< 2 Tarihler 4 >
1 Süleyman tunçtan bir sunak yaptırdı. Sunağın eniyle uzunluğu yirmişer arşın, yüksekliği on arşındı.
၁အလျားအတောင်နှစ်ဆယ်၊ အနံအတောင် နှစ်ဆယ်၊ အမြင့်ဆယ်တောင်ရှိသော ကြေးဝါယဇ်ပလ္လင် ကိုလည်း လုပ်လေ၏။
2 Dökme tunçtan on arşın çapında, beş arşın derinliğinde, çevresi otuz arşın yuvarlak bir havuz yaptırdı.
၂အချင်းဆယ်တောင်၊ အဝန်းအတောင်သုံးဆယ်၊ အစောက်ငါးတောင်ရှိသော ကြေးဝါရေကန်ကိုလည်း လုပ်လေ၏။
3 Havuzun dışı boğa kabartmalarıyla kuşatılmıştı. Her arşında onar tane olan bu kabartmalar iki sıra halindeydi ve gövdeyle birlikte dökülmüştü.
၃ရေကန်အနားပတ်အောက်ပတ်လည်၌ ဘူးသီး ရုပ်များ၊ အတောင်တထောင်တွင် ဆယ်လုံးစီစေ့အောင်၊ ဘူးသီးရုပ်နှစ်ပတ်ကို ရေကန်နှင့်တစပ်တည်း သွန်းလေ ၏။
4 Havuz üçü kuzeye, üçü batıya, üçü güneye, üçü de doğuya bakan on iki boğa heykeli üzerine oturtulmuştu. Boğaların sağrıları içe dönüktü.
၄နွားတဆယ်နှစ်ခုပေါ်မှာ တည်လျက်ရှိ၏။ နွားတို့သည် အတွင်းသို့ နောက်ခိုင်း၍ အရှေ့အနောက် တောင်မြောက်အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံးခုစီမျက်နှာပြုကြ၏။
5 Havuzun çeperi dört parmak kalınlığındaydı; kenarları kâse kenarlarını, nilüferleri andırıyordu. Üç bin bat su alıyordu.
၅ရေကန်သည် ဒုလက်တဝါးရှိ၏။ အပေါ်အနား ပတ်လည် ဖလားအနားပတ်ကဲ့သို့ ကြာပွင့်အပြောက် နှင့်ပြည့်စုံ၏။ ရေဗတ်သုံးထောင်ဝင်နိုင်၏။
6 Süleyman yıkama işleri için on kazan yaptırdı. Beşini sunağın güneyine, beşini kuzeyine yerleştirdi. Yakmalık sunuların parçaları bunlarda yıkanırdı. Havuz ise kâhinlerin yıkanması içindi.
၆မီးရှို့ရာယဇ်နှင့်ဆိုင်သော အရာတို့ကို ဆေးစရာ ဘို့အင်တုံဆယ်လုံးကိုလည်း လုပ်၍၊ လက်ျာဘက်၌ အင်တုံငါးလုံး၊ လက်ဝဲဘက်၌ ငါးလုံးကို ထားလေ၏။ ရေကန်မူကား ယဇ်ပုရောဟိတ်ရေချိုးစရာဘို့ ဖြစ်သ တည်း။
7 Süleyman tanıma uygun biçimde yaptırdığı on altın kandilliği tapınağın içine, beşi sağda, beşi solda olmak üzere yerleştirdi.
၇ရွှေမီးခုံဆယ်ခုကိုလည်းအရင်ပုံနှင့် အညီလုပ်၍ ဗိမာန်တော်အတွင်း လက်ျာဘက်၌ငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထားလေ၏။
8 Yaptırdığı on masanın beşini de tapınağın sağına, beşini soluna yerleştirdi. Ayrıca yüz altın çanak yaptırdı.
၈စားပွဲဆယ်ခုကိုလည်း လုပ်၍ ဗိမာန်တော် အတွင်း လက်ျာဘက်၌ ငါးခု၊ လက်ဝဲဘက်၌ ငါးခုကို ထားလေ၏။ ရွှေဖလားတရာကိုလည်း လုပ်လေ၏။
9 Kâhinlerin avlusunu, büyük avluyla kapılarını yaptırdı. Kapıları tunçla kaplattı.
၉ယဇ်ပုရောဟိတ်တန်တိုင်း၊ ပြင်တန်တိုင်းကြီး၊ တန်တိုင်းတံခါးရွက်များကိုလည်း လုပ်၍တံခါးရွက်တို့ကို ကြေးဝါဖြင့် ဖုံးအုပ်လေ၏။
10 Havuzu ise tapınağın güneydoğu köşesine yerleştirdi.
၁၀ရေကန်ကိုလည်း အိမ်တော်လက်ျာဘက် အရှေ့တောင်ထောင့်၌ နေရာချ၏။
11 Hiram kovalar, kürekler, çanaklar yaptı. Böylece Kral Süleyman için üstlenmiş olduğu Tanrı'nın Tapınağı'yla ilgili işleri tamamlamış oldu:
၁၁ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ အင်တုံငယ်များ ကိုလည်း လုပ်သဖြင့်၊ ရှောလမုန်မင်းကြီးအဘို့ ဘုရား သခင်၏အိမ်တော်၌ လက်စသတ်သော အရာများဟူမူ ကား၊
12 İki sütun ve iki yuvarlak sütun başlığı, bu başlıkları süsleyen iki örgülü ağ,
၁၂တိုင်နှစ်တိုင်၊ တိုင်ထိပ်နှင့်တိုင်ထိပ်အထွဋ်နှစ်ခု၊ တိုင်ထိပ်အထွဋ်ကို ဖုံးလွှမ်းစရာကွန်ရွက်နှစ်ရွက်၊
13 Sütunların yuvarlak başlıklarını süsleyen iki örgülü ağın üzerini ikişer sıra halinde süsleyen dört yüz nar motifi,
၁၃ထိုကွန်ရွက်အပေါ်မှာ သလဲသီးနှစ်တန်းစီ၊ သလဲသီးပေါင်းလေးရာ၊
14 On kazan ve ayaklıkları,
၁၄ခုံများ၊ ခုံပေါ်မှာတင်ထားသောအင်တုံများ၊
15 Havuz ve havuzu taşıyan on iki boğa heykeli,
၁၅ရေကန်တကန်၊ ရေကန်ကိုထောက်သော နွား တဆယ်နှစ်ခု၊ အိုးများ၊ ရေမှုတ်များ၊ အမဲချိတ်များတည်း။
16 Kovalar, kürekler, büyük çatallar. Huram-Avi'nin Kral Süleyman için RAB'bin Tapınağı'na yaptığı bütün eşyalar parlak tunçtandı.
၁၆ရှောလမုန်မင်းကြီးအဘို့ ဟိရံလုပ်သမျှသော ထာဝရဘုရား၏အိမ်တော်တန်ဆာတို့သည် ပြောင်ပြောင် တောက်သော ကြေးဝါဖြင့် ပြီးကြ၏။
17 Kral bunları Şeria Ovası'nda, Sukkot ile Seredata arasındaki killi topraklarda döktürmüştü.
၁၇ယော်ဒန်ချိုင့်၊ သုကုတ်မြို့နှင့် ဇာသန်မြို့စပ်ကြား တွင်၊ သရွတ်လုပ်စရာကောင်းသော မြေ၌ ရှင်ဘုရင်သွန်းလေ ၏။
18 Süleyman'ın yaptırdığı eşyalar o kadar çoktu ki, kullanılan tuncun hesabı tutulmadı.
၁၈ရှောလမုန်သည် ထိုတန်ဆာတို့ကို များစွာ လုပ်သောကြောင့်၊ ကြေးဝါအချိန်ကို အဘယ်သူမျှမသိ။
19 Süleyman'ın Tanrı'nın Tapınağı için yaptırdığı altın eşyalar şunlardı: Altın sunak ve ekmeklerin Tanrı'nın huzuruna konduğu masalar,
၁၉ရှောလမုန်သည်လည်း၊ ဘုရားသခင်၏ အိမ် တော်နှင့် ဆိုင်သမျှသော တန်ဆာများတည်းဟူသော ရွှေယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်စရာစားပွဲ၊
20 İç odanın önüne yerleştirilen ve kurala uygun olarak yakılan saf altından kandilliklerle kandilleri,
၂၀တရားတော်အတိုင်း ဗျာဒိတ်ဌာနတော်ရှေ့မှာ ထွန်းစရာ ဘို့ ရွှေစင်မီးခုံနှင့် မီးခွက်များ၊
21 Çiçek süslemeleri, kandiller, maşalar. –Bunlar saf altındandı.–
၂၁ရွှေစင်ဖြင့်ပြီးသောပန်းပွင့်၊ မီးခွက်၊ မီးကိုင် တန်ဆာများ၊
22 Saf altın fitil maşaları, çanaklar, tabaklar, buhurdanlar ve tapınağın altın kapıları. En Kutsal Yer'in ve ana bölümün kapıları da altındandı.
၂၂ရွှေစင် ဖြင့်ပြီးသောမီးညှပ်၊ လင်ပန်း၊ ဇွန်း၊ ပြာခံစရာအိုးများ၊ အိမ်တော်ထဲမှာ အလွန်သန့်ရှင်းရာ ဌာနတော်အတွင်း ခန်းတံခါးရွက်နှင့် ဗိမာန်တော် ပြင်ခန်းတံခါးရွက်တို့ကိုလည်း ရွှေဖြင့်ပြီးစေ၏။