< Yaratiliş 20 >
1 İbrahim Mamre'den Negev'e göçerek Kadeş ve Şur kentlerinin arasına yerleşti. Sonra geçici bir süre Gerar'da kaldı.
၁အာဗြဟံသည်မံရေအရပ်မှခါနာန်ပြည်တောင် ပိုင်းသို့ပြောင်းရွှေ့ခဲ့ပြီးလျှင် ကာဒေရှမြို့နှင့်ရှုရ မြို့စပ်ကြားရှိအရပ်တွင်နေထိုင်လေ၏။ သူသည် ဂေရာမြို့၌နေထိုင်စဉ်၊-
2 Karısı Sara için, “Bu kadın kızkardeşimdir” dedi. Bunun üzerine Gerar Kralı Avimelek adam gönderip Sara'yı getirtti.
၂သူ၏မယားစာရာသည်မိမိ၏နှမဖြစ်သည် ဟုဆို၏။ ထို့ကြောင့်ဂေရာဘုရင်အဘိမလက် ကစာရာကိုသိမ်းပိုက်လေသည်။-
3 Ama Tanrı gece düşünde Avimelek'e görünerek, “Bu kadını aldığın için öleceksin” dedi, “Çünkü o evli bir kadın.”
၃ညအခါအိပ်မက်ထဲ၌ဘုရားသခင်က``သင် သည်ဤမိန်းမကိုသိမ်းပိုက်သဖြင့်သေရမည်။ သူသည်လင်ရှိမယားဖြစ်သည်'' ဟုအဘိ မလက်အားမိန့်တော်မူ၏။
4 Avimelek henüz Sara'ya dokunmamıştı. “Ya Rab” dedi, “Suçsuz bir ulusu mu yok edeceksin?
၄သို့ရာတွင်အဘိမလက်သည် သူမအနီးသို့ မချဉ်းကပ်သေး။ သူက``ထာဝရဘုရား၊ အကျွန်ုပ် သည်အပြစ်ကင်းပါ၏။ အကျွန်ုပ်နှင့်အကျွန်ုပ်၏ လူမျိုးကိုဖျက်ဆီးမည်လော။-
5 İbrahim'in kendisi bana, ‘Bu kadın kızkardeşimdir’ demedi mi? Kadın da İbrahim için, ‘O kardeşimdir’ dedi. Ben temiz vicdanla, suçsuz ellerimle yaptım bunu.”
၅အာဗြဟံကိုယ်တိုင်ကသူ၏နှမဖြစ်သည်ဟု ဆိုပါ၏။ သူကလည်းအာဗြဟံသည်သူ၏အစ်ကို ဖြစ်သည်ဟုဆိုပါသည်။ အကျွန်ုပ်သည်စိတ်သဘော ရိုးသားစွာဖြင့် ဤအမှုကိုကြံစည်မိပါသည်။ သို့ရာတွင်အပြစ်ကူးလွန်ခြင်းမရှိပါ'' ဟု လျှောက်ဆို၏။
6 Tanrı, düşünde ona, “Bunu temiz vicdanla yaptığını biliyorum” diye yanıtladı, “Ben de seni bu yüzden bana karşı günah işlemekten alıkoydum, kadına dokunmana izin vermedim.
၆အိပ်မက်ထဲ၌ပင်ဘုရားသခင်က``သင်သည် စိတ်သဘောရိုးသားစွာဖြင့် ဤအမှုကိုကြံ စည်မိခြင်းဖြစ်ကြောင်းငါသိ၏။ သို့ဖြစ်၍သင် သည်ငါ့ကိုမပြစ်မှားမိစေခြင်းငှာ ထိုမိန်းမ ကိုလက်ရောက်မကူးလွန်ရန်ငါတားဆီးခဲ့ပြီ။-
7 Şimdi kadını kocasına geri ver. Çünkü o bir peygamberdir. Senin için dua eder, ölmezsin. Ama kadını geri vermezsen, sen de sana ait olan herkes de ölecek, bilesin.”
၇ယခုပင်ထိုမိန်းမကိုသူ၏ယောကျာ်းထံသို့ ပြန်အပ်လော့။ ထိုသူသည်ပရောဖက်ဖြစ်၍သင့် အသက်ချမ်းသာရာရစေရန် သူသည်သင့်အ တွက်ဆုတောင်းပေးလိမ့်မည်။ ထိုမိန်းမကိုပြန် ၍မအပ်လျှင်မူကား သင်နှင့်တကွသင်၏လူ မျိုးအားလုံးတို့သည်မုချသေရကြမည်'' ဟုဘုရင်အားမိန့်တော်မူ၏။
8 Avimelek sabah erkenden kalktı, bütün adamlarını çağırarak olup biteni anlattı. Adamlar dehşete düştü.
၈နောက်တစ်နေ့နံနက်စောစော၌အဘိမလက် သည် သူ၏အရာရှိအပေါင်းတို့ကိုဆင့်ခေါ်၍ အဖြစ်အပျက်အလုံးစုံကိုပြောပြသည့် အခါ သူတို့သည်အလွန်ကြောက်ရွံ့ကြ၏။-
9 Avimelek İbrahim'i çağırtarak, “Ne yaptın bize?” dedi, “Sana ne haksızlık ettim ki, beni ve krallığımı bu büyük günaha sürükledin? Bana bu yaptığın yapılacak iş değil.”
၉ထိုနောက်အဘိမလက်သည်အာဗြဟံကိုခေါ် ၍``သင်သည် ငါတို့အားအဘယ်သို့ပြုဘိသနည်း။ သင့်ကိုငါဘယ်ကဲ့သို့ပြစ်မှားမိခဲ့သဖြင့် သင် သည်ငါနှင့်တကွငါ၏နိုင်ငံကိုဘေးဒုက္ခဆိုက် ရောက်စေပါသနည်း။ သင်သည် ငါ့အားမပြုအပ် သည့်အမှုကိုပြုပါသည်တကား။-
10 Sonra, “Amacın neydi, niçin yaptın bunu?” diye sordu.
၁၀အဘယ်ကြောင့်သင်ဤသို့ပြုပါသနည်း'' ဟု မေးလေသည်။
11 İbrahim, “Çünkü burada hiç Tanrı korkusu yok” diye yanıtladı, “Karım yüzünden beni öldürebilirler diye düşündüm.
၁၁အာဗြဟံက``ဤအရပ်သားတို့သည်ဘုရား သခင်ကိုကြောက်ရွံ့ခြင်းမရှိကြသဖြင့် ကျွန်ုပ် ၏မယားကိုသိမ်းယူရန်ကျွန်ုပ်ကိုသတ်ကြလိမ့် မည်ဟုထင်သောကြောင့်ဤသို့ပြုမိပါသည်။-
12 Üstelik, Sara gerçekten kızkardeşimdir. Babamız bir, annemiz ayrıdır. Onunla evlendim.
၁၂စင်စစ်အားဖြင့်သူသည်ကျွန်ုပ်၏နှမဖြစ်ပါ၏။ သူသည်ကျွန်ုပ်နှင့်ဖအေတူ၊ မအေကွဲနှမဖြစ် သည့်အပြင်ကျွန်ုပ်၏မယားလည်းဖြစ်ပါသည်။-
13 Tanrı beni babamın evinden gurbete gönderdiği zaman karıma, ‘Bana sevgini şöyle göstereceksin: Gideceğimiz her yerde kardeşin olduğumu söyle’ dedim.”
၁၃သို့ဖြစ်၍ထာဝရဘုရားသည်ကျွန်ုပ်အားဖခင် ၏အိမ်မှနိုင်ငံရပ်ခြားသို့ထွက်ခွာသွားစေသည့် အခါ ကျွန်ုပ်ကစာရာအားငါ့ကိုသစ္စာစောင့်သည့် အနေဖြင့် သင်ရောက်လေရာရာတွင်ငါသည်သင် ၏အစ်ကိုဖြစ်ကြောင်းပြောရန်မှာကြားခဲ့ပါသည်'' ဟုဖြေကြားလေသည်။
14 Avimelek İbrahim'e karısı Sara'yı geri verdi. Bunun yanısıra ona davar, sığır, köleler, cariyeler de verdi.
၁၄ထိုနောက်အဘိမလက်သည် စာရာကိုအာဗြဟံ ထံပြန်အပ်လေ၏။ အာဗြဟံအားသိုးနွားနှင့် ကျေးကျွန်များကိုလည်းပေးသနားလေသည်။-
15 İbrahim'e, “İşte ülkem önünde, nereye istersen oraya yerleş” dedi.
၁၅အဘိမလက်က``ငါ၏တိုင်းပြည်တစ်ဝန်း လုံးတွင် သင်ကြိုက်ရာအရပ်၌နေလော့'' ဟု အာဗြဟံအားမိန့်ကြား၏။-
16 Sara'ya da, “Kardeşine bin parça gümüş veriyorum” dedi, “Yanındakilere karşı senin suçsuz olduğunu gösteren bir kanıttır bu. Herkes suçsuz olduğunu bilsin.”
၁၆ထိုနောက်စာရာအား``သင်သည်အပြစ်မဲ့ကြောင်း သင်၏အပေါင်းအဖော်တို့သိစေရန်သက်သေ အထောက်အထားအဖြစ် ငါသည်သင်၏အစ်ကို အားငွေသားတစ်ထောင်ပေးပြီ။ လူတိုင်းကသင် သည်အပြစ်တစ်စုံတစ်ရာကူးလွန်ခြင်းမရှိ ကြောင်းသိလိမ့်မည်'' ဟုဆိုလေ၏။
17 İbrahim Tanrı'ya dua etti ve Tanrı Avimelek'le karısına, cariyelerine şifa verdi. Çocuk sahibi oldular.
၁၇အာဗြဟံ၏မယားစာရာကိုသိမ်းပိုက်သည့် ကိစ္စကြောင့် အဘိမလက်၏နန်းတော်တွင်ရှိ သမျှသောမိန်းမတို့သည် သားသမီးမရစေ ခြင်းငှာထာဝရဘုရားစီရင်တော်မူ၏။ ထိုကြောင့် အာဗြဟံသည်အဘိမလက်အတွက် ထာဝရ ဘုရားထံဆုတောင်းသဖြင့်သူသည်ကျန်းမာ လာ၏။ သူ၏မယားနှင့်သူ၏ကျွန်မတို့သည် လည်း သားသမီးရနိုင်ရန်ကျန်းမာလာကြ လေသည်။
18 Çünkü İbrahim'in karısı Sara yüzünden RAB Avimelek'in evindeki kadınların hamile kalmasını engellemişti.
၁၈