< Misir'Dan Çikiş 40 >

1 RAB Musa'ya şöyle dedi:
တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊
2 “Konutu, yani Buluşma Çadırı'nı birinci ayın ilk günü kur.
သင်သည် ပဌမလ၊ ပဌမနေ့၌ ပရိသတ်စည်းဝေးရာ တဲတော်ကို ဆောက်ရမည်။
3 Levha Sandığı'nı oraya getirip perdeyle gizle.
တဲတော်အထဲ၌၊ သက်သေခံချက် သေတ္တာကို သွင်းထား၍၊ အတွင်းကုလားကာဖြင့် ကွယ်ကာရမည်။
4 Masayı içeri getir, gereken her şeyi üzerine diz. Kandilliği getirip kandillerini yak.
စားပွဲကိုလည်း သွင်း၍၊ စားပွဲပေါ်မှာ ပြင်ဆင်ရသမျှတို့ကို ပြင်ဆင်ရမည်။ မီးခုံကိုလည်း သွင်း၍၊ မီးခွက်တို့ကို ထွန်းရမည်။
5 Altın buhur sunağını Levha Sandığı'nın önüne koy, konutun giriş bölümüne perdesini tak.
နံ့သာပေါင်းရှို့ရာ ရွှေပလ္လင်ကို သက်သေခံချက် သေတ္တာရှေ့၌ တည်ထား၍၊ တဲတော်တံခါးဝကာသော ကုလားကာကို ဆွဲကာရမည်။
6 Yakmalık sunu sunağını konutun –Buluşma Çadırı'nın– giriş bölümüne koy.
ယဇ်ကောင်ရှို့ရာ ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့၌ တည်ထားရမည်။
7 Kazanı çadırla sunak arasına koyup içine su doldur.
အင်တုံကိုလည်း ပရိသတ် စည်းဝေးရာ တဲတော်နှင့် ယဇ်ပလ္လင် စပ်ကြားမှာ တည်ထား၍၊ အင်တုံ၌ ရေကို ထည့်ရမည်။
8 Çadırın çevresini avluyla kapat, avlunun girişine perdesini as.
တဲတော်ပတ်လည်ဝင်းကို ထူ၍၊ ဝင်းတံခါးဝကာသော ကုလားကာကို ဆွဲကာရမည်။
9 “Sonra mesh yağıyla konutu ve içindeki bütün eşyaları meshederek kutsal kıl. Böylece konutla takımları kutsal olacak.
လိမ်းရန် ဆီကို ယူ၍၊ တဲတော်နှင့် တဲတော်၌ ရှိသမျှတို့ကို လိမ်းသဖြင့် တဲတော်နှင့် တဲတော်တန်ဆာရှိသမျှတို့ကို သန့်ရှင်းစေရမည်။ ထိုသို့ တဲတော်သည် သန့်ရှင်းရလိမ့်မည်။
10 Yakmalık sunu sunağıyla takımlarını meshet, sunağı kutsal kıl. Sunak çok kutsal olacak.
၁၀ယဇ်ကောင်ရှို့ရာပလ္လင်နှင့် တန်ဆာရှိသမျှတို့ကို လိမ်း၍ သန့်ရှင်းစေသဖြင့်၊ ထိုပလ္လင်သည် အလွန် သန့်ရှင်းသော ပလ္လင်ဖြစ်ရမည်။
11 Kazan ve kazan ayaklığını meshederek kutsal kıl.
၁၁အင်တုံနှင့် ခြေထောက်ကိုလည်း လိမ်း၍ သန့်ရှင်းစေရမည်။
12 “Harun'la oğullarını Buluşma Çadırı'nın giriş bölümüne getirip yıka.
၁၂အာရုန်နှင့် သူ၏သားတို့ကို၊ ပရိသတ်စည်းဝေးရာ တံခါးနားသို့ ခေါ်ခဲ့၍ ရေချိုးရမည်။
13 Harun'a kutsal giysileri giydir, bana kâhinlik etmesi için onu meshederek kutsal kıl.
၁၃အာရုန်သည် ငါ့ရှေ့၌၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သန့်ရှင်းသောအဝတ်နှင့် ဝတ်စေ၍ ဆီလိမ်းသဖြင့် သန့်ရှင်းစေရမည်။
14 Oğullarını getirip mintanları giydir.
၁၄သူ၏သားတို့သည်လည်း ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရွက်မည်အကြောင်း၊ သူတို့ကို ခေါ်ခဲ့၍ အင်္ကျီဝတ်စေလျက်၊ သူတို့အဘကို ဆီလိမ်းသကဲ့သို့၊ သူတို့ကို ဆီလိမ်းရမည်။
15 Bana kâhinlik etmeleri için babaları gibi onları da meshet. Bu mesh onların kuşaklar boyu sürekli kâhin olmalarını sağlayacak.”
၁၅အကယ်စင်စစ် သူတို့ ဆီလိမ်းခြင်း ဘိသိက်သည် သားစဉ်မြေးဆက်ပတ်လုံး၊ ထာဝရယဇ်ပုရောဟိတ် အရာဖြစ်သတည်းဟု၊
16 Musa her şeyi RAB'bin kendisine buyurduğu gibi yaptı.
၁၆ထာဝရဘုရား မိန့်တော်မူသမျှအတိုင်း မောရှေပြုလေ၏။
17 Böylece ikinci yılın birinci ayının birinci günü konut kuruldu.
၁၇သက္ကရာဇ်နှစ်ခု၊ ပဌမလ၊ ပဌမနေ့၌ မောရှေသည် တဲတော်ကို ဆောက်လေ၏။
18 Musa konutu kurdu, tabanlarını koydu, çerçevelerini yerleştirdi, kirişlerini taktı, direklerini dikti.
၁၈ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ခြေစွပ်များကို နေရာချ၍၊ ပျဉ်ပြားများကို ထောင်ပြီးလျှင်၊ ကန့်လန့်ကျင်များကို လျှို၍၊ တိုင်တို့ကို ထူလေ၏။
19 Çadırı tıpkı RAB'bin kendisine buyurduğu gibi konutun üzerine gerdi, çadır örtüsünü üzerine örttü.
၁၉တဲတော်အပေါ်မှာ တဲကို ဖြန့်မိုး၍ ထိုတဲအပေါ်မှာလည်း အထပ်ထပ် မိုးပြန်လေ၏။
20 Antlaşma Levhaları'nı sandığa koydu, sandık sırıklarını taktı, Bağışlanma Kapağı'nı sandığın üzerine yerleştirdi.
၂၀ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ သက်သေခံချက်ကို သေတ္တာထဲမှာ သွင်းထား၍၊ သေတ္တာ ကွင်းတို့၌ ထမ်းဘိုးကို လျှို၍၊ သေတ္တာပေါ်မဖုံးကိုတင်ပြီးမှ၊
21 RAB'bin kendisine buyurduğu gibi Levha Sandığı'nı konuta getirdi, bölme perdesini asarak sandığı gizledi.
၂၁သေတ္တာကို တဲတော်၌ သွင်း၍ ကွယ်ကာရာ အတွင်းကုလားကာကို ကာထားသဖြင့်၊ သက်သေခံချက် သေတ္တာကို ကွယ်ကာလေ၏။
22 Masayı Buluşma Çadırı'na, konutun kuzeyine, perdenin dışına koydu.
၂၂ထာဝရဘုရားမှာထားတော်မူသည်အတိုင်း၊ စားပွဲကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း မြောက်ဘက်နား ကုလားကာပြင်မှာ ထား၍၊
23 RAB'bin huzurunda, RAB'bin kendisine buyurduğu gibi üzerine ekmekleri dizdi.
၂၃စားပွဲပေါ်မှာ ထာဝရဘုရားရှေ့တော်၌ မုန့်ကို ပြင်ဆင်လေ၏။
24 Kandilliği Buluşma Çadırı'na, masanın karşısına, konutun güneyine koydu.
၂၄ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးခုံကိုလည်း ပရိသတ် စည်းဝေးရာ တဲတော်အတွင်း၊ တောင်ဘက်နား စားပွဲဆိုင်ရာတွင် ထား၍၊
25 RAB'bin kendisine buyurduğu gibi, RAB'bin huzurunda kandilleri yaktı.
၂၅ထာဝရဘုရားရှေ့တော်၌ မီးခွက်များကို ထွန်းလေ၏။
26 Altın sunağı Buluşma Çadırı'na, perdenin önüne koydu.
၂၆ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ရွှေပလ္လင်ကိုလည်း ပရိသတ်စည်းဝေးရာ တဲတော်အတွင်း ကုလားကာပြင်မှာ ထား၍၊
27 RAB'bin kendisine buyurduğu gibi üzerinde güzel kokulu buhur yaktı.
၂၇ထိုပလ္လင်ပေါ်၌ မွှေးသော နံ့သာပေါင်းကို မီးရှို့လေ၏။
28 Konutun giriş bölümünün perdesini taktı.
၂၈တဲတော်တံခါးဝ၌လည်း၊ ကုလားကာကို ဆွဲကာလေ၏။
29 RAB'bin kendisine buyurduğu gibi yakmalık sunu sunağını Buluşma Çadırı'nın giriş bölümüne koydu, üzerinde yakmalık sunu ve tahıl sunusu sundu.
၂၉ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မီးရှို့ရာ ယဇ်ပလ္လင်ကိုလည်း၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ ထား၍၊ ထိုပလ္လင်ပေါ်၌ မီးရှို့ရာ ယဇ်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာကို၎င်း ပူဇော်လေ၏။
30 Kazanı Buluşma Çadırı ile sunak arasına koydu, yıkanmak için içine su doldurdu.
၃၀အင်တုံကိုလည်း ပရိသတ်စည်းဝေးရာတဲနှင့် ယဇ်ပလ္လင်စပ်ကြား မှာထား၍၊ ဆေးစရာရေကို အင်တုံ၌ ထည့်လေ၏။
31 Musa, Harun ve Harun'un oğulları ellerini, ayaklarını orada yıkadılar.
၃၁ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ မောရှေနှင့် အာရုန်မှစ၍ သူ၏သားတို့သည် ပရိသတ် စည်းဝေးရာ တဲတော်အထဲသို့ ဝင်သော်၎င်း၊
32 Ne zaman Buluşma Çadırı'na girip sunağa yaklaşsalar RAB'bin Musa'ya buyurduğu gibi orada yıkandılar.
၃၂ယဇ်ပလ္လင်အနီးသို့ ချဉ်းကပ်သော်၎င်း၊ လက်ခြေတို့ကို ဆေးရကြ၏။
33 Musa konutla sunağı avluyla çevirdi. Avlunun girişine perdeyi asarak işi tamamladı.
၃၃တဲတော်နှင့် ယဇ်ပလ္လင်ပတ်လည်ဝင်းကိုထူ၍၊ ဝင်းတံခါးဝ၌ ကာသော ကုလားကာကို ဆွဲလေ၏။ ထိုသို့ မောရှေသည် အလုပ်ကို ပြီးစီးစေသတည်း။
34 O zaman bulut Buluşma Çadırı'nı kapladı ve RAB'bin görkemi konutu doldurdu.
၃၄ထိုအခါ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်ကို လွှမ်းမိုး၍၊ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လေ၏။
35 Musa Buluşma Çadırı'na giremedi; çünkü bulut her yeri kaplamış, RAB'bin görkemi konutu doldurmuştu.
၃၅ထိုသို့ မိုဃ်းတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်အပေါ်၌ နေသောကြောင့်၊ မောရှေသည် အထဲသို့မဝင်ရ။ ထာဝရဘုရား၏ ဘုန်းတော်သည် တဲတော်ကို ဖြည့်လျက်နေ၏။
36 İsrailliler ancak bulut konutun üzerinden kalkınca göçerlerdi.
၃၆ဣသရေလအမျိုးသားတို့သည် ခရီးသွားလေရာရာတွင်၊ မိုဃ်းတိမ်သည် တဲတော်အပေါ်မှ ကွာမြောက်သောအခါ ခရီးသွားကြ၏။
37 Bulut durdukça yerlerinden ayrılmaz, kalkacağı günü beklerlerdi.
၃၇မိုဃ်းတိမ်မကွာ မမြောက်လျှင်၊ မကွာမမြောက်မှီနေ့တိုင်အောင်၊ ခရီးမသွားဘဲ နေကြ၏။
38 Böylece bütün yolculuklarında konutun üzerinde gündüzün RAB'bin bulutu, gece de ateş İsrailliler'e yol gösterdi.
၃၈ခရီးသွားလေရာရာတွင် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှောက်၌ ထာဝရဘုရား၏ မိုဃ်းတိမ်သည် နေ့အခါ တြတော်အပေါ်မှာ တည်နေ၏။ ညဉ့်အခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း။

< Misir'Dan Çikiş 40 >