< 1 Samuel 6 >
1 RAB'bin Sandığı Filist ülkesinde yedi ay kaldıktan sonra,
၁ဖိလိတ္တိပြည်တွင်ထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်သည် ခုနစ်လမျှရောက်ရှိနေပြီး နောက်၊-
2 Filistliler kâhinlerle falcıları çağırtıp, “RAB'bin Sandığı'nı ne yapalım? Onu nasıl yerine göndereceğimizi bize bildirin” dediler.
၂ဖိလိတ္တိအမျိုးသားခေါင်းဆောင်များသည် ယဇ်ပုရောဟိတ်များနှင့် မှော်ဆရာများကို ဖိတ်ခေါ်ကာ``ထာဝရဘုရား၏ပဋိညာဉ် သေတ္တာတော်ကိုငါတို့အဘယ်သို့ပြုရ ကြပါမည်နည်း။ ထိုသေတ္တာတော်ကိုမူရင်း အရပ်သို့ပြန်လည်ပို့ဆောင်မည်ဆိုပါက ယင်းနှင့်အတူအဘယ်ပူဇော်သကာကို ပေးသင့်ပါသနည်း'' ဟုမေးမြန်းကြ၏။
3 Kâhinlerle falcılar, “İsrail Tanrısı'nın Sandığı'nı geri gönderecekseniz, boş göndermeyin” diye yanıtladılar, “O'na bir suç sunusu sunmalısınız. O zaman iyileşecek ve O'nun sizi neden sürekli cezalandırdığını anlayacaksınız.”
၃ထိုသူတို့က``သင်တို့သည်ဣသရေလအမျိုး သားတို့ ကိုးကွယ်သောဘုရားသခင်၏ပဋိ ညာဉ်သေတ္တာတော်ကိုပြန်ပို့မည်ဆိုလျှင်ပူ ဇော်သကာမပါ၍မဖြစ်။ သင်တို့၏အပြစ် ဖြေရာပူဇော်သကာကိုပါပေးလှူရကြ မည်။ ယင်းသို့ပြုလျှင်သင်တို့သည်အနာ ရောဂါပျောက်ကင်းကြလိမ့်မည်။ ကိုယ်တော် သည်သင်တို့အား အဘယ်ကြောင့်ဒဏ်ခတ် လျက်နေတော်မူကြောင်းကိုလည်းသိရှိ ရကြလိမ့်မည်'' ဟုဆိုကြ၏။
4 Filistliler, “Ona suç sunusu olarak ne göndermeliyiz?” diye sordular. Kâhinlerle falcılar, “Suç sununuz Filist beylerinin sayısına göre beş altın ur ve beş altın fare olsun” diye yanıtladılar, “Çünkü aynı bela hepinizin de, beylerinizin de üzerindedir.
၄ဖိလိတ္တိခေါင်းဆောင်များက``ငါတို့သည် အဘယ်ပူဇော်သကာကိုပေးလှူရပါမည် နည်း'' ဟုမေးကြလျှင် သူတို့က``သင်တို့သည်ဘုရင်ငါးပါးကိုတစ် ပါးလျှင် ရွှေအနာစိမ်းရုပ်ငါးခုနှင့်ရွှေကြွက် ရုပ်ငါးခုပြုလုပ်၍ပေးလှူရကြမည်။ ဘုရင် ငါးပါးနှင့်သင်တို့အပေါင်းသည် ကပ်ရောဂါ တစ်မျိုးတည်းသင့်ရကြသည်ဖြစ်ရာ၊-
5 Onun için, urların ve ülkeyi yıkan farelerin benzerlerini yapın. Böylelikle İsrail'in Tanrısı'nı onurlandırın. Belki sizin, ilahlarınızın ve ülkenizin üzerindeki cezayı hafifletir.
၅အနာစိမ်း၏ပုံစံ၊ သင်တို့ပြည်ကိုဖျက်ဆီး လျက်နေသည့်ကြွက်၏ပုံစံတို့ကိုပြုလုပ်၍ ဣသရေလအမျိုးသားတို့ဘုရားကိုဂုဏ် ပြုချီးမြှင့်ရမည်။ ကိုယ်တော်သည်သင်တို့ နှင့်သင်တို့၏ဘုရားများကိုလည်းကောင်း၊ သင်တို့၏ပြည်ကိုလည်းကောင်းဒဏ်မ ခတ်တော့ဘဲနေကောင်းနေတော်မူလိမ့်မည်။-
6 Neden Mısırlılar'ın ve firavunun yaptığı gibi inat ediyorsunuz? Tanrı Mısırlılar'ı alaya aldıktan sonra, İsrail halkının Mısır'dan çıkması için onları serbest bırakmadılar mı?
၆သင်တို့သည်အဘယ်ကြောင့်အီဂျစ်ဘုရင် နှင့် အီဂျစ်အမျိုးသားတို့ကဲ့သို့ခေါင်းမာ နေကြပါမည်နည်း။ သူတို့သည်ဣသရေလ အမျိုးသားတို့ကိုအီဂျစ်ပြည်မှထွက်ခွာ ခွင့်မပြုမချင်းဘုရားသခင်သည် သူတို့ အားအဘယ်သို့ဒဏ်ခတ်တော်မူခဲ့သည်ကို သင်တို့မမေ့ကြနှင့်။-
7 “Şimdi yeni bir arabayla boyunduruk vurulmamış, süt veren iki inek hazırlayın. İnekleri arabaya koşun; buzağılarını artlarından ayırıp ahıra götürün.
၇သို့ဖြစ်၍လှည်းသစ်ကိုပြုလုပ်ပြီးနောက် တစ် ခါမျှထမ်းပိုးမတင်ဘူးသေးသောသားငယ် ရှိသည့်နွားမနှစ်ကောင်ကိုလှည်း၌တပ်၍ သားငယ်တို့ကိုမူခြံသို့ပြန်ပို့လော့။-
8 RAB'bin Sandığı'nı alıp arabaya koyun; suç sunusu olarak O'na göndereceğiniz altın eşyaları da bir kutuya koyup yanına yerleştirin. Sonra bırakın arabayı yoluna gitsin.
၈ထိုနောက်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုလှည်းပေါ်သို့တင်ပြီးလျှင် သင်တို့၏ အပြစ်ဖြေရာပူဇော်သကာတည်းဟူသောရွှေ ရုပ်တုများကိုအခြားသောသေတ္တာတစ်လုံး တွင်ထည့်၍သေတ္တာတော်အနီး၌ထားလော့။ ထို နောက်လှည်းကိုအလိုရှိရာသို့ထွက်ခွာသွား စေလော့။-
9 Ama ardından gözetleyin. Eğer kendi ülkesine, Beytşemeş'e giden yoldan ilerlerse, demek ki, üzerimize bu büyük yıkımı getiren O'dur. Yoksa bu yıkımın O'ndan gelmediğini, bize bir rastlantı olduğunu anlayacağız.”
၉လှည်းအဘယ်အရပ်သို့သွားသည်ကိုစောင့်၍ ကြည့်လော့။ အကယ်၍ဗက်ရှေမက်မြို့ရှိရာသို့ သွားလျှင် ဣသရေလအမျိုးသားတို့၏ဘုရား သည် ငါတို့အပေါ်သို့ကြောက်မက်ဖွယ်ရာကပ် ရောဂါကိုကျရောက်စေကြောင်းသိမှတ်ရမည်။ သို့ရာတွင်လှည်းသည်ထိုမြို့ရှိရာသို့မသွား ခဲ့သော် ကိုယ်တော်သည်ငါတို့ထံကပ်ရောဂါ ကိုစေလွှတ်တော်မူသည်မဟုတ်။ ကပ်ရောဂါ သည်အလိုအလျောက်ဆိုက်ရောက်လာခြင်း သာဖြစ်ကြောင်းငါတို့သိမှတ်ရမည်။''
10 Adamlar denileni yaptılar. Süt veren iki inek getirip arabaya koştular, buzağılarını da ahıra kapadılar.
၁၀သူတို့သည်ယဇ်ပုရောဟိတ်တို့စေခိုင်းသည့် အတိုင်း နွားမနှစ်ကောင်ကိုလှည်းတွင်တပ်၍ နွားငယ်ကလေးများကိုခြံတွင်လှောင်ထား ကြ၏။-
11 İçinde farelerle urların altın benzerlerinin bulunduğu kutuyu RAB'bin Sandığı'yla birlikte arabaya koydular.
၁၁ပဋိညာဉ်သေတ္တာတော်ကိုရွှေကြွက်ရုပ်နှင့် ရွှေအနာစိမ်းရုပ်တုပုံများ ပါရှိသည့်သေတ္တာ နှင့်အတူလှည်းပေါ်သို့တင်ကြ၏။-
12 İnekler dosdoğru Beytşemeş yolundan gittiler. Sağa sola sapmadan, böğüre böğüre ana yoldan ilerlediler. Filist beyleri onları Beytşemeş sınırına dek izledi.
၁၂နွားမတို့သည်ဗက်ရှေမက်လမ်းအတိုင်း စတင်ထွက်ခွာပြီး ဝဲယာမကွေ့ဘဲတည့် မတ်စွာတစ်လမ်းလုံးအော်မြည်လျက် ဗက် ရှေမက်မြို့ရှိရာသို့သွားကြလေသည်။ ဖိ လိတ္တိဘုရင်ငါးပါးတို့သည်ဗက်ရှေမက် မြို့နယ်စပ်အနီးအထိလိုက်ပါသွားကြ ၏။
13 O sırada Beytşemeşliler vadide buğday biçiyorlardı. Gözlerini kaldırıp sandığı görünce sevindiler.
၁၃ဗက်ရှေမက်မြို့သားတို့သည်ချိုင့်ဝှမ်းထဲတွင် ဂျုံစပါးများကိုရိတ်သိမ်းလျက်နေစဉ်ရုတ် တရက်မျှော်ကြည့်လိုက်သောအခါ ပဋိညာဉ် သေတ္တာတော်ကိုတွေ့မြင်ကြသဖြင့်အတိုင်း ထက်အလွန်ဝမ်းမြောက်ကြ၏။-
14 Beytşemeşli Yeşu'nun tarlasına giren araba oradaki büyük bir taşın yanında durdu. Beytşemeşliler arabanın odununu yardılar, inekleri de RAB'be yakmalık sunu olarak sundular.
၁၄လှည်းသည်ဗက်ရှေမက်မြို့သားယောရှု၏ လယ်သို့ရောက်သောအခါ ကျောက်တုံးကြီး အနီးတွင်ရပ်တန့်လေသည်။ လူတို့သည်လှည်း ကိုခုတ်ဖြတ်၍နွားမတို့ကိုသတ်ပြီးလျှင် မီးရှို့ရာယဇ်အဖြစ်ဖြင့်ထာဝရဘုရား အားပူဇော်ကြ၏။-
15 Levililer RAB'bin Sandığı'nı ve içinde altın eşyaların bulunduğu yanındaki kutuyu indirip büyük taşın üzerine koymuşlardı. O gün Beytşemeşliler RAB'be yakmalık sunular sunup kurbanlar kestiler.
၁၅လေဝိအနွယ်ဝင်တို့သည်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်နှင့် ရွှေရုပ်များပါ ရှိသည့်သေတ္တာကိုချီပင့်ပြီးလျှင်ကျောက်တုံး ကြီးပေါ်တွင်တင်ထားကြ၏။ ထိုနောက်ဗက် ရှေမက်မြို့သားတို့သည်ထာဝရဘုရား အားမီးရှို့ရာယဇ်နှင့်အခြားပူဇော် သကာများကိုတင်လှူကြ၏။-
16 Filistliler'in beş beyi olup bitenleri gördükten sonra aynı gün Ekron'a döndüler.
၁၆ဖိလိတ္တိဘုရင်ငါးပါးတို့သည်ဤအခြင်း အရာကိုကြည့်ရှုကြပြီးနောက် ထိုနေ့၌ပင် ဧကြုန်မြို့သို့ပြန်သွားကြ၏။
17 Filistliler Aşdot, Gazze, Aşkelon, Gat ve Ekron kentleri için RAB'be suç sunusu olarak ur biçiminde birer altın gönderdiler.
၁၇ဖိလိတ္တိအမျိုးသားတို့သည်ရွှေအနာစိမ်း ရုပ်ငါးခုကိုမြို့တစ်မြို့လျှင် တစ်ခုနှုန်းဖြင့် အာဇုတ်မြို့၊ ဂါဇမြို့၊ အာရှကေလုန်မြို့၊ ဂါသ မြို့နှင့်ဧကြုန်မြို့တို့ကိုရည်စူး၍မိမိတို့ အတွက် အပြစ်ဖြေရာပူဇော်သကာအဖြစ် ဖြင့်ထာဝရဘုရားထံပေးပို့ကြ၏။-
18 Altın farelerse, surlu kentlerle çevre köyler dahil beş Filistli beye ait kentlerin sayısı kadardı. Beytşemeşli Yeşu'nun tarlasında RAB'bin Antlaşma Sandığı'nın üzerine konduğu büyük taş tanık olarak bugün de duruyor.
၁၈သူတို့သည်ကြွက်ရုပ်များကိုလည်းဖိလိတ္တိ ဘုရင်များ အစိုးရသည့်ခံတပ်မြို့များနှင့် ကျေးရွာများအတွက် တစ်မြို့လျှင်တစ်ခု ကျစီဆက်သပေးပို့ကြ၏။ ဗက်ရှေမက် မြို့သားယောရှု၏လယ်၌ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော်တင်ရာကျောက်တုံး ကြီးသည် ထိုစဉ်အခါကဖြစ်ပျက်ခဲ့သည့် အမှု၌အသိသက်သေအဖြစ်ဖြင့်ယနေ့ တိုင်အောင်တည်ရှိနေလေသည်။
19 RAB'bin Antlaşma Sandığı'nın içine baktıkları için, RAB Beytşemeşliler'den bazılarını cezalandırıp yetmiş kişiyi yok etti. Halk RAB'bin başlarına getirdiği bu büyük yıkımdan dolayı yas tuttu.
၁၉ဗက်ရှေမက်မြို့သားခုနစ်ဆယ်တို့သည် ပဋိ ညာဉ်သေတ္တာတော်ထဲသို့ကြည့်မိသဖြင့် ထာဝရဘုရားသည် သူတို့အားသေဒဏ် ခတ်တော်မူ၏။ မြို့သားတို့သည်မိမိတို့ အထဲမှလူမြောက်မြားစွာကို ထာဝရ ဘုရားသေဒဏ်ခတ်တော်မူသောကြောင့် ငိုကြွေးမြည်တမ်းကြ၏။
20 Beytşemeşliler, “Bu kutsal Tanrı'nın, RAB'bin önünde kim durabilir? Bizden sonra kime gidecek?” diyorlardı.
၂၀သို့ဖြစ်၍ဗက်ရှေမက်မြို့သားတို့က``သန့်ရှင်း မြင့်မြတ်တော်မူသည့်ဘုရားတည်းဟူသော ထာဝရဘုရား၏ရှေ့တော်၌ အဘယ်သူသည် ရပ်တည်နိုင်ပါမည်နည်း။ ငါတို့နှင့်ဝေးအောင် ကိုယ်တော်အားအဘယ်အရပ်သို့ပင့်ဆောင် သွားရပါမည်နည်း'' ဟုဆို၍၊-
21 Sonunda Kiryat-Yearim'de oturanlara ulaklar göndererek, “Filistliler RAB'bin Sandığı'nı geri getirdiler; gelin, onu alıp götürün” dediler.
၂၁ကိရယတ်ယာရိမ်မြို့သားတို့ထံသို့တမန် များစေလွှတ်ပြီးလျှင်``ဖိလိတ္တိအမျိုးသား တို့သည်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာ တော်ကိုပြန်လည်ပို့ဆောင်ကြလေပြီ။ သင် တို့လာ၍သေတ္တာတော်ကိုပင့်ဆောင်ကြပါ လော့'' ဟုမှာကြားလိုက်ကြ၏။