< Amos 5 >
1 Ey İsrail halkı, kulak ver, Üzerine yakacağım ağıtın sözlerine:
၁အို ဣသရေလပြည်သားတို့၊ သင်တို့ကို သင်္ဂြိုဟ်ဖို့ငါသီဆိုမည့်ဤအသုဘ တေးကိုနားဆင်ကြလော့။
2 “Düştü erden kız İsrail, Bir daha kalkamaz, Serilmiş kendi toprağına, Kaldıran yok.”
၂အပျိုကညာဣသရေလသည် ဘယ်ခါမျှပြန်မထနိုင်အောင်လဲရ ချေပြီ။ မြေပေါ်မှာအထီးကျန်စွာလဲနေရှာပြီ။ သူ့အားထူမရန်မည်သူမျှမရှိပြီ။
3 Bu yüzden Egemen RAB şöyle diyor: “Bin kişiyle savaşa çıkan kentin Yüz adamı sağ kalacak, Yüz kişiyle çıkanın On adamı kalacak İsrail halkına.”
၃အထွတ်ဘုရင်အရှင်ထာဝရဘုရား က``ဣသရေလမြို့တစ်မြို့မှစစ်သည်တစ် ထောင်စစ်ချီထွက်သွားသော်လည်း၊ တစ်ရာ သာလျှင်ပြန်ရောက်လာမည်။ လူတစ်ရာ စေလွှတ်လိုက်သောမြို့သည်ဆယ်ယောက်ကို သာပြန်တွေ့ရမည်။
4 Bu yüzden RAB İsrail halkına şöyle diyor: “Bana yönelin, yaşarsınız;
၄ထာဝရဘုရားက``ဣသရေလပြည်သား တို့အားငါ့ထံသို့ပြန်လာကြလော့။ သို့ပြု လျှင်သင်တို့သည်အသက်ချမ်းသာလိမ့်မည်။-
5 Beytel'e gitmeyin, Gilgal'a girmeyin, Beer-Şeva'ya geçmeyin, Çünkü Gilgal halkı kesinlikle sürgün edilecek, Beytel bir hiç olacak.”
၅ဗေရရှေဘမြို့သို့သွား၍မကိုးကွယ်လေ နှင့်။ ငါ့ကိုတွေ့ရန်ဗေသလမြို့၌လည်းမရှာ ကြနှင့်။ ဗေသလမြို့သည်အချည်းနှီးဖြစ် ရတော့မည်။ ဂိလဂါလမြို့သို့လည်းမသွား နှင့်။ ထိုမြို့သားတို့သည်ပြည်ပသို့ဖမ်းသွား ခြင်းကိုအမှန်ပင်ခံရလိမ့်မည်။''
6 RAB'be yönelin, yaşarsınız, Yoksa Yusuf soyunda bir ateş gibi parlar, Beytel'i yakıp yok eder. Yangını söndürecek kimse çıkmaz.
၆ထာဝရဘုရားထံသို့သွားလော့။ သို့ပြု လျှင်အသက်ချမ်းသာလိမ့်မည်။ ထိုသို့မ ပြုလျှင်ကိုယ်တော်အရှင်သည်မီးကဲ့သို့ ရွာသွန်းလာပြီး ယောသပ်အမျိုးအနွယ် တို့ကိုလောင်ကျွမ်းလိမ့်မည်။ ဗေသလမြို့ သားများကိုလောင်ကျွမ်းကုန်၍ထိုမီး ကိုမည်သူကမျှမငြိမ်းသတ်နိုင်ချေ။-
7 Ey adaleti acı pelinotuna çevirenler, Doğruluğu yere çalanlar!
၇လူသားတို့၏ရပိုင်ခွင့်များကိုမတရား ပိတ်ပင်၍ တရားမျှတမှုကိုမှောက်လှန်နေ ကြသူတို့၊ သင်တို့သည်ကြမ္မာဆိုးနှင့်မလွဲ မသွေကြုံရတော့မည်ဟုမိန့်တော်မူ၏။
8 Ülker ve Oryon takımyıldızlarını yaratan, Zifiri karanlığı sabaha çeviren, Gündüzü geceyle karartan, Deniz sularını çağırıp Yeryüzüne dökenin adı RAB'dir.
၈ထာဝရဘုရားသည်ကြယ်တာရာ အပေါင်းတို့ကို ဖန်ဆင်းတော်မူ၏။ ခိမကြယ်စုနှင့်ခသိလကြယ်စုကိုလည်း ဖန်ဆင်းတော်မူခဲ့ပြီ။ အမှောင်ကိုအလင်းဖြစ်စေ၍နေ့ကိုလည်း ညအဖြစ်သို့ပြောင်းလဲခဲ့ပြီ။ ပင်လယ်ရေအပေါင်းတို့ကိုခေါ်ယူကာ မြေကြီးပေါ်မှာသွန်းတော်မူခဲ့ပြီ။ ကိုယ်တော်ရှင်၏နာမတော်မှာထာဝရဘုရား ဖြစ်တော်မူ၏။
9 Kaleyi ansızın yıkar, Surlu kenti yerle bir eder.
၉ကိုယ်တော်သည်ခွန်အားကြီးသူတို့နှင့် ခံတပ်များကိုဖြိုဖျက်ခဲ့ပြီ။
10 Mahkemede kendilerini azarlayandan nefret ediyor, Doğru konuşandan iğreniyorlar.
၁၀ရုံးတော်များ၌မတရားမှုကိုရှုတ်ချကာ အမှန်ကိုသာပြောသူတို့ကိုသင်တို့သည် မုန်းကြ၏။-
11 Yoksulu ezdiğiniz, Ondan zorla buğday kopardığınız için Yaptığınız yontma taş evlerde oturmayacak, Diktiğiniz güzel bağların şarabını içmeyeceksiniz.
၁၁သင်တို့သည်ဆင်းရဲသားတို့ကိုဖိနှိပ်၍ သူ တို့၏ဂျုံစပါးကိုလုယက်ကြပြီ။ ထို့ကြောင့် သင်တို့ကိုယ်တိုင်အဖို့ဆောက်လုပ်ခဲ့သော တိုက်တာကောင်းများ၌သင်တို့သည်မစံ ရကြ။ ကိုယ်တိုင်စိုက်ပျိုးခဲ့သောကြည်နူး စရာစပျစ်ဥယျာဉ်များမှစပျစ်ရည်ကို လည်းမသောက်ရကြ။-
12 Çünkü isyanlarınızın çok, Günahlarınızın sayısız olduğunu biliyorum, Ey doğru kişiye baskı yapan, Rüşvet alan, Mahkemede mazlumun hakkını yiyenler!
၁၂သင်တို့သည်မည်မျှအပြစ်ကူးလွန်ခဲ့၍ သင်တို့အပြစ်သည်မည်မျှကြောက်စရာ ကောင်းလှကြောင်းကိုငါသိ၏။ သင်တို့သည် သူတော်ကောင်းများကိုညှင်းပန်း၍ တံစိုး လက်ဆောင်စားနေကြပြီ။ ဆင်းရဲသား တို့အားတရားသဖြင့် မစီရင်ဘဲသူတို့ ကိုရုံးတော်များမှမောင်းထုတ်ခဲ့ပြီ။-
13 Bu yüzden susmak düşer akıllı insana Böyle bir zamanda, Çünkü zaman kötüdür.
၁၃ဤမျှဆိုးယုတ်သောခေတ်ကာလ၌လိမ္မာရေး ခြားရှိသူသည် နှုတ်ပိတ်ရေငုံနေမည်မှာမ ဆန်းတော့ပေ။
14 Kötülüğe değil, İyiliğe yönelin ki yaşayasınız; Böylece dediğiniz gibi, RAB, Her Şeye Egemen Tanrı sizinle olur.
၁၄သင်တို့သည်အသက်ချမ်းသာခွင့်ရရန် အတွက် အဆိုးကိုရှောင်၍အကောင်းကို သာရှာဖွေဆောင်ရွက်ကြလော့။ သို့ပြုလျှင် သင်တို့ဆိုသည့်အတိုင်းကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရားသခင်သည် သင်တို့နှင့်အတူအမှန်ပင်ရှိတော်မူမည်။-
15 Kötülükten nefret edin, İyiliği sevin, Mahkemede adaleti koruyun. Belki RAB, Her Şeye Egemen Tanrı, Yusuf'un soyundan sağ kalanlara lütfeder.
၁၅အဆိုးကိုမုန်း၍အကောင်းကိုမြတ်နိုး လော့။ ရုံးတော်များ၌တရားမျှတမှုရှိ စေရန်စောင့်ရှောက်ကြလော့။ ကောင်းကင်ဗိုလ် ခြေအရှင်ထာဝရဘုရားသခင်သည် ယောသပ်အမျိုးသားအနက်အသက်ရှင် လျက်ကျန်ရစ်သူအချို့ကို သနားကောင်း သနားတော်မူလိမ့်မည်။
16 Bu yüzden RAB, Her Şeye Egemen Tanrı Rab şöyle diyor: “Bütün meydanlarda çığlık kopacak, Sokaklarda inim inim inleyecekler; Irgatları yas tutmaya, Ağıtçıları feryat etmeye çağıracaklar.
၁၆ထို့ကြောင့်ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရ ဘုရားသခင်က``မြို့ပေါ်ရှိလမ်းအသွယ်သွယ် တို့၌ကြေကွဲစရာငိုကြွေးသံ၊ စျေးရပ်ကွက် တို့၌ညည်းညူသံများကိုကြားရတော့မည်။ ငိုချင်းသည်များနှင့်အတူလာရောက်ငို ကြွေးရန် လယ်သမားများကိုပါခေါ်ကြ လိမ့်မည်။-
17 Bütün bağlarda çığlık kopacak, Çünkü ben aranızdan geçeceğim.” RAB böyle diyor.
၁၇စပျစ်ခြံတိုင်းမှငိုကြွေးသံများပေါ် ထွက်လာမည်။ ငါသည်သင်တို့ကိုအပြစ် ပေးရန်ကြွလာပြီးဖြစ်သောကြောင့် ဤသို့ ဖြစ်ရလိမ့်မည်'' ဟုထာဝရဘုရားမိန့် တော်မူ၏။
18 Vay başına, RAB'bin gününü özlemle bekleyenlerin! Niçin özlüyorsunuz RAB'bin gününü? O gün aydınlık değil, karanlık olacak.
၁၈ထာဝရဘုရား၏နေ့တော်ကိုစောင့်မျှော် နေသူများအတွက် အလွန်ကြောက်စရာ ကောင်းလှပါသည်တကား။ ထိုနေ့တော် သည်သင်တို့ကိုမည်သို့လျှင်အကျိုးပြု နိုင်မည်နည်း။ အလင်းမရှိဘဲအမှောင်ဖုံး သောနေ့သာလျှင်ဖြစ်လိမ့်မည်။-
19 Nasıl ki, biri aslanın önünden kaçar da karşısına ayı çıkar, Evine döner, elini duvara dayar da elini yılan sokar.
၁၉ထိုနေ့သည်သင်တို့အတွက်ခြင်္သေ့ကိုကြောက် ၍ ထွက်ပြေးခါမှဝက်ဝံနှင့်တွေ့သကဲ့သို့ လည်းကောင်း၊ အိမ်ပြန်ရောက်ခါမှနံရံကိုင် မိ၍ မြွေအကိုက်ခံရသကဲ့သို့လည်း ကောင်းဖြစ်လိမ့်မည်။-
20 RAB'bin günü aydınlık değil, karanlık olmayacak mı? Hem de zifiri karanlık, Bir parıltı bile yok.
၂၀ထာဝရဘုရား၏နေ့တော်သည်အလင်း မရဘဲ အမှောင်ကျသောနေ့ဖြစ်လိမ့်မည်။ ထွန်းတောက်ခြင်းအလျှင်းမရှိဘဲ အမှောင်ထု ကြီးဖုံးနေသောနေ့သာလျှင်ဖြစ်လိမ့်မည်။
21 RAB şöyle diyor: “İğreniyor, tiksiniyorum bayramlarınızdan, Hoşlanmıyorum dinsel toplantılarınızdan,
၂၁ထာဝရဘုရားက``သင်တို့၏ဘုရားပွဲ များကိုငါမုန်း၏။ ထိုပွဲများကိုမခံနိုင် လောက်အောင်ပင်ရွံရှာ၏။-
22 Yakmalık ve tahıl sunularınızı Bana sunsanız bile kabul etmeyeceğim, Besili hayvanlarınızdan sunacağınız Esenlik sunularına dönüp bakmayacağım.
၂၂သင်တို့မီးပူဇော်ခြင်း၊ ဂျုံစပါးဆက်ကပ် ခြင်းကိုငါလက်မခံနိုင်။ ဆူဖြိုးသောသား ကောင်တို့ဖြင့် ပူဇော်ခြင်းကိုလည်းငါ အလိုမရှိ။-
23 Uzak tutun benden ezgilerinizin gürültüsünü, Çenklerinizin sesini dinlemeyeceğim.
၂၃ဆူညံလှသောတေးသံများကိုရပ်စဲလော့။ သင်တို့စောင်းသံများကိုလည်းငါမကြား လို။-
24 Bunun yerine adalet su gibi, Doğruluk ırmak gibi sürekli aksın.
၂၄တရားမျှတရေးသည်စမ်းရေကဲ့သို့လည်း ကောင်း၊ ဖြောင့်မတ်ခြင်းသည်မခန်းနိုင်သော မြစ်ကဲ့သို့လည်းကောင်းစီးပါလေစေ။
25 “Ey İsrail halkı, çölde kırk yıl boyunca Bana mı kurbanlar, sunular sundunuz?
၂၅``အို ဣသရေလအမျိုးသားတို့၊ သင်တို့သည် တောကန္တာရထဲ၌ အနှစ်လေးဆယ်ပတ်လုံး လှည့်လည်နေစဉ်ကယဇ်ပူဇော်သကာတို့ ကို ငါ့အားမပူဇော်ဘဲနေခဲ့ကြသည်မ ဟုတ်လော။-
26 Gerçekte kralınız Sakkut'u, putunuz Kayvan'ı, Kendiniz için yaptığınız ilahın yıldızını taşıdınız.
၂၆သို့ဖြစ်သောကြောင့်သင်တို့သည်ကိုယ်တိုင်ထု လုပ်၍ ကိုးကွယ်နေကြသောမောလုပ်နှင့်ခိအုန် ကြယ်ဘုရားရုပ်တုများကို ယခုပင်လျှင် ကိုယ်တိုင်ထမ်းယူသွားရတော့မည်။-
27 Bu yüzden sizi Şam'ın ötesine süreceğim.” RAB böyle diyor, O'nun adı Her Şeye Egemen Tanrı'dır.
၂၇ငါသည်သင်တို့ကိုဒမာသက်မြို့တစ်ဘက် သို့ဖမ်းယူသွားတော့မည်'' ဟုကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့်တော် မူ၏။