< Hezekiel 20 >
1 Sürgünlüğümüzün yedinci yılı, beşinci ayın onuncu günü, İsrail ileri gelenlerinden bazı kişiler RAB'be danışmak için gelip önüme oturdular.
၁သက္ကရာဇ် ခုနစ် ခု၊ ပဉ္စမ လ ဆယ် ရက်နေ့တွင် ၊ ဣသရေလ အမျိုး အသက်ကြီး သူတို့သည် ထာဝရဘုရား ကို မေးလျှောက် ခြင်းငှါ လာ ၍ ငါ့ ရှေ့မှာ ထိုင် နေကြ၏။
2 RAB o sırada bana seslendi:
၂ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက်လာ ၍ ၊
3 “İnsanoğlu, İsrail ileri gelenlerine de ki, ‘Egemen RAB şöyle diyor: Bana danışmaya mı geldiniz? Varlığım hakkı için diyor Egemen RAB, bana danışmanıza izin vermeyeceğim.’
၃အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဣသရေလ အမျိုး အသက်ကြီး သူတို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သည် ငါ့ ထံ၌မေးလျှောက် ခြင်းငှါ လာ ကြသလော။ ငါ အသက်ရှင် သည်အတိုင်း သင် တို့မေးလျှောက် ခြင်းကို ငါမ ခံ။
4 “Onları yargılayacak mısın? Ey insanoğlu, onları yargılayacak mısın? Öyleyse onlara atalarının iğrenç uygulamalarını anımsat.
၄အချင်းလူသား ၊ သင်သည်သူ တို့ကို စစ်ကြော လော့။ စစ်ကြော လော့။ သူ တို့ဘိုးဘေး ပြုဘူးသော စက်ဆုပ် ရွံရှာဘွယ်အမှုကို ဘော်ပြ ၍၊
5 Onlara de ki, ‘Egemen RAB şöyle diyor: İsrail'i seçtiğim gün Yakup soyuna ant içtim ve kendimi Mısır'da onlara açıkladım. Ant içerek, Tanrınız RAB benim dedim.
၅အရှင် ထာဝရဘုရား ၏ အမိန့်တော်ကိုဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုး ငါ ရွေးကောက် ၍၊ အဲဂုတ္တု ပြည် ၌ သူ တို့အား ထင်ရှား လျက်၊ ငါ သည်သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်သည်ဟု၊ ယာကုပ် အမျိုးသား တို့ အား ကျိန်ဆို သည်ကာလ၊
6 O gün, onları Mısır'dan çıkaracağıma, kendileri için seçtiğim en güzel ülkeye, süt ve bal akan ülkeye götüreceğime söz verdim.
၆သူ တို့ကို အဲဂုတ္တု ပြည် မှ ငါနှုတ် ပြီးလျှင်၊ ပြည် တကာ တို့၏ အထွဋ် ဖြစ်၍၊ နို့ နှင့် ပျားရည် စီး သောပြည်၊ သူ တို့အဘို့ ငါကြည့်ရှု သော ပြည် သို့ ဆောင်သွားခြင်းငှါကျိန်ဆို သောအခါ၊
7 Onlara, herkes bel bağladığı iğrenç putları atsın, Mısır putlarıyla kendinizi kirletmeyin, Tanrınız RAB benim dedim.
၇သင်တို့အသီးအသီး ဖူးမျှော်သော စက်ဆုပ် ရွံရှာဘွယ်အရာတို့ကို စွန့်ပစ် ကြလော့။ အဲဂုတ္တု ရုပ်တု တို့နှင့် ကိုယ်ကိုကိုယ်မ ညစ်ညူး စေကြနှင့်။ ငါ သည်သင် တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏ဟု ငါဆို သော်လည်း၊
8 “‘Ne var ki, bana karşı geldiler, beni dinlemek istemediler. Bel bağladıkları iğrenç putları hiçbiri atmadı, Mısır putlarını da bırakmadılar. Bu yüzden Mısır'da öfkemi onların üzerine yağdıracağımı, kızgınlığımı dökeceğimi söyledim.
၈သူတို့သည် နား မ ထောင်၊ ငါ့ ကိုပုန်ကန် ကြ၏။ အသီးသီး ဖူးမြင်သော စက်ဆုပ် ရွံရှာဘွယ်အရာတို့ကို၎င်း၊ အဲဂုတ္တု ရုပ်တု ကို၎င်း ၊ မ စွန့်ပစ် ဘဲနေကြ ၏။ ထိုကြောင့် ၊ သူ တို့၌ ငါ့ ဒေါသ စိတ်ပြေ မည်အကြောင်း၊ အဲဂုတ္တု ပြည် ထဲမှာ သူ တို့အပေါ်သို့ ငါ့ အမျက် ရှိန်ကို သွန်းလောင်း မည် ဟု ငါအကြံရှိ၏။
9 Ama aralarında yaşadıkları ulusların gözünde adım lekelenmesin diye bunu yapmadım. Bu ulusların gözü önünde İsrailliler'i Mısır'dan çıkararak kendimi onlara açıklamıştım.
၉သို့ရာတွင် ၊ သူ တို့နေသောတပါးအမျိုးသား တို့ ရှေ့မှာ ၊ ငါ၏နာမအသရေ ကို မ ပျက်စေခြင်းငှါ ၊ ငါသည် နာမ တော်အတွက် စီရင် ၍၊ တပါး အမျိုးသားတို့ရှေ့မှာ ထင်ရှား လျက်၊ သူ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် လေ ၏။
10 Bu yüzden İsrailliler'i Mısır'dan çıkarıp çöle götürdüm.
၁၀အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ၍ တော သို့ ရောက် သောအခါ ၊
11 Uygulayan kişiye yaşam veren kurallarımı onlara verdim, ilkelerimi tanıttım.
၁၁ကျင့် သောသူ ၌ အသက်ရှင် စရာအကြောင်းဖြစ်သော ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို ငါဘော်ပြ ၏။
12 Kendilerini kutsal kılanın ben RAB olduğumu anlasınlar diye aramızda bir belirti olarak Şabat günlerimi de onlara verdim.
၁၂ထိုမှတပါး ၊ ငါ ထာဝရဘုရား သည် သူ တို့ကို သန့်ရှင်း စေသည်ဟု သူတို့သည် သိ မည်အကြောင်း ၊ ငါ နှင့် သူ တို့စပ်ကြား မှာ လက္ခဏာ သက်သေဖြစ် စေခြင်းငှါ ၊ ငါ ၏ ဥပုသ် နေ့တို့ကို ငါခန့်ထား ၏။
13 “‘Böyleyken İsrail halkı çölde bana başkaldırdı. Uygulayan kişiye yaşam veren kurallarımı izlemediler, ilkelerimi reddettiler. Şabat günlerimi de hiçe saydılar. Bu yüzden çölde öfkemi üzerlerine yağdırıp onları yok edeceğimi söyledim.
၁၃သို့ရာတွင် ၊ ဣသရေလ အမျိုး သည် တော ၌ ငါ့ ကို ပုန်ကန် ကြ၏။ ကျင့် သောသူ၌ အသက်ရှင် စရာ အကြောင်းဖြစ်သော ငါ ၏စီရင် ထုံးဖွဲ့ချက်ကို မ စောင့်ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ဥပုသ် နေ့တို့ကို အလွန် ရှုတ်ချ ကြ၏။ ထိုအခါ သူ တို့ဖျက်ဆီး ခြင်းငှါ ၊ တော ၌ သူ တို့ အပေါ်သို့ ငါ့ အမျက် အရှိန်ကို သွန်းလောင်း မည်ဟု အကြံ ရှိ၏။
14 Ama İsrailliler'i Mısır'dan çıkardığımı gören ulusların gözünde adıma leke gelmesin diye bunu yapmadım.
၁၄သို့ရာတွင် ၊ ငါနှုတ်ဆောင် ခြင်းကျေးဇူးကို မြင် သော တပါးအမျိုးသား တို့ရှေ့မှာ ငါ၏နာမအသရေ ကို မ ပျက်စေခြင်းငှါ၊ ငါသည် နာမ တော်အတွက် စီရင် လေ၏။
15 Ben de kendilerine verdiğim en güzel ülkeye, süt ve bal akan ülkeye onları götürmeyeceğime çölde ant içtim.
၁၅တဖန် ၊ ပြည် တကာ တို့၏ အထွဋ် ဖြစ်၍နို့ နှင့် ပျားရည် စီး သော ပြည်၊ သူ တို့အားငါပေး သောပြည် သို့ မ ပို့ဆောင် ခြင်းငှါ ၊ တော ၌ ငါ ကျိန်ဆို ၏။
16 Çünkü ilkelerimi reddettiler, kurallarımı izlemediler, Şabat günlerimi hiçe saydılar. Yürekleri putlarına bağlıydı.
၁၆အကြောင်းမူကား ၊ သူတို့သည် ရုပ်တု များကို ငဲ့ကွက် သောကြောင့် ၊ ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ဥပုသ် နေ့တို့ကို ရှုတ်ချ ကြ၏။
17 Yine de onlara acıdım, onları yok etmedim, çölde işlerine son vermedim.
၁၇သို့သော်လည်း ၊ ငါသည်သူ တို့ကို နှမြော သောကြောင့် မဖျက်ဆီး ၊ တော ၌ ဆုံးရှုံး စေခြင်းငှါမ ပြု ။
18 Çölde çocuklarına atalarınızın kurallarını izlemeyin, ilkelerine göre yaşamayın, putlarıyla kendinizi kirletmeyin dedim.
၁၈သား မြေးတို့အား လည်း၊ သင် တို့၏ ဘိုးဘေး စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ကြနှင့်။ သူ တို့၏ ရုပ်တု များအားဖြင့် ကိုယ်ကိုမ ညစ်ညူး စေကြနှင့်။
19 Ben Tanrınız RAB'bim, benim kurallarımı izleyin, benim ilkelerim uyarınca yaşayın.
၁၉ငါ သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ၍ ကျင့်ကြံ ကြလော့။
20 Aramızda bir belirti olsun diye Şabat günlerimi kutsal sayın. O zaman benim Tanrınız RAB olduğumu anlayacaksınız dedim.
၂၀ငါ ၏ဥပုသ် နေ့တို့ကိုလည်း သန့်ရှင်း စေကြလော့။ ငါ သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်သည် ဟု၊ သင်တို့သည်သိ မည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါ နှင့် သင် တို့စပ်ကြား မှာ လက္ခဏာ သက်သေဖြစ် စေ ကြလော့ဟု ငါဆို ၏။
21 “‘Ne var ki, çocuklar bana karşı geldiler. Kurallarımı izlemediler. Uygulayan kişiye yaşam veren ilkelerim uyarınca dikkatle yaşamadılar. Şabat günlerimi hiçe saydılar. Bu yüzden çölde öfkemi üzerlerine yağdıracağımı, kızgınlığımı dökeceğimi söyledim.
၂၁သို့သော်လည်း ၊ သူတို့၏သား မြေးတို့သည် ငါ့ ကို ပုန်ကန် ကြ၏။ ကျင့် သောသူ၌ အသက်ရှင် စရာ အကြောင်းဖြစ်သော၊ ငါ ၏စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ၊ မ ကျင့်ကြံ ဘဲနေ၍၊ ငါ ၏ဥပုသ် နေ့တို့ကို ရှုတ်ချ ကြ၏။ ထိုအခါ ငါသည်သူ တို့၌ ဒေါသ စိတ်ကို ပြေ စေခြင်းငှါ၊ တော ထဲမှာ ငါ ၏ အမျက် အရှိန်ကို သူ တို့အပေါ်သို့ သွန်းလောင်း မည်ဟု အကြံ ရှိ၏။
22 Ama elimi geri çektim, İsrailliler'i Mısır'dan çıkardığımı gören ulusların gözünde adıma leke gelmesin diye bunu yapmadım.
၂၂သို့ရာတွင် ၊ ငါနှုတ်ဆောင် ခြင်း ကျေးဇူးကို သိမြင်သော တပါးအမျိုးသား တို့ရှေ့မှာ ငါ၏နာမ အသရေ ကို မ ပျက်စေခြင်းငှါ၊ ငါသည်နာမ တော်အတွက် ပြု ၍ သည်းခံ လျက်နေ၏။
23 Onları ulusların arasına dağıtacağıma, başka ülkelere göndereceğime çölde ant içtim.
၂၃တဖန် ငါ သည် သူ တို့ကို အတိုင်းတိုင်း အပြည်ပြည်အရပ်ရပ် တို့သို့ ကွဲပြား စေခြင်းငှါ တော ၌ ကျိန်ဆို ၏။
24 Çünkü ilkelerimi izlemediler, kurallarımı reddettiler. Şabat günlerimi hiçe saydılar, gözlerini atalarının putlarına diktiler.
၂၄အကြောင်းမူကား ၊ သူတို့သည် ဘိုးဘေး တို့ ကိုးကွယ်သော ရုပ်တု များကို ငဲ့ကွက်သောကြောင့်၊ ငါ ၏ စီရင် ထုံးဖွဲ့ချက်တို့ကို မ စောင့်ရှောက် ၊ မထီမဲ့မြင်ပြု ၍ ငါ ၏ ဥပုသ် နေ့တို့ကို ရှုတ်ချ ကြ၏။
25 Ben de onlara iyi olmayan kurallar, yaşam vermeyen ilkeler verdim.
၂၅ထိုကြောင့် ၊ မကောင်း သောစီရင် ချက်၊ အသက် မ ရှင်ရသောထုံးဖွဲ့ ချက်တို့ကို ငါ ပေး ၏။
26 Her ilk doğan çocuğu ateşte kurban ederek sundukları sunularla kendilerini kirletmelerine izin verdim. Öyle ki, onları dehşete düşüreyim de benim RAB olduğumu anlasınlar.’
၂၆ငါ သည် ထာဝရဘုရား ဖြစ်သည်ကို သူတို့သည် သိ မည်အကြောင်း၊ သူ တို့ကိုဖျက်ဆီး ခြင်းငှါ ၊ သူတို့သည် သားဦး အပေါင်း တို့ကို မီးဖြင့် ပူဇော်ရာတွင်၊ သူ တို့ပူဇော်သက္ကာ များအားဖြင့် ငါညစ်ညူး စေ၏။
27 “Bu nedenle, ey insanoğlu, İsrail halkına de ki, ‘Egemen RAB şöyle diyor: Atalarınız yine ihanet etmekle bana küfretmiş oldular.
၂၇သို့ဖြစ်၍ ၊ အချင်းလူသား ၊ အရှင် ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့၏ဘိုးဘေး တို့သည် ငါ့ ကိုအထပ်ထပ်ပြစ်မှား ၍ ရှုတ်ချ ကြသည်တကား။
28 Kendilerine vermeye ant içtiğim ülkeye onları getirdiğimde, gördükleri her yüksek tepede, sık yapraklı her ağacın altında kurbanlarını kestiler. Beni öfkelendiren sunularını, güzel kokulu sunularıyla dökmelik sunularını orada sundular.
၂၈သူ တို့အား ပေး ခြင်းငှါ ငါကျိန်ဆို သော ပြည် သို့ ဆောင် သွင်းသောအခါ ၊ သူတို့သည်မြင့် သောတောင် ၊ ထူထပ် သော သစ်ပင် ရှိသမျှ တို့ ကိုကြည့်ရှု ၍၊ ထို အရပ်တို့ ၌ ယဇ် ပူဇော် ခြင်း၊ ငါ့အမျက် ကို နှိုးဆော်သော အလှူ ဒါန ကိုတင် ခြင်း၊ နံ့သာပေါင်း ကို မီးရှို့ ခြင်း၊ အရည် ပူဇော်သက္ကာသွန်းလောင်း ခြင်းတို့ကို ပြုကြ၏။
29 Onlara gittikleri bu puta tapılan yerin ne olduğunu sordum.’” Orası bugün de Bama adıyla anılıyor.
၂၉ငါကလည်း၊ သင် တို့သွား တတ်သော မြင့်ရာ အရပ် ကား၊ အဘယ်သို့ နည်းဟုမေး သော်လည်း ၊ ယနေ့ တိုင်အောင် မြင့်ရာအရပ်ဟု ဆိုလိုသော ဗာမာ အမည် ဖြင့် သမုတ် ကြ၏။
30 “Bu nedenle İsrail halkına de ki, ‘Egemen RAB şöyle diyor: Atalarınız gibi siz de kendinizi kirletecek misiniz? Onların putlarına gönül verecek misiniz?
၃၀သို့ဖြစ်၍ ၊ သင်သည် အရှင် ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ အိုဣသရေလအမျိုး၊ သင် တို့သည် ဘိုးဘေး တို့ ထုံးစံ အတိုင်း ညစ်ညူး လျက်၊ သူ တို့ပြုသောစက်ဆုပ် ရွံရှာဘွယ်အမှုတို့ကိုပြု၍ မှားယွင်း လျက်၊
31 Şimdiye dek oğullarınızı ateşte kurban edip sunularınızı sunmakla, putlarınızla kendinizi kirlettiniz. Öyleyken gelip bana danışmanıza izin verir miyim, ey İsrail halkı? Varlığım hakkı için diyor Egemen RAB, bana danışmanıza izin vermeyeceğim.
၃၁ပူဇော်သက္ကာ ပြု သဖြင့်၎င်း ၊ ကိုယ် သား တို့ကို မီး ဖြင့် ပူဇော် သဖြင့်၎င်း ၊ ယနေ့ တိုင်အောင် ရုပ်တု အပေါင်း တို့နှင့် ညစ်ညူး လျက်ရှိကြစဉ်တွင်၊ ငါ သည် သင် တို့မေးလျှောက် ခြင်းကိုခံရမည်လော။ ငါ အသက်ရှင် သည်အတိုင်း သင် တို့မေးလျှောက် ခြင်းကို ငါမ ခံ။
32 “‘Siz ağaca, taşa tapan öteki uluslar gibi, dünyadaki öbür halklar gibi olmak istiyoruz diyorsunuz. Ama bu düşündükleriniz hiçbir zaman gerçekleşmeyecek.
၃၂ငါတို့သည် တပါးအမျိုးသား ကဲ့သို့ ၎င်း ၊ သစ်သား ဘုရား၊ ကျောက် ဘုရားကိုဝတ်ပြု သောပြည်သူ ပြည်သားများကဲ့သို့ ၎င်း ဖြစ် မည်ဟု၊ သင် တို့ကြံစည် သည်အတိုင်း အကြံ မ မြောက်ရ။
33 Varlığım hakkı için diyor Egemen RAB, sizi güçlü ve kudretli elle, şiddetli öfkeyle yöneteceğim.
၃၃အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း အကယ်စင်စစ် အားကြီး သော လက် ၊ ဆန့် သောလက်ရုံး ၊ သွန်းလောင်း သောဒေါသ အရှိန် အားဖြင့် သင် တို့ကို ငါအုပ်စိုး မည်။
34 Güçlü ve kudretli elle, şiddetli öfkeyle sizi uluslar arasından çıkaracak, dağılmış olduğunuz ülkelerden toplayacağım.
၃၄သင်တို့ကွဲပြား လျက်နေသော အတိုင်းတိုင်း အပြည်ပြည်တို့မှ ၊ သင်တို့အားကြီး သောလက် ၊ ဆန့် သော လက်ရုံး ၊ သွန်းလောင်း သောဒေါသ အရှိန်နှင့် ငါဆောင် ခဲ့၍ စုဝေး စေမည်။
35 Sizi ulusların çölüne getirecek, orada yüz yüze yargılayacağım.
၃၅လူ အမျိုးမျိုးနှင့်ဆိုင်သောတော သို့ ဆောင် ခဲ့၍၊ ကိုယ်တိုင်ကိုယ်ကြပ် တရား တွေ့မည်။
36 Atalarınızı Mısır Çölü'nde nasıl yargıladıysam, sizi de öyle yargılayacağım. Egemen RAB böyle diyor.
၃၆အဲဂုတ္တု ပြည် နှင့်ဆိုင်သော တော ၌ သင် တို့၏ ဘိုးဘေး များနှင့်တရား တွေ့သကဲ့သို့ သင် တို့နှင့် တရား တွေ့မည်။
37 Sizi yoklayıp antlaşmama bağlı kalmanızı sağlayacağım.
၃၇နှင်တံ အောက်မှာ ရှောက်သွား စေ၍ ၊ ပဋိညာဉ် အချည်အနှောင် ကိုခံ စေမည်။
38 Aranızda bana karşı gelenlerle başkaldıranları ayıracağım. Onları yaşadıkları ülkelerden çıkaracağım. Ama İsrail ülkesine girmeyecekler. O zaman benim RAB olduğumu anlayacaksınız.
၃၈ငါ့ ကို ပုန်ကန် ၍ ပြစ်မှား သောသူတို့ကို သင် တို့ထဲက နှုတ်ပယ် မည်။ သူ တို့သည် တည်း နေသောပြည် မှ ထွက်သွား ရသော်လည်း ၊ ဣသရေလ ပြည် သို့ မ ဝင် ကြရ။ ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြ လိမ့်မည်။
39 “‘Ey İsrail halkı, Egemen RAB şöyle diyor: Her biriniz gidip putlarınıza tapının! Ama sonra beni dinleyeceksiniz ve armağanlarınızla, putlarınızla bir daha kutsal adımı kirletmeyeceksiniz.
၃၉အိုဣသရေလ အမျိုးသား တို့၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သွား ကြလော့။ အသီးအသီး မိမိ တို့ ရုပ်တု များကို ဝတ်ပြု ကြလော့။ သို့ရာတွင် ၊ အကယ်စင်စစ် နောက်တဖန် ငါ့ စကားကို နား မ ထောင် သော်လည်း၊ ငါ ၏သန့်ရှင်း သောနာမ တော်ကို သင် တို့ပူဇော်သက္ကာ များနှင့် ရုပ်တု များအားဖြင့် မ ရှုတ်ချ ဘဲနေရကြလိမ့်မည်။
40 Çünkü kutsal dağımda, İsrail'in yüksek dağında, diyor Egemen RAB, bütün İsrail halkı orada, ülkede bana kulluk edecek. Orada onları kabul edeceğim. Orada sunularınızı, seçme armağanlarınızı, bütün kutsal adaklarınızı isteyeceğim.
၄၀အကြောင်းမူကား ၊ ငါ ၏သန့်ရှင်း သောတောင် ၊ အမြင့်ဆုံး သော ဣသရေလ တောင် ပေါ်မှာ ဣသရေလ အမျိုးသား ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ငါ့ အား ဝတ်ပြု ရကြလိမ့်မည်။ ငါသည်လည်း လက်ခံ ၍၊ ထို အရပ် ၌ သင် တို့ပြုသောပူဇော်သက္ကာ များ၊ အဦး သီးသော အသီးတွင်ရွေး၍ဆက်ရသောအသီးအနှံ များနှင့်တကွ ၊ သင် တို့သန့်ရှင်း သောအရာရှိသမျှ တို့ကို ငါတောင်း မည်။
41 Sizi ulusların arasından çıkarıp dağılmış olduğunuz ülkelerden topladığımda, beni hoşnut eden bir koku gibi kabul edeceğim. Ulusların gözü önünde aranızda kutsallığımı göstereceğim.
၄၁သင်တို့သည် ကွဲပြား လျက်နေသောအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါဆောင် ခဲ့၍ စုဝေး သောအခါ ၊ သင်တို့၌ပါသောနံ့သာပေါင်း အမွှေးအကြိုင် နှင့်တကွ၊ သင် တို့ကို ငါသည်လက်ခံ ၍၊ သင် တို့အားဖြင့် တပါးအမျိုးသား တို့ရှေ့မှာ ဂုဏ် အသရေထင်ရှားခြင်း ရှိလိမ့်မည်။
42 Sizleri atalarınıza vermeye ant içtiğim ülkeye, İsrail ülkesine getirdiğimde, benim RAB olduğumu anlayacaksınız.
၄၂သင် တို့၏ ဘိုးဘေး တို့အား ပေး ခြင်းငှါ ၊ ကျိန်ဆို သော ဣသရေလ ပြည် သို့ သင် တို့ကို ဆောင် သွင်းသောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ရကြလိမ့်မည်။
43 Bütün yaptıklarınızı, kendinizi kirlettiğiniz bütün uygulamaları orada anımsayacak, yaptığınız kötülüklerden ötürü kendinizden tiksineceksiniz.
၄၃သင်တို့ညစ်ညူး သော ကျင့်ကြံ ပြုမူရာအမှု ရှိသမျှ တို့ကို ထို ပြည်၌ အောက်မေ့ ၍ ၊ ပြု မိသမျှ သော ဒုစရိုက် တို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာ ကြလိမ့်မည်။
44 Ey İsrail halkı, kötü yollarınıza, yozlaşmış uygulamalarınıza göre değil, adım uğruna sizinle ilgilendiğimde, benim RAB olduğumu anlayacaksınız. Egemen RAB böyle diyor.’”
၄၄အိုဣသရေလ အမျိုးသား တို့၊ သင် တို့၏ဒုစရိုက် များ၊ သင် တို့ဆိုးညစ် သောအကျင့် များနှင့်အညီ ၊ ငါသည် သင်တို့ကိုမစီရင်။ ကိုယ် နာမ တော်ကိုထောက်၍ စီရင် သောအခါ ထာဝရဘုရား ဖြစ်ကြောင်း ကို သင်တို့သိ ကြ ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
45 RAB bana şöyle seslendi:
၄၅တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
46 “İnsanoğlu, yüzünü güneye çevir, güneye seslen, Negev Ormanı'na karşı peygamberlik et.
၄၆အချင်းလူသား ၊ တောင်ဘက် သို့မျက်နှာ ပြု လျက်၊ တောင် မျက်နှာတဘက်၌ မြွက်ဆို ၍၊ တောင် ပြည် ၌ရှိသောတော တဘက်၌ ဟောပြော လော့။
47 Negev Ormanı'na de ki, ‘RAB'bin sözüne kulak ver. Egemen RAB şöyle diyor: Senin içinde ateş tutuşturacağım. Ateş bütün ağaçlarını –yeşil ağacı da kuru ağacı da– yiyip bitirecek. Tutuşan alev söndürülemeyecek. Güneyden kuzeye, her yüz ateşin sıcağından kavrulacak.
၄၇အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို တောင် ပြည်၌ရှိသောတော အား ဆင့်ဆို ရမည်မှာ၊ ငါ သည် သင် ၌ မီး ကိုညှိ မည်။ သင်၌ စိမ်းလန်း သောအပင် ၊ သွေ့ခြောက် သောအပင် ရှိသမျှ လောင် လိမ့်မည်။ တောက် သော မီးလျှံ သည်မ ငြိမ်း ရ။ တောင် ဘက်မှ သည် မြောက် ဘက်သို့ တိုင်အောင် မြေတပြင်လုံး လောင် လိမ့်မည်။
48 Ateşi tutuşturanın ben RAB olduğumu herkes görecek, ateş söndürülmeyecek.’”
၄၈ထိုမီးကို ငါ ထာဝရဘုရား ညှိ ကြောင်း ကို၊ သတ္တဝါ အပေါင်း တို့သည် သိ ရကြလိမ့်မည်။ ထိုမီးသည် မ ငြိမ်း ရဟု မိန့် တော်မူ၏။
49 Bunun üzerine, “Ah, ey Egemen RAB!” dedim, “Onlar benim için, ‘Simgesel öyküler anlatan adam değil mi bu?’ diyorlar.”
၄၉ငါကလည်း၊ အို အရှင် ထာဝရဘုရား ၊ သူ တို့က၊ ဤသူ သည်ပုံပမာ ကိုသာဆောင်၍ ဟောပြောတတ်သည် မ ဟုတ်လောဟု၊ အကျွန်ုပ် ကို ရည်မှတ်၍ဆို တတ်ကြပါ သည်ဟု လျှောက် လေ၏။