< Yeşaya 62 >

1 Zaferi ışık gibi parlayıncaya, Kurtuluşu meşale gibi yanıncaya dek Siyon uğruna susmayacak, Yeruşalim uğruna sessiz kalmayacağım.
ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အား​ပေး​စ​ကား ဖွင့်​ဟ​ပြော​ဆို​မည်။ ထို​မြို့​သည်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​၍​သူ​၏ အောင်​မြင်​ခြင်း​သည် မီး​ရှူး​တိုင်​သ​ဖွယ်​ထွန်း​တောက်​၍ မ​လာ​မ​ချင်း၊ငါ​သည်​ဇိ​အုန်​မြို့​အ​တွက် ဆိတ်​ဆိတ်​နေ​လိမ့်​မည်​မ​ဟုတ်။
2 Uluslar senin zaferini, Bütün krallar görkemini görecek. RAB'bin kendi ağzıyla belirlediği yeni bir adla anılacaksın.
အို ယေ​ရု​ရှ​လင်​မြို့၊လူ​မျိုး​တ​ကာ​တို့​သည် သင်​၏​အောင်​မြင်​ခြင်း​ကို​တွေ့​မြင် ရ​ကြ​လိမ့်​မည်။ ဘု​ရင်​အ​ပေါင်း​တို့​သည်​လည်း​သင်​၏​ဘုန်း အ​သ​ရေ​ကို တွေ့​မြင်​ရ​ကြ​လိမ့်​မည်။ သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ပေး​တော်​မူ​သည့်​နာ​မည်​သစ်​ကို​ရ​ရှိ​လိမ့်​မည်။
3 RAB'bin elinde güzellik tacı, Tanrın'ın elinde krallık sarığı olacaksın.
သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အ​တွက် အ​လွန်​လှ​ပ​တင့်​တယ်​သော​ဦး​ရစ်​သ​ရ​ဖူ​သ​ဖွယ် ဖြစ်​လိမ့်​မည်။
4 Artık sana “Terk edilmiş”, Ülkene “Virane” denmeyecek; Bunun yerine sana “Sevdiğim”, Ülkene “Evli” denecek. Çünkü RAB seni seviyor, Ülken de evli sayılacak.
``စွန့်​ပစ်​ခြင်း​ကို​ခံ​ရ​သူ'' ဟု​နာ​မည်​တွင် တော့​မည်​မ​ဟုတ်။ သင်​၏​ပြည်​သည်​လည်း``အ​ပယ်​ခံ​ဇ​နီး'' ဟူ​သော​နာ​မည်​ကို​ခံ​ယူ​ရ​တော့​မည်​မ​ဟုတ်။ သင်​၏​နာ​မည်​သစ်​မှာ``ဘု​ရား​သ​ခင်​နှစ်​သက် မြတ်​နိုး​သူ'' ဟူ​၍​ဖြစ်​လိမ့်​မည်။ သင်​၏​ပြည်​သည်​လည်း``ပျော်​ရွှင်​စွာ​ထိမ်း​မြား ထား​သူ'' ဟု​နာ​မည်​တွင်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​နှစ်​သက်​တော်​မူ​သ​ဖြင့်၊ ခင်​ပွန်း​ဖြစ်​သူ​သည်​မိ​မိ​ဇ​နီး​ကို​မြတ်​နိုး သ​ကဲ့​သို့၊ သင်​၏​ပြည်​ကို​လည်း​မြတ်​နိုး​တော်​မူ​လိမ့်​မည်။
5 Bir delikanlı bir kızla nasıl evlenirse, Oğulların da seninle öyle evlenecek. Güvey gelinle nasıl sevinirse, Tanrın da seninle öyle sevinecek.
ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို​မင်္ဂ​လာ​ဆောင် သ​တို့​သ​မီး​သ​ဖွယ်​သိမ်း​ပိုက်​တော်​မူ​လိမ့်​မည်။ မင်္ဂ​လာ​ဆောင်​သ​တို့​သ​မီး​ကို​သ​တို့​သား​သည် နှစ်​သက်​သ​ကဲ့​သို့၊ ဘု​ရား​သ​ခင်​သည်​သင့်​ကို​နှစ်​သက်​တော်​မူ လိမ့်​မည်။
6 Ey Yeruşalim, surlarına bekçiler diktim, Gece gündüz hiç susmayacaklar. Ey RAB'be sözünü anımsatanlar, Yeruşalim'i pekiştirene, Onu yeryüzünün övüncü kılana dek Durup dinlenmeden RAB'be yakarın, O'na rahat vermeyin.
အို ယေ​ရု​ရှ​လင်​မြို့၊ငါ​သည်​သင်​၏​မြို့​ရိုး​များ ပေါ်​တွင် အ​စောင့်​တပ်​သား​များ​ကို​ချ​ထား​၏။ သူ​တို့​သည်​နေ့​ရော​ညဥ့်​ပါ​အ​ခါ​ခပ်​သိမ်း ဆိတ်​ဆိတ်​နေ​ရ​ကြ​လိမ့်​မည်​မ​ဟုတ်။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား မိ​မိ​၏​က​တိ​တော်​များ​ကို​အောက်​မေ့ သ​တိ​ရ​အောင် ပြု​ရ​ကြ​မည်။ အ​ဘယ်​အ​ခါ​၌​မျှ​မ​မေ့​လျော့​စေ​ရန် သ​တိ​ပေး​ရ​ကြ​မည်။
7
ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ပြန်​လည် ထူ​ထောင်​ကာ၊ ကမ္ဘာ​တစ်​ဝှမ်း​လုံး​က​ချီး​မွမ်း​ထော​မ​နာ​ပြု​ရာ​မြို့ အ​ဖြစ်​သို့​ရောက်​စေ​တော်​မ​မူ​မီ​တိုင်​အောင်၊ သူ​တို့​သည်​ကိုယ်​တော်​အား​အ​ငြိမ်​နေ​စေ ကြ​လိမ့်​မည်​မ​ဟုတ်။
8 RAB sağ elini, güçlü kolunu kaldırıp ant içti: “Tahılını bir daha düşmanlarına yedirmeyeceğim, Emek verdiğin yeni şarabı yabancılar içmeyecek.
ထာ​ဝ​ရ​ဘု​ရား​သည်​တန်​ခိုး​ကြီး​သော​လက်​ယာ လက်​တော်​နှင့်​ကျိန်​ဆို​တော်​မူ​သည်။ ``သင်​၏​ကောက်​ပဲ​သီး​နှံ​များ​သည်​ရန်​သူ​တို့​အ​တွက် ရိက္ခာ​ဖြစ်​ရ​တော့​မည်​မ​ဟုတ်။ လူ​မျိုး​ခြား​တို့​သည်​လည်း​သင်​ကြိုး​စား​၍ လုပ်​ဆောင်​ခဲ့​သော​စ​ပျစ်​ရည်​ကို​သောက်​ရ​ကြ တော့​မည်​မ​ဟုတ်။
9 Tahılı devşiren yiyecek Ve RAB'be övgüler sunacak. Üzümü toplayan, Şarabını kutsal avlularımda içecek.”
သို့​ရာ​တွင်​အ​သီး​အ​နှံ​များ​ကို​စိုက်​ပျိုး ရိတ်​သိမ်း သူ​သင်​တို့​သာ​လျှင်၊ ယင်း​တို့​ကို​စား​သုံး​ကြ​လျက်၊ထာ​ဝ​ရ​ဘု​ရား အား ထော​မ​နာ​ပြု​ရ​ကြ​လိမ့်​မည်။ စ​ပျစ်​သီး​များ​ကို​ပြု​စု​ဆွတ်​ခူး​သူ​သင်​တို့ သာ​လျှင် ငါ​၏​ဗိ​မာန်​တော်​တန်​တိုင်း​အ​တွင်း​၌ စ​ပျစ်​ရည်​ကို သောက်​ရ​ကြ​လိမ့်​မည်။''
10 Geçin, geçin kent kapılarından! Halkın yolunu açın! Toprak yığıp yol yapın, Taşları ayıklayın, uluslar için sancak dikin!
၁၀ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့၊ မြို့​တွင်း​မှ ထွက်​ကြ​လော့။ ပြည်​တော်​ပြန်​သင်​တို့​၏​အ​မျိုး​သား​များ အ​တွက် လမ်း​ကို​ဖောက်​လုပ်​ကြ​လော့။ လမ်း​မ​ကြီး​ကို​ပြင်​ဆင်​ကြ​လော့။ ကျောက်​ခဲ​တို့​ကို​ဖယ်​ရှား​ပစ်​ကြ​လော့။ တိုင်း​သူ​ပြည်​သား​များ​သိ​စေ​ရန်​အ​ချက်​ပြ အ​လံ​များ​တင်​ကြ​လော့။
11 RAB çağrısını dünyanın dört bucağına duyurdu: “Siyon kızına, ‘İşte kurtuluşun geliyor’ deyin, ‘Ücreti kendisiyle birlikte, ödülü önündedir.’”
၁၁``သင်​တို့​၏​ကယ်​တင်​ရှင်​ထာ​ဝ​ရ​ဘု​ရား သည် မိ​မိ​ကယ်​တင်​တော်​မူ​ခဲ့​သည့်​လူ​တို့​ကို ခေါ်​ဆောင်​ကာ ကြွ​လာ​တော်​မူ​လိမ့်​မည်'' ဟု ယေ​ရု​ရှ​လင်​မြို့​သား​တို့​အား​ပြော​ပြ​ကြ​ရန်၊ ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့​အား​ထာ​ဝ​ရ ဘု​ရား ကြေ​ညာ​လျက်​နေ​တော်​မူ​ပါ​၏။
12 Siyon halkına, “RAB'bin fidyeyle kurtardığı kutsal halk” diyecekler. Ve sen Yeruşalim, “Aranan, terk edilmemiş kent” diye anılacaksın.
၁၂သင်​တို့​သည်``ထာ​ဝ​ရ​ဘု​ရား​၏​သန့်​ရှင်း မြင့်​မြတ်​သည့် လူ​မျိုး​တော်၊'' ``ထာ​ဝ​ရ​ဘု​ရား​ကယ်​တင်​တော်​မူ​ခဲ့​သည့် လူ​မျိုး​တော်'' ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​ကြ​လိမ့်​မည်။ ယေ​ရု​ရှ​လင်​မြို့​သည်​လည်း``ဘု​ရား​သ​ခင် ချစ်​မြတ်​နိုး​သည့်​မြို့'' ``ဘု​ရား​သ​ခင်​စွန့်​ပစ်​တော်​မ​မူ​သည့်​မြို့'' ဟု ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။

< Yeşaya 62 >