< Hezekiel 21 >

1 RAB bana şöyle seslendi:
ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
2 “Ey insanoğlu, yüzünü Yeruşalim'e çevir, kutsal yerlerine karşı konuş, İsrail ülkesine karşı peygamberlik et.
ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင် မြို့​ဘက်​သို့​လှည့်​၍​ထို​မြို့​ကို​ရှုတ်​ချ​လော့။ လူ တို့​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ရှုတ် ချ​လော့။ ဣ​သ​ရေ​လ​ပြည်​ကို​ပ​ရော​ဖက်​ပြု ၍​သ​တိ​ပေး​လော့။-
3 Ona de ki, ‘RAB şöyle diyor: Ben sana karşıyım! Kılıcımı kınından çıkaracak, içindeki doğru kişiyi de kötü kişiyi de kesip yok edeceğim.
လူ​တို့​အား​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့ ၏​ရန်​သူ​ဖြစ်​ကြောင်း ငါ​၏​ဋ္ဌား​လွယ်​အိမ်​မှ ဋ္ဌား​တော်​ကို​ထုတ်​ယူ​၍ သူ​တို့​အ​ပေါင်း​အား လူ​ဆိုး​လူ​ကောင်း​မ​ရွေး​သုတ်​သင်​ပစ်​မည် ဖြစ်​ကြောင်း၊-
4 Doğru kişiyi de kötü kişiyi de kesip yok etmek için kılıcım kınından çıkacak ve güneyden kuzeye herkese karşı olacak.
ယင်း​သို့​လူ​ဆိုး​လူ​ကောင်း​မ​ရွေး​သုတ်​သင် ပစ်​ရန် ငါ​သည်​မြောက်​အ​ရပ်​မှ​နေ​၍​တောင် အ​ရပ်​သို့​တိုင်​အောင် ရှိ​သ​မျှ​သော​လူ​တို့ ကို​ဋ္ဌား​တော်​ဖြင့်​စီ​ရင်​မည်​ဖြစ်​ကြောင်း၊-
5 Böylece herkes kılıcını kınından çıkaranın ben RAB olduğumu anlayacak. Onu bir daha yerine koymayacağım.’
ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ဋ္ဌား​တော် ကို​ဋ္ဌား​လွယ်​အိမ်​မှ​ထုတ်​တော်​မူ​ပြီ​ဖြစ် ကြောင်း၊ ထို​ဋ္ဌား​ကို​ဋ္ဌား​လွယ်​အိမ်​သို့​ပြန် ၍​သွင်း​တော်​မူ​မည်​မ​ဟုတ်​ကြောင်း​ကို​လူ အ​ပေါင်း​တို့​သိ​ရ​ကြ​လိမ့်​မည်။
6 “Sen, ey insanoğlu, inle! Onların gözü önünde ezik bir yürekle acı acı inle!
``အ​ချင်း​လူ​သား၊ သင်​သည်​စိတ်​ပျက်​ဝမ်း​နည်း ကြေ​ကွဲ​လျက်​ရှိ​ဘိ​သ​ကဲ့​သို့​ညည်း​တွား​လော့။ လူ​မြင်​ကွင်း​တွင်​ပြင်း​ပြ​စွာ​ညည်း​တွား​လော့။-
7 Sana, ‘Neden böyle inliyorsun?’ diye sorduklarında, ‘Yakında duyulacak haberden ötürü’ diye yanıtlayacaksın. ‘Her yürek eriyecek, her el gevşeyecek, her ruh baygın düşecek, her dizin bağı çözülecek. Evet, haber duyulacak! Bu kesinlikle yerine gelecek.’ Egemen RAB böyle diyor.”
သင်​သည်​အ​ဘယ်​ကြောင့်​ညည်း​တွား​သည်​ကို လူ​တို့​မေး​မြန်း​ကြ​သော​အ​ခါ သင်​ကြား​သိ ရ​သော​သ​တင်း​ကြောင့်​ညည်း​တွား​ရ​ခြင်း ဖြစ်​ကြောင်း​ပြော​ပြ​လော့။ ထို​အ​မှု​အ​ရာ ဖြစ်​ပျက်​လာ​သော​အ​ခါ လူ​တို့​သည်​နှ​လုံး တုန်​လျက်​သတ္တိ​ကြောင်​ကြ​လိမ့်​မည်။ သူ​တို့ ၏​လက်​များ​သည်​ပျော့​အိ​လျက်​ဒူး​များ လည်း​ပျော့​ခွေ​လိမ့်​မည်။ ထို​အ​မှု​အ​ရာ​ကား ဖြစ်​ပျက်​မည့်​အ​ချိန်​ကျ​ရောက်​ပြီ။ ယ​ခု ပင်​ဖြစ်​ပျက်​လာ​လေ​ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သော​စ​ကား​ဖြစ်​၏။
8 RAB bana şöyle seslendi:
ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
9 “İnsanoğlu, peygamberlik et ve de ki, ‘Rab şöyle diyor: “‘Kılıç, kılıç, Bilendi, cilalandı.
ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗျာ​ဒိတ်​တော် ကို​ဆင့်​ဆို​လော့။ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ် သို့​မိန့်​တော်​မူ​သည်​ကို​လူ​တို့​အား​ဆင့်​ဆို ရ​မည်​မှာ၊ ``ဋ္ဌား​တော်​ကို​ထက်​အောင်​သွေး​ထား​ပြီး။ ဋ္ဌား​တော်​ကို​ပြောင်​လက်​အောင်​တိုက်​ချွတ် ထား​ပြီ။
10 Öldürmek için bilendi, Şimşek gibi çaksın diye cilalandı. Nasıl sevinebiliriz? Kılıç oğlumun asasını sıradan bir sopa gibi küçümsedi.
၁၀သတ်​ဖြတ်​ရန်​အ​တွက်​ဋ္ဌား​ကို​ထက်​အောင် သွေး​ထား​ပြီး။ လျှပ်​ပြက်​သ​ကဲ့​သို့​ပြောင်​လက်​စေ​ရန် တိုက်​ချွတ်​ထား​၏။ ငါ​၏​သား​ယု​ဒ​အုပ်​စိုး​သော​ရာ​ဇ​လှံ​တံ​ကြောင့် ရွှင်​လန်း​ဝမ်း​မြောက်​နိုင်​မည်​မ​ဟုတ်။ ထို​ရာ​ဇ​လှံ​တံ​သည်​ဋ္ဌား​ဖြင့်​ဒဏ်​ခတ်​ခြင်း​ခံ​ရ​မည်။
11 Kılıç kullanılmak için Cilalanmaya verildi; Öldürenin eline verilsin diye bilenip cilalandı.
၁၁အ​ဆင်​သင့်​အ​သုံး​ပြု​နိုင်​စေ​ရန်​ထို​ဋ္ဌား​ကို ပြောင်​လက်​အောင်​တိုက်​ချွတ်​လျက်​ရှိ​၏။ လူ​သတ်​သ​မား​၏​လက်​သို့​အပ်​ရန် ယင်း​ကို​ထက်​အောင်​သွေး​ပြီး​လျှင် ပြောင်​လက်​အောင်​တိုက်​ချွတ်​ထား​၏။
12 İnsanoğlu, bağır, haykır! Çünkü bu kılıç halkıma karşı; Bütün İsrail önderlerine karşı. Onlar halkımla birlikte kılıca teslim edildiler. Bunun için bağrını döv.
၁၂အ​ချင်း​လူ​သား၊ဝမ်း​နည်း​၍​အော်​ဟစ်​ငို ကြွေး​လော့။ ဤ​ဋ္ဌား​သည်​ငါ​၏​လူ​မျိုး​တော်​အ​တွက် ဣသ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အ​ပေါင်း​တို့ အ​တွက်​ဖြစ်​၏။ သူ​တို့​သည်​ကျန်​ရှိ​နေ​သူ​ငါ​၏​လူ​မျိုး​တော်​ဝင် အ​ပေါင်း​နှင့်​အ​တူ​အ​သတ်​ခံ​ရ​ကြ​အံ့။ စိတ်​ပျက်​လက်​လျော့​လျက်​သင်​၏​ရင်​ကို​တီး ခတ်​လော့။
13 “‘Deneme kuşkusuz gelecek. Kılıcın küçümsediği asa varlığını sürdüremezse ne olur? Böyle diyor Egemen RAB.’
၁၃ငါ​သည်​ဋ္ဌား​ဖြင့်​ဒဏ်​ခတ်​ခြင်း​ခံ​ရ​မည့် ယု​ဒ​၏ ရာ​ဇ​လှံ​တံ​တော်​ပျက်​စီး​မည့်​အ​ချိန်​ကို အ​ကဲ​ခတ်​နေ​ခြင်း​ဖြစ်​၏​ဟု​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။
14 “Sen, ey insanoğlu, peygamberlik et, el çırp. Bırak kılıç iki, üç kez vursun. Bu öldüren bir kılıçtır, Çok sayıda insan kıran, İnsanı her yandan saran kılıçtır.
၁၄``အ​ချင်း​လူ​သား၊ ယ​ခု​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​လော့။ လက်​ခုပ်​တီး​လော့။ ထို​အ​ခါ​ဋ္ဌား တော်​ကို​နှစ်​ကြိမ်​သုံး​ကြိမ်​ဝှေ့​ယမ်း​လော့။ ထို ဋ္ဌား​သည်​သူ​သတ်​သော​ဋ္ဌား၊ ရက်​စက်​စွာ​သတ် ဖြတ်​သည့်​ဋ္ဌား​ဖြစ်​၏။ သူ​တို့​ကို​အ​ဘက်​ဘက် မှ​ဝိုင်း​ရံ​သတ်​ဖြတ်​လိမ့်​မည်။-
15 Yürekleri erisin, Tökezleyip düşenler çok olsun diye Bütün kapılarında öldürmek için Görevlendirdim kılıcı. Ah, kılıç şimşek gibi parladı, Öldürmek için bilendi.
၁၅ယင်း​သည်​ငါ​၏​လူ​မျိုး​တော်​အား​နှ​လုံး​တုန် စေ​၍ ယိမ်း​ယိုင်​ပြို​လဲ​စေ​၏။ လျှပ်​ပြက်​သ​ကဲ့ သို့​ပြောင်​လက်​၍​ခုတ်​ဖြတ်​ရန်​အ​သင့်​ရှိ​သော ဋ္ဌား​ဖြင့် ငါ​သည်​သူ​တို့​၏​မြို့​တံ​ခါး​တို့​တွင် သတ်​ဖြတ်​ရန်​ထို​ဋ္ဌား​ကို​ထား​ရှိ​မည်။-
16 Ey kılıç, sağa, sonra sola savrul, Ağzın nereye dönerse, oraya savrul!
၁၆အ​ချင်း​ထက်​မြက်​သော​ဋ္ဌား၊ ဘယ်​ညာ​မ​ရွေး ခုတ်​ဖြတ်​လော့။ ဦး​တည်​ရာ​ခုတ်​ဖြတ်​လော့။-
17 Ben de elimi çırpacağım Ve öfkem dinecek. Bunu ben RAB söylüyorum.”
၁၇ငါ​သည်​လည်း​လက်​ခုပ်​တီး​မည်။ ထို​နောက်​ငါ ၏​အ​မျက်​တော်​ပြေ​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ပင်​ဖြစ်​၏'' ဟူ ၍​တည်း။
18 RAB bana şöyle seslendi:
၁၈ထာ​ဝရ​ဘု​ရား​သ​ခင်​၏​နှုတ်​က​ပတ်​တော် သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
19 “İnsanoğlu, Babil Kralı'nın kılıcı gelsin diye iki yol belirle; ikisi de aynı ülkeden başlamalı. Kent yolunun başladığı yere bir işaret koy.
၁၉ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဗာ​ဗု​လုန်​မင်း တိုက်​ခိုက်​ရန်​ဋ္ဌား​ကို​ကိုင်​၍ လာ​နိုင်​သည့်​လမ်း နှစ်​လမ်း​ကို​မှတ်​သား​လော့။ ထို​လမ်း​နှစ်​လမ်း စ​လုံး​ပင်​တိုင်း​ပြည်​တစ်​ခု​တည်း​မှ​အ​စ ပြု​ရ​မည်။ ထို​မြို့​သို့​ခွဲ​သွား​သည့်​လမ်း​ခွ တွင်​မှတ်​တိုင်​များ​စိုက်​ထား​လော့။-
20 Ammonlular'ın Rabba Kenti'ne ya da Yahuda'ya ve surlarla çevrili Yeruşalim'e ilerlesin diye kılıç için yol belirle.
၂၀ဖျက်​ဆီး​မည့်​ဋ္ဌား​လာ​ရောက်​ရန်​မှတ်​တိုင်​တစ် တိုင်​သည် အမ္မုန်​ပြည်​ရဗ္ဗတ်​မြို့​သို့​လမ်း​ညွှန် လျက် အ​ခြား​တစ်​တိုင်​မှာ​ယု​ဒ​ပြည်​ခိုင်​ခံ့ သော​ယေ​ရု​ရှ​လင်​မြို့​သို့​လမ်း​ညွှန်​ရ​မည်။-
21 Çünkü Babil Kralı iki yolun ayrıldığı, yolların çatallaştığı yerde fala bakmak için duracak. Okları silkeleyecek, aile putlarına danışacak, kurban edilen bir hayvanın ciğerine bakacak.
၂၁ဗာ​ဗု​လုန်​မင်း​သည်​လမ်း​ဆုံ၊ လမ်း​ဝ​သို့​ရောက် သော​အ​ခါ ရပ်​၍​အ​ဘယ်​လမ်း​ကို​လိုက်​ရ​မည် ကို​သိ​နိုင်​ရန်​မြား​တို့​ကို​လှုပ်​၍​မဲ​ချ​၏။ သူ ၏​ရုပ်တု​တို့​ကို​မေး​မြန်း​၏။ တိ​ရစ္ဆာန်​အ​သည်း ကို​လည်း​ကြည့်​၏။-
22 Kütük yerleştirmek, öldür buyruğunu vermek, savaş naraları atmak, kapılara kütük yerleştirmek, toprak rampalar oluşturmak, kuşatma duvarları yapmak için sağ elinde Yeruşalim'i gösteren ok olacak.
၂၂ထို​အ​ခါ`ယေ​ရု​ရှ​လင်' ဟု​ရေး​မှတ်​ထား​သော နိ​မိတ်​ပြ​မြား​သည် သူ​၏​ညာ​ဘက်​လက်​တွင်း သို့​ရောက်​ရှိ​၏။ ထို​မြား​က​သူ့​အား​မြို့​ရိုး​ဖြို ရန်​တုံး​မောင်း​များ​ကို​သွား​ရောက်​တပ်​ဆင်​ကာ သတ်​ရန်​အ​မိန့်​ပေး​လျက်​စစ်​တိုက်​သံ​များ ကို​ကြွေး​ကြော်​ရန်​လည်း​ကောင်း၊ တံ​ခါး​ထု ဖွင့်​ရန်​တုံး​မောင်း​ကို​လည်း​ကောင်း မြေ​က​တုတ် များ​ဖို့​၍​က​တုတ်​ကျင်း​များ​ကို​တူး​ရန် လည်း​ကောင်း​ညွှန်​ပြ​၏။-
23 Onunla ant içerek antlaşma yapanlar fala yanlış bakıldığını sanacak. Ama kral suçlarını anımsatıp onları tutsak alacak.
၂၃ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည်​ဗာ​ဗု လုန်​မင်း​နှင့် မိ​မိ​တို့​ချုပ်​ဆို​ထား​သည့်​စစ်​ပြေ ငြိမ်း​ခြင်း​စာ​ချုပ်​များ​ရှိ​သ​ဖြင့် ဤ​သို့​ကြို တင်​ဟော​ကိန်း​ထွက်​သည်​ကို​ယုံ​ကြ​လိမ့်​မည် မ​ဟုတ်။ သို့​ရာ​တွင်​သူ​တို့​အား​မိ​မိ​တို့​၏ အ​ပြစ်​များ​ကို​ပြန်​လည်​သ​တိ​ရ​စေ​၍ သူ​တို့​အ​ဖမ်း​ခံ​ရ​ကြ​လိမ့်​မည်။-
24 “Bundan ötürü Egemen RAB şöyle diyor: ‘Madem suçlarınızı, isyanlarınızı anımsattırdınız, bütün uygulamalarınızda günahlarınızı açığa çıkardınız, madem bütün bunları yaptınız, siz de tutsak alınıp götürüleceksiniz.
၂၄သို့​ဖြစ်​၍​ငါ​အ​ရှင်​ထာဝရ​ဘု​ရား​မိန့်​တော်​မူ သည်​ကား သင်​တို့​၏​ပုန်​ကန်​မှု​ကြောင့်​သင်​တို့ ၏​အ​ပြစ်​များ​ကို​အ​မှတ်​ရ​စေ​ပြီ။ သင်​တို့​၏ အ​ကျင့်​အ​ကြံ​ဟူ​သ​မျှ​က သင်​တို့​၏​အ​ပြစ် များ​ကို​ပေါ်​လွင်​လာ​စေ​၏။ သင်​တို့​ဤ​သို့ ပြု​သည်​ဖြစ်​၍ ငါ​သည်​သင်​တို့​ကို​ရန်​သူ များ​၏​လက်​သို့​ပေး​အပ်​မည်။
25 “‘Sen, ey saygısız, kötü İsrail önderi, günün yaklaştı, sonunda yargı günün geldi.
၂၅``အ​ချင်း​ယုတ်​မာ​ဆိုး​ညစ်​သည့်​ဣသ​ရေ​လ မင်း၊ သင်​၏​ကံ​ကြမ္မာ​ကို​ဖန်​တီး​မည့်​နေ့​ရက်၊ သင်​အ​ပြီး​သတ်​အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နေ့ ရက်​ကျ​ရောက်​လာ​လေ​ပြီ။-
26 Egemen RAB şöyle diyor: Sarığı çıkar, tacı kaldır. Artık eskisi gibi olmayacak. Alçakgönüllü yükseltilecek, gururlu alçaltılacak.
၂၆ဤ​ကား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ သော​စ​ကား​ဖြစ်​၏။ သင်​၏​ရာ​ဇ​သ​ရ​ဖူ​နှင့် ဦး​ရစ်​ကို​ချွတ်​လိုက်​လော့။ အ​ခြေ​အ​နေ​အား လုံး​ပြောင်း​လဲ​သွား​လေ​ပြီ။ ဆင်း​ရဲ​သူ​တို့ အား​တန်​ခိုး​အာ​ဏာ​ပေး​အပ်​၍ တန်​ခိုး အာ​ဏာ​ရှိ​သူ​တို့​ကို​နိမ့်​ကျ​စေ​အံ့။-
27 Yıkım! Yıkım! Kenti yerle bir edeceğim! Hak sahibi gelinceye dek onarılmayacak. Kenti ona vereceğim.’
၂၇ငါ​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​ယို​ယွင်း​ပျက်​စီး စေ​မည်။ ယို​ယွင်း​ပျက်​စီး​စေ​မည်။ ယို​ယွင်း​ပျက် စီး​စေ​မည်။ သို့​ရာ​တွင်​ထို​မြို့​ကို​တ​ရား​ဝင် ပိုင်​ဆိုင်​သူ​မ​ရောက်​မီ ယင်း​ကို​ပြန်​လည်​ပြု ပြင်​ကြ​လိမ့်​မည်​မ​ဟုတ်။ ထို​သူ​အား​ငါ အပ်​မည်။
28 “Sen, ey insanoğlu, peygamberlik et ve de ki, ‘Aşağılayıcı sözler söyleyen Ammonlular için Egemen RAB şöyle diyor: “‘Kılıç, kılıç, Öldürmek için kınından çekilmiş, Yok etmek için, Şimşek gibi parlamak için cilalanmış!
၂၈``အ​ချင်း​လူ​သား၊ ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​စော် ကား​သည့်​အမ္မုန်​ပြည်​သား​တို့​အား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​မိန့်​တော်​မူ ကြောင်း​ကို​ကြေ​ညာ​လော့။'' ``ဖျက်​ဆီး​သုတ်​သင်​ရန်​ဋ္ဌား​တော်​ကို အ​သင့်​ထား​လေ​ပြီ။ ဋ္ဌား​ကို​အ​သင့်​ထား​လေ​ပြီ။ သတ်​ဖြတ်​ရန်​ထို​ဋ္ဌား​တော်​ကို​တိုက်​ချွတ်​ထား​၏။ လျှပ်​ပြက်​သ​ကဲ့​သို့​ပြောင်​လက်​အောင် တိုက်​ချွတ်​ထား​၏'' ဟု​သူ​တို့​အား​ဆင့်​ဆို​လော့။
29 Size ilişkin görümler aldatıcıdır, Açılan fal yalandır. Öldürülecek kötülerin enseleri üzerine Yerleştirileceksin, ey kılıç! Onların günü yaklaştı, Sonunda yargı günleri geldi.
၂၉သင်​တို့​မြင်​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည် အ​တု​ဖြစ်​၍ သင်​တို့​အား​ကြို​တင်​ဟော​ပြော ချက်​များ​သည်​လည်း​လိမ်​လည်​ဟော​ပြော​မှု များ​သာ​ဖြစ်​၏။ သင်​တို့​အ​ပြီး​သတ်​အ​ပြစ် ဒဏ်​ခံ​ရ​မည့်​နေ့​ရက်​သည်​နီး​ကပ်​လာ​လေ ပြီ။ ဋ္ဌား​တော်​သည်​ယုတ်​မာ​ဆိုး​ညစ်​သူ​တို့ ၏​ဇက်​ပေါ်​သို့​သတ်​ဖြတ်​ရန်​ကျ​ရောက်​အံ့။
30 Kılıç kınına koyulsun! Yaratıldığınız yerde, Atalarınızın ülkesinde Yargılayacağım sizi.
၃၀`` `သင်​၏​ဋ္ဌား​ကို​ဋ္ဌား​လွယ်​အိမ်​သို့​ပြန်​သွင်း စေ။ သင့်​ကို​ဖန်​ဆင်း​ရာ​အ​ရပ်၊ သင်​မွေး​ဖွား ရာ​ပြည်​တွင်​ငါ​သည်​သင့်​အား​တ​ရား​စီ ရင်​မည်။-
31 Öfkemi üzerinize dökeceğim, Kızgınlığımı üzerinize üfleyeceğim; Acımasız adamların, Yakıp yok etmekte usta kişilerin eline Teslim edeceğim sizi.
၃၁ငါ​သည်​တောက်​လောင်​နေ​သော​မီး​သ​ဖွယ် ငါ​၏​အ​မျက်​တော်​ကို သင့်​၏​အ​ပေါ်​သို့ သွန်း​လောင်း​ရ​လိမ့်​မည်။ သင့်​အား​ရက်​စက် ကြမ်း​ကြုတ်​သူ​အ​ဖျက်​ဝိဇ္ဇာ​တို့​၏​လက် သို့​ငါ​ပေး​အပ်​မည်။-
32 Ateşe yakıt olacaksınız, Kanınız ülkenizin ortasında dökülecek, Bir daha anılmayacaksınız. Çünkü bunu ben RAB söylüyorum.’”
၃၂သင်​သည်​လောင်​စာ​ဖြစ်​လိမ့်​မည်။ မိ​မိ​၏​ပြည် ၌​ပင်​သေ​ရ​လိမ့်​မည်။ နောက်​တစ်​ဖန်​အ​ဘယ် သူ​မျှ​သင့်​အား​သ​တိ​ရ​ကြ​တော့​မည်​မ ဟုတ်' '' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​သ​တည်း။

< Hezekiel 21 >