< Hezekiel 5 >
1 “Ey insanoğlu, keskin bir kılıç al, berber usturası gibi kullanarak başını, sakalını tıraş et. Sonra bir terazi getir, kılları bölümlere ayır.
၁တဖန်တုံ၊ အချင်းလူသား၊ ထက်သောထား တည်းဟူသော၊ ဆတ္တာသည်၏သင်တုန်းကိုယူ၍၊ ကိုယ်ဆံပင်နှင့်မုတ်ဆိတ်ကို ရိတ်ပြီးမှ၊ ချိန်ခွင်နှင့် ချိန်၍ အစုစုခွဲထားလော့။
2 Yeruşalim'in kuşatılması bitince, kılların üçte birini kentin ortasında yakacaksın. Üçte birini kılıçla kentin çevresine fırlatacak, kalan üçte birini de rüzgara savuracaksın. Ben de yalın kılıç onların peşine düşeceğim.
၂မြို့ကို ဝိုင်းထားရာ ကာလစေ့သောအခါ၊ ဆံပင်နှင့် မုတ်ဆိတ်သုံးစု တစုကို မြို့ထဲမှာ မီးရှို့လော့။ တစုကိုထားနှင့်ခုတ်ဖြတ်လော့။ တစုကို လေတိုက်ရာ၌ လွှင့်လော့။ ငါသည်လည်း ထိုအစုနောက်သို့ ထားကိုလွှတ် လိုက်မည်။
3 Birkaç tel kıl bırak, giysinin kıvrımlarına tak.
၃အနည်းငယ်ကိုလည်းယူ၍ ကိုယ်အဝတ်နှင့် ထုပ်လော့။
4 Yine birkaçını alıp ateşe at, yansın. O kıllardan bütün İsrail halkına ateş yayılacak.
၄ထိုအနည်းငယ်အချို့ကိုလည်း ယူပြန်၍ မီးရှို့ လော့။ ထိုမီးသည် ဣသရေလအမျိုးကို နှံ့ပြားလိမ့်မည်ဟု မိန့်တော်မူ၏။
5 “Egemen RAB diyor ki: Bu Yeruşalim'i ulusların ortasına yerleştirdim, çevresini ülkelerle kuşattım.
၅တဖန်အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ဤပုံသည် ယေရုရှလင်မြို့ဖြစ်၏။ ပတ်လည်၌ ရှိသောတိုင်းပြည်များတို့အလယ်မှာ ထိုမြို့ကို ငါထား၍၊
6 Öyleyken Yeruşalim çevresindeki bütün uluslardan ve ülkelerden daha çok kötülük yaparak ilkelerimi, kurallarımı çiğnedi. İlkelerime karşı geldi, kurallarım uyarınca davranmadı.
၆ပတ်လည်၌ရှိသော တိုင်းသူပြည်သားတို့သည် ငါ၏စီရင်ထုံးဖွဲ့ ချက်ပညတ်တရားကို လွန်ကျူး သည်ထက်၊ ထိုမြို့သားတို့သည်သာ၍ မတရားသဖြင့် လွန်ကျူးကြပြီ။ ထိုပညတ်တရားတော်လမ်းသို့ မလိုက်ဘဲ ငြင်းပယ်ကြပြီ။
7 Bundan ötürü Egemen RAB diyor ki: Çevrenizde yaşayan uluslardan daha azgındınız, kurallarımı izlemediniz, ilkelerime uymadınız. Çevrenizde yaşayan ulusların ilkelerine de uymadınız.
၇သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်တို့သည် ပတ်လည်၌ရှိသော တိုင်းသူပြည်သား တို့ ဆန့်ကျင်သည်ထက်၊ သာ၍ဆန့် ကျင်သောကြောင့် ၎င်း၊ ငါ၏စီရင်ချက်လမ်းသို့မဟုတ်၊ ငါ၏ပညတ်တရား ကိုမစောင့်ရှောက်၊ ပတ်လည်၌ရှိသော တိုင်းသူပြည်သား တို့၏ထုံးစံဓလေ့ သို့လိုက်သောကြောင့်၎င်း၊
8 “Bundan ötürü Egemen RAB diyor ki: İşte ben size karşıyım, ulusların gözü önünde sizi cezalandıracağım.
၈ငါသည်ကိုယ်တိုင်သင့်တဘက်၌ နေ၍၊ တပါး အမျိုးသားတို့ရှေ့မှာ သင်၌အပြစ်ဒဏ်ကိုစီရင်မည်။
9 Yaptığınız bütün iğrençlikler yüzünden önceden yapmadığımı, bir daha yapmayacağımı size yapacağım.
၉သင်ပြုဘူးသမျှသော ရွံ့ရှာဘွယ်အမှုတို့ကြောင့်၊ ငါမစီရင်စဖူး၊ မစီရင်လတံ့သောအပြစ်ဒဏ်ကို သင်၌ စီရင်မည်။
10 Böylece aranızda babalar çocuklarını, çocuklar da babalarını yiyecekler. Sizi cezalandıracağım, sağ kalanlarınızı her yana dağıtacağım.
၁၀သင်၏အလယ်၌ အဘတို့သည် သားတို့ကို စားကြလိမ့်မည်။ သားတို့သည်လည်း အဘတို့ကိုစားကြ လိမ့်မည်။ သင်၌အပြစ်ဒဏ်ကို စီရင်၍၊ ကျန်ကြွင်းသမျှကို အရပ်ရပ်တို့ကလာသောလေရှေ့မှာ ငါလွှင့်မည်။
11 Egemen RAB varlığım hakkı için diyor, madem tapınağımı iğrenç put ve uygulamalarınızla kirlettiniz, ben de sizi esirgemeyecek, size acımayacak, sizi kayırmayacağım.
၁၁ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာအပေါင်းတို့နှင့် ငါ၏သန့်ရှင်းရာ ဌာနကို သင်သည်ညစ်ညူးစေသောကြောင့်၊ ငါသည် လည်း သင့်ကိုမနှမြော၊ မစုံမက်ဘဲမျက်နှာလွှဲမည်။
12 Kentte yaşayanlarınızın üçte biri salgın hastalık ya da kıtlık yüzünden yok olacak; üçte biriniz çevrede kılıçtan geçirilecek; üçte birinizi de her yana dağıtıp yalın kılıç peşinize düşeceğim.
၁၂သင်၏သုံးစုတို့တွင်၊ တစုသည်နာဘေးဖြင့် သေ၍၊ သင်၏အလယ်၌မွတ်သိပ်ခြင်းဘေးဖြင့် ဆုံးရ လိမ့်မည်။ တစခုသည်သင့်ပတ်လည်၌ ထားဘေးဖြင့်လဲ၍ သေရလိမ့်မည်။ တစုကိုအရပ်ရပ်တို့က လာသော လေရှေ့မှာငါလွှင့်၍၊ သူ့နောက်သို့ ထားကို လွှတ်လိုက် မည်။
13 “Böylece kızgınlığım son bulacak, onlara karşı öfkemi yatıştıracağım. O zaman ben de rahata kavuşacağım. Öfkemi onların üzerine boşaltınca, ben RAB'bin kıskançlığımdan onlarla konuştuğumu anlayacaklar.
၁၃ထိုသို့ငါအမျက်အလို ပြည့်စုံလိမ့်မည်။ ငါ့ဒေါသ အရှိန်ကို သူတို့အပေါ်မှာ တည်စေပြီးမှ၊ ငါ့စိတ်ပြေ လိမ့်မည်။ သူတို့၌ ငါ့ဒေါသစိတ်အလို ကိုပြည့်စုံ စေသောအခါ၊ ငါထာဝရဘုရားသည် စိတ်အားကြီး၍ မိန့်တော်မူကြောင်းကို သူတို့သိရကြလိမ့်မည်။
14 “Çevrenizdeki uluslar arasında, yoldan her geçenin gözü önünde sizi yıkıma uğratacak, aşağılayacağım.
၁၄ထိုမှတပါး၊ အနားမှာရှောက်သွားသမျှသော သူတို့ရှေ့တွင် သင့်ကိုလူဆိတ်ညံရာ၊ ပတ်လည်၌နေသော လူအမျိုးမျိုးတို့၏ ကဲ့ရဲ့ရာ ဖြစ်စေမည်။
15 Öfke, kızgınlık ve acı paylamalarla sizi cezalandırdığımda çevrenizdeki uluslar arasında alay konusu olacak, aşağılanacaksınız; ders alınacak, şaşılacak bir duruma düşeceksiniz. Ben, RAB bunu söyledim.
၁၅ဒေါသအမျက်အရှိန်အားဖြင့် သင်၌ပြင်းပစွာ သော အပြစ်ဒဏ်ကို ငါစီရင်သောအခါ၊ ပတ်လည်၌ နေသောလူအမျိုမျိုးတို့တွင် သင်သည် ကဲ့ရဲ့ပြစ်တင်ရာ၊ သတိရရာ၊ အံ့ဩဘွယ်ရာဖြစ်လိမ့်မည်။ ထိုသို့ငါထာဝရ ဘုရား မိန့်တော်မူ၏။
16 Sizi yok etmek için üzerinize öldürücü, yıkıcı kıtlık oklarını salacağım. Üzerinize salacağım kıtlığı daha da artıracak, sizi her türlü yiyecekten yoksun bırakacağım.
၁၆သင်တို့ကို ဖျက်ဆီးခြင်းငှါ မွတ်သိပ်ခြင်း ဘေးတည်းဟူသော မြှားဆိုးတို့ကို ငါလွှတ်လိုက်သော အခါ၌၎င်း၊ သင်တို့တွင်မွတ်သိပ်ခြင်းဘေးကို တိုးပွါးစေ၍၊ မုန့်အထောက်အပင့်ကို ငါချိုးသောအခါ၌၎င်း၊
17 Üzerinize kıtlık ve yabanıl hayvanlar salacağım, sizi çocuklarınızdan edecekler. Salgın hastalık ve dökülen kan sizi süpürüp yok edecek; başınıza da kılıç getireceğim. Ben, RAB böyle söyledim.”
၁၇သင်တို့ကို လုယက်နှိပ်စက်ရသော မွတ်သိပ်ခြင်း ဘေး၊ သားရဲဘေးကို ငါလွှတ်လိုက်၍၊ ထားဘေးကိုလည်း ရောက်စေသဖြင့်၊ နာဘေး၊ အသေသတ်ခြင်းဘေးတို့ သည် လွှမ်းမိုးသောအခါ၌၎င်း ထိုသို့ဖြစ်လိမ့်မည်။ ထိုသို့ ငါထာဝရဘုရားသည် မိန့်တော်မူ၏။