< Yeremya 11 >
1 RAB Yeremya'ya şöyle seslendi:
၁ထာဝရဘုရားသည်ငါ့အားမိန့်တော်မူသည်မှာ၊
2 “Bu antlaşmanın koşullarını dinle. Yahuda halkına ve Yeruşalim'de yaşayanlara açıkla.
၂``ဤပဋိညာဉ်တော်တွင်ပါရှိသည့်အချက် အလက်များကိုနားထောင်လော့။ ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ငါထာဝရ ဘုရားသည် ထိုပဋိညာဉ်ပါအချက်အလက် များကိုမလိုက်နာသူမှန်သမျှအား ကျိန်စာ သင့်စေတော်မူမည်ဖြစ်ကြောင်းယုဒပြည် သားတို့နှင့်ယေရုရှလင်မြို့သားတို့အား ပြောကြားလော့။-
3 Onlara diyeceksin ki, ‘İsrail'in Tanrısı RAB şöyle diyor: Bu antlaşmanın koşullarına uymayan lanet altındadır!
၃
4 Atalarınızı Mısır'dan, demir eritme ocağından çıkardığımda bu antlaşmaya bağlı kalmalarını buyurdum. Onlara dedim ki: Sözümü dinleyin, buyurduğum her şeyi yerine getirin. Böylece siz benim halkım olursunuz, ben de sizin Tanrınız olurum.
၄ထိုပဋိညာဉ်သည်သူတို့၏ဘိုးဘေးများအား သံမီးဖိုကြီးနှင့်တူသောအီဂျစ်ပြည်မှ ငါ ထုတ်ဆောင်လာစဉ်အခါကချုပ်ဆိုခဲ့သည့် ပဋိညာဉ်ဖြစ်၏။ ငါသည်ထိုသူတို့အားငါ့ စကားကိုနားထောင်ကြရန်၊ ငါခိုင်းစေသမျှ သောအမှုတို့ကိုပြုလုပ်ကြရန်မှာကြားခဲ့ ၏။ အကယ်၍သူတို့သည်ငါ၏စကားကို နားထောင်ကြမည်ဆိုပါမူ ငါ၏လူမျိုး တော်ဖြစ်ရကြလျက်၊ ငါသည်လည်းသူတို့ ၏ဘုရားဖြစ်တော်မူမည်။-
5 İşte o zaman süt ve bal akan ülkeyi –bugün sizin olan ülkeyi– atalarınıza vereceğime ilişkin içtiğim andı yerine getirmiş olacağım.’” “Amin, ya RAB” diye karşılık verdim.
၅ထိုနောက်ယခုသူတို့နေထိုင်လျက်ရှိရာနို့ နှင့်ပျားရည်စီးသည့်ပြည်ကို သူတို့၏ဘိုး ဘေးများအားပေးအပ်ရန်ငါပြုခဲ့သည့် သစ္စာကတိကိုလည်းတည်စေမည်ဖြစ် ကြောင်းသူတို့အားငါပြောကြားခဲ့၏။ ငါက``မှန်လှပါ၊ အို ထာဝရဘုရား'' ဟု လျှောက်လေ၏။
6 RAB şöyle dedi: “Söyleyeceğim her şeyi Yahuda kentlerinde, Yeruşalim sokaklarında duyur: ‘Bu antlaşmanın koşullarını dinleyin, onlara uyun.
၆ထိုအခါထာဝရဘုရားက ငါ့အား``ယုဒ မြို့များနှင့်ယေရုရှလင်လမ်းများသို့သွား လော့။ ထိုအရပ်တို့တွင်ငါ၏ဗျာဒိတ်တော်ကို ကြေညာကာ၊ ပဋိညာဉ်တော်တွင်ပါရှိသည့် အချက်အလက်များကိုနားထောင်လိုက်နာ ကျင့်သုံးရန်သူတို့အားပြောကြားလော့။-
7 Atalarınızı Mısır'dan çıkardığım günden bu yana sözümü dinlemeleri için onları defalarca uyardım.
၇သူတို့၏ဘိုးဘေးများအားအီဂျစ်ပြည်မှ ထုတ်ဆောင်လာစဉ်အခါက ငါသည်သူတို့ အားငါ၏စကားကိုနားထောင်ကြရန်ကြပ် တည်းစွာသတိပေးခဲ့၏။ ယနေ့ထိတိုင် အောင်ဆက်လက်၍သတိပေး၏။-
8 Ama dinlemediler, kulak asmadılar. Bunun yerine kötü yüreklerinin inadı uyarınca davrandılar. Ben de uymalarını buyurduğum, ama uymadıkları bu antlaşmada açıklanan bütün lanetleri başlarına getirdim.’”
၈သို့ရာတွင်သူတို့သည်ငါ့စကားကိုနားမ ထောင်ကြ။ လိုက်နာမှုလည်းမပြုကြ။ သူတို့ အားလုံးပင်ခေါင်းမာမြဲခေါင်းမာလျက်ဆိုး ညစ်မြဲဆိုးညစ်လျက်နေကြ၏။ ငါသည်သူ တို့အားလိုက်နာရန်အမိန့်ချမှတ်ထားလျက် နှင့်သူတို့မလိုက်နာကြသော ပဋိညာဉ်တော် တွင်ဖော်ပြပါရှိသည့်ကျိန်စာများကိုသူ တို့အပေါ်သို့သက်ရောက်စေ၏'' ဟုမိန့်တော် မူ၏။
9 RAB bana dedi ki, “Yahuda halkıyla Yeruşalim'de yaşayanlar bana düzen kuruyorlar.
၉ထိုနောက်ထာဝရဘုရားသည် ငါ့အား``ယုဒ ပြည်သားများနှင့်ယေရုရှလင်မြို့သူမြို့ သားတို့သည် ငါ့ကိုပုန်ကန်လျက်နေကြ၏။-
10 Sözlerimi dinlemek istemeyen atalarının suçlarına döndüler. Başka ilahların ardınca gidip onlara taptılar. İsrail halkıyla Yahuda halkı, atalarıyla yaptığım antlaşmayı bozdu.
၁၀ငါ့စကားကိုနားမထောင်သူမိမိတို့ဘိုး ဘေးများပြုကျင့်ခဲ့သည့်အပြစ်ဒုစရိုက် များကိုပင်ပြန်လည်ပြုကျင့်လျက်နေကြ လေပြီ။ သူတို့သည်အခြားဘုရားကိုဝတ် ပြုကိုးကွယ်ကြလေပြီ။ ဣသရေလအမျိုး သားများနှင့်ယုဒအမျိုးသားများသည် ငါနှင့်မိမိတို့ဘိုးဘေးများပြုခဲ့သည့် ပဋိညာဉ်ကိုချိုးဖောက်ကြလေပြီ။-
11 Bu yüzden RAB, ‘Kaçıp kurtulamayacakları bir yıkım getireceğim başlarına’ diyor, ‘Bana yakarsalar da onları dinlemeyeceğim.
၁၁ထို့ကြောင့်သူတို့အပေါ်သို့ငါသက်ရောက် စေမည့်ဘေးအန္တရာယ်ဆိုးမှသူတို့သည် လွတ်မြောက်ကြလိမ့်မည်မဟုတ်ကြောင်း ငါထာဝရဘုရားသတိပေး၏။ ကူမ တော်မူရန်သူတို့ဟစ်အော်ကြသောအခါ ၌လည်းငါနားထောင်လိမ့်မည်မဟုတ်။-
12 Yahuda kentlerinde oturan halk da Yeruşalim'de yaşayanlar da gidip buhur yaktıkları ilahlara yalvaracaklar. Ama yıkım geldiğinde, bu ilahlar onlara yardım edemez.
၁၂ထိုအခါယုဒပြည်သားများနှင့်ယေရု ရှလင်မြို့သူမြို့သားတို့သည် မိမိတို့ယဇ် ပူဇော်သည့်ဘုရားများထံသို့ဟစ်အော်ကာ အကူအညီတောင်းခံကြလိမ့်မည်။ သို့ရာ တွင်ထိုဘုရားတို့သည်ဘေးအန္တရာယ်ကျ ရောက်လာချိန်၌ကူမနိုင်ကြလိမ့်မည်မ ဟုတ်။-
13 Kentlerinin sayısı kadar ilahın var, ey Yahuda! O utanılası ilaha, Baal'a buhur yakmak için Yeruşalim sokaklarının sayısı kadar sunak kurdunuz.’
၁၃ယုဒပြည်တွင်မြို့အရေအတွက်များသည် နှင့်အမျှ ပြည်သားတို့တွင်လည်းဘုရား အရေအတွက်များပေသည်။ ယေရုရှလင် မြို့တွင်လည်းလမ်းအရေအတွက်များသည် နှင့်အမျှမြို့သူမြို့သားတို့သည် ရှက်ဖွယ် သောဗာလဘုရားအတွက်ယဇ်တို့ကိုပူဇော် ရန်ယဇ်ပလ္လင်များကိုတည်ထားကြလေသည်။-
14 “Sana gelince, ey Yeremya, bu halk için yalvarma; ne yakar ne de dilekte bulun. Sıkıntılı zamanlarında beni çağırdıklarında onları dinlemeyeceğim.
၁၄ယေရမိ၊ ထိုသူတို့အဖို့နှင့်သူတို့၏ကိုယ် စားငါ့ထံသို့မတောင်းပန်နှင့်၊ အသနားမ ခံနှင့်။ ဆုတောင်းပတ္ထနာလည်းမပြုနှင့်။ သူတို့ ဒုက္ခရောက်၍ကူမရန်ငါ့ထံဟစ်အော်ကြ သောအခါငါသည်နားထောင်လိမ့်မည်မ ဟုတ်'' ဟုမိန့်တော်မူ၏။
15 “Sevgilim kötü düzenler kuruyor, Öyleyse tapınağımda işi ne? Adaklar ve kutsanmış et uğrayacağın felaketi önleyebilir mi? Felaket gelince sevinecek misin?”
၁၅ထာဝရဘုရားက``ငါချစ်မြတ်နိုးသည့် လူတို့သည် မကောင်းမှုများကိုပြုကျင့် လျက်နေကြ၏။ သူတို့မှာအဘယ်သို့လျှင် ငါ၏ဗိမာန်တော်သို့ဝင်ရောက်ခွင့်ရှိသနည်း။ တိရစ္ဆာန်များကိုယဇ်ပူဇော်ခြင်းအားဖြင့် သက်ရောက်လတ္တံ့သောဘေးအန္တရာယ်ဆိုးကို ဖယ်ရှားနိုင်မည်ဟုထင်မှတ်ကြသလော။ သူ တို့သည်ဆိုးညစ်မှုများကိုပြုလုပ်လျက် ဝမ်းမြောက်ကြမည်လော။-
16 RAB sana meyvesi ve biçimi güzel, Yaprağı bol zeytin ağacı adını vermişti. Ama güçlü fırtına koptuğunda Ağacı tutuşturacak; Dalları kırılacak.
၁၆အခါတစ်ပါးကထာဝရဘုရားသည်ထို သူတို့အားအရွက်များဖြင့်စိမ်းလန်းဝေဆာ ၍ လှပသောအသီးများနှင့်ပြည့်နှက်လျက် ရှိသည့်သံလွင်ပင်ဟုခေါ်ဆိုသမုတ်ခဲ့၏။ သို့ရာတွင်ယခုအခါ၌သူသည်မိုးကြိုး သံနှင့်တူသောအသံဖြင့် ထိုအပင်အရွက် များကိုမီးရှို့၍အကိုင်းအခက်များကို ချိုးတော်မူမည်။
17 Seni dikmiş olan Her Şeye Egemen RAB, Başına felaket getirmeye karar verdi. Çünkü İsrail ve Yahuda halkları Kötülük yaptı, Baal'a buhur yakarak beni öfkelendirdiler.
၁၇``အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ဣသရေလပြည်နှင့်ယုဒပြည်ကိုပြုစု ပျိုးထောင်ပေးခဲ့၏။ သို့ရာတွင်ယခုအခါ ငါသည်ထိုပြည်များအပေါ်သို့ ဘေးအန္တရာယ် ဆိုးကိုသက်ရောက်စေမည်။ သူတို့သည်ဒုစ ရိုက်ကိုပြုခဲ့ကြသည်ဖြစ်၍ဗာလဘုရား ကိုယဇ်ပူဇော်ခြင်းအားဖြင့်သူတို့သည် ငါ ၏အမျက်တော်ကိုလှုံ့ဆော်ကြလေပြီ။''
18 Benim için kurdukları düzeni RAB bana açıkladı. Haberim vardı, çünkü ne yaptıklarını bana gösterdi.
၁၈ငါ့ကိုသတ်ဖြတ်ရန် ရန်သူတို့လျှို့ဝှက်စွာ ကြံစည်လျက်နေကြောင်း ငါ့အားထာဝရ ဘုရားဗျာဒိတ်ပေးတော်မူ၏။-
19 Kesime götürülen uysal bir kuzu gibiydim. Bana düzen kurduklarını anlamamıştım. Şöyle diyorlardı: “Ağacı da meyvesini de yok edelim, Bir daha adı anılmasın diye Onu yaşayanlar diyarından kesip atalım.”
၁၉ငါသည်သတ်ရန်ထုတ်ဆောင်သွားသည့် သိုး ငယ်ကဲ့သို့ယုံကြည်စိတ်ချတတ်သူဖြစ်ပေ သည်။ ငါ့ကိုသူတို့မကောင်းကြံလျက်နေ ကြကြောင်းကိုငါမသိ။ သူတို့က``စိမ်းလန်း စိုပြေလျက်နေချိန်၌ သစ်ပင်ကိုခုတ်လှဲ ကြကုန်အံ့။ သူ့အားနောင်အခါအဘယ်သူ မျှသတိမရကြစေရန် သူ့ကိုငါတို့သတ် ဖြတ်ကြကုန်အံ့'' ဟုဆိုကြ၏။
20 Adaletle yargılayan, Yüreği ve düşünceyi sınayan, Her Şeye Egemen RAB, Davamı senin eline bırakıyorum. Onlardan alacağın öcü göreyim!
၂၀ထိုအခါငါသည်``အို အနန္တတန်ခိုးရှင်ထာဝရ ဘုရား၊ ကိုယ်တော်ရှင်သည်ဖြောင့်မှန်စွာတရား စီရင်တော်မူတတ်သောအရှင်ဖြစ်တော်မူ ပါ၏။ လူတို့၏အကြံအစည်နှင့်စိတ်နေ သဘောထားတို့ကိုလည်းစစ်ဆေးကြည့်ရှု တော်မူတတ်ပါ၏။ ကျွန်တော်မျိုးသည်မိမိ ၏အမှုကိုကိုယ်တော်ရှင်၏လက်တော်တွင် အပ်နှံထားပါပြီ။ သို့ဖြစ်၍ထိုသူတို့အား ကိုယ်တော်ရှင်လက်စားချေတော်မူသည်ကို ကျွန်တော်မျိုးမြင်ပါရစေ'' ဟုဆုတောင်း၏။
21 “Seni öldürmek isteyen Anatot halkı için RAB diyor ki, ‘Onlar, RAB'bin adına peygamberlik etme, yoksa seni öldürürüz diyorlardı.’
၂၁အာနသုတ်မြို့သားတို့အတွက်ထာဝရ ဘုရားမိန့်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ထိုမြို့သားတို့သည် ငါ့အားသတ်လိုသဖြင့် ထာဝရဘုရား၏ဗျာဒိတ်တော်ကိုဆက်လက် ဟောပြောလျှင် ငါ့ကိုသတ်မည်ဟုဆိုကြ၏။-
22 Her Şeye Egemen RAB, ‘Onları cezalandıracağım’ diyor, ‘Gençleri kılıçtan geçirilecek, oğullarıyla kızları kıtlıktan ölecek.
၂၂သို့ဖြစ်၍အနန္တတန်ခိုးရှင်ထာဝရဘုရား က``ငါသည်သူတို့အားအပြစ်ဒဏ်ခတ်မည်။ သူတို့၏လူငယ်လူရွယ်များသည်စစ်ပွဲတွင် ကျဆုံးကြလိမ့်မည်။ သူတို့၏ကလေးသူငယ် များသည်လည်း အစာရေစာငတ်၍သေကြ လိမ့်မည်။-
23 Sağ kalan olmayacak. Cezalandırılacakları yıl Anatot halkının başına felaket getireceğim.’”
၂၃အာနသုတ်မြို့သားတို့ပေါ်သို့ဘေးအန္တရာယ် ဆိုးကျရောက်လာသောနေ့ကိုငါသတ်မှတ် ပြီ။ ထိုနေ့၌သူတို့တစ်ဦးတစ်ယောက်မျှ အသက်ရှင်လျက်ကျန်ရှိမည်မဟုတ်'' ဟုမိန့်တော်မူ၏။