< Misir'Dan Çikiş 26 >

1 “Tanrı'nın Konutu'nu on perdeden yap. Perdeler lacivert, mor, kırmızı iplikle özenle dokunmuş ince ketenden olsun, üzeri Keruvlar'la ustaca süslensin.
``ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ကို ချည်​ချော၊ သိုး​မွေး အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​တို့​နှင့်​ရက် သော​ကန့်​လန့်​ကာ​ဆယ်​ခု​ဖြင့်​ပြု​လုပ်​လော့။ ထို ကန့်​လန့်​ကာ​များ​တွင် ခေ​ရု​ဗိမ်​ရုပ်​များ​ပန်း ပေါက်​ဖော်​ထား​ရ​မည်။-
2 Her perdenin boyu yirmi sekiz, eni dört arşın olmalı. Bütün perdeler aynı ölçüde olacak.
ကန့်​လန့်​ကာ​များ​သည်​အ​လျား​တစ်​ဆယ့် လေး​ကိုက်၊ အ​နံ​နှစ်​ကိုက်​စီ​ရှိ​စေ​ရ​မည်။-
3 Perdeler beşer beşer birbirine eklenerek iki takım perde yapılacak.
ကန့်​လန့်​ကာ​ငါး​ထည်​ကို​စပ်​၍​ချုပ်​ရ​မည်။ အ​ခြား​ငါး​ထည်​ကို​လည်း​ထို​အ​တိုင်း​ချုပ် ရ​မည်။-
4 Birinci takımın kenarına lacivert ilmekler aç. Öbür takımın kenarına da aynı şeyi yap.
ကန့်​လန့်​ကာ​တစ်​စုံ​စီ​၏​အ​ပြင်​ဘက်​နား​များ တွင် တပ်​ရန်​ပိတ်​အ​ပြာ​ကွင်း​များ​ကို​ပြု​လုပ် ရ​မည်။-
5 Birinci takımın ilk perdesiyle ikinci takımın son perdesine ellişer ilmek aç. İlmekler birbirine karşı olmalı.
ငါး​ထည်​စပ်​ပ​ထ​မ​ကန့်​လန့်​ကာ​ရှိ​ရှေ့​ဆုံး အ​ထည်​တွင်​ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​ငါး​ထည်​စပ်​ကန့်​လန့်​ကာ​ရှိ​နောက် ဆုံး​အ​ထည်​တွင် ကွင်း​ငါး​ဆယ်​ကို​လည်း ကောင်း​ကွင်း​ဆိုင်​မီ​အောင်​တပ်​ထား​ရ​မည်။-
6 Elli altın kopça yap, perdeleri kopçalayarak çadırı birleştir. Böylece konut tek parça haline gelecek.
ကန့်​လန့်​ကာ​နှစ်​စုံ​ကို​တစ်​ခု​တည်း​ဖြစ်​စေ​ရန် ဆက်​ရ​မည့်​ရွှေ​ချိတ်​ငါး​ဆယ်​ကို​ပြုလုပ်​လော့။
7 “Konutun üstünü kaplayacak çadır için keçi kılından on bir perde yap.
``တဲ​တော်​အ​မိုး​အ​တွက်​အ​ထည်​တစ်​ဆယ့် တစ်​ထည်​ကို ဆိတ်​မွေး​နှင့်​ရက်​လုပ်​လော့။-
8 Her perdenin boyu otuz, eni dört arşın olacak. On bir perde de aynı ölçüde olmalı.
တစ်​ထည်​လျှင်​အ​လျား​တစ်​ဆယ့်​ငါး​ကိုက်၊ အ​နံ​နှစ်​ကိုက်​စီ​ရှိ​စေ​ရ​မည်။-
9 Beş perde birbirine, altı perde birbirine birleştirilecek. Altıncı perdeyi çadırın önünde katla.
အ​ထည်​ငါး​ထည်​ကို​တစ်​စပ်၊ အ​ခြား​ခြောက် ထည်​ကို​တစ်​စပ်​ချုပ်​ရ​မည်။ ဆ​ဋ္ဌ​မ​အ​ထည် ကို​တဲ​တော်​ဦး​၌​ခေါက်​တင်​ထား​ရ​မည်။-
10 Her iki perde takımının kenarlarına ellişer ilmek aç.
၁၀ပ​ထ​မ​အ​စပ်​၏​နောက်​ဆုံး​အ​ထည်​နား​တွင် ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အ​စပ် ၏​အ​နား​တွင်​ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း တပ်​ထား​ရ​မည်။-
11 Elli tunç kopça yap, kopçaları ilmeklere geçir ki, çadır tek parça haline gelsin.
၁၁ထို​အ​ထည်​နှစ်​စပ်​ကို​ပေါင်း​၍​တဲ​တော်​၏ အ​မိုး​ဖြစ်​စေ​ရန် ကြေး​ဝါ​ချိတ်​ငါး​ဆယ်​ကို ပြု​လုပ်​ပြီး​လျှင်​ကွင်း​များ​တွင်​ချိတ်​ဆက် ပေး​လော့။-
12 Çadırın perdelerinden artan yarım perde konutun arkasından sarkacak.
၁၂ပို​နေ​သည့်​အ​ထည်​တစ်​ဝက်​ကို​တဲ​တော်​နောက် မှာ​တွဲ​ကျ​စေ​ရ​မည်။-
13 Perdelerin uzun kenarlarından artan kumaş çadırın yanlarından birer arşın sarkarak konutu örtecek.
၁၃အ​ထည်​အ​လျား​တစ်​ဘက်​တစ်​ချက်​တွင်​ပို ထွက်​နေ​သည့်​ကိုက်​တစ်​ဝက်​ကို တဲ​တော်​၏ ဘေး​ဘက်​၌​တွဲ​ကျ​စေ​ရ​မည်။
14 Çadır için kırmızı boyalı koç derilerinden bir örtü, onun üstüne de deriden başka bir örtü yap.
၁၄``အ​မိုး​နှစ်​ထပ်​ထပ်​မံ​၍​ပြုလုပ်​ရ​မည်။ တစ် ထပ်​ကို​အ​နီ​ရောင်​ဆိုး​သော​သိုး​ထီး​သား​ရေ ဖြင့်​ပြု​လုပ်​ရ​မည်။ အ​ပေါ်​ဆုံး​အ​ထပ်​ကို သား​ရေ​ချော​ဖြင့်​ပြု​လုပ်​ရ​မည်။
15 “Konut için akasya ağacından dikine çerçeveler yap.
၁၅``တဲ​တော်​အ​တွင်း​ဘောင်​ခွေ​များ​ကို အ​ကာ​ရှ သစ်​သား​ဖြင့်​ပြုလုပ်​ရ​မည်။-
16 Her çerçevenin boyu on, eni bir buçuk arşın olacak.
၁၆ဘောင်​ခွေ​များ​သည်​အ​လျား​တစ်​ဆယ့်​ငါး​ပေ၊ အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ​စီ​ရှိ​၍၊-
17 Çerçevelerin birbirine uyan iki paralel çıkıntısı olacak. Konutun bütün çerçevelerini aynı biçimde yapacaksın.
၁၇ဘောင်​ခွေ​ချင်း​ဆက်​စပ်​ထား​ရန်​စ​ရွေး​ဖော်​ထား ရ​မည်။ တဲ​တော်​အ​တွက်​ဘောင်​ခွေ​အား​လုံး​တွင် စ​ရွေး​ဖော်​ထား​ရ​မည်။-
18 Konutun güneyi için yirmi çerçeve yap.
၁၈တဲ​တော်​တောင်​ဘက်​အ​တွက်​ဘောင်​ခွေ​နှစ်​ဆယ် ကို​ပြု​လုပ်​ရ​မည်။-
19 Her çerçevenin altında iki çıkıntı için birer taban olmak üzere, yirmi çerçevenin altında kırk gümüş taban yap.
၁၉ဘောင်​ခွေ​တစ်​ခု​စီ​အောက်​ရှိ​ခြေ​ထောက်​နှစ်​ခု စီ​အ​တွက် ငွေ​ဖိ​နပ်​နှစ်​ခု​ကျ​ဖြင့်​ငွေ​ဖိ​နပ် လေး​ဆယ်​ကို​ပြု​လုပ်​ရ​မည်။-
20 Konutun öbür yanı, yani kuzeyi için de yirmi çerçeve ve her çerçevenin altında iki taban olmak üzere kırk gümüş taban yap.
၂၀တဲ​တော်​မြောက်​ဘက်​အ​တွက်​ဘောင်​ခွေ​နှစ် ဆယ်​နှင့်၊-
၂၁ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်​ငွေ​ဖိ​နပ်​နှစ်​ခု ကျ​ဖြင့် ငွေ​ဖိ​နပ်​လေး​ဆယ်​ကို​ပြု​လုပ်​ရ​မည်။-
22 Konutun batıya bakacak arka tarafı için altı çerçeve yap.
၂၂တဲ​တော်​၏​အ​နောက်​ဘက်​အ​တွက်​ဘောင်​ခွေ ခြောက်​ခု​ပြု​လုပ်​ရ​မည်။-
23 Arkada konutun köşeleri için iki çerçeve yap.
၂၃တဲ​တော်​အ​နောက်​ဘက်​ထောင့်​များ​အ​တွက် ဘောင်​ခွေ​နှစ်​ခု​ပြု​လုပ်​ရ​မည်။-
24 Bu köşe çerçevelerinin alt tarafı ayrı kalacak, üst tarafı ise birinci halkayla birleştirilecek. İki köşeyi oluşturan iki çerçeve aynı biçimde olacak.
၂၄ဤ​ထောင့်​ဘောင်​ခွေ​တို့​ကို​အောက်​ခြေ​မှ​အ​ထက် အ​ထိ​ကွင်း​ဖြင့်​ထိန်း​ချုပ်​ထား​ရ​မည်။ ထောင့်​နှစ် ထောင့်​အ​တွက်​ဘောင်​ခွေ​နှစ်​ခု​ကို​ထို​နည်း အ​တိုင်း​ပြု​လုပ်​ရ​မည်။-
25 Böylece sekiz çerçeve ve her çerçevenin altında iki taban olmak üzere on altı gümüş taban olacak.
၂၅သို့​ဖြစ်​၍​ဘောင်​ခွေ​ရှစ်​ခု​နှင့်​တစ်​ခု​စီ​အ​တွက် ငွေ ဖိ​နပ်​နှစ်​ခု​ကျ​ဖြင့်​ငွေ​ဖိ​နပ်​တစ်​ဆယ့်​ခြောက်​ခု ရှိ​ရ​မည်။
26 “Konutun bir yanındaki çerçeveler için beş, öbür yanındaki çerçeveler için beş, batıya bakan arka tarafındaki çerçeveler için de beş olmak üzere akasya ağacından kirişler yap.
၂၆``တဲ​တော်​အ​တွက်​ကန့်​လန့်​ကျင် စု​စု​ပေါင်း​တစ် ဆယ့်​ငါး​ခု​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု​လုပ် လော့။ တဲ​တော်​တောင်​ဘက်​ရှိ​ဘောင်​ခွေ​များ အ​တွက်​ကန့်​လန့်​ကျင်​ငါး​ခု၊-
၂၇မြောက်​ဘက်​ရှိ​ဘောင်​ခွေ​များ​အ​တွက်​ငါး​ခု​နှင့် အ​နောက်​ဘက်​ရှိ​ဘောင်​များ​အ​တွက်​ငါး​ခု​ပြု လုပ်​ရ​မည်။-
28 Çerçevelerin ortasındaki kiriş çadırın bir ucundan öbür ucuna geçecek.
၂၈ဘောင်​ခွေ​များ​၏​အ​လယ်​ကို​ဖြတ်​သည့်​ကန့်​လန့် ကျင်​တို့​သည် တဲ​တော်​အ​စွန်း​တစ်​ဘက်​တစ်​ချက် တွင်​အ​ဆုံး​သတ်​ရ​မည်။-
29 Çerçeveleri ve kirişleri altınla kapla, kirişlerin geçeceği halkaları da altından yap.
၂၉ဘောင်​ခွေ​များ​ကို​ရွှေ​ချ​ရ​မည်။ ကန့်​လန့်​ကျင်​များ ကို​လည်း​ရွှေ​ချ​ရ​မည်။ ကန့်​လန့်​ကျင်​များ​ကို လျှို​ရန်​ရွှေ​ကွင်း​များ​တပ်​ထား​ရ​မည်။-
30 “Konutu dağda sana gösterilen plana göre yap.
၃၀သင့်​အား​တောင်​ပေါ်​မှာ​ပြ​သော​ပုံ​စံ​အ​တိုင်း တဲ​တော်​ကို​တည်​ဆောက်​ရ​မည်။
31 “Lacivert, mor, kırmızı iplikle özenle dokunmuş ince ketenden bir perde yap; üzerini Keruvlar'la ustaca süsle.
၃၁``အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး နှင့်​ချည်​ချော​ဖြင့် ရက်​သော​ကန့်​လန့်​ကာ​ကို​ပြု လုပ်​လော့။ ကန့်​လန့်​ကာ​တွင်​ခေ​ရု​ဗိမ်​ရုပ်​များ ကို​ပန်း​ဖော်​ထား​ရ​မည်။-
32 Dört gümüş taban üstünde duran akasya ağacından altın kaplı dört direk üzerine as. Çengelleri altın olacak.
၃၂ကန့်​လန့်​ကာ​ကို​ရွှေ​ချိတ်​များ​တပ်​ထား​သော အ​ကာ​ရှ​သစ်​သား​တိုင်​လေး​တိုင်​အ​ပေါ်​တွင် ချိတ်​ဆွဲ​ထား​ရ​မည်။ တိုင်​များ​ကို​ရွှေ​ချ​၍ ငွေ​ဖိ​နပ်​လေး​ခု​တွင်​စွပ်​ထား​ရ​မည်။-
33 Perdeyi kopçaların altına asıp Levha Sandığı'nı perdenin arkasına koy. Perde Kutsal Yer'le En Kutsal Yer'i birbirinden ayıracak.
၃၃ကန့်​လန့်​ကာ​ကို​ချိတ်​ပြီး​နောက်​ကန့်​လန့်​ကာ နောက်​တွင် ကျောက်​ပြား​နှစ်​ပြား​ပါ​ရှိ​သည့် ပ​ဋိ​ညာဉ်​သေတ္တာ​ကို​ထား​လော့။ ကန့်​လန့်​ကာ သည်​သန့်​ရှင်း​ရာ​ဌာ​န​နှင့်​အ​သန့်​ရှင်း​ဆုံး ဌာ​န​တော်​တို့​ကို​ပိုင်း​ခြား​ထား​မည်။-
34 Bağışlanma Kapağı'nı En Kutsal Yer'de bulunan Levha Sandığı'nın üzerine koy.
၃၄ပ​ဋိ​ညာဉ်​သေတ္တာ​တွင်​အ​ဖုံး​တပ်​ထား​ရ​မည်။-
35 Masayı perdenin öbür tarafına, konutun kuzeye bakan yanına yerleştir; kandilliği masanın karşısına, konutun güney tarafına koy.
၃၅စား​ပွဲ​နှင့်​ဆီ​မီး​ခုံ​ကို​ကန့်​လန့်​ကာ​အ​ပြင်​ဘက် တွင်​ထား​ရှိ​ရ​မည်။ စား​ပွဲ​ကို​မြောက်​ဘက်​တွင် လည်း​ကောင်း၊ ဆီ​မီး​ခုံ​ကို​တောင်​ဘက်​တွင်​လည်း ကောင်း​တစ်​ဘက်​တစ်​ချက်​၌​ထား​ရှိ​ရ​မည်။
36 “Çadırın giriş bölümüne lacivert, mor, kırmızı iplikle özenle dokunmuş ince ketenden nakışlı bir perde yap.
၃၆``တဲ​တော်​အ​ဝင်​ဝ​၌​ကာ​ရန်​အ​တွက်​သိုး​မွေး အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​နှင့်​ချည်​ချော ဖြင့်​ရက်​၍ ပန်း​အ​လှ​ဖော်​ထား​သော​ကန့်​လန့်​ကာ တစ်​ခု​ကို​လည်း​ပြု​လုပ်​ရ​မည်။-
37 Perdeyi asmak için akasya ağacından beş direk yap, altınla kapla. Çengelleri de altın olacak. Direkler için tunçtan beş taban dök.”
၃၇ဤ​ကန့်​လန့်​ကာ​ချိတ်​ဆွဲ​ရန်​အ​တွက်​အ​ကာ​ရှ သစ်​သား​တိုင်​ငါး​တိုင်​ပြု​လုပ်​၍၊ ရွှေ​ချိတ်​များ တပ်​ထား​ရ​မည်။ တိုင်​များ​ကို​ရွှေ​ချ​၍​တိုင် ဖိ​နပ်​ငါး​ခု​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ရ​မည်။

< Misir'Dan Çikiş 26 >