< 1 Samuel 18 >

1 Saul'la Davut'un konuşması sona erdiğinde, Saul oğlu Yonatan'ın yüreği Davut'a bağlandı. Yonatan onu canı gibi sevdi.
ထိုသို့ လျှောက်ပြီးသည်နောက်၊ ရှောလု၏ သားယောနသန် စိတ်နှလုံးသည် ဒါဝိဒ်စိတ်နှလုံးနှင့် စွဲကပ်လျက် ရှိ၍ ဒါဝိဒ်ကို ကိုယ်နှင့်အမျှချစ်လေ၏။
2 O günden sonra Saul Davut'u yanında tuttu ve babasının evine dönmesine izin vermedi.
ထိုနေ့၌ ရှောလုသည် ဒါဝိဒ်ကို သိမ်းဆည်း၍ သူ့အဘ၏အိမ်သို့ နောက်တဖန် သွားနေရသော အခွင့်ကို ပေးတော်မမူ။
3 Yonatan, Davut'a beslediği derin sevgiden ötürü, onunla bir dostluk antlaşması yaptı.
ယောနသန်သည်လည်း၊ ဒါဝိဒ်ကို ကိုယ်နှင့်အမျှ ချစ်သောကြောင့် သူနှင့်အတူ မိဿဟာယ ဖွဲ့ပြီးလျှင်၊-
4 Üzerinden kaftanını çıkarıp zırhı, kılıcı, yayı ve kuşağıyla birlikte Davut'a verdi.
မိမိဝတ်သော ဝတ်လုံကို ချွတ်၍ မိမိအဝတ်တန်ဆာများနှင့် ထား၊ လေး၊ ခါးစည်းတို့ကိုပင် ဒါဝိဒ်အား ပေးလေ၏။
5 Davut Saul'un kendisini gönderdiği her yere gitti ve başarılı oldu. Bu yüzden Saul ona ordusunda üstün bir rütbe verdi. Bu olay bütün halkı, Saul'un görevlilerini bile hoşnut etti.
ဒါဝိဒ်သည် ရှောလုစေခိုင်းသမျှကို သွား၍ သတိပညာနှင့်ပြုမှုသောကြောင့်၊ စစ်သူရဲအုပ်အရာ၌ ခန့်ထားတော်မူသဖြင့်၊ ဒါဝိဒ်သည် ကျွန်တော်မျိုးမှစ၍ လူအပေါင်းတို့တွင် မျက်နှာရ၏။
6 Davut'un Filistli Golyat'ı öldürmesinden sonra, askerler geri dönerken, İsrail'in bütün kentlerinden gelen kadınlar, tef ve çeşitli çalgılar çalarak, sevinçli ezgiler söyleyip oynayarak Kral Saul'u karşılamaya çıktılar.
ဒါဝိဒ်သည် ဖိလိတ္တိလူကို သတ်ပြီးမှ ပြန်လာ၍၊ ရောက်လေရာရာ၌ မိန်းမများတို့သည် ရှောလုမင်း ကြီးကို ခရီးဦးကြိုပြုအံ့သောငှါ ရွှင်လန်းသောစိတ်နှင့် သီချင်းဆိုလျက်၊ ကလျက်၊ ပတ်သောအစရှိ သည်တို့ကို တီးလျက်၊ ဣသရေလမြို့ရွာများထဲက ထွက်လာသဖြင့်၊
7 Bir yandan oynuyor, bir yandan da şu ezgiyi söylüyorlardı: “Saul binlercesini öldürdü, Davut'sa on binlercesini.”
ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု အလှည့်လှည့် သီချင်းဆိုကြ၏။
8 Bu sözlere gücenen Saul çok öfkelendi. “Davut'a on binlercesini, banaysa ancak binlercesini verdiler. Artık kral olmaktan başka onun ne eksiği kaldı ki?” diye düşündü.
ရှောလုက၊ သူတို့သည် ဒါဝိဒ်အား အသောင်းသောင်း၊ ငါ့အား အထောင်ထောင်သာ ပေးကြပြီ။ နိုင်ငံတော်မှတပါး အဘယ်အရာကို ပေးနိုင်သေးသနည်းဟု အလွန်အမျက်ထွက်၍ ထိုစကားကြောင့် စိတ်ပျက်လေ၏။
9 Böylece o günden sonra Saul Davut'u kıskanmaya başladı.
ထိုနေ့မှစ၍ ဒါဝိဒ်ကို အစဉ်ချောင်းမြောင်းလျက် နေ၏။
10 Ertesi gün Tanrı'nın gönderdiği kötü bir ruh Saul'un üzerine güçlü bir biçimde indi. Saul evinde sayıklamaya başladı. Davut her zamanki gibi yine lir çalıyordu. Saul'un elinde bir mızrak vardı.
၁၀နက်ဖြန်နေ့ထာဝရဘုရားထံတော်က၊ ဆိုးသောဝိညာဉ်သည် ရှောလုအပေါ်မှာရောက်သဖြင့်၊ ရှောလု သည် နန်းတော်အလယ်၌ ပရောဖက်ပြုသောကြောင့်၊ ဒါဝိဒ်သည် အရင်ကဲ့သို့ စောင်းတီးလေ၏။ ရှောလုသည် လှံတို့ကို ကိုင်လျက်ရှိ၍၊-
11 “Davut'u vurup duvara çakacağım” diye düşünerek mızrağı ona fırlattı. Ama Davut iki kez ondan kurtuldu.
၁၁ဒါဝိဒ်ကို ထရံနားမှာထိုးမည်ဟု အကြံရှိသည်အတိုင်း လှံတို့ကို ထိုးပစ်သော်လည်း၊ ဒါဝိဒ်သည် အထံတော်မှ နှစ်ကြိမ်ရှောင်လွှဲလေ၏။
12 Saul Davut'tan korkuyordu. Çünkü RAB Davut'laydı, oysa kendisinden ayrılmıştı.
၁၂ထိုသို့ ထာဝရဘုရားသည် ရှောလုထံမှထွက်၍ ဒါဝိဒ်နှင့်အတူ ရှိတော်မူသောကြောင့်၊ ရှောလုသည် ဒါဝိဒ်ကို ကြောက်ရွံ့သဖြင့်၊-
13 Bu yüzden Saul Davut'u yanından uzaklaştırdı. Onu bin kişilik birliğe komutan atadı. Davut askerlere öncülük yapıyordu.
၁၃အထံတော်မှ ရွှေ့၍ လူတထောင်အုပ်အရာကို ပေး၏။ ဒါဝိဒ်သည် လူများရှေ့၌ ထွက်ဝင်ရ၏။
14 RAB onunla birlikte olduğundan, yaptığı her işte başarılıydı.
၁၄ဒါဝိဒ်သည် အရာရာ၌ သတိပညာနှင့်ပြုမူ၍ သူနှင့်အတူ ထာဝရဘုရားရှိတော်မူ၏
15 Davut'un büyük başarısını gördükçe Saul'un korkusu daha da artıyordu.
၁၅ထိုသို့ အလွန်သတိပညာနှင့် ပြုမူသည်ကို ရှောလုသည် မြင်လျှင် သာ၍ ကြောက်ရွံ့လေ၏။
16 Ne var ki, bütün İsrail ve Yahuda halkı Davut'u seviyordu; çünkü Davut onlara öncülük ediyordu.
၁၆ဣသရေလအမျိုး၊ ယုဒအမျိုးသားအပေါင်းတို့သည် ဒါဝိဒ်ကို ချစ်ကြ၏။ အကြောင်းမူကား၊ သူတို့ ရှေ့၌ ဒါဝိဒ်သည် ထွက်ဝင်တတ်၏။
17 Saul Davut'a, “İşte büyük kızım Merav” dedi, “Onu sana eş olarak vereceğim. Yalnız hatırım için yiğitçe davran ve RAB'bin savaşlarını sürdür.” Çünkü, “Davut'un ölümü benim elimden değil, Filistliler'in elinden olsun” diye düşünüyordu.
၁၇တဖန်ရှောလုသည် ဒါဝိဒ်ကိုခေါ်၍ ငါ့သမီးကြီး မေရပ်ကို သင့်အား ငါပေးစားမည်။ သင်သည် ငါ့အဘို့ ရဲရင့်၍ ထာဝရဘုရားအဘို့ စစ်တိုက်ခြင်းကိုသာ ပြုလော့ဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ ငါ့လက်သည် သူ့အပေါ်သို့ မရောက်စေနှင့်။ ဖိလိတ္တိလူတို့ လက်သည် ရောက်ပါစေသောဟု ရှောလု အကြံရှိ၏။
18 Davut, “Ben kim oluyorum, İsrail'de ailem ve babamın oymağı ne ki, krala damat olayım?” diye karşılık verdi.
၁၈ဒါဝိဒ်ကလည်း၊ ကျွန်တော်သည် ရှင်ဘုရင်၏ သမက်တော်ဖြစ်ရပါမည်အကြောင်း အဘယ်သို့သော သူဖြစ်ပါသနည်း။ ကျွန်တော်အသက်နှင့် ကျွန်တော် အဆွေအမျိုးသည်၊ ဣသရေလနိုင်ငံ၌ အဘယ်သို့ မြတ်ပါသနည်းဟု ရှောလုအား လျှောက်၏။
19 Ne var ki, Saul'un kızı Merav'ın Davut'a verileceği zaman geldiğinde, kız Davut yerine Meholalı Adriel'e eş olarak verildi.
၁၉သို့ရာတွင်၊ ရှောလု၏သမီး မေရပ်ကို ဒါဝိဒ်အား ပေးစားရသော အချိန်ရောက်သောအခါ၊ မေဟော လသိအမျိုး အဒြေလအား ပေးစားလေ၏။
20 Bu arada Saul'un öbür kızı Mikal Davut'a gönül vermişti. Bunu duyan Saul sevindi.
၂၀တဖန် ရှောလုသမီး မိခါလသည် ဒါဝိဒ်ကို ချစ်၏။ ထိုအကြောင်းကို လျှောက်သောအခါ၊ ရှောလု သည် အားရလျက်၊-
21 “Davut'a Mikal'ı veririm” diye düşündü, “Öyle ki, Mikal Davut'u tuzağa düşürür; Filistliler de onu öldürür.” Davut'a, “Bugün damadım olmak için yine fırsatın var” dedi.
၂၁ငါ့သမီးသည် ဒါဝိဒ်ကိုကျော့မိ၍ ဖိလိတ္တိလူတို့ လက်သို့ ရောက်စေခြင်းငှါ ပေးစားမည်ဟု အကြံရှိ၏။
22 Sonra görevlilerine, Davut'a gizlice şunları söylemelerini buyurdu: “Bak, kral senden hoşnut, bütün görevlileri de seni seviyor. Kralın damadı olmanın zamanı geldi.”
၂၂နန်းတော်သားအချို့ကို ခေါ်၍၊ သင်တို့သည် ဒါဝိဒ်နှင့် တိတ်ဆိတ်စွာ စကားပြောရမည်မှာ၊ ရှင်ဘုရင် သည် သင့်ကို စုံမက်၍၊ ရှင်ဘုရင်၏ ကျွန်အပေါင်းတို့သည်လည်း ချစ်ကြ၏။ သို့ဖြစ်၍ ရှင်ဘုရင်၏ သမက်တော်ဖြစ်ကောင်းပါ၏ဟု မှာထားသည်အတိုင်း၊-
23 Saul'un görevlileri bu sözleri Davut'a ilettiler. Davut, “Yoksul ve önemsiz biriyken kralın damadı olmak sizce küçük bir şey mi?” diye karşılık verdi.
၂၃ရှောလု၏ ကျွန်တို့သည် ဒါဝိဒ်အား ပြောကြ၏။ ဒါဝိဒ်ကလည်း၊ ကျွန်ုပ်သည် အသရေမရှိသော ဆင်းရဲသားဖြစ်လျက်နှင့် ရှင်ဘုရင်၏ သမက်တော်လုပ်ရသောအမှုသည် သာမညအမှု ထင် သလောဟု ပြောဆို၏။
24 Görevliler Davut'un dediklerini Saul'a bildirdiler.
၂၄ရှောလုကျွန်တို့ကလည်း၊ ဒါဝိဒ်သည် ဤသို့ပြောဆိုပါသည်ဟု လျှောက်လျှင်၊-
25 Saul şöyle buyurdu: “Davut'a deyin ki, ‘Kral düşmanlarından öç almak için başlık parası olarak yüz Filistli'nin sünnet derisinden başka bir şey istemiyor.’” Davut'un Filistliler'in eline düşüp öleceğini tasarlıyordu.
၂၅သင်တို့သည် တဖန်ပြောရမည်မှာ၊ ရှင်ဘုရင်သည် ရန်သူတို့၌ စိတ်တော်ပြေမည်အကြောင်း၊ ဖိလိတ္တိ လူတို့၏ အရေဖျားတရာမှ တပါးအခြားသော လက်ဖွဲ့ရာကို အလိုတော်မရှိဟု မှာထား၏။ သို့ရာတွင် ဒါဝိဒ်ကို ဖိလိတ္တိလူတို့လက်ဖြင့် ဆုံးစေမည်ဟု ရှောလုအကြံရှိ၏။
26 Görevliler Saul'un söylediklerini Davut'a ilettiler. Davut, kralın damadı olacağına sevindi. Tanınan süre dolmadan
၂၆ရှောလု ကျွန်တို့သည် ထိုစကားကို ဒါဝိဒ်အား ပြန်ပြောသောအခါ၊ ဒါဝိဒ်သည် ရှင်ဘုရင်၏ သမက် တော်ဖြစ်ခြင်းငှါ အလိုရှိ၏။ ထို့ကြောင့် ချိန်းချက်သော အချိန်မစေ့မှီထ၍၊-
27 Davut'la adamları gidip iki yüz Filistli öldürdüler. Kralın damadı olabilmek için Davut, öldürülen Filistliler'in sünnet derilerini tam tamına getirip krala sundu. Saul da buna karşılık kızı Mikal'ı eş olarak ona verdi.
၂၇မိမိလူတို့နှင့်အတူသွားသဖြင့်၊ ဖိလိတ္တိ လူနှစ်ရာတို့ကို သတ်ပြီးမှ၊ ရှင်ဘုရင်၏ သမက်တော် ဖြစ်လို သောငှါ၊ သူတို့အရေဖျားများကို ယူခဲ့၍၊ စုံလင်သော အရေအတွက်အားဖြင့် ရှင်ဘုရင်အား ဆက် လေ၏။ ရှောလုသည်လည်း သမီးတော်မိခါလကို ပေးစားရ၏။
28 Saul, RAB'bin Davut'la birlikte olduğunu ve kızı Mikal'ın onu sevdiğini apaçık gördü.
၂၈ထာဝရဘုရားသည် ဒါဝိဒ်နှင့်အတူ ရှိတော်မူကြောင်းကို၎င်း၊ မိမိသမီးသည် ချစ်ကြောင်းကို၎င်း၊ ရှောလုသည် မြင်၍၊-
29 Bu yüzden Davut'tan daha çok korktu ve yaşamı boyunca ona düşmanlık besledi.
၂၉ကြောက်ရွံ့သော စိတ်စွဲလမ်းလျက် အစဉ်အမြဲ ရန်ငြိုးဖွဲ့လေ၏။
30 Filistli komutanlar saldırdıkça Davut Saul'un öbür komutanlarından daha başarılı oluyordu. Bu yüzden büyük bir üne kavuştu.
၃၀တဖန် ဖိလိတ္တိမင်းတို့သည် ချီသွားကြ၏။ ချီသွားကြသည်နောက် ဒါဝိဒ်သည် ရှောလု၏ ကျွန်အပေါင်း တို့ထက်သာ၍ သတိပညာနှင့် ပြုမှုသဖြင့် အလွန်ဂုဏ်အသရေနှင့် ပြည့်စုံ၏။

< 1 Samuel 18 >