< 1 Samuel 21 >
1 Davut Nov Kenti'ne, Kâhin Ahimelek'in yanına gitti. Ahimelek titreyerek Davut'u karşılamaya çıktı. “Neden yalnızsın? Neden yanında kimse yok?” diye sordu.
၁ဒါဝိဒ်သည် ယဇ်ပုရောဟိတ် အဟိမလက် ရှိရာ နောဗမြို့သို့ ရောက်၍၊ အဟိမလက်သည် ဒါဝိဒ်နှင့် တွေ့သောအခါ ကြောက်၍၊ သင်သည် လူတယောက်မျှ မပါဘဲ အဘယ်ကြောင့် တကိုယ်တည်း လာသနည်းဟု မေးသော်၊
2 Davut şöyle yanıtladı: “Kral bana bir görev verdi. ‘Sana verdiğim görevden ve buyruklardan kimsenin haberi olmasın’ dedi. Adamlarıma gelince, belli bir yere gitmelerini söyledim.
၂ဒါဝိဒ်က၊ ရှင်ဘုရင် အမှုတော်တခုကို အပ်၍၊ ငါစေခိုင်းမှာထားသော အမှုကို အဘယ်သူမျှ မသိစေနှင့်ဟု မိန့်တော်မူသောကြောင့်၊ ငါ့ကျွန်တို့ကို ဤမည်သောအရပ် ဤမည်သောအရပ်၌ ဆိုင်းလင့်စေခြင်းငှါ အရင်စေလွှတ်လေပြီ။
3 Şu an elinde ne var? Bana beş somun ekmek ya da başka ne varsa ver.”
၃သို့ဖြစ်၍ ကိုယ်တော်လက်၌ ရှိသော မုန့်ငါးလုံးကိုသော်၎င်း၊ တွေ့သမျှကို သော်၎င်း၊ ကျွန်ုပ်လက်သို့ အပ်ပေးပါဟု ယဇ်ပုရောဟိတ် အဟိမလက်အား တောင်း၏။
4 Kâhin, “Taze ekmeğim yok” diye karşılık verdi, “Ama adamların kadından uzak kaldılarsa kutsanmış ekmek var.”
၄ယဇ်ပုရောဟိတ်က၊ ငါ့လက်၌ လူတိုင်းစားရသော မုန့်မရှိ။ လုလင်တို့သည် မိန်းမကိုသာ ရှောင်လျှင်၊ သန့်ရှင်းသော မုန့်ရှိသည်ဟု ဒါဝိဒ်အားဆို၏။
5 Davut, “Yola çıktığımızdan her zaman olduğu gibi, kadından uzak kaldık” dedi, “Sıradan bir yolculuğa çıktığımızda bile adamlarım kendilerini temiz tutarlar; özellikle bugün ne kadar daha çok temiz olacaklar.”
၅ဒါဝိဒ်ကလည်း၊ ကျွန်ုပ်ထွက်ကတည်းက အဘယ်သူမျှ မိန်းမနှင့် မပေါင်းဘော်၊ လုလင်တန်ဆာ တို့သည် သန့်ရှင်းပါ၏။ ထိုမုန့်လည်း လူတိုင်းစားရသော မုန့်ကဲ့သို့ ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်းသောမုန့်သစ်ကို တင်ထားလျက်ရှိပါ၏ဟု ယဇ်ပုရောဟိတ် အား ပြန်ပြောသော်၊
6 Bunun üzerine kâhin ona kutsanmış ekmek verdi; çünkü orada huzura konan ekmekten başka ekmek yoktu. Bu ekmek RAB'bin huzurundan alındığı gün yerine sıcak ekmek konurdu.
၆ယဇ်ပုရောဟိတ်သည် ရှေ့တော်မုန့်မှ တပါးအခြားသော မုန့်မရှိသောကြောင့် သန့်ရှင်းသော မုန့်ကိုပေး၏။ ထိုရှေ့တော်မုန့်စား၌ မုန့်သစ်ကို တင်ထားအံ့သောငှါ ထာဝရဘုရားရှေ့တော်မှ နှုတ်ပယ် နှင့်ပြီ။
7 O gün Saul'un görevlilerinden Edomlu Doek adındaki baş çoban RAB'bin önünde dinsel görevini yerine getirmek üzere orada bulunuyordu.
၇ထိုနေ့၌ အမှုတော်ထမ်းအဝင် သိုးတော်ထိန်းအုပ် ဧဒုံအမျိုးသား၊ ဒေါဂအမည်ရှိသော သူသည် ထာဝရဘုရားရှေ့တော်၌ စောင့်နေရ၏။
8 Davut Ahimelek'e, “Yanında mızrak ya da kılıç yok mu?” diye sordu, “Kralın işi acele olduğundan, yanıma ne kılıcımı aldım, ne de başka bir silah.”
၈ဒါဝိဒ်ကလည်း၊ ကိုယ်တော်၌ ထားလှံရှိသလော။ အမှုတော်ကို အလျင်အမြန် ဆောင်ရသောကြောင့်၊ ထား အစရှိသော လက်နက်တစုံတခုမျှ မပါဟု အဟိမလက်အား ပြောလေသော်၊
9 Kâhin, “Ela Vadisi'nde öldürdüğün Filistli Golyat'ın kılıcı var” diye karşılık verdi, “Efodun arkasında beze sarılı duruyor. Burada başka silah yok. İstersen onu alabilirsin.” Davut, “Onun gibisi yoktur, onu bana ver” dedi.
၉ယဇ်ပုရောဟိတ်က၊ ဧလာချိုင့်၌ သင်လုပ်ကြံခဲ့သော ဖိလိတ္တိလူ ဂေါလျတ်၏ ထားသည် အဝတ်နှင့် ထုပ်ရစ်လျက် သင်တိုင်းတော်နောက်မှာ ရှိ၏။ ယူချင်လျင် ယူတော့။ အခြားသော ထားမရှိဟု ဆိုလျှင်၊ ဒါဝိဒ်က ထိုထားနှင့်တူသော ထားမရှိ။ ပေးပါတော့ဟု ဆို၏။
10 Saul'dan kaçan Davut o gün Gat Kralı Akiş'e gitti.
၁၀ထိုနေ့၌ ဒါဝိဒ်သည် ရှောလုကို ကြောက်သောကြောင့် ထ၍ ဂါသမင်းကြီးအာခိတ်ထံသို့ ပြေးသွား၏။
11 Akiş'in görevlileri, “Bu İsrail Kralı Davut değil mi?” dediler, “Çalıp oynarken, ‘Saul binlercesini öldürdü, Davut'sa on binlercesini’ diye hakkında ezgiler okudukları kişi bu değil mi?”
၁၁အာခိတ်မင်း၏ ကျွန်တို့က၊ ဒါဝိဒ်သည် ဣသရေလရှင်ဘုရင် ဖြစ်သည်မဟုတ်လော။ ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု ဤသူရှေ့မှာ အလှည့်လှည့်ကလျက် သီချင်းဆိုကြသည် မဟုတ်လောဟု လျှောက်ကြ၏။
12 Bu sözler Davut'u derin derin düşündürdü. Gat Kralı Akiş'ten çok korkan Davut, onların önünde tutumunu değiştirerek deli gibi davrandı. Kentin kapılarını tırmaladı, salyasını sakalına akıttı.
၁၂ထိုစကားကို ဒါဝိဒ်သည် မှတ်မိ၍၊ ဂါသမင်းကြီး အာခိတ်ကို အလွန်ကြောက်သောကြောင့်၊-
၁၃ရူးသွပ်ဟန်ဆောင်၍ သူတို့ရှေ့မှာ အရူးကဲ့သို့ ပြုလျက်၊ တံခါးရွက်ပေါ်၌ ရေးသား၍ မိမိ တံထွေးကို မုတ်ဆိတ်တွင် ယိုစေ၏။
14 Akiş görevlilerine, “Şu adama bakın!” dedi, “Delinin biri! Onu neden bana getirdiniz?
၁၄အာခိတ်မင်းကလည်း ကြည့်ကြလော့။ ဤသူသည် အရူးဖြစ်၏။ အဘယ်ကြောင့် ငါ့ထံသို့ သွင်းကြ သနည်း။
15 Bizde deliler eksik mi ki, önümde delilik yapsın diye bu adamı getirdiniz? Bu adamın sarayıma girmesi şart mı?”
၁၅အရူးကို ငါအသုံးလိုသည်ဟု သင်တို့သည် ထင်လျက် ငါ့ရှေ့မှာ အရူးလုပ်စေခြင်းငှါ ဤသူကို သွင်းကြသလော။ ဤသူသည် နန်းတော်ထဲသို့ ဝင်ရမည်လောဟု ကျွန်တို့အား ဆို၏။