< 1 Krallar 14 >
1 O sıralarda İsrail Kralı Yarovam'ın oğlu Aviya hastalandı.
၁ထိုအချိန်၌ယေရောဗောင်၏သားအဘိယ သည်ဖျားနာလျက်နေ၏။-
2 Yarovam, karısına, “Kalk, Yarovam'ın karısı olduğunu anlamamaları için kılığını değiştirip Şilo'ya git” dedi, “Bu halkın kralı olacağımı bana bildiren Peygamber Ahiya orada oturuyor.
၂ယေရောဗောင်သည်မိမိ၏မိဖုရားအား``သင် သည်မိဖုရားမှန်းမသိစေရန်ရုပ်ဖျက်၍ ငါ့ အားဣသရေလဘုရင်ဖြစ်လိမ့်မည်ဟု ဟောခဲ့သူပရောဖက်အဟိယနေထိုင် ရာရှိလောမြို့သို့သွားလော့။-
3 Ona on ekmek, birkaç çörek, bir tulum bal götür. Çocuğa ne olacağını o sana bildirecektir.”
၃သူ့အတွက်မုန့်ဆယ်လုံး၊ မုန့်ပြားအချို့နှင့် ပျားရည်တစ်ဘူးကိုယူဆောင်သွားပြီးလျှင် ငါတို့၏သားအဘယ်သို့ဖြစ်မည်ကိုစုံစမ်း မေးမြန်းလော့။ သူသည်သင့်အားပြောပြ လိမ့်မည်'' ဟုဆို၏။
4 Yarovam'ın karısı denileni yaptı; kalkıp Şilo'ya, Ahiya'nın evine gitti. Ahiya'nın gözleri yaşlılıktan görmez olmuştu.
၄သို့ဖြစ်၍မိဖုရားသည် ရှိလောမြို့ရှိအဟိယ ၏အိမ်သို့သွားလေသည်။ အဟိယသည် အသက်ကြီးသဖြင့်မျက်စိကွယ်လျက်နေ၏။-
5 RAB, Ahiya'ya şöyle dedi: “Şimdi Yarovam'ın karısı gelecek. Hastalanan oğlunun durumunu senden soracak. Onu söylediğin gibi yanıtlayacaksın. O geldiğinde kendini sana başka biriymiş gibi gösterecek.”
၅ထာဝရဘုရားက``ယေရောဗောင်၏မိဖုရား သည် ဖျားနာနေသောသားအကြောင်းကိုမေး မြန်းစုံစမ်းရန်လာလိမ့်မည်။ ထိုအခါသူ့ အားဤအတိုင်းပြောလော့'' ဟုမိန့်တော်မူ၏။ ယေရောဗောင်၏မိဖုရားသည်အဟိယထံသို့ ရောက်ရှိလာသောအခါ မိမိကိုယ်ကိုအခြား သူ၏အယောင်ကိုဆောင်၍လာ၏။-
6 Ahiya, kapıdan içeri giren kadının ayak seslerini duyunca, “Gel, Yarovam'ın karısı!” dedi, “Neden başka kılığa giriyorsun? Sana kötü haberlerim var.
၆သို့ရာတွင်အဟိယသည်တံခါးဝမှသူ၏ ခြေသံကိုကြားသည်နှင့်``ဝင်ခဲ့လော့။ သင်သည် ယေရောဗောင်၏မိဖုရားဖြစ်ကြောင်းကိုငါ သိ၏။ အဘယ်ကြောင့်သင်သည် မိမိကိုယ်ကို အခြားသူ၏အယောင်ကိုဆောင်သနည်း။ သင်၏အတွက်ငါ့မှာသတင်းဆိုးရှိ၏။-
7 Git Yarovam'a de ki, ‘İsrail'in Tanrısı RAB, Ben seni halkın arasından seçip kendi halkıma, İsrailliler'e önder yaptım, diyor,
၇ယေရောဗောင်အားဣသရေလအမျိုးသားတို့ ဘုရားသခင်ထာဝရဘုရားမိန့်တော်မူသည် ကားဤသို့တည်း။ ကိုယ်တော်က`ငါသည်သင့် အားပြည်သူများအထဲမှရွေးချယ်၍ ငါ ၏လူမျိုးတော်ဣသရေလအမျိုးသားတို့ အားအုပ်စိုးစေခဲ့၏။-
8 Krallığı Davut'un soyundan alıp sana verdim. Ama sen buyruklarıma uyan, gözümde yalnız doğru olanı yapan ve bütün yüreğiyle yollarımı izleyen kulum Davut'a benzemedin.
၈ဒါဝိဒ်၏သားမြေးများလက်မှနိုင်ငံတော်ကို ယူ၍ သင့်အားပေးအပ်ခဲ့၏။ သို့ရာတွင်သင်သည် ငါ့အားအကြွင်းမဲ့သစ္စာစောင့်၍ငါ၏ပညတ် တို့ကိုစောင့်ထိန်းကာ ငါနှစ်သက်သည့်အမှု များကိုသာပြုသောငါ၏အစေခံဒါဝိဒ်နှင့် မတူ။-
9 Senden önce yaşayanların hepsinden çok kötülük yaptın. Beni reddettin; kendine başka ilahlar buldun, dökme putlar yaparak beni öfkelendirdin.
၉သင်သည်မိမိအလျင်အုပ်စိုးခဲ့သောမင်းတို့ ၏ကူးလွန်ခဲ့သည့်အပြစ်များထက်ပင် ပိုမို ကြီးလေးသောအပြစ်များကိုကူးလွန်လေ ပြီ။ ငါ့အားပစ်ပယ်ကာအခြားသောဘုရား များကိုဝတ်ပြုကိုးကွယ်၍ ရုပ်တုများကို ပြုလုပ်ခြင်းအားဖြင့် ငါ၏အမျက်တော်ကို လှုံ့ဆော်လေပြီ။-
10 “‘Bundan dolayı Yarovam'ın ailesini sıkıntılara sokup İsrail'de onun soyundan gelen genç yaşlı bütün erkekleri öldüreceğim. Yarovam'ın ailesini gübre yakarcasına kökünden kurutacağım.
၁၀ဤအကြောင်းကြောင့်ငါသည်သင်၏မင်းဆက် ကိုပျက်သုဉ်းစေမည်။ ကြီးငယ်မရွေးသင်၏ သားမြေးထဲမှယောကျာ်းမှန်သမျှကိုသုတ် သင်ပစ်မည်။ သင်၏အိမ်ထောင်စုသားတို့ကို ငါပယ်ရှင်းမည်။ သူတို့အားနောက်ချေးသဖွယ် ရှင်းလင်းပစ်မည်။-
11 Yarovam'ın ailesinden kentte ölenleri köpekler, kırda ölenleri yırtıcı kuşlar yiyecek.’ RAB böyle konuştu.
၁၁သင်၏အိမ်ထောင်စုသားများသည်မြို့တွင်း၌ သေလျှင်ခွေးစာ၊ မြို့ပြင်၌သေလျှင်လင်းတစာ ဖြစ်ကြလိမ့်မည်။ ဤကားငါထာဝရဘုရားမိန့် တော်မူသောစကားဖြစ်၏' ဟုမိန့်တော်မူ၏'' ဟုဆင့်ဆို၏။
12 “Sana gelince, kalk, evine dön. Kente ayak basar basmaz çocuk ölecek.
၁၂ထို့နောက်အဟိယသည်ဆက်လက်၍ယေရော ဗောင်၏မိဖုရားအား``ယခုနန်းတော်သို့ပြန် လော့။ မြို့ကိုသင်ဝင်မိသည်နှင့်တစ်ပြိုင်နက် သင်၏သားသည်သေလိမ့်မည်။-
13 Bütün İsrail halkı ağıt yakıp onu gömecek. Yarovam'ın ailesinden yalnız o gömülecek. Çünkü Yarovam ailesi içinde İsrail'in Tanrısı RAB'bi hoşnut eden nitelikler yalnız onda bulundu.
၁၃ဣသရေလပြည်သူအပေါင်းတို့သည်သူ၏ အတွက် ဝမ်းနည်းကြေကွဲသည့်အထိမ်းအမှတ် ကိုပြု၍သူ၏အလောင်းကိုသင်္ဂြိုဟ်ကြလိမ့် မည်။ ယေရောဗောင်၏အိမ်ထောင်စုများအနက် ထိုသားတစ်ဦးတည်းသာလျှင် လျောက်ပတ် စွာသင်္ဂြိုဟ်ခြင်းကိုခံရလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ဣသရေလအမျိုးသား တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူတစ်ဦးတည်းကိုသာလျှင်နှစ်သက် တော်မူသောကြောင့်ဖြစ်၏။-
14 “RAB İsrail'e bir kral atayacak. Bu kral aynı gün Yarovam'ın ailesine son verecek. Ne zaman mı? Hemen şimdi.
၁၄ထာဝရဘုရားသည်ယေရောဗောင်၏မင်း ဆက်ကိုပျက်သုဉ်းစေမည့်မင်းတစ်ပါးအား ဣသရေလပြည်တွင်အုပ်စိုးစေတော်မူလိမ့် မည်။-
15 RAB İsrail halkını cezalandıracak. İsrail halkı suda sallanan bir kamışa dönecek. RAB onları atalarına vermiş olduğu bu iyi topraklardan söküp Fırat Irmağı'nın ötelerine dağıtacak. Çünkü Aşera putlarını dikerek RAB'bi öfkelendirdiler.
၁၅ထာဝရဘုရားဒဏ်ခတ်တော်မူသဖြင့် ဣသရေလ ပြည်သည်ချောင်းငယ်တွင်တုန်လှုပ်လျက်နေသော ကူပင်သဖွယ်တုန်လှုပ်သွားလိမ့်မည်။ ဣသရေလ အမျိုးသားတို့သည်ဘိုးဘေးများအားကိုယ်တော် ပေးအပ်တော်မူခဲ့သည့် ဤသာယာသောပြည်တော် မှနုတ်ပယ်ခြင်းကိုခံရကာဥဖရတ်မြစ်တစ် ဖက်ကမ်းသို့ကွဲလွင့်သွားကြလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်သူတို့သည်အာရှရဘုရားမ ရုပ်များကိုပြုလုပ်လျက်ကိုယ်တော်၏အမျက် တော်ကိုလှုံ့ဆော်ကြသောကြောင့်ဖြစ်၏။-
16 Yarovam'ın işlediği ve İsrail halkını sürüklediği günahlar yüzünden RAB İsrail'i terk edecek.”
၁၆ယေရောဗောင်သည်အပြစ်ကူး၍ဣသရေလ ပြည်သူတို့အားလည်း အပြစ်ကူးရန်ရှေ့ဆောင် လမ်းပြသူဖြစ်သောကြောင့် ထာဝရဘုရားသည် ဣသရေလပြည်ကိုဒဏ်ခတ်တော်မူလိမ့်မည်'' ဟု ဆို၏။
17 Yarovam'ın karısı oradan ayrılıp Tirsa'ya döndü. Evinin eşiğine varınca çocuk öldü.
၁၇ယေရောဗောင်၏မိဖုရားသည် တိရဇမြို့သို့ပြန် လည်ထွက်ခွာသွား၏။ သူသည်မိမိနန်းတော်သို့ ဝင်မိသည်နှင့်တစ်ပြိုင်နက်သူ၏သားသည်သေ လေ၏။-
18 Bütün İsrail halkı, RAB'bin kulu Peygamber Ahiya aracılığıyla söylediği söz uyarınca, çocuğu gömüp onun için ağıt yaktı.
၁၈ထာဝရဘုရားသည်မိမိ၏အစေခံပရော ဖက်အဟိယအားဖြင့်မိန့်တော်မူခဲ့သည့်အတိုင်း ဣသရေလပြည်သူတို့သည်ထိုသူငယ်၏အတွက် ဝမ်းနည်းကြေကွဲသည့်အထိမ်းအမှတ်ကိုပြု၍ သူ၏အလောင်းကိုသင်္ဂြိုဟ်ကြ၏။
19 Yarovam'ın krallığı dönemindeki öteki olaylar, nasıl savaştığı, ülkesini nasıl yönettiği İsrail krallarının tarihinde yazılıdır.
၁၉ယေရောဗောင်မင်းဆောင်ရွက်ခဲ့သည့် အခြားအမှု အရာအလုံးစုံကိုလည်းကောင်း၊ သူတိုက်ခဲ့သည့် စစ်ပွဲများနှင့်တိုင်းပြည်အုပ်ချုပ်ပုံတို့ကိုလည်း ကောင်း ဣသရေလရာဇဝင်တွင်ရေးထားသတည်း။-
20 Yarovam yirmi iki yıl krallık yaptı. Ölüp atalarına kavuşunca, yerine oğlu Nadav kral oldu.
၂၀ယေရောဗောင်သည်နှစ်ဆယ့်နှစ်နှစ်တိုင်တိုင်နန်းစံ တော်မူခဲ့၏။ သူကွယ်လွန်သောအခါသားတော် နာဒဒ်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေ၏။
21 Süleyman oğlu Rehavam Yahuda Kralı olduğunda kırk bir yaşındaydı. RAB'bin adını yerleştirmek için bütün İsrail oymaklarının yaşadığı kentler arasından seçtiği Yeruşalim Kenti'nde on yedi yıl krallık yaptı. Annesi Ammonlu Naama'ydı.
၂၁ရှောလမုန်၏သားရောဗောင်သည် ယုဒဘုရင်ဖြစ် လာချိန်၌ အသက်လေးဆယ့်တစ်နှစ်ရှိ၏။ သူသည် ထာဝရဘုရားအားဝတ်ပြုကိုးကွယ်ရာဌာန တော်အဖြစ် ဣသရေလအနွယ်အပေါင်းတို့နေ ထိုင်ရာမြို့ရွာများအနက် ကိုယ်တော်ရွေးချယ် တော်မူသောယေရုရှလင်မြို့၌တစ်ဆယ့်ခုနစ် နှစ်နန်းစံတော်မူ၏။ ရောဗောင်၏မယ်တော်မှာ အမ္မုန်ပြည်သူနေမဖြစ်၏။-
22 Yahudalılar RAB'bin gözünde kötü olanı yaparak, işledikleri günahlarla Tanrı'yı atalarından daha çok öfkelendirdiler.
၂၂ယုဒပြည်သူတို့သည်ထာဝရဘုရားအား ပြစ်မှားကြ၏။ သူတို့သည်မိမိတို့ဘိုးဘေး အပေါင်းတို့ထက်ပင် ပို၍ဆိုးရွားစွာပြစ်မှား လျက်ကိုယ်တော်၏အမျက်တော်ကိုလှုံ့ဆော် ကြလေသည်။-
23 Ayrıca kendilerine her yüksek tepenin üstüne ve bol yapraklı her ağacın altına tapınma yerleri, dikili taşlar ve Aşera putları yaptılar.
၂၃သူတို့သည်ဘုရားအတုအယောင်များအား ကိုးကွယ်ဝတ်ပြုရန်ဌာနများကိုတည်ဆောက် ကြ၏။ တောင်ထိပ်များနှင့်အရိပ်ကောင်းသည့် သစ်ပင်အောက်တို့တွင်ကိုးကွယ်ဝတ်ပြုရန် ကျောက်တိုင်များနှင့်အာရှရတံခွန်တိုင် များကိုစိုက်ထူကြ၏။-
24 Ülkedeki putperest törenlerinde fuhuş yapan kadın ve erkekler bile vardı. Yahudalılar RAB'bin İsrail halkının önünden kovduğu ulusların yaptığı bütün iğrençlikleri yaptılar.
၂၄အဆိုးရွားဆုံးအပြုအမူမှာ ရုပ်တုကိုးကွယ် ဝတ်ပြုရာဌာနများတွင်ပြည့်တန်ဆာအလုပ် ကိုအမျိုးသား၊ အမျိုးသမီးများလုပ်ကိုင် ကြခြင်းပင်ဖြစ်၏။ ပြည်တော်သို့ဣသရေလ အမျိုးသားတို့ချီတက်ဝင်ရောက်လာချိန်၌ ထာဝရဘုရားနှင်ထုတ်တော်မူလိုက်သော ပြည်သူပြည်သားတို့ပြုကျင့်ခဲ့သည့်စက် ဆုပ်ရွံရှာဖွယ်ရာအလေ့ဟူသမျှကို ယုဒ ပြည်သူတို့သည်ပြုကျင့်ကြကုန်၏။
25 Rehavam'ın krallığının beşinci yılında Mısır Kralı Şişak Yeruşalim'e saldırdı.
၂၅ရောဗောင်နန်းစံငါးနှစ်မြောက်၌ အီဂျစ်ဘုရင် ရှိရှက်သည်ယေရုရှလင်မြို့ကိုတိုက်ခိုက်ပြီး လျှင်၊-
26 Süleyman'ın yaptırmış olduğu altın kalkanlar dahil RAB'bin Tapınağı'nın ve sarayın bütün hazinelerini boşaltıp götürdü.
၂၆ရှောလမုန်ပြုလုပ်ခဲ့သည့်ရွှေဒိုင်းလွှားများ အပါအဝင် ဗိမာန်တော်နှင့်နန်းတော်မှဘဏ္ဍာ တော်ရှိသမျှတို့ကိုသိမ်းယူသွားလေ သည်။-
27 Kral Rehavam bunların yerine tunç kalkanlar yaptırarak sarayın kapı muhafızlarının komutanlarına emanet etti.
၂၇ရောဗောင်သည်ထိုဒိုင်းလွှားများကိုအစားထိုး ရန် ကြေးဝါဒိုင်းလွှားများပြုလုပ်၍နန်းတော် တံခါးစောင့်မှူးတို့အားပေးအပ်တော်မူ၏။-
28 Kral RAB'bin Tapınağı'na her gittiğinde, muhafızlar bu kalkanları taşır, sonra muhafız odasına götürürlerdi.
၂၈ဗိမာန်တော်သို့မင်းကြီးသွားရောက်သည့်အခါ တိုင်း အစောင့်တပ်သားတို့သည်ထိုဒိုင်းလွှား များကိုကိုင်ဆောင်ရကြ၏။ ထိုနောက်ကင်း ခန်းထဲတွင်ပြန်၍ထားရကြ၏။
29 Rehavam'ın krallığı dönemindeki öteki olaylar ve bütün yaptıkları Yahuda krallarının tarihinde yazılıdır.
၂၉ရောဗောင်မင်းဆောင်ရွက်ခဲ့သည့် အခြားအမှု အရာရှိသမျှကို ယုဒရာဇဝင်တွင်ရေး ထားလျက်ရှိသတည်း။-
30 Rehavam'la Yarovam arasında sürekli savaş vardı.
၃၀ရောဗောင်နှင့်ယေရောဗောင်တို့သည်အဆက် မပြတ်စစ်ဖြစ်လျက်နေခဲ့ကြ၏။-
31 Rehavam ölüp atalarına kavuşunca, Davut Kenti'nde atalarının yanına gömüldü. Annesi Ammonlu Naama'ydı. Rehavam'ın yerine oğlu Aviyam kral oldu.
၃၁ရောဗောင်ကွယ်လွန်သောအခါသူ့ကိုဒါဝိဒ်မြို့ တော်ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ (သူ၏မိခင် မှာအမ္မုန်ပြည်သူနေမဖြစ်၏။) သူ၏သားတော် အဘိယသည်ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၍နန်းတက်လေသည်။