< Yeşaya 32 >
1 İşte kral doğrulukla krallık yapacak, Önderler adaletle yönetecek.
၁တစ်နေ့သောအခါ၊ သီလသမာဋ္ဌိရှိသည့် ဘုရင်တစ်ပါးနှင့် တရားသဖြင့်အုပ်စိုးသည့် အမျိုးသားခေါင်းဆောင်များပေါ်ထွန်းလာ လိမ့်မည်။-
2 Her biri rüzgara karşı bir sığınak, Fırtınaya karşı bir barınak, çölde akarsu, Çorak yerde gölge salan Büyük bir kaya gibi olacak.
၂သူတို့အားလုံးပင်လေနှင့်မိုးသက်မုန်တိုင်း များမှခိုလှုံရာအရပ်ကဲ့သို့ဖြစ်လိမ့်မည်။ သူတို့သည်ခြောက်သွေ့ရာအရပ်၌စီးလျက် နေသည့်ချောင်းများနှင့်လည်းကောင်း၊ ကွင်း ခေါင်ခေါင်နေပူကြဲကြဲတွင်ရှိသောကျောက် တုံးကြီး၏အရိပ်နှင့်လည်းကောင်းတူလိမ့် မည်။-
3 Artık görenlerin gözleri kapanmayacak, Dinleyenler kulak kesilecek.
၃သူတို့သည်ပြည်သူတို့၏ချို့တဲ့မှုများကို သိရှိရန်မျက်စိရှင်ရှင်နားပါးပါးနှင့်နေ လိမ့်မည်။-
4 Düşüncesizin aklı bilgiye erecek, Kekeme açık seçik, akıcı konuşacak.
၄စိတ်လိုက်မာန်ပါမပြုကြတော့ဘဲအသိ ပညာနှင့်လုပ်ကိုင်ဆောင်ရွက်ကာ ပြတ်ပြတ် သားသားပြောဆိုကြလိမ့်မည်။-
5 Artık budalaya soylu, Alçağa saygın denmeyecek.
၅လူမိုက်တို့အားဂုဏ်အသရေရှိသူများဟူ ၍သော်လည်းကောင်း၊ သူယုတ်မာတို့အားရိုး ဖြောင့်သူများဟူ၍သော်လည်းကောင်း အဘယ် သူမျှထင်မှတ်ပြောဆိုကြလိမ့်မည်မဟုတ်။-
6 Çünkü budala saçmalıyor, Aklı fikri hep kötülükte. İşi gücü fesat işlemek, RAB'be ilişkin yanlış sözler söylemek, Açları aç bırakmak, Susamışlardan suyu esirgemek.
၆လူမိုက်သည်မိုက်မဲသည့်စကားကိုပြောဆို၍ ဆိုးညစ်သောအမှုများကိုပြုရန်ကြံစည် တတ်၏။ သူပြုသောအမှုနှင့်သူပြောသော စကားတို့သည်ဘုရားသခင်အားစော်ကား ရာရောက်၏။ သူသည်ဆာငတ်မွတ်သိပ်သူတို့ကို အဘယ်အခါ၌မျှမကျွေးမွေး။ ရေငတ်သူ တို့ကိုလည်းအဘယ်အခါ၌မျှရေမတိုက်။-
7 Alçağın yöntemleri kötüdür; Yoksul davasında haklı olsa da Onu yalanlarla yok etmek için Kötü düzenler tasarlar.
၇သူသည်ဆိုးညစ်သူဖြစ်၍ဆိုးညစ်မှုများကို သာပြုတတ်၏။ ဆင်းရဲသူတို့၏အခွင့်အရေး များပျက်စီးရာပျက်စီးကြောင်းကိုလိမ်လည် ၍ကြံစည်တတ်၏။-
8 Soylu kişiyse soylu şeyler tasarlar, Yaptığı soylu işlerle ayakta kalır.
၈သို့ရာတွင်ရိုးဖြောင့်သူမူကားရိုးဖြောင့်စွာ ပြုကျင့်တတ်လျက် အမှန်တရားဘက်မှစွဲ မြဲစွာရပ်တည်နေတတ်၏။
9 Ey tasasızca yaşayan kadınlar, Kalkın, sesimi işitin; Ey kaygısız kızlar, sözüme kulak verin!
၉ပူပင်သောကမရှိဘဲအေးဆေးစွာနေထိုင် ကြသူအချင်းအမျိုးသမီးတို့၊ ငါပြော သည့်စကားကိုနားထောင်ကြလော့။-
10 Bir yıl kadar sonra sarsılacaksınız, Ey kaygısız kadınlar. Çünkü bağbozumu olmayacak, Devşirecek meyve bulunmayacak.
၁၀သင်တို့သည်ယခုအခါကျေနပ်ရောင့်ရဲ လျက်ရှိနေမည်ဖြစ်သော်လည်း နောင်နှစ်ခါ ဤအချိန်၌စိတ်ပျက်ရကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သင်တို့စုသိမ်းရန် စပျစ်သီးများရရှိမည်မဟုတ်သော ကြောင့်ဖြစ်၏။-
11 Titreyin, ey tasasızca yaşayan kadınlar, Sarsılın, ey kaygısızlar. Giysilerinizi çıkarın, soyunup belinize çul kuşanın.
၁၁သင်တို့သည်ပူပင်သောကမရှိဘဲအေးဆေး စွာနေထိုင်လျက်ရှိကြ၏။ သို့ရာတွင်ယခု အခါထိတ်လန့်တုန်လှုပ်၍နေကြကုန်လော့။ သင်တို့၏အဝတ်များကိုချွတ်၍ခါးတွင် စောင်စုတ်များပတ်ထားကြလော့။-
12 Güzel tarlalar, verimli asmalar, Halkımın diken ve çalı bitmiş toprakları için, Neşeli kentteki mutluluk dolu evler için göğsünüzü dövün.
၁၂သီးနှံကောင်းစွာထွက်သည့်လယ်ယာများနှင့် စပျစ်ဥယျာဉ်များသည်ပျက်စီးသွားပြီ ဖြစ်သဖြင့်လည်းကောင်း၊ ငါ့အမျိုးသား တို့၏မြေယာများကို ဆူးခြုံအမျိုးမျိုး ဖုံးလွှမ်းလျက်နေပြီဖြစ်သဖြင့်လည်းကောင်း၊ သင်တို့သည်ကြေကွဲဝမ်းနည်းလျက်မိမိတို့ ရင်ပတ်များကိုတီးခတ်ကြလော့။ ယခင် အခါကလူတို့ပျော်ရွှင်စွာနေထိုင်ခဲ့ကြ သည့်အိမ်များနှင့် စည်ကားသိုက်မြိုက်စွာရှိ နေခဲ့သည့်မြို့၏အတွက်ငိုကြွေးကြလော့။-
14 Çünkü saray ıssız, Kalabalık kent bomboş kalacak. Ofel Mahallesi'yle gözcü kulesi Sonsuza dek bozkıra dönecek; Yaban eşeklerinin keyifle gezindiği, Sürülerin otladığı bir yer olacak.
၁၄နန်းတော်ပင်လျှင်အထီးတည်းကျန်ရစ်၍ နေ ပြည်တော်ကြီးသည်လုံးဝလူသူဆိတ်ငြိမ် လျက်နေလိမ့်မည်။ ထိုမြို့တော်ကိုစောင့်ကြပ် ကာကွယ်ရာခံတပ်များနှင့်အိမ်များသည် လည်း ထာဝစဉ်ပျက်စီးယိုယွင်း၍နေလိမ့် မည်။ ထိုအရပ်တွင်မြည်းရိုင်းများလှည့်လည် သွားလာကာသိုးများကျက်စားကြလိမ့်မည်။
15 Ta ki yukarıdan üzerimize ruh dökülene dek; O zaman çöl meyve bahçesine, Meyve bahçesi ormana dönecek.
၁၅သို့ရာတွင်ဘုရားသခင်သည်မိမိ၏ဝိညာဉ် တော်ကို ငါတို့ထံသို့တစ်ဖန်ပြန်၍စေလွှတ် တော်မူလိမ့်မည်။ ထိုအခါမြေလွတ်မြေရိုင်း များသည်မြေကောင်းမြေသန့်များဖြစ်လာ ကြလျက် လယ်ယာများကောက်ပဲသီးနှံ အမြောက်အမြားထွက်လိမ့်မည်။-
16 O zaman adalet çöle dek yayılacak, Doğruluk meyve bahçesinde yurt bulacak.
၁၆တိုင်းပြည်အတွင်း၌အရပ်တကာတွင်သူ တော်ကောင်းတရားနှင့် တရားမျှတမှုကို ကျင့်သုံးကြလိမ့်မည်။-
17 Doğruluğun ürünü esenlik, Sonucu, sürekli huzur ve güven olacaktır.
၁၇လူအပေါင်းတို့သည်အမှန်တရားအတိုင်း ကိုပြုကျင့်ကြမည်ဖြစ်၍ ထာဝစဉ်ငြိမ်း ချမ်းသာယာမှုနှင့်လုံခြုံစိတ်ချမှုရှိ လိမ့်မည်။-
18 Halkım esenlik dolu evlerde, Güvenli ve rahat yerlerde yaşayacak.
၁၈ဘုရားသခင်၏လူမျိုးတော်တို့နေထိုင်ရာ အိမ်များသည်ငြိမ်သက်၍လုံခြုံလိမ့်မည်။ ထို လူမျိုးတော်သည်လည်းပူပင်သောကနှင့် ကင်းဝေးကြလိမ့်မည်။-
19 Dolu ormanları harap etse, Kent yerle bir olsa da,
၁၉(သစ်တောများအပေါ်သို့မိုးသီးများကျ လိမ့်မည်။ မြို့သည်လည်းပြိုပျက်၍သွားလိမ့် မည်။-)
20 Sulak yerde tohum eken, Sığırını, eşeğini özgürce çayıra salan sizlere ne mutlu!
၂၀ကောက်ပဲသီးနှံများအတွက်မြည်းနှင့်ကျွဲ နွားစားကျက်များအတွက် ရေအလုံအလောက် ရရှိသဖြင့်လူအပေါင်းတို့သည်ရွှင်လန်း ဝမ်းမြောက်ကြလိမ့်မည်။