< Eyüp 25 >
1 Şuahlı Bildat şöyle yanıtladı:
၁တဖန် ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည် ကား၊
2 “Egemenlik ve heybet Tanrı'ya özgüdür, Yüce göklerde düzen kuran O'dur.
၂ဘုရားသခင်သည် အာဏာတော်နှင့်၎င်း၊ ကြောက်ရွံ့ရိုသေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့်သောဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။
3 Orduları sayılabilir mi? Işığı kimin üzerine doğmaz?
၃ဗိုလ်ခြေတော်တို့ကို ရေတွက်နိုင်သလော။ အလင်းတော်သည် အဘယ်သူကိုမလင်းဘဲ နေသနည်း။
4 İnsan Tanrı'nın önünde nasıl doğru olabilir? Kadından doğan biri nasıl temiz olabilir?
၄သို့ဖြစ်၍ လူသည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရနိုင်သနည်း။ လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန့်ရှင်းနိုင်သနည်း။
5 O'nun gözünde ay parlak, Yıldızlar temiz değilse,
၅လသော်လည်း အလင်းမရှိ။ ကြယ်သော်လည်း ရှေ့တော်၌ မဖြူစင်။
6 Nerede kaldı bir kurtçuk olan insan, Bir böcek olan insanoğlu!”
၆ထိုမျှမက၊ တီကောင်ဖြစ်သောလူ၊ ပိုးရွဖြစ်သောလူသားကို အဘယ်ဆိုဘွယ်ရာ ရှိသနည်းဟု မြွက်ဆို၏။