< 1 Samuel 14 >

1 Bir gün Saul oğlu Yonatan, silahını taşıyan genç hizmetkârına, “Gel, karşı taraftaki Filist ordugahına geçelim” dedi. Ama bunu babasına haber vermedi.
တစ်​နေ့​သ​၌​ယော​န​သန်​သည် မိ​မိ​၏​လက် နက်​ကို​သယ်​ဆောင်​သူ​လူ​ငယ်​အား``ဖိ​လိတ္တိ တပ်​စခန်း​သို့​ငါ​တို့​ဝင်​ရောက်​ကြ​အံ့'' ဟု ဆို​၏။ ယင်း​သို့​ဆို​သော်​လည်း​ဂိ​ဗာ​မြို့​နှင့် မ​လှမ်း​မ​ကမ်း​ရှိ​မိ​ဂြုန်​ရွာ၊ သ​လဲ​ပင်​အောက် တွင်​စ​ခန်း​ချ​လျက်​နေ​သော​ခ​မည်း​တော် ထံ​မှ​ခွင့်​ပန်​ခြင်း​မ​ပြု​ခဲ့။ မင်း​ကြီး​၏​ထံ တွင်​လူ​ခြောက်​ရာ​ခန့်​ရှိ​သ​တည်း။-
2 Saul, Giva Kenti yakınındaki Migron'da bir nar ağacının altında oturmaktaydı. Yanında altı yüz kadar asker vardı.
3 Efod giymiş olan Ahiya da aralarındaydı. Ahiya Şilo'da RAB'bin kâhini olan Eli oğlu Pinehas oğlu İkavot'un erkek kardeşi Ahituv'un oğluydu. Halk Yonatan'ın gittiğini farketmemişti.
(သင်​တိုင်း​ကို​ဝတ်​ဆင်​သော​ယဇ်​ပု​ရော​ဟိတ် မှာ​အ​ဟိ​ယ​ဖြစ်​သည်။ သူ​၏​အ​ဖ​ကား ဣ​ခ​ဗုဒ်​၏​အစ်​ကို​အ​ဟိ​တုပ်​ဖြစ်​သည်။ အ​ဟိ​တုပ်​သည်​ဖိ​န​ဟတ်​၏​သား​ဖြစ်​၏။ ရှိ​လော​မြို့၊ ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​ဧ​လိ​၏​မြေး​ဖြစ်​၏။) စစ်​သည်​တပ်​သား တို့​သည်​ယော​န​သန်​ထွက်​ခွာ​သွား​သည်​ကို မ​သိ​ကြ။
4 Yonatan'ın Filist ordugahına ulaşmak için geçmeyi tasarladığı geçidin her iki yanında iki sivri kaya vardı; birine Boses, öbürüne Sene denirdi.
မိတ်​မတ်​တောင်​ကြား​လမ်း တစ်​ဘက်​တစ်​ချက် တွင် ကျောက်​အ​ငူ​ကြီး​တစ်​ခု​စီ​ရှိ​၏။ ကျောက် အ​ငူ​ကြီး​တစ်​ခု​မှာ​ဗော​ဇက်​ဟု​နာ​မည် တွင်​၏။ ယင်း​သည်​တောင်​ကြား​လမ်း​၏​မြောက် ဘက်​တွင်​တည်​ရှိ​၍ မိတ်​မတ်​မြို့​ကို​မျက်​နှာ မူ​လျက်​နေ​၏။ အ​ခြား​ကျောက်​အ​ငူ​ကြီး မှာ​သေ​နေ​ဟု​နာ​မည်​တွင်​၏။ ယင်း​သည်​တောင် ကြား​လမ်း​၏​တောင်​ဘက်​တွင်​တည်​ရှိ​၍ ဂိ​ဗာ မြို့​ကို​မျက်​နှာ​မူ​လျက်​နေ​၏။ ယော​န​သန် သည်​ဖိ​လိတ္တိ​တပ်​စ​ခန်း​သို့​ဝင်​ရာ​၌ ဤ တောင်​ကြား​လမ်း​ကို​ဖြတ်​သွား​ရ​၏။
5 Kayalardan biri kuzeyde Mikmas'a, öbürü güneyde Giva'ya bakardı.
6 Yonatan silahını taşıyan genç hizmetkârına, “Gel, şu sünnetsizlerin ordugahına gidelim” dedi, “Belki RAB bizim için bir şeyler yapar. Çünkü gerek çoklukta, gerekse azlıkta RAB'bin zafere ulaştırmasına engel yoktur.”
ယော​န​သန်​က​လူ​ငယ်​အား``ဘု​ရား​မဲ့​သူ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​တပ်​စ​ခန်း​ကို ငါ​တို့​ဝင်​ရောက်​ကြ​စို့။ ထာ​ဝ​ရ​ဘု​ရား သည်​ငါ​တို့​အား​ကူ​မ​ကောင်း​ကူ​မ​လိမ့်​မည်။ အ​ကယ်​၍​ကိုယ်​တော်​ကူ​မ​တော်​မူ​ပါ​လျှင် ငါ​တို့​သည်​အ​ဘယ်​မျှ​ပင်​အ​ရည်​အ​တွက် အား​ဖြင့်​နည်း​သော်​လည်း​အောင်​ပွဲ​ကို​ရ​ရှိ ကြ​မည်'' ဟု​ဆို​၏။
7 Silahını taşıyan genç, “Ne düşünüyorsan öyle yap” diye yanıtladı, “Haydi yürü! Düşündüğün her şeyde seninleyim.”
လူ​ငယ်​က``အ​ရှင်​အ​လို​ရှိ​ရာ​ပြု​တော်​မူ ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင်​နှင့်​အ​တူ​လိုက် ပါ​မည်'' ဟု​ဆို​လျှင်၊
8 Yonatan, “Bu adamlara gidelim, bizi görsünler” dedi,
ယော​န​သန်​က``ကောင်း​ပြီ။ ငါ​တို့​သွား​၍ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ကိုယ်​ရိပ်​ပြ ကြ​အံ့။-
9 “Eğer bize, ‘Yanınıza gelene dek bekleyin’ derlerse, olduğumuz yerde kalırız, gitmeyiz.
အ​ကယ်​၍​သူ​တို့​က​ငါ​တို့​အား​သူ​တို့ အ​လာ​ကို​စောင့်​ဆိုင်း​စေ​ပါ​မူ ငါ​တို့​သည် ရောက်​ရာ​နေ​ရာ​တွင်​ရပ်​၍​နေ​မည်။-
10 Ama, ‘Yanımıza gelin’ derlerse, gideriz. Çünkü bu, RAB'bin Filistliler'i elimize teslim ettiğine ilişkin bir belirti olacak bizim için.”
၁၀သို့​ရာ​တွင်​သူ​တို့​က​မိ​မိ​တို့​ထံ​သို့​လာ ရန်​ခေါ်​ကြ​လျှင်​မူ​ကား ငါ​တို့​သည်​သူ​တို့ ရှိ​ရာ​သို့​သွား​မည်။ ဤ​သို့​ခေါ်​ခြင်း​သည် ငါ​တို့​အောင်​ပွဲ​ရ​မည်​ဖြစ်​ကြောင်း ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​သော​အ​မှတ်​လက္ခ​ဏာ ဖြစ်​မည်'' ဟု​ဆို​၏။
11 Böylece ikisi de Filistliler'in askerlerine göründüler. Filistliler, “Bakın! İbraniler gizlendikleri çukurlardan çıkmaya başlıyor!” dediler.
၁၁ထို့​ကြောင့်​သူ​တို့​နှစ်​ဦး​သည်​ဖိ​လိတ္တိ​အ​မျိုး သား​တို့​အား​ကိုယ်​ရိပ်​ပြ​ကြ​၏။ ဖိ​လိတ္တိ အ​မျိုး​သား​တို့​က``ကြည့်​လော့။ ဟေ​ဗြဲ​အ​မျိုး သား​အ​ချို့​တို့​သည် မိ​မိ​တို့​ပုန်း​ကွယ်​ရာ​မြေ တွင်း​များ​မှ​ထွက်​လာ​လေ​ပြီ'' ဟု​ဆို​ပြီး လျှင်၊-
12 Sonra Yonatan'la silahını taşıyan gence, “Buraya, yanımıza gelin, size bir şey söyleyeceğiz” diye seslendiler. Bunun üzerine Yonatan silahını taşıyana, “Ardımdan gel” dedi, “RAB onları İsrailliler'in eline teslim etti.”
၁၂ယော​န​သန်​နှင့်​သူ​ငယ်​အား``ဤ​အ​ရပ်​သို့ လာ​ခဲ့​လော့။ သင်​တို့​အား​ငါ​တို့​ပြော​စ​ရာ ရှိ​သည်'' ဟု​ဟစ်​အော်​၍​ဖိတ်​ခေါ်​ကြ​၏။ ယော​န​သန်​သည်​သူ​ငယ်​အား``ငါ့​နောက်​ကို လိုက်​ခဲ့​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား အောင်​ပွဲ​ကို ပေး​တော်​မူ​ပြီ'' ဟု​ဆို​ပြီး​လျှင်၊-
13 Yonatan elleriyle ayaklarını kullanarak yukarıya tırmandı; silahını taşıyan genç de onu izledi. Yonatan Filistliler'i yenilgiye uğrattı. Silahını taşıyan genç de onu izliyor ve Filistliler'i öldürüyordu.
၁၃တောင်​ကြား​လမ်း​ထဲ​မှ​လေး​ဖက်​တွား​၍​ထွက် လာ​ခဲ့​၏။ လူ​ငယ်​သည်​လည်း​သူ​၏​နောက်​မှ လိုက်​လာ​လေ​သည်။ ယော​န​သန်​သည်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​အား​ခုတ်​လှဲ​၍​လူ​ငယ်​က သူ​တို့​ကို​သတ်​ဖြတ်​လိုက်​လေ​သည်။-
14 Yonatan'la silahını taşıyan genç bu ilk saldırıda iki dönümlük bir alanda yirmi kadar asker öldürdüler.
၁၄ဤ​ပ​ထ​မ​လူ​သတ်​ပွဲ​တွင်​ယော​န​သန်​နှင့် သူ​ငယ်​တို့​၏​လက်​ချက်​ဖြင့် ဧ​က​ဝက်​ခန့် ရှိ​သော​နယ်​မြေ​တွင်​လူ​ပေါင်း​နှစ်​ဆယ်​ခန့် သေ​သ​တည်း။-
15 Ordugahta ve kırsal alanda bütün Filist halkı arasında dehşet hüküm sürüyordu. Askerlerle akıncılar bile titriyordu. Derken yer sarsıldı; sanki Tanrı'dan gelen bir titremeydi bu.
၁၅စစ်​မြေ​ပြင်​တွင်​ရှိ​သ​မျှ​သော​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည်​ကြောက်​လန့်​ကြ​ကုန်​၏။ တိုက်​ကင်း​ထွက်​လာ​ကြ​သူ​များ​နှင့်​တပ် စ​ခန်း​ရှိ​စစ်​သည်​တပ်​သား​တို့​သည် ထိတ် လန့်​တုန်​လှုပ်​ကြ​ကုန်​၏။ မြေ​ကြီး​ပင်​လျှင် တုန်​လှုပ်​ကာ​ရန်​သူ​တို့​သည်​က​စဥ့်​က​ရဲ ပြေး​ကြ​ကုန်​၏။
16 Benyamin topraklarındaki Giva Kenti'nde Saul'un nöbetçileri büyük bir kalabalığın oraya buraya dağıldığını gördüler.
၁၆ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​ရှိ​ရှော​လု​၏​ကင်း​သ​မား တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​က​စဥ့်​က​ရဲ ထွက်​ပြေး​ကြ​သည်​ကို​မြင်​ကြ​၏။-
17 Bunun üzerine Saul yanındaki adamlara, “Yoklama yapın da aramızdan kimin ayrıldığını görün” dedi. Yoklama yapılınca Yonatan'la silahını taşıyan gencin orada olmadığını anladılar.
၁၇ထို့​အ​ခါ​ရှော​လု​က​မိ​မိ​၏​လူ​တို့​အား``တပ် တွင်း​မှ​ပျောက်​နေ​သူ​ကို​သိ​ရှိ​နိုင်​ရန်​စစ် သည်​တို့​ကို​စစ်​ဆေး​ကြည့်​လော့'' ဟု​အမိန့် ပေး​သည်​အ​တိုင်း​စစ်​ဆေး​ကြည့်​ကြ​ရာ ယော​န​သန်​နှင့်​သူ​၏​လက်​နက်​သယ်​ဆောင် သူ​လူ​ငယ်​တို့​မ​ရှိ​ကြောင်း​တွေ့​ရ​ကြ​၏။-
18 Saul Ahiya'ya, “Tanrı'nın Sandığı'nı getir” dedi. O sırada Tanrı'nın Sandığı İsrail halkındaydı.
၁၈ရှော​လု​သည်​ယဇ်​ပု​ရော​ဟိတ်​အ​ဟိ​ယ အား``သင်​တိုင်း​တော်​ကို ဤ​နေ​ရာ​သို့​ယူ​ခဲ့​လော့'' ဟု​ဆို​၏။ (ထို နေ့​၌​အ​ဟိ​ယ​သည်​သင်​တိုင်း​တော်​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ရှေ့​မှ​သယ် ဆောင်​လျက်​ရှိ​သ​တည်း။-)
19 Saul kâhinle konuşurken, Filistliler'in ordugahındaki kargaşa da giderek artmaktaydı. Bunun üzerine Saul kâhine, “Elini çek” dedi.
၁၉ဤ​သို့​ယဇ်​ပု​ရော​ဟိတ်​အား​ရှော​လု​ပြော​ဆို နေ​စဉ် ဖိ​လိတ္တိ​တပ်​စ​ခန်း​၌​က​စဥ့်​က​ရဲ​ဖြစ် မှု​သည်​ပို​မို​ဆိုး​ရွား​လာ​သ​ဖြင့်​ရှော​လု က``ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​ချိန် မ​ရှိ​တော့​ပြီ'' ဟု​ဆို​၏။-
20 Saul'la yanındaki askerlerin tümü toplanıp savaş alanına gittiler. Orada büyük bir kargaşa vardı. Herkes birbirine kılıç çekiyordu.
၂၀ထို​နောက်​သူ​နှင့်​သူ​၏​တပ်​သား​များ​သည် ရှုပ်​ထွေး​နေ​သည့်​အ​ခြေ​အ​နေ​တွင် အ​ချင်း ချင်း​ခုတ်​နေ​ကြ​သော​ဖိ​လိတ္တိ​အမျိုး​သား တို့​အား​ဝင်​ရောက်​တိုက်​ခိုက်​လေ​သည်။-
21 Daha önce Filistliler'in yanında yer alıp onların ordugahına katılan İbraniler bile saf değiştirerek Saul'la Yonatan'ın yanındaki İsrail birliklerine katıldılar.
၂၁ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ဘက်​သို့​ကူး​ပြောင်း ကာ သူ​တို့​၏​တပ်​စ​ခန်း​သို့​လိုက်​သွား​ခဲ့​ကြ သော​ဟေ​ဗြဲ​အ​မျိုး​သား​တို့​သည် ရှော​လု နှင့်​ယော​န​သန်​တို့​ဘက်​သို့​ဝင်​ရောက်​လာ ကြ​၏။-
22 Efrayim dağlık bölgesinde gizlenen İsrailliler de Filistliler'in kaçtığını duyunca onları savaş alanında kovalamaya başladılar.
၂၂ဧ​ဖ​ရိမ်​တောင်​ကုန်း​များ​တွင်​ပုန်း​အောင်း​နေ ကြ​သော​သူ​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ထွက်​ပြေး​ကြ​ကြောင်း​ကို​ကြား​လျှင်​လိုက် လံ​တိုက်​ခိုက်​ကြ​၏။-
23 Böylece RAB İsrail'i o gün zafere ulaştırdı. Savaş Beytaven'in ötesine dek yayıldı.
၂၃ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဖိ​လိတ္တိ အ​မျိုး​သား​တို့​အား ဗေ​သ​ဝင်​မြို့​လွန်​အောင် လိုက်​လံ​တိုက်​ခိုက်​ကြ​၏။ ထို​နေ့​၌​ထာဝရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ကယ်​တင်​တော်​မူ​သ​တည်း။
24 O gün İsrailliler bitkindi. Çünkü Saul, “Ben düşmanlarımdan öç alıncaya kadar, akşama dek kim yemek yerse lanetli olsun!” diye halka ant içirmişti. Bu yüzden de kimse bir şey yememişti.
၂၄ရှော​လု​က``ယ​နေ့​ရန်​သူ​တို့​အား​ငါ​လက်​စား မ​ချေ​ရ​မီ အ​စား​အ​စာ​စား​သောက်​သူ​သည် ကျိန်​စာ​သင့်​ပါ​စေ​သ​တည်း'' ဟု​ကျိန်​ဆို​ထား သ​ဖြင့်​ထို​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည် ဆာ​လောင်​မွတ်​သိပ်​ကာ​နွမ်း​နယ်​လျက်​ရှိ ကြ​၏။ တစ်​နေ့​လုံး​အ​ဘယ်​သူ​မျှ​အ​စား အ​စာ​မ​စား​ရ​ကြ။-
25 Derken, her yanı bal dolu bir ormana vardılar. Askerler ormana girince, toprakta akan balları gördüler. Ne var ki, içtikleri anttan korktukları için hiçbiri bala dokunmadı.
၂၅သူ​တို့​သည်​သစ်​တော​ရှိ​ရာ​သို့​ရောက်​ကြ သော​အ​ခါ နေ​ရာ​အ​နှံ့​အ​ပြား​တွင်​ပျား ရည်​များ​ကို​တွေ့​ရှိ​ကြ​၏။-
၂၆တော​ထဲ​တွင်​ပျား​ရည်​ပေါ​များ​သော်​လည်း ရှော​လု​၏​ကျိန်​ဆဲ​ချက်​ကို​ကြောက်​သ​ဖြင့် အ​ဘယ်​သူ​မျှ​မ​စား​ဝံ့။-
27 Yonatan babasının halka ant içirdiğini duymamıştı. Elindeki değneği uzatıp ucunu bal gümecine batırdı. Biraz bal tadar tatmaz gözleri parladı.
၂၇ယော​န​သန်​မူ​ကား​ခ​မည်း​တော်​ကျိန်​ဆဲ​ခဲ့ သည်​ကို​မ​ကြား​ခဲ့​ပေ။ ထို့​ကြောင့်​သူ​သည် မိ​မိ​တွင်​ပါ​သော​တုတ်​ချောင်း​ဖြင့် ပျား​လ​ပို့ တွင်​နှစ်​၍​ပျား​ရည်​အ​နည်း​ငယ်​ကို​စား​လေ သည်။ ထို​အ​ခါ​သူ​သည်​ချက်​ချင်း​ပင်​လန်း ဆန်း​၍​လာ​၏။-
28 Bunun üzerine oradakilerden biri Yonatan'a, “Baban askerlere, ‘Bugün kim yemek yerse lanetli olsun’ diye ant içirdi” dedi, “Askerlerin bitkin düşmesi de bundan.”
၂၈ထို့​ကြောင့်​တပ်​သား​တစ်​ယောက်​က``အ​ကျွန်ုပ် တို့​အား​လုံး​ပင်​နွမ်း​နယ်​လျက်​နေ​ကြ​ပါ​၏။ သို့​သော်​အ​ရှင့်​ခမည်း​တော်​က`ယ​နေ့​အ​စား အ​စာ​စား​သူ​သည်​ကျိန်​စာ​သင့်​ပါ​စေ' ဟု ကျိန်​ဆို​ထား​ပါ​၏'' ဟု​ဆို​၏။
29 Yonatan, “Babam halka sıkıntı verdi” diye yanıtladı, “Bakın, bu baldan biraz tadınca gözlerim nasıl da parladı!
၂၉ယော​န​သန်​က``ငါ​တို့​အ​မျိုး​သား​များ​အား ခ​မည်း​တော်​ပြု​သော​အ​မှု​သည်​ဆိုး​ရွား​လှ ပါ​သည်​တ​ကား။ ပျား​ရည်​အ​နည်း​ငယ်​ကို စား​ရ​သ​ဖြင့်​ငါ​အ​ဘယ်​မျှ​လန်း​ဆန်း​လာ သည်​ကို​ကြည့်​လော့။-
30 Bugün halk düşmanlarından yağmaladığı yiyeceklerden özgürce yeseydi, çok daha iyi olurdu! O zaman Filistliler'in yenilgisi de daha ağır olmaz mıydı?”
၃၀အ​ကယ်​၍​ငါ​တို့​အ​မျိုး​သား​များ​သည် ရန်​သူ​ထံ​မှ​ရ​ရှိ​သည်​အ​စား​အ​စာ​ကို​စား ခဲ့​ရ​ကြ​လျှင် အ​ဘယ်​မျှ​လောက်​အ​ကျိုး​ရှိ လိမ့်​မည်​နည်း။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို အ​ဘယ်​မျှ​ပို​မို​သတ်​ဖြတ်​နိုင်​ခဲ့​မည်​ကို သာ​စဉ်း​စား​၍​ကြည့်​ကြ​လော့'' ဟု​ပြန် ပြော​၏။
31 O gün İsrailliler, Filistliler'i Mikmas'tan Ayalon'a kadar yenilgiye uğrattılar. Ama İsrail askerleri o kadar bitkindi ki,
၃၁ထို​နေ့​၌​ဣ​သ​ရေ​လ​အ​မျိုး​သား​များ​သည် ဖိလိတ္တိ​အ​မျိုး​သား​တို့​အား မိတ်​မတ်​မြို့​မှ အာ​ဇ​လုန်​မြို့​တိုင်​အောင်​လိုက်​လံ​တိုက်​ခိုက် နှိမ်​နင်း​ခဲ့​ကြ​ပြီး​သည်​နောက် အ​စာ​မ​စား ရ​သ​ဖြင့်​ပင်​ပန်း​နွမ်း​နယ်​လျက်​ရှိ​ကြ​၏။-
32 yağmaladıkları mallara saldırdılar; davarları, sığırları, buzağıları yakaladıkları gibi hemen oracıkta kesip kanını akıtmadan yediler.
၃၂ထို့​ကြောင့်​သူ​တို့​သည်​ရန်​သူ​များ​လက်​မှ သိမ်း​ဆည်း​ရ​မိ​သည့်​ပစ္စည်း​များ​ရှိ​ရာ​သို့ ပြေး​ပြီး​လျှင် သိုး၊ ဆိတ်၊ နွား​များ​ကို​ယူ ဆောင်​ကာ​ထို​နေ​ရာ​၌​ပင်​သတ်​၍​သွေး သံ​ရဲ​ရဲ​နှင့်​စား​ကြ​၏။-
33 Durumu Saul'a bildirerek, “Bak, askerlerin kanlı eti yemekle RAB'be karşı günah işliyor!” dediler. Bunun üzerine Saul, “Hainlik ettiniz!” dedi, “Hemen büyük bir taş yuvarlayın bana.”
၃၃ယင်း​သို့​လူ​တို့​သည်​သွေး​သံ​ရဲ​ရဲ​နှင့်​စား သောက်​ကာ ထာ​ဝ​ရ​ဘု​ရား​အား​ပြစ်​မှား ကြ​ကြောင်း​ကို​ရှော​လု​အား​လျှောက်​ထား ကြ​သော​အ​ခါ၊ ရှော​လု​က``သင်​တို့​သည်​သစ္စာ​ဖောက်​ကြ​လေ ပြီ​တ​ကား။ ကျောက်​တုံး​ကြီး​ကို​ဤ​အ​ရပ် သို့​လှိမ့်​ယူ​ခဲ့​ကြ​လော့'' ဟု​ဆို​၏။-
34 Sonra ekledi: “Halkın arasına varıp herkesin öküzünü, koyununu bana getirmesini söyleyin. Onları burada kesip yesinler. Eti kanıyla birlikte yiyerek RAB'be karşı günah işlemeyin.” O gece herkes öküzünü getirip orada kesti.
၃၄ထို​နောက်​သူ​က``လူ​တို့​ထံ​သို့​သွား​၍​သူ တို့​၏​နွား​များ​တို့​ကို ဤ​နေ​ရာ​သို့​ယူ​ဆောင် လာ​စေ။ သူ​တို့​သည်​တိ​ရစ္ဆာန်​များ​ကို​ဤ​နေ ရာ​တွင်​သတ်​၍​စား​ကြ​စေ။ သွေး​ပါ​သည့် အသား​ကို​စား​ခြင်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား ကို​မ​ပြစ်​မှား​စေ​နှင့်'' ဟု​မိန့်​တော်​မူ​၏။ သို့ ဖြစ်​၍​ထို​ည​၌​လူ​တို့​သည်​မိ​မိ​တို့​၏​သိုး နွား​များ​ကို ထို​နေ​ရာ​သို့​ယူ​ဆောင်​လာ​ပြီး လျှင်​သတ်​ကြ​၏။-
35 O sırada Saul RAB'be bir sunak yaptı. RAB'be yaptığı ilk sunaktı bu.
၃၅ရှော​လု​သည်​ထာဝ​ရ​ဘု​ရား​အ​ဖို့​ယဇ်​ပလ္လင် ကို​တည်​ဆောက်​တော်​မူ​၏။ ထို​ယဇ်​ပလ္လင်​ကား ပ​ထ​မ​ဆုံး​အ​ကြိမ်​ရှော​လု​တည်​ဆောက် သည့်​ယဇ်​ပလ္လင်​ဖြစ်​သ​တည်း။
36 Saul adamlarına, “Haydi, bu gece Filistliler'e saldıralım” dedi, “Tan ağarıncaya dek mallarını yağmalayalım, onlardan bir tekini bile sağ bırakmayalım.” Adamlar, “Sence uygun olan neyse onu yap” diye karşılık verdiler. Ama kâhin, “Burada Tanrı'ya danışalım” dedi.
၃၆ရှော​လု​သည်​မိ​မိ​၏​လူ​တို့​အား``ငါ​တို့​သည် ဖိ​လိတ္တိ​အ​မျိုး​သား​တို့​အား​ညဥ့်​အ​ခါ သွား ရောက်​တိုက်​ခိုက်​ကြ​ကုန်​အံ့။ မိုး​လင်း​သည်​တိုင် အောင်​သူ​တို့​အား​လု​ယက်​၍​တစ်​ယောက်​မ​ကျန် သုတ်​သင်​ပစ်​ကြ​ကုန်​အံ့'' ဟု​မိန့်​တော်​မူ​လျှင် လူ​တို့​က``စိတ်​တော်​ရှိ​သည်​အ​တိုင်း​ပြု​တော် မူ​ပါ'' ဟု​လျှောက်​ထား​ကြ​၏။ သို့​ရာ​တွင်​ယဇ်​ပု​ရော​ဟိတ်​က``ငါ​တို့​သည် ဦး​စွာ​ထာ​ဝ​ရ​ဘု​ရား​အား​မေး​မြန်း လျှောက်​ထား​ကြ​ကုန်​အံ့'' ဟု​ဆို​၏။
37 Bunun üzerine Saul Tanrı'ya, “Filistliler'e saldırmaya gideyim mi? Onları İsrailliler'in eline teslim edecek misin?” diye sordu. Ama Tanrı o gün yanıt vermedi.
၃၇ထို့​ကြောင့်​ရှော​လု​သည်​ဘု​ရား​သ​ခင်​အား``ကျွန် တော်​မျိုး​တို့​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​တို့​ကို တိုက်​ခိုက်​ရ​ပါ​မည်​လော။ ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​အောင်​ပွဲ​ခံ​စေ​တော်​မူ ပါ​မည်​လော'' ဟု​မေး​လျှောက်​၏။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘုရား​သည်​ထို​နေ့​၌​ဖြေ​ကြား တော်​မ​မူ။-
38 Bunun için Saul, “Ey halkın önderleri! Buraya yaklaşın da bugün işlenen bu günahın nasıl işlendiğini ortaya çıkaralım” dedi,
၃၈ထို​အ​ခါ​ရှောလု​သည်​လူ​တို့​၏​ခေါင်း​ဆောင် များ​အား``ချဉ်း​ကပ်​လာ​ကြ​လော့။ ယ​နေ့​ငါ တို့​အ​ဘယ်​အ​ပြစ်​ကို​ကူး​လွန်​မိ​ကြ​သည် ကို​စစ်​ဆေး​ကြ​လော့။-
39 “İsrail'i kurtaran yaşayan RAB'bin adıyla derim ki, bu günaha yol açan oğlum Yonatan bile olsa kesinlikle öldürülecektir.” Ama kimse bir şey söylemedi.
၃၉အပြစ်​ရှိ​သူ​သည်​ငါ​၏​သား​ယော​န​သန်​ပင် ဖြစ်​စေ​ကာ​မူ​သေ​ဒဏ်​ခံ​ရ​လိမ့်​မည်​ဖြစ် ကြောင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ကယ် တင်​ရှင်​တည်း​ဟူ​သော အ​သက်​ရှင်​တော်​မူ သော​ဘု​ရား​ကို​တိုင်​တည်​၍​ငါ​ကတိ​ပြု​ပါ ၏'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ​အ​ဘယ်​သူ မျှ​ပြန်​လည်​လျှောက်​ထား​ခြင်း​မ​ပြု​ကြ သ​ဖြင့်၊-
40 Bunun üzerine Saul halka, “Siz bir yanda durun, oğlum Yonatan'la ben öbür yanda duracağız” dedi. Halk, “Sence uygun olan neyse onu yap” diye karşılık verdi.
၄၀ရှော​လု​က``သင်​တို့​သည်​ထို​နေ​ရာ​တွင်​ရပ် ၍​နေ​ကြ​လော့။ ယော​န​သန်​နှင့်​ငါ​မူ​ကား ဤ​နေ​ရာ​တွင်​ရပ်​၍​နေ​ကြ​အံ့'' ဟု​ဆို​၏။ လူ​တို့​က​လည်း``အ​ရှင်​စိတ်​တော်​ရှိ​သည် အ​တိုင်း​ပြု​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။
41 Saul İsrail'in Tanrısı RAB'be, “Bana doğru yanıtı ver” dedi. Kura Yonatan'la Saul'a düştü, halk aklandı.
၄၁ရှော​လု​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား​ယ​နေ့​ဖြေ​ကြား တော်​မ​မူ​ပါ​သ​နည်း။ အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျောက်​တော် များ​အား​ဖြင့်​ကျွန်​တော်​မျိုး​အား​ဖြေ​ကြား​တော် မူ​ပါ။ ယော​န​သန်​၌​ဖြစ်​စေ၊ ကျွန်​တော်​မျိုး​၌ ဖြစ်​စေ​အ​ပြစ်​ရှိ​ပါ​လျှင်​ဥ​ရိမ်​ကျောက် မဲ​ကျ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၌​အ​ပြစ်​ရှိ​ပါ​လျှင် သု​မိမ်​ကျောက်​ကို​မဲ​ကျ​စေ​တော်​မူ​ပါ'' ဟု​လျှောက် ထား​၏။ ထို​အ​ခါ​ရှော​လု​နှင့်​ယော​န​သန်​တို့​တွင် အ​ပြစ်​ရှိ​ကြောင်း​မဲ​ကျ​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ပြစ်​လွတ်​ကြ​ကုန်​၏။-
42 Saul bu kez, “Benimle oğlum Yonatan arasında kura çekin” dedi. Kura Yonatan'a düştü.
၄၂ထို​အ​ခါ​ရှော​လု​က``ငါ့​သား​ယော​န​သန်​နှင့် ငါ့​အား​မဲ​ချ​ဦး​လော့'' ဟု​ဆို​လျှင်​ယော​န သန်​မဲ​ကျ​လေ​၏။-
43 Bunun üzerine Saul Yonatan'a, “Söyle bana, ne yaptın?” diye sordu. Yonatan, “Ben yalnızca elimdeki değneğin ucuyla biraz bal alıp tattım. Şimdi ölmem mi gerek?” diye karşılık verdi.
၄၃ထို​အ​ခါ​ရှော​လု​သည်​ယော​န​သန်​အား``သင် အ​ဘယ်​အ​မှု​ကို​ပြု​သ​နည်း'' ဟု​မေး​၏။ ယော​န​သန်​က``အ​ကျွန်ုပ်​သည်​ပျား​ရည်​အ​နည်း ငယ်​ကို​စား​မိ​ပါ​၏။ အ​မိန့်​တော်​အ​တိုင်း​သေ ဒဏ်​ခံ​ရန်​အ​ကျွန်ုပ်​အ​သင့်​ရှိ​ပါ​၏'' ဟု​လျှောက် လျှင်၊
44 Saul, “Yonatan, eğer seni öldürtmezsem, Tanrı bana aynısını, hatta daha kötüsünü yapsın!” dedi.
၄၄ရှော​လု​က``ငါ​သည်​သင့်​အား​သေ​ဒဏ်​မ​ပေး ခဲ့​သော် ဘု​ရား​သ​ခင်​သည်​ငါ့​အား​အ​ဆုံး စီ​ရင်​တော်​မူ​ပါ​စေ​သော'' ဟု​ဆို​၏။
45 Ama halk Saul'a, “İsrail'i bu büyük zafere ulaştıran Yonatan'ı mı öldürteceksin?” dedi, “Asla! Yaşayan RAB'bin adıyla deriz ki, saçının bir teline bile zarar gelmeyecektir. Çünkü bugün o ne yaptıysa Tanrı'nın yardımıyla yapmıştır.” Böylece halk Yonatan'ı öldürülmekten kurtardı.
၄၅သို့​ရာ​တွင်​လူ​တို့​က​ရှော​လု​အား``ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​အောင်​ပွဲ​ကို​ခံ​စေ​သော ယော​န​သန်​အား​သေ​ဒဏ်​ပေး​ပါ​မည်​လော။ သူ​၏​ဦး​ခေါင်း​မှ​ဆံ​ခြည်​တစ်​ပင်​မျှ​မြေ​သို့ မ​ကျ​စေ​ရန် အ​ကျွန်ုပ်​တို့​သည်​အ​သက်​ရှင် တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​တိုင်​တည် ၍​က​တိ​ပြု​ပါ​၏။ ယ​နေ့​သူ​ပြု​သော​အ​မှု သည် ဘု​ရား​သ​ခင်​၏​အ​ကူ​အ​ညီ​ဖြင့်​ပြု သော​အ​မှု​ဖြစ်​ပါ​၏'' ဟု​လျှောက်​ထား​ကြ ၏။ ဤ​သို့​လျှင်​လူ​တို့​သည်​ယော​န​သန်​အား သေ​ဘေး​မှ​ကယ်​လိုက်​ကြ​သ​တည်း။
46 Bundan sonra Saul Filistliler'i kovalamaktan vazgeçti. Filistliler de yerlerine döndüler.
၄၆ထို​နောက်​ရှော​လု​သည်​ဖိ​လိတ္တိ​အ​မျိုး​သား တို့​အား လိုက်​လံ​တိုက်​ခိုက်​မှု​ကို​ရပ်​စဲ​လိုက် ၏။ လူ​တို့​သည်​လည်း​မိ​မိ​တို့​နယ်​အ​သီး သီး​သို့​ပြန်​ကြ​ကုန်​၏။
47 Saul İsrail'e kral atandıktan sonra, her yandaki düşmanlarına –Moav, Ammon, Edom halkları, Sova kralları ve Filistliler'e– karşı savaştı. Gittiği her yerde zafer kazandı.
၄၇ရှော​လု​သည်​ဣ​သ​ရေ​လ​ပြည်​တွင်​နန်း​တက် ပြီး​နောက် နေ​ရာ​အ​နှံ့​အ​ပြား​တွင်​ရန်​သူ များ​ဖြစ်​ကြ​သော​မော​ဘ​ပြည်​သား​များ၊ အမ္မုန်​ပြည်​သား​များ​နှင့်​ဧ​ဒုံ​ပြည်​သား များ​ကို​လည်း​ကောင်း၊ ဇောဘ​မင်း​များ​နှင့် ဖိ​လိတ္တိ​အ​မျိုး​သား​များ​ကို​လည်း​ကောင်း စစ်​တိုက်​ရ​လေ​သည်။ သူ​သည်​မည်​သည့် အ​ရပ်​တွင်​တိုက်​ပွဲ​ဖြစ်​သည်​မ​ဆို​အောင် မြင်​သည် သာ​ဖြစ်​၏။-
48 Yiğitçe savaşarak Amalekliler'i yenilgiye uğrattı, İsrailliler'i düşmanın yağmasından kurtardı.
၄၈သူ​သည်​ရွပ်​ရွပ်​ချွံ​ချွံ​တိုက်​ပွဲ​များ​ဝင်​ခဲ့ သည်။ အာ​မ​လက်​အ​မျိုး​သား​တို့​ကို​ပင် တိုက်​ခိုက်​နှိမ်​နင်း​ခဲ့​လေ​သည်။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ရန်​သူ အ​ပေါင်း​တို့​၏​ဘေး​မှ​ကယ်​ဆယ်​ခဲ့​၏။
49 Saul'un oğulları Yonatan, Yişvi ve Malkişua idi. İki kızından büyüğünün adı Merav, küçüğünün adı Mikal'dı.
၄၉ရှော​လု​၏​သား​တော်​များ​ကား​ယော​န​သန်၊ ဣ​ရွှိ၊ မေ​လ​ခိ​ရွှ​တည်း။ သူ​၏​သ​မီး​တော်​အ​ကြီး​သည် မေ​ရပ်​ဟု​နာ​မည်​တွင်​၍ သ​မီး​တော်​အ​ငယ်​မှာ မိ​ခါ​လ​ဟု​နာ​မည်​တွင်​လေ​သည်။-
50 Karısı, Ahimaas'ın kızı Ahinoam'dı. Ordusunun başkomutanı amcası Ner oğlu Avner'di.
၅၀သူ​၏​ကြင်​ယာ​တော်​ကား​အ​ဟိ​မတ်​၏​သ​မီး အ​ဟိ​နောင်​ဖြစ်​၏။ သူ​၏​စစ်​သေ​နာ​ပ​တိ​မှာ ဦး​ရီး​တော်​နေ​ရ​၏​သား​အာ​ဗ​နာ​ဖြစ်​သည်။-
51 Saul'un babası Kiş'le Avner'in babası Ner, Aviel'in oğullarıydı.
၅၁ရှော​လု​၏​ခ​မည်း​တော်​ကိ​ရှ​နှင့်​အာ​ဗ​နာ ၏​ဖ​ခင်​နေ​ရ​တို့​သည် အ​ဗျေ​လ​၏​သား​များ ဖြစ်​သ​တည်း။
52 Saul yaşamı boyunca Filistliler'le kıyasıya savaştı. Nerede yiğit, güçlü birini görse kendi ordusuna kattı.
၅၂ရှော​လု​သည်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ဖိလိတ္တိ​အ​မျိုး​သား​တို့​နှင့်​အ​ပြင်း​အ​ထန်​တိုက် ပွဲ​ဝင်​ခဲ့​ရ​၏။ ထို့​ကြောင့်​သူ​သည်​ခွန်​အား​ကြီး သူ​သို့​မ​ဟုတ်​ရဲ​စွမ်း​သတ္တိ​ရှိ​သူ​ကို​တွေ့​ရှိ​ရ သည့်​အ​ခါ​တိုင်း မိ​မိ​၏​တပ်​မ​တော်​တွင်​ဝင် ရောက်​အ​မှု​ထမ်း​စေ​တော်​မူ​၏။

< 1 Samuel 14 >