< Yaratiliş 46 >
1 İsrail sahip olduğu her şeyle birlikte yola çıktı. Beer-Şeva'ya varınca, orada babası İshak'ın Tanrısı'na kurbanlar kesti.
၁ယာကုပ်သည်မိမိ၏ပစ္စည်းဥစ္စာရှိသမျှကို ထုပ်ပိုး၍ ခရီးထွက်ခဲ့ရာဗေရရှေဘအရပ် သို့ရောက်လျှင် သူ၏အဖဣဇာက်၏ဘုရားသခင်အားယဇ်ပူဇော်လေ၏။-
2 O gece Tanrı bir görümde İsrail'e, “Yakup, Yakup!” diye seslendi. Yakup, “Buradayım” diye yanıtladı.
၂ညအချိန်၌သူမြင်ရသောရူပါရုံတွင် ဘုရားသခင်က``ယာကုပ်၊ ယာကုပ်'' ဟုခေါ် တော်မူ၏။ ``အကျွန်ုပ်ရှိပါသည်အရှင်ဘုရား'' ဟု ယာကုပ်ထူးလေ၏။
3 Tanrı, “Ben Tanrı'yım, babanın Tanrısı” dedi, “Mısır'a gitmekten çekinme. Soyunu orada büyük bir ulus yapacağım.
၃ဘုရားသခင်က``ငါသည်ဘုရားသခင်ဖြစ် ၏။ သင့်အဖ၏ဘုရားသခင်ဖြစ်၏။ သင်သည် အီဂျစ်ပြည်သို့သွားရမည်ကိုမစိုးရိမ်နှင့်။ ထိုပြည်တွင်ငါသည်သင်၏အဆက်အနွယ် တို့အားလူမျိုးကြီးဖြစ်လာစေမည်။-
4 Seninle birlikte Mısır'a gelecek, soyunu bu ülkeye geri getireceğim. Senin gözlerini Yusuf'un elleri kapayacak.”
၄ငါသည်သင်နှင့်အတူအီဂျစ်ပြည်သို့ကြွသွား မည်။ ငါကိုယ်တိုင်သင်၏အဆက်အနွယ်တို့ကို ဤပြည်သို့ပြန်လည်ခေါ်ဆောင်ခဲ့မည်။ သင်သည် ယောသပ်၏ပြုစုခြင်းကိုခံလျက်စုတေရ လိမ့်မည်'' ဟုမိန့်တော်မူ၏။
5 Yakup Beer-Şeva'dan ayrıldı. Oğulları Yakup'u –İsrail'i– götürmek üzere firavunun gönderdiği arabalara onu, kendi çocuklarıyla karılarını bindirdiler.
၅ထိုနောက်ယာကုပ်သည်ဗေရရှေဘအရပ်မှ ထွက်လာခဲ့လေသည်။ သူ၏သားတို့သည်မိမိ တို့၏အဖယာကုပ်၊ သူတို့၏မယားများ၊ သား သမီးငယ်များအားဖာရောဘုရင်ပို့လိုက် သောလှည်းများကိုစီးစေကြ၏။-
6 Yakup, bütün ailesini –oğullarını, kızlarını, torunlarını– hayvanlarını ve Kenan ülkesinde kazandığı malları yanına alarak Mısır'a gitti.
၆သူတို့သည်ခါနာန်ပြည်တွင်စုဆောင်းရရှိခဲ့ သောပစ္စည်းများနှင့် သိုးဆိတ်စသောတိရစ္ဆာန် များကိုယူဆောင်လျက်အီဂျစ်ပြည်သို့လာ ခဲ့ကြ၏။ ယာကုပ်သည်သားသမီး၊ မြေး၊ မြစ် များမှစသောသူ၏မိသားစုအားလုံးတို့ ကိုအီဂျစ်ပြည်သို့ခေါ်ဆောင်ခဲ့လေ၏။
8 İsrail'in Mısır'a giden oğullarının –Yakup'la oğullarının– adları şunlardır: Yakup'un ilk oğlu Ruben.
၈ယာကုပ်နှင့်အတူအီဂျစ်ပြည်သို့သွားရောက် ကြသော မိသားစုတို့၏နာမည်စာရင်းကို ဖော်ပြပေအံ့။ သားဦးရုဗင်နှင့်၊-
9 Ruben'in oğulları: Hanok, Pallu, Hesron, Karmi.
၉ရုဗင်၏သားများဖြစ်ကြသော ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိ၊-
10 Şimon'un oğulları: Yemuel, Yamin, Ohat, Yakin, Sohar ve Kenanlı bir kadının oğlu Şaul.
၁၀ရှိမောင်နှင့်သူ၏သားများဖြစ်ကြသောယေ မွေလ၊ ယာမိန်၊ သြဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန် အမျိုးသမီးနှင့်ရသောသားရှောလ။-
11 Levi'nin oğulları: Gerşon, Kehat, Merari.
၁၁လေဝိနှင့်သူ၏သားများဖြစ်ကြသောဂေရရှုံ၊ ကောဟတ်၊ မေရာရိ။-
12 Yahuda'nın oğulları: Er, Onan, Şela, Peres, Zerah. Ancak Er'le Onan Kenan ülkesinde ölmüştü. Peres'in oğulları: Hesron, Hamul.
၁၂ယုဒနှင့်သူ၏သားများဖြစ်ကြသောရှေလ၊ ဖာရက်၊ ဇာရ (ယုဒ၏အခြားသားများဖြစ် ကြသောဧရနှင့်သြနန်တို့သည်ခါနာန်ပြည် ၌သေဆုံးကြ၏။) ဖာရက်၏သားများဖြစ် ကြသောဟေဇရုံနှင့်ဟာမုလ။-
13 İssakar'ın oğulları: Tola, Puvva, Yov, Şimron.
၁၃ဣသခါနှင့်သူ၏သားများဖြစ်ကြသော တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။-
14 Zevulun'un oğulları: Seret, Elon, Yahleel.
၁၄ဇာဗုလုန်နှင့်သူ၏သားများဖြစ်ကြသော သရက်၊ ဧလုန်၊ ယာလေလ။-
15 Bunlar Lea'nın Yakup'a doğurduğu oğullardır. Lea onları ve kızı Dina'yı Paddan-Aram'da doğurmuştu. Yakup'un bu oğullarıyla kızları toplam otuz üç kişiydi.
၁၅ဤသူတို့သည်ယာကုပ်နှင့်မယားလေအာ တို့မှမက်ဆိုပိုတေးမီးယားပြည်မြောက်ပိုင်း တွင်ပေါက်ဖွားသောသားနှင့်မြေးများဖြစ် ကြသည်။ ထိုသားတို့အပြင်သမီးဒိနရှိ သေး၏။ ထို့ကြောင့်လေအာမှပေါက်ဖွားသော သားမြေးစုစုပေါင်းမှာသုံးဆယ့်သုံးယောက် ရှိသတည်း။
16 Gad'ın oğulları: Sifyon, Hagi, Şuni, Esbon, Eri, Arodi, Areli.
၁၆ဂဒ်နှင့်သူ၏သားဖြစ်ကြသောဇိဖျုန်၊ ဟ္ဂိ၊ ရှုနိ၊ ဧဇဗုန်၊ ဧရိ၊ အရောဒိ၊ အရေလိ။-
17 Aşer'in çocukları: Yimna, Yişva, Yişvi, Beria; kızkardeşleri Serah. Beria'nın oğulları: Hever, Malkiel.
၁၇အာရှာနှင့်သူ၏သားသမီးများဖြစ်ကြသော ယိမန၊ ဣရွှာ၊ ဣရွှိ၊ ဗေရိယနှင့်သူတို့၏နှမ စေရ။ ဗေရိယ၏သားများဖြစ်ကြသောဟေဗာ နှင့်မာလချေလ။-
18 Bunlar Lavan'ın kızı Lea'ya verdiği Zilpa'nın Yakup'a doğurduğu çocuklardır. Toplam on altı kişiydiler.
၁၈ဤသူတစ်ဆယ့်ခြောက်ယောက်တို့သည်လာဗန်က သူ၏သမီးလေအာအားပေးအပ်သောအထိန်း ဇိလပနှင့် ယာကုပ်တို့မှပေါက်ဖွားသောသား သမီးနှင့်မြေးများဖြစ်ကြသတည်း။
19 Yakup'un karısı Rahel'in oğulları: Yusuf, Benyamin.
၁၉ယာကုပ်၏မယားရာခေလသည် သားများ ဖြစ်ကြသောယောသပ်နှင့်ဗင်္ယာမိန်တို့ကို ဖွားမြင်၏။-
20 Yusuf'un Mısır'da On Kenti kâhini Potifera'nın kızı Asenat'tan Manaşşe ve Efrayim adında iki oğlu oldu.
၂၀ယောသပ်သည်အီဂျစ်ပြည်ရှိသြနမြို့မှယဇ် ပုရောဟိတ်ပေါတိဖေရ၏သမီးအာသနတ် နှင့်သားနှစ်ယောက်ဖြစ်ကြသောမနာရှေနှင့် ဧဖရိမ်တို့ကိုရသည်။-
21 Benyamin'in oğulları: Bala, Beker, Aşbel, Gera, Naaman, Ehi, Roş, Muppim, Huppim, Ard.
၂၁ဗင်္ယာမိန်၏သားများဖြစ်ကြသောဗေလ၊ ဗေခါ၊ အာရှာဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။-
22 Bunlar Rahel'in Yakup'a doğurduğu çocuklardır. Toplam on dört kişiydiler.
၂၂ဤသူတစ်ဆယ့်လေးယောက်တို့သည်ယာကုပ် နှင့်ရာခေလတို့မှပေါက်ဖွားသောသားမြေး များဖြစ်ကြသတည်း။
၂၃ဒန်နှင့်သူ၏သားဟုရှိမ်၊-
24 Naftali'nin oğulları: Yahseel, Guni, Yeser, Şillem.
၂၄နဿလိနှင့်သူ၏သားများဖြစ်ကြသော ယာဇေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။-
25 Bunlar Lavan'ın, kızı Rahel'e verdiği Bilha'nın Yakup'a doğurduğu çocuklardır. Toplam yedi kişiydiler.
၂၅ဤသူခုနစ်ယောက်တို့သည်လာဗန်ကသူ့ သမီးရာခေလအားပေးအပ်သောအထိန်း ဗိလဟာနှင့်ယာကုပ်တို့မှပေါက်ဖွားသော သားမြေးများဖြစ်ကြသတည်း။
26 Oğullarının karıları dışında Yakup'un soyundan gelen ve onunla birlikte Mısır'a gidenler toplam altmış altı kişiydi. Bunların hepsi Yakup'tan olmuştu.
၂၆ယာကုပ်၏ချွေးမများမှအပအီဂျစ်ပြည် သို့သွားရောက်သောယာကုပ်၏သွေးရင်းသား ရင်းစုစုပေါင်းမှာခြောက်ဆယ့်ခြောက်ယောက် ရှိသတည်း။-
27 Yusuf'un Mısır'da doğan iki oğluyla birlikte Mısır'a göçen Yakup ailesi toplam yetmiş kişiydi.
၂၇အီဂျစ်ပြည်တွင်ယောသပ်၌သားနှစ်ယောက် ဖွားမြင်၏။ သို့ဖြစ်၍အီဂျစ်ပြည်သို့သွား ရောက်သော ယာကုပ်၏မိသားစုဦးရေမှာ လူပေါင်းခုနစ်ဆယ်ယောက်ဖြစ်သတည်း။
28 Yakup Goşen yolunu göstermesi için Yahuda'yı önden Yusuf'a gönderdi. Onlar Goşen'e varınca,
၂၈ယာကုပ်သည်ဂေါရှင်အရပ်၌မိမိနှင့်တွေ့ ဆုံရန်ယုဒကိုကြိုတင်စေလွှတ်၍ ယောသပ် အားပြောစေ၏။ သူတို့သည်ဂေါရှင်အရပ် သို့ရောက်ရှိကြ၏။-
29 Yusuf arabasını hazırlayıp babası İsrail'i karşılamak üzere Goşen'e gitti. Babasını görür görmez boynuna sarılıp uzun uzun ağladı.
၂၉ယောသပ်သည်အဖဣသရေလအားကြိုဆို ရန်ဂေါရှင်အရပ်သို့ရထားဖြင့်သွားလေ၏။ ဖခင်ရှေ့သို့ရောက်သောအခါဖခင်ကိုဖက် ၍ကြာရှည်စွာငိုကြွေးလေ၏။-
30 İsrail Yusuf'a, “Yüzünü gördüm ya, artık ölsem de gam yemem” dedi, “Yaşıyorsun!”
၃၀ယာကုပ်ကယောသပ်အား``ငါသည်သင့်မျက်နှာ ကိုမြင်ရ၍သင်အသက်ရှင်လျက်ရှိသေးသည် ကိုသိရသဖြင့်သေပျော်ပါပြီ'' ဟုဆိုလေ၏။
31 Yusuf kardeşleriyle babasının ev halkına şöyle dedi: “Gidip firavuna haber vereyim, ‘Kenan ülkesinde yaşayan kardeşlerimle babamın ev halkı yanıma geldi’ diyeyim.
၃၁ထိုနောက်ယောသပ်ကသူ၏အစ်ကိုတို့နှင့် အခြားသားချင်းတို့အား``ကျွန်ုပ်သည်ဖာရော ဘုရင်ထံသို့သွား၍ခါနာန်ပြည်မှကျွန်တော် မျိုး၏အဖနှင့်ညီအစ်ကိုတို့သည်ကျွန်တော် မျိုးထံသို့ရောက်ရှိလာကြပါပြီ။-
32 Çoban olduğunuzu, hayvancılık yaptığınızı, bu yüzden davarlarınızla sığırlarınızı ve her şeyinizi birlikte getirdiğinizi anlatayım.
၃၂သူတို့သည်သိုးထိန်းများဖြစ်၍တိရစ္ဆာန်များ ကိုထိန်းကျောင်းရပါသည်။ သူတို့သည်သိုး ဆိတ်နှင့်ရှိသမျှပစ္စည်းများကိုယူဆောင်ခဲ့ ကြပါပြီဟုလျှောက်ထားပါမည်။-
33 Firavun sizi çağırıp da, ‘Ne iş yaparsınız?’ diye sorarsa,
၃၃ဖာရောဘုရင်ကသင်တို့ကိုဆင့်ခေါ်၍ သင်တို့၏အလုပ်အကိုင်ကိုမေးလျှင်၊-
34 ‘Atalarımız gibi biz de çocukluktan beri hayvancılık yapıyoruz’ dersiniz. Öyle deyin ki, sizi Goşen bölgesine yerleştirsin. Çünkü Mısırlılar çobanlardan iğrenir.”
၃၄ကျွန်တော်မျိုးတို့သည်ဘိုးဘေးများလက်ထက် မှစ၍ ယနေ့အထိသိုးနွားများကိုမွေးမြူသူ များဖြစ်ကြပါသည်ဟုလျှောက်ရမည်။ သို့မှ သာလျှင်သင်တို့အားဂေါရှင်အရပ်၌နေထိုင် ခွင့်ပေးလိမ့်မည်'' ဟူ၍မှာကြားလေ၏။ အီဂျစ် အမျိုးသားတို့သည် သိုးထိန်းများကိုစက်ဆုတ် ရွံရှာကြသောကြောင့်ယောသပ်ကထိုသို့ပြော ခိုင်းခြင်းဖြစ်သည်။