< Yeremya 13 >
1 RAB bana, “Git, kendine keten bir kuşak satın alıp beline sar, ama suya sokma” dedi.
၁တဖန် ထာဝရဘုရားက၊ သင်သည် ချည်ခါးပန်း ကို သွား၍ယူပြီးလျှင် ခါး၌စည်းလော့။ ရေနှင့်မလျှော်ရ ဟု ငါ့အားမိန့်တော်မူသော စကားတော်အတိုင်း၊
2 RAB'bin buyruğu uyarınca bir kuşak satın alıp belime sardım.
၂ငါသည် ခါးပန်းကိုယူ၍ ခါး၌စည်းလေ၏။
3 RAB bana ikinci kez seslendi:
၃ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယ အကြိမ် ငါ့ဆီသို့ရောက်လျှင်၊
4 “Satın aldığın belindeki kuşağı al, Perat'a git. Kuşağı orada bir kaya kovuğuna gizle.”
၄သင်သည် ခါး၌စည်းသော ခါးပန်းကို ယူပြီး လျှင်၊ ဥဖရတ်မြစ်သို့ ထသွား၍၊ ကျောက်တွင်း၌ ဝှက်ထား လော့ဟု၊
5 RAB'bin buyruğu uyarınca gidip kuşağı Perat'a yakın bir yere gizledim.
၅မိန့်တော်မူသည်အတိုင်း၊ ငါသည်သွား၍ ဥဖရတ်မြစ်နားမှာ ဝှက်ထား၏။
6 Uzun süre sonra RAB bana, “Kalk, Perat'a git, gizlemeni buyurduğum kuşağı al” dedi.
၆ထိုနောက်၊ ကာလအင်တန်ကြာပြီးမှ၊ ထာဝရ ဘုရားက၊ သင်သည် ထ၍ ဥဖရတ်မြစ်သို့ သွားလော့။ ထိုမြစ်နားမှာ ငါ့အမိန့်တော်နှင့် ဝှက်ထားခဲ့ပြီးသော ခါးပန်းကိုထုတ်လော့ဟု မိန့်တော်မူ၏။
7 Bunun üzerine Perat'a gittim, gizlediğim yeri kazıp kuşağı aldım. Ancak kuşak çürümüştü, hiçbir işe yaramazdı.
၇ငါသည်လည်း ဥဖရတ်မြစ်နားသို့ သွားပြီးလျှင်၊ ဝှက်ထားရာ အရပ်၌တူး၍ ခါးပန်းကို ထုတ်သောအခါ၊ ခါးပန်းသည် ဆွေးမြေ့၍ အသုံးမရဖြစ်၏။
8 RAB bana şöyle seslendi:
၈ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီ သို့ရောက်၍ မိန့်တော်မူသည်ကား၊
9 “RAB diyor ki, ‘İşte Yahuda'nın gururunu da Yeruşalim'in büyük gururunu da böyle çürüteceğim.
၉ထိုနည်းတူ၊ ယုဒပြည်၏ ထောင်လွှားခြင်းကို ငါရှုတ်ချမည်။ ယေရုရှလင်မြို့၏ ထောင်လွှားခြင်းကို အလွန်ရှုတ်ချမည်။
10 Sözümü dinlemek istemeyen, yüreklerinin inadı uyarınca davranan, başka ilahları izleyip onlara kulluk eden, tapan bu kötü halk, bu işe yaramaz kuşak gibi olacak.
၁၀ငါ့စကားကို နားမထောင်၊ မိမိစိတ်နှလုံးခိုင်မာ သော သဘောအတိုင်းကျင့်၍၊ အခြားတပါးသော ဘုရား တို့ကို ဝတ်ပြုကိုးကွယ်ခြင်းငှါ လိုက်သွားသော ဤလူဆိုး မျိုးသည်၊ အသုံးမရသော ဤခါးပန်းကဲ့သို့ ဖြစ်လိမ့်မည်။
11 Kuşak insanın beline nasıl yapışırsa, ben de İsrail ve Yahuda halklarını kendime öyle yapıştırdım’ diyor RAB, ‘Öyle ki, bana ün, övgü, onur getirecek bir halk olsunlar. Ama dinlemediler.’”
၁၁ခါးပန်းသည် လူ၏ခါး၌မှီဝဲသကဲ့သို့၊ ဣသရေလ အမျိုးရှိသမျှတို့နှင့် ယုဒအမျိုးအပေါင်းတို့သည် ငါ၏ လူမျိုး၊ ဘွဲ့နာမ၊ ဘုန်းအသရေဖြစ်စေခြင်းငှါ၊ ငါ၌မှီဝဲ စေသော်လည်း၊ သူတို့သည်နားမထောင်ကြဟု ထာဝရ ဘုရား မိန့်တော်မူ၏။
12 “Onlara de ki, ‘İsrail'in Tanrısı RAB, Her tulum şarapla dolacak, diyor.’ Eğer sana, ‘Her tulumun şarapla dolacağını bilmiyor muyuz sanki?’ derlerse,
၁၂တဖန် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားက၊ သားရေဘူးရှိသမျှတို့သည် စပျစ်ရည် နှင့် ပြည့်ကြလိမ့်မည်ဟု မိန့်တော်မူကြောင်းကို၊ သင်သည် သူတို့အားပြောလော့။ သူတို့ကလည်း၊ သားရေဘူး ရှိသမျှ တို့သည် စပျစ်ရည်နှင့်ပြည့်ကြလိမ့်မည်အကြောင်းကို၊ ငါတို့မသိသလောဟု ပြန်ပြောကြလျှင်၊
13 onlara de ki, ‘Bu ülkede yaşayan herkesi –Davut'un tahtında oturan kralları, kâhinleri, peygamberleri, Yeruşalim'de yaşayanların tümünü– sarhoş olana dek şarapla dolduracağım’ diyor RAB.
၁၃သင်ကလည်း၊ ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဒါဝိဒ်မင်းကြီး၏ ရာဇပလ္လင်ပေါ်မှာ ထိုင်သော ရှင်ဘုရင်မှစ၍ ယဇ်ပုရောဟိတ်၊ ပရောဖက်၊ ယေရုရှလင် မြို့သားရှိသမျှတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ယစ်မူးခြင်းနှင့် ငါပြည့်စေမည်။
14 ‘Onları –babalarla çocukları– birbirlerine çarpacağım. Acımadan, esirgemeden, sevecenlik göstermeden hepsini yok edeceğim’ diyor RAB.”
၁၄ညီအစ်ကိုချင်း၊ သားအဘချင်းတို့ကို ငါ ထိခိုက် စေမည်။ ငါသည် ကရုဏာမရှိ၊ မနှမြော၊ မကယ်မဘဲ၊ ထိုသူတို့ကို ဖျက်ဆီးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
15 Dinleyin, kulak verin, Gururlanmayın, Çünkü RAB konuştu.
၁၅သင်တို့သည် နားထောင်နာယူကြလော့။ ထောင် လွှားသော စိတ်မရှိကြနှင့်။ ထာဝရဘုရား အမိန့်တော် ရှိ၏။
16 Karanlık basmadan, Kararan dağlarda Ayaklarınız tökezlemeden Tanrınız RAB'bi onurlandırın. Siz ışık beklerken, RAB onu kopkoyu, zifiri karanlığa çevirecek.
၁၆မိုဃ်းမချုပ်မှီ၊ မိုက်သောတောင်ပေါ်မှာ သင်တို့ သည် ထိခိုက်၍ မလဲမှီ၊ အလင်းကို မြော်လင့်သောအခါ၊ သေမင်းအရိပ်၊ ထူထပ်သော မှောင်မိုက်ကို ဖြစ်စေတော် မမူမှီ၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရား၏ ဂုဏ်တော်ကို ချီးမွမ်းကြလော့။
17 Ama bu uyarıyı dinlemezseniz, Gururunuz yüzünden ağlayacağım gizlice, Gözlerim acı acı gözyaşı dökecek, Gözyaşlarım sel gibi akacak. Çünkü RAB'bin sürüsü sürgüne gönderilecek.
၁၇သင်တို့သည် နားမထောင်ဘဲနေလျှင် မူကား၊ သင်တို့ မာနကြောင့်၊ ငါ့စိတ်ဝိညာဉ်သည် မထင်ရှားသော အရပ်၌ ငိုကြွေးမည်။ ထာဝရဘုရား၏ သိုးစုကို သိမ်း သွားသောကြောင့်၊ ငါ့မျက်စိလည်း အလွန် ငို၍ မျက်ရည် ကျမည်။
18 Krala ve ana kraliçeye söyle: “Tahtlarınızdan inin, Çünkü görkemli taçlarınız başınızdan düştü.”
၁၈ကိုယ်ကိုကိုယ်နှိမ့်ချ၍ ထိုင်ကြလော့။ သင်တို့၌ ဘုန်းကြီးသော သရဖူသည် သင်တို့၏ ခေါင်းပေါ်မှ ဆင်းရလိမ့်မည်ဟု၊ ရှင်ဘုရင်နှင့် မိဖုရားတို့အား ပြော လော့။
19 Negev'deki kentler kapanacak, Onları açan olmayacak. Sürgüne gönderilecek Yahuda, Tamamı sürgüne gönderilecek.
၁၉တောင်ဘက် မြို့တို့ကို ပိတ်ထား၍ အဘယ် သူမျှ မဖွင့်ရ။ ယုဒပြည်သူပြည်သားအပေါင်းတို့ကို သိမ်းသွားကြပြီ။ အကုန်အစင် သိမ်းသွားကြပြီ။
20 Gözlerinizi kaldırıp bakın, Kuzeyden gelenleri görün. Nerede sana emanet edilen sürü? Övündüğün kuzular nerede?
၂၀မြောက်မျက်နှာကလာသော သူတို့ကို မျှော်၍ ကြည့်လော့။ သင့်အား ငါပေးသော သိုးစု၊ လှသောသိုးစု သည် အဘယ်မှာရှိသနည်း။
21 Sana dost olması için yetiştirdiğin kişileri RAB başına yönetici atayınca ne diyeceksin? Doğuran kadının çektiği sancı gibi Seni de ağrı tutmayacak mı?
၂၁သင်သည် ဆုံးမတော်မူခြင်းကို ခံရသောအခါ၊ အဘယ်သို့ ပြောလိမ့်မည်နည်း။ သူတို့သည် သင့်ကို အစိုးတရပြုစေခြင်းငှါ၊ သင်သည် ကိုယ်တိုင်အကြံပေးပြီး။ သားဘွားသော မိန်းမခံရသော ဝေဒနာကို သင်ခံရလိမ့် မည်မဟုတ်လော။
22 “Neden bütün bunlar başıma geldi?” dersen, Günahlarının çokluğu yüzünden eteklerin açıldı, Tecavüze uğradın.
၂၂သင်ကလည်း၊ အဘယ်အကြောင်းကြောင့် ဤအမှုရောက်သနည်းဟု စိတ်ထဲ၌ အောက်မေ့လျှင်၊ သင်၏အပြစ်များသောကြောင့်၊ သင့်အဝတ်ကို ချွတ်ရ၏။ ခြေနင်းကိုလည်းမစီးရ။
23 Kûşlu derisinin rengini, Pars beneklerini değiştirebilir mi? Kötülük etmeye alışmış olan sizler de iyilik edemezsiniz.
၂၃အဲသယောပိလူသည် မိမိအရေ၏ အဆင်းကို၎င်း၊ ကျားသစ်သည် မိမိအကွက်အကျားတို့ကို၎င်း ပြောင်းလဲနိုင်သလော။ ပြောင်းလဲနိုင်လျှင်၊ ဒုစရိုက်ကို ပြုလေ့ရှိသော သူတို့သည်၊ သုစရိုက်ကိုပြုခြင်းငှါ တတ်နိုင် ကြလိမ့်မည်။
24 “Çöl rüzgarının savurduğu saman çöpü gibi Dağıtacağım sizleri.
၂၄ထိုကြောင့်၊ ဖွဲကို လေပြင်းတိုက် လွှင့်သကဲ့သို့၊ ထိုသူတို့ကို ငါလွင့်စေမည်။
25 Payın, sana ayırdığım pay bu olacak” diyor RAB. “Çünkü beni unuttun, Sahte ilahlara güvendin.
၂၅သင်သည်ငါ့ကို မေ့လျော့၍၊ မုသာ၌ မှီဝဲ ဆည်းကပ်သောကြောင့်၊ သင့်အဘို့ ငါတိုင်းထွာ၍ ပေး လတံ့သော အငန်းအတာကား ဤသို့တည်း။
26 Ayıbın ortaya çıksın diye Eteklerini yüzüne dek kaldıracağım.
၂၆ထိုသို့နှင့်အညီ သင်ရှက်စရာအကြောင်းကို ထင်ရှားစေခြင်းငှါ၊ သင်၏ အဝတ်ကို ငါဖွင့်လှစ်၍ ပြမည်။
27 Kırdaki tepeler üzerinde Yaptığın iğrençlikleri –zinalarını, Çapkın çapkın kişneyişini, yüzsüz fahişeliklerini– gördüm. Vay başına geleceklere, ey Yeruşalim! Ne zamana dek böyle kirli kalacaksın?”
၂၇သင်၏ မျောက်မထားခြင်း၊ ဟီမြည်ခြင်း၊ မတရားသော မေထုန် ၏ညစ်ညူးခြင်း၊ တောင်ပေါ်၌၎င်း၊ လယ်ပြင်၌၎င်းပြုသော စက်ဆုပ်ရွံရှာဘွယ်တို့ကို ငါ သိမြင်၏။ အိုယေရုရှလင်မြို့၊ သင်သည် အမင်္ဂလာရှိ၏။ သန့်ရှင်းခြင်းသို့ မရောက်ဘဲ အဘယ်မျှကာလပတ်လုံး နေလိမ့်မည်နည်းဟု ထာဝရဘုရား မိန့်တော်မူ၏။