယ်တော် အားမေရှိယအဖြစ်ဖြင့်အသိအမှတ်ပြု သူမှန်သမျှအား တရားဇရပ်မှထုတ်ပယ်ရန် ယုဒအာဏာပိုင်တို့သဘောတူဆုံးဖြတ် ထားပြီးဖြစ်သတည်း။-
23 Bundan dolayı adamın annesiyle babası, “Ergin yaştadır, ona sorun” dediler.
၂၃ထို့ကြောင့်မိဘတို့က ``သူသည်အရွယ်ရောက် ပြီဖြစ်၍သူ့အားမေးပါ'' ဟုဆိုကြခြင်း ဖြစ်၏။
24 Eskiden kör olan adamı ikinci kez çağırıp, “Tanrı hakkı için doğruyu söyle” dediler, “Biz bu adamın günahkâr olduğunu biliyoruz.”
၂၄ဖာရိရှဲတို့သည်မျက်မမြင်ဖြစ်ခဲ့ဖူးသူကို ဒုတိယအကြိမ်ခေါ်ပြီး ``ဘုရားသခင်ရှေ့ တွင်ဟုတ်မှန်ရာကိုပြောပါလော့။ သင့်အား မျက်စိမြင်စေသောသူသည်အပြစ်ကူးသူ ဖြစ်ကြောင်းငါတို့သိကြ၏'' ဟုဆို၏။
25 O da şöyle yanıt verdi: “O'nun günahkâr olup olmadığını bilmiyorum. Bildiğim bir şey var, kördüm, şimdi görüyorum.”
၂၅ထိုသူက ``ဤသူသည်အပြစ်ကူးသူဖြစ်သည် မဖြစ်သည်ကိုအကျွန်ုပ်မသိပါ။ အကျွန်ုပ်သည် ယခင်ကမျက်စိကွယ်၍ယခုမျက်စိမြင်လာ သည်ကိုသာလျှင်သိပါ၏'' ဟုပြော၏။
26 O zaman ona, “Sana ne yaptı? Gözlerini nasıl açtı?” dediler.
၂၆ထိုသူတို့က ``သူသည်သင့်ကိုမည်သို့ပြု သနည်း။ အဘယ်သို့သင်၏မျက်စိကိုမြင် စေသနည်း'' ဟုမေးကြ၏။
27 Onlara, “Size demin söyledim, ama dinlemediniz” dedi. “Niçin yeniden işitmek istiyorsunuz? Yoksa siz de mi O'nun öğrencileri olmak niyetindesiniz?”
၂၇ထိုသူက ``သင်တို့အားအကျွန်ုပ်တစ်ကြိမ် ဖော်ပြပြီးပါပြီ။ သင်တို့နားမထောင်ကြ။ အဘယ်ကြောင့်ထပ်၍ကြားလိုကြပါသနည်း။ သင်တို့သည်လည်းသူ၏တပည့်ဖြစ်လိုကြ ပါသလော'' ဟုပြန်၍မေး၏။
28 Adama söverek, “O'nun öğrencisi sensin!” dediler. “Biz Musa'nın öğrencileriyiz.
၂၈ထိုသူတို့ကသူ့အား ``သင်သာလျှင်သူ့တပည့် ဖြစ်၏။ ငါတို့ကားမောရှေ၏တပည့်များဖြစ်၏။-
29 Tanrı'nın Musa'yla konuştuğunu biliyoruz. Ama bu adamın nereden geldiğini bilmiyoruz.”
၂၉ဘုရားသခင်သည်မောရှေအားဗျာဒိတ်ပေး တော်မူခဲ့ကြောင်းကိုငါတို့သိကြ၏။ ဤသူ သည်အဘယ်ကလာသည်ကိုပင်ငါတို့မသိ ကြ'' ဟုဆိုကြ၏။
30 Adam onlara şu karşılığı verdi: “Şaşılacak şey! O'nun nereden geldiğini bilmiyorsunuz, ama gözlerimi O açtı.
၃၀မျက်မမြင်ဖြစ်ခဲ့ဖူးသူက ``သူသည်အကျွန်ုပ် အားမျက်စိမြင်စေသူဖြစ်ပါ၏။ သို့ပါလျက် သင်တို့သည် ထိုသူအဘယ်ကလာသည်ကို မသိကြသည်မှာအံ့သြဖွယ်ကောင်းလေစွ။-
31 Tanrı'nın, günahkârları dinlemediğini biliriz. Ama Tanrı, kendisine tapan ve isteğini yerine getiren kişiyi dinler.
၃၁ဘုရားသခင်သည်အပြစ်ကူးသူတို့၏ဆု တောင်းပတ္ထနာကိုနားညောင်းတော်မမူပါ။ ကိုယ် တော်အားကိုင်းရှိုင်းရိုသေလျက်အလိုတော် အတိုင်း လုပ်ဆောင်သောသူ၏ဆုတောင်းပတ္ထနာ ကိုသာနားညောင်းတော်မူပါ၏။-
32 Dünya var olalı, bir kimsenin doğuştan kör olan birinin gözlerini açtığı duyulmamıştır. (aiōn )
၃၂ဝမ်းတွင်းပါမျက်မမြင်ကိုတစ်စုံတစ်ယောက် ကမျက်စိမြင်စေနိုင်သည်ဟူ၍ ကမ္ဘာဦးမှစ ၍အဘယ်အခါ၌မျှမကြားစဖူး။- (aiōn )
33 Bu adam Tanrı'dan olmasaydı, hiçbir şey yapamazdı.”
၃၃ဤသူသည်ဘုရားသခင်ထံတော်မှကြွလာ သူမဟုတ်လျှင် အဘယ်အမှုကိုမျှမတတ် နိုင်ပါ'' ဟုဆို၏။
34 Onlar buna karşılık, “Tamamen günah içinde doğdun, sen mi bize ders vereceksin?” diyerek onu dışarı attılar.
၃၄ထိုသူတို့က ``သင်သည်ဝမ်းတွင်းပါအပြစ် နှင့်ကြီးပြင်းလာသူဖြစ်ပါလျက် ငါတို့အား သွန်သင်နေပါသလော'' ဟုဆို၍တရား ဇရပ်မှနှင်ထုတ်လိုက်ကြ၏။
35 İsa adamı kovduklarını duydu. Onu bularak, “Sen İnsanoğlu'na iman ediyor musun?” diye sordu.
၃၅ဤသို့နှင်ထုတ်လိုက်ကြောင်းကိုသခင်ယေရှု ကြားတော်မူပြီးနောက် ထိုသူကိုတွေ့တော်မူ လျှင် ``သင်သည်လူသားကိုယုံကြည်ပါ သလော'' ဟုမေးတော်မူ၏။
36 Adam şu yanıtı verdi: “Efendim, O kimdir? Söyle de kendisine iman edeyim.”
၃၆ထိုသူက ``အရှင်၊ လူသားကားအဘယ်သူဖြစ် ပါသနည်း။ အကျွန်ုပ်ယုံနိုင်ရန်လူသားသည် မည်သူနည်း'' ဟုလျှောက်၏။
37 İsa, “O'nu gördün. Şimdi seninle konuşan O'dur” dedi.
၃၇သခင်ယေရှုက ``သူ့ကိုသင်မြင်ဖူး၏။ သူသည် ကားယခုသင်နှင့်စကားပြောနေသူပင်တည်း'' ဟုမိန့်တော်မူ၏။
38 Adam, “Rab, iman ediyorum!” diyerek İsa'ya tapındı.
၃၈မျက်မမြင်ဖြစ်ခဲ့ဖူးသူက ``အရှင်၊ အကျွန်ုပ် ယုံကြည်ပါ၏'' ဟုဆို၍ကိုယ်တော်အားပျပ်ဝပ် ရှိခိုးလေ၏။
39 İsa, “Görmeyenler görsün, görenler kör olsun diye yargıçlık etmek üzere bu dünyaya geldim” dedi.
၃၉သခင်ယေရှုက ``မျက်မမြင်တို့မျက်စိမြင် ကြစေရန်နှင့် မျက်စိမြင်သူတို့မျက်စိအလင်း ကွယ်ကြစေရန်စီရင်ချမှတ်အံ့သောငှာ ဤ လောကသို့ငါကြွလာခြင်းဖြစ်၏'' ဟုမိန့် တော်မူ၏။
40 O'nun yanında bulunan bazı Ferisiler bu sözleri işitince, “Yoksa biz de mi körüz?” diye sordular.
၄၀ကိုယ်တော်၏အနီးတွင်ရှိနေကြသောဖာရိရှဲ တို့သည်ထိုစကားတော်ကိုကြားသဖြင့် ``အကျွန်ုပ် တို့သည်လည်းမျက်မမြင်များဖြစ်သည်ဟုဆိုလို ပါသလော'' ဟုမေးကြ၏။
41 İsa, “Kör olsaydınız günahınız olmazdı” dedi, “Ama şimdi, ‘Görüyoruz’ dediğiniz için günahınız duruyor.”
၄၁သခင်ယေရှုက ``သင်တို့သည်မျက်မမြင်များ ဖြစ်ပါမူအပြစ်ရှိကြမည်မဟုတ်။ ယခုမူ ကားသင်တို့က `ငါတို့သည်မျက်စိမြင်ပါသည်' ဟုဆိုကြသဖြင့် သင်တို့တွင်အပြစ်ရှိလျက် နေသတည်း'' ဟုမိန့်တော်မူ၏။