< 1 Samuel 30 >
1 Davut'la adamları üçüncü gün Ziklak Kenti'ne vardılar. Bu arada Amalekliler Negev bölgesiyle Ziklak'a baskın yapmış, Ziklak Kenti'ni yakıp yıkmışlardı.
၁သုံးရက်လွန်၍ ဒါဝိဒ်နှင့် သူ၏ လူတို့သည် ဇိကလတ်မြို့သို့ရောက်သောအခါ၊ အာမလတ် လူတို့သည် တောင်ပြည်နှင့် ဇိကလတ်မြို့ကို တိုက်သဖြင့်၊ ဇိကလတ်မြို့ကို လုပ်ကြံ၍ မီးရှို့နှင့်ကြပြီ။
2 Kimseyi öldürmemişlerdi, ama kadınlarla orada yaşayan genç, yaşlı herkesi tutsak etmişlerdi. Sonra onları da yanlarına alıp yollarına gitmişlerdi.
၂မြို့၌ ရှိသော မိန်းမအကြီးအငယ် တယောက်ကိုမျှမသတ်၊ ရှိသမျှတို့ကို သိမ်းသွားနှင့်ကြပြီ။
3 Davut'la adamları oraya varınca kentin ateşe verildiğini, karılarının, oğullarının, kızlarının tutsak alındığını anladılar.
၃သို့ဖြစ်၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် မြို့သို့ရောက်သောအခါ၊ မြို့ကို မီးရှို့၍ မယားသားသမီးများကို သိမ်းသွားကြောင်းကို တွေ့သဖြင့်၊
4 Güçleri tükeninceye dek hıçkıra hıçkıra ağladılar.
၄ငိုသံကို လွှင့်၍ အားကုန်သည် တိုင်အောင် ငိုကြွေးကြ၏။
5 Davut'un iki karısı, Yizreelli Ahinoam ile Karmelli Naval'ın dulu Avigayil de tutsak edilmişti.
၅ဒါဝိဒ်မယားနှစ်ယောက် ယေဇရေလမြို့သူ အဟိနောင်နှင့် နာဗလ မယားက ရေမေလမြို့သူ အဘိဂဲလတို့သည်လည်း ပါသွားကြပြီ။
6 Davut büyük sıkıntı içindeydi. Çünkü herkes oğulları, kızları için acı çekiyor ve, “Davut'u taşlayalım” diyordu. Ama Davut, Tanrısı RAB'de güç bularak,
၆ဒါဝိဒ်သည် အလွန်စိတ်ငြိုငြင်ဆင်းရဲ၏။ လူများတို့သည် မိမိတို့ သားသမီးများကြောင့် စိတ်ညှိုးငယ်သဖြင့်၊ ဒါဝိဒ်ကို ကျောက်ခဲနှင့် ပစ်ကြမည်ဟု ဆိုကြ၏။ ဒါဝိဒ်မူကား မိမိထာဝရဘုရားကို ကိုးစားလျက်နေ၍၊
7 Ahimelek oğlu Kâhin Aviyatar'a, “Bana efodu getir” dedi. Aviyatar efodu getirdi.
၇သင်တိုင်းတော်ကို ငါ့ထံသို့ဆောင်ခဲ့ပါလော့ဟု အဟိမလက်၏သား အဗျာသာကို ဆိုလျှင်၊ အဗျာသာသည် သင်တိုင်းတော်ကို ဒါဝိဒ်ထံသို့ ဆောင်ခဲ့လေ၏။
8 Davut RAB'be danışarak, “Bu akıncıların ardına düşersem, onlara yetişir miyim?” diye sordu. RAB, “Artlarına düş, kesinlikle onlara yetişip tutsakları kurtaracaksın” diye yanıtladı.
၈ဒါဝိဒ်ကလည်း၊ အကျွန်ုပ်သည် ထိုအလုံးအရင်းကို လိုက်ရပါမည်လော။ လိုက်လျှင် မှီနိုင်ပါမည်လောဟု ထာဝရဘုရားကို မေးလျှောက်သော်၊ လိုက်လော့။ ဆက်ဆက်မှီ၍ အလုံးစုံတို့ကို ရပြန်မည်ဟု မိန့်တော်မူသည်အတိုင်း၊
9 Bunun üzerine Davut yanındaki altı yüz kişiyle yola çıktı. Besor Vadisi'ne geldiler. Vadiyi geçemeyecek kadar bitkin düşen iki yüz kişi orada kaldı. Davut dört yüz kişiyle akıncıları kovalamayı sürdürdü.
၉ဒါဝိဒ်နှင့် သူ၌ ပါသော လူခြောက်ရာတို့သည် သွား၍ ဗေသော်ချောင်းသို့ ရောက်သောအခါ၊ အချို့တို့သည် ထိုချောင်းနားမှာ နေရစ်ကြ၏။
၁၀ဒါဝိဒ်နှင့် လူလေးရာတို့သည် လိုက်ကြ၏။
11 Kırda bir Mısırlı bulup Davut'a getirdiler. Yiyip içmesi için ona yiyecek, içecek verdiler.
၁၁လွင်ပြင်၌ အဲဂုတ္တု လူတယောက်ကို တွေ့၍ ဒါဝိဒ်ထံသို့ ဆောင်ခဲ့သဖြင့်၊ မုန့်ကိုပေး၍ ထိုသူသည် စား၏။ ရေကိုလည်းသောက်စေကြ၏။
12 Bir parça incir pestili ile iki salkım kuru üzüm de verdiler. Adam yiyince canlandı. Üç gün üç gecedir yiyip içmemişti.
၁၂သင်္ဘောသဖန်းသီး ပျဉ်တဖဲ့၊ စပျစ်သီးနှစ်ပြွတ်ကိုလည်း ပေး၍ သူသည် စားသဖြင့် အားပြည့်ပြန်၏။ သုံးရက်ပတ်လုံး မစားမသောက်ဘဲ ငတ်မွတ်ခဲ့ပြီ။
13 Davut ona, “Kime bağlısın? Nerelisin?” diye sordu. Genç adam, “Mısırlı'yım, bir Amalekli'nin kölesiyim” diye yanıtladı, “Üç gün önce hastalanınca, efendim beni bıraktı.
၁၃ဒါဝိဒ်ကလည်း၊ သင်သည် အဘယ်သူနှင့် ဆိုင်သနည်း။ အဘယ်အရပ်က လာသနည်းဟု မေးလျှင်၊ ကျွန်တော်သည် အာမလက်လူထံ၌ ကျွန်ခံရသော အဲဂုတ္တုလူကလေးဖြစ်ပါ၏။ သုံးရက်အထက်က အနာရောက်သောကြောင့် သခင်သည် ပစ်ထားပါ၏။
14 Keretliler'in güney sınırlarına, Yahuda topraklarına, Kalev'in güneyine baskınlar düzenlemiş, Ziklak Kenti'ni de ateşe vermiştik.”
၁၄ခေရသိပြည်တောင်ပိုင်း၊ ယုဒပြည်နှင့် ကာလက်ပြည်တောင်ပိုင်းကို တိုက်၍ ဇိကလတ်မြို့ကို မီးရှို့ပါပြီဟုပြောဆို၏။
15 Davut, “Beni bu akıncılara götürebilir misin?” diye sordu. Mısırlı genç, “Beni öldürmeyeceğine ya da efendimin eline teslim etmeyeceğine dair Tanrı'nın önünde ant içersen, seni akıncıların olduğu yere götürürüm” diye karşılık verdi.
၁၅ဒါဝိဒ်ကလည်း၊ ထိုအလုံးအရင်း ရှိရာသို့ လမ်းပြနိုင်သလောဟု မေးလျှင် သူက၊ ကိုယ်တော်သည် ကျွန်တော့်ကို မသတ်၊ သခင့်လက်သို့ မအပ်မည်အကြောင်း ဘုရားသခင်ကို တိုင်တည်၍ ကျိန်ဆိုပါတော့။သို့ဖြစ်လျှင် ထိုအလုံးအရင်းရှိရာသို့ လမ်းပြပါမည်ဟု ဆိုသည်အတိုင်း၊ ဒါဝိဒ်သည် ကျိန်ဆိုခြင်းကို ပြုလေ၏။
16 Böylece Mısırlı Davut'u götürdü. Akıncılar dört bir yana dağılmışlardı. Filist ve Yahuda topraklarından topladıkları büyük yağmadan yiyip içiyor, eğlenip oynuyorlardı.
၁၆လူကလေးသည်လမ်းပြ၍ ဒါဝိဒ်ရောက်သောအခါ၊ ထိုလူများတို့သည် ဖိလိတ္တိပြည်နှင့် ယုဒပြည်ထဲက သိမ်းယူသော ဥစ္စာ ပစ္စည်းများအပေါင်းတို့ကြောင့် စားသောက်လျက်၊ ကခုန်လျက် မြေတပြင်လုံး၌ အနှံ့အပြားရှိကြ၏။
17 Davut ertesi gün tan vaktinden akşama dek onları öldürdü. Develere binip kaçan dört yüz genç dışında içlerinden kurtulan olmadı.
၁၇ဒါဝိဒ်သည်လည်း ညဦးမှစ၍ နက်ဖြန်ညဦးတိုင်အောင် သူတို့ကို လုပ်ကြံသဖြင့်၊ ကုလားအုပ်ကို စီး၍ပြေးသော လုလင်လေးရာမှ တပါးလူတယောက်မှ မလွတ်။
18 Davut Amalekliler'in ele geçirdiği her şeyi, bu arada da iki karısını kurtardı.
၁၈အာမလက်လူတို့သည် သိမ်းသွင်းသမျှတို့ကို ဒါဝိဒ်သည် ရပြန်၍၊ မိမိမယားနှစ်ယောက်ကိုလည်း ကယ်နှုတ်လေ၏။
19 Gençler, yaşlılar, oğullar, kızlar, yağmalanan mallar, kısacası Amalekliler'in aldıklarından hiçbir şey eksik kalmadı. Davut tümünü geri aldı.
၁၉လူအကြီးအငယ်၊ သားသမီး၊ ဥစ္စာပစ္စည်း၊ လုယူသိမ်းသွားသမျှတို့တွင် တစုံတခုမျှမကျန်၊ အလုံးစုံတို့ကို ဒါဝိဒ်သည် ရပြန်လေ၏။
20 Bütün koyunlarla sığırları da aldı. Adamları, bunları öbür hayvanların önünden sürerek, “Bunlar Davut'un yağmaladıkları” diyorlardı.
၂၀ဒါဝိဒ်သည်လည်း ထိုသိုးနွားများရှေ့မှာ အရင်နှင်သော သိုးနွားအပေါင်းတို့ကိုလည်း ယူ၍၊ ဤဥစ္စာသည် ဒါဝိဒ်ပိုင်သော လက်ရဥစ္စာ ဖြစ်သည်ဟုဆို၏။
21 Bundan sonra Davut, daha ileriye gidemeyecek kadar bitkin düşüp Besor Vadisi'nde kalan iki yüz kişinin bulunduğu yere vardı. Onlar da Davut'la yanındakileri karşılamaya çıktılar. Davut yaklaşınca onlara esenlik diledi.
၂၁မော၍ ဒါဝိဒ်နောက်သို့ မလိုက်နိုင်၊ ဗေသော်ချောင်းနားမှာ နေရစ်သော လူနှစ်ရာရှိရာသို့ ဒါဝိဒ်ရောက်၍၊ သူတို့သည် ဒါဝိဒ်နှင့်သူ့၌ ပါသောလူတို့ကို ခရီးဦးကြိုပြုလိုသောငှါ ထွက်လာသဖြင့်၊ ဒါဝိဒ်သည် အနီးသို့ရောက်သောအခါ သူတို့ကို နှုတ်ဆက်လေ၏။
22 Ama Davut'la giden adamlardan kötü ve değersiz olanların tümü, “Madem bizimle birlikte gitmediler, geri aldığımız yağmadan onlara hiçbir pay vermeyeceğiz” dediler, “Her biri yalnız karısıyla çocuklarını alıp gitsin.”
၂၂ဒါဝိဒ်နှင့် လိုက်သွားသောသူတို့တွင် အဓမ္မလူဆိုးများတို့က၊ ဤသူတို့သည် ငါတို့နှင့်မလိုက်သောကြောင့်၊ ငါတို့ရသော ဥစ္စာတို့တွင် သူတို့သားမယားမှတပါး အခြားသော ဥစ္စာကို သူတို့အားမပေးရ။ ကိုယ်သားမယားကို ယူ၍ ထွက်သွားကြစေဟု ဆိုကြ၏။
23 Ama Davut, “Hayır, kardeşlerim!” dedi, “RAB'bin bize verdikleri konusunda böyle davranamayız! O bizi korudu ve bize saldıran akıncıları elimize teslim etti.
၂၃ဒါဝိဒ်ကလည်း၊ ငါ့ညီအစ်ကိုတို့ ငါတို့ကို စောင့်မ၍ ငါတို့ကို တိုက်လာသော အလုံးအရင်းကို ငါတို့လက်သို့ အပ်တော်မူသော ထာဝရဘုရားပေးသနားတော်မူသော ဥစ္စာကို ထိုသို့ မပြုရ။
24 Sizin bu söylediklerinizi kim kabul eder? Savaşa gidenle eşyanın yanında kalanın payı aynıdır. Her şey eşit paylaşılacak!”
၂၄ဤအမှု၌ သင်တို့စကားကို အဘယ်သူ နားထောင်လိမ့်မည်နည်း။ စစ်တိုက်သွားသော သူရသည်အတိုင်း၊ ဥစ္စာကို စောင့်လျက် နေရစ်သောသူရစေ။ နှစ်ပါးစလုံးတို့သည် အညီအမျှခံစေဟု စီရင်၏။
25 O günden sonra Davut bunu İsrail için bugüne dek geçerli bir kural ve ilke haline getirdi.
၂၅ထိုနေ့မှစ၍ ယနေ့တိုင်အောင် ဣသရေလအမျိုး၌ ထိုသို့သော ထုံးစံဖြစ်စေခြင်းငှါ စီရင်ထုံးဖွဲ့သတည်း။
26 Davut Ziklak'a dönünce, dostları olan Yahuda ileri gelenlerine yağma mallardan göndererek, “İşte RAB'bin düşmanlarından yağmalanan mallardan size bir armağan” dedi.
၂၆ဒါဝိဒ်သည် ဇိကလတ်မြို့သို့ ရောက်သောအခါ၊ လက်ရဥစ္စာ အချို့ကို မိမိအဆွေခင်ပွန်း၊ ယုဒအမျိုး အသက်ကြီးသူတို့ထံသို့ ပေးလိုက်၍၊ ထာဝရဘုရား၏ ရန်သူလက်မှရခဲ့သော ဥစ္စာထဲက သင်တို့ အဘို့ လက်ဆောင်ကို ကြည့်လော့ဟုမှာလိုက်၏။
27 Sonra Beytel, Negev'deki Ramot, Yattir,
၂၇ဗေသလမြို့၊ တောင်ရာမုတ်မြို့၊
28 Aroer, Sifmot, Eştemoa,
၂၈အာရော်မြို့၊ ရှိဖမုတ်မြို့၊ ဧရှတမောမြို့၊
29 Rakal, Yerahmeelliler'in, Kenliler'in kentlerinde,
၂၉ရာခလမြို့၊ ယေရမေလလူ နေရာမြို့များ၊ ကေနိလူ နေရာမြို့များ၊
30 Horma, Bor-Aşan, Atak,
၃၀ဟောမာမြို့များ၊ ခေါရာရှန်မြို့၊ အာသက်မြို့၊
31 Hevron'da oturanlara ve adamlarıyla birlikte sık sık uğradığı yerlerin tümüne yağmalanan mallardan gönderdi.
၃၁ဟေဗြုန်မြို့မှစ၍ ဒါဝိဒ်နှင့် သူ၏လူတို့သည် တည်းခိုတတ်သော မြို့ရွာအရပ်ရပ်သို့ ပေးလိုက်သတည်း။