< 1 Krallar 12 >
1 Rehavam Şekem'e gitti. Çünkü bütün İsrailliler kendisini kral ilan etmek için orada toplanmışlardı.
၁ရောဗောင်သည်မိမိအားမင်းမြှောက်ရန် ဣသရေလ ပြည်မြောက်ပိုင်းရှိလူတို့စုရုံးလျက်ရှိရာရှေခင် မြို့သို့သွား၏။-
2 Kral Süleyman'dan kaçıp Mısır'a yerleşen Nevat oğlu Yarovam bunu duyunca Mısır'da kalmaya karar verdi.
၂ရှောလမုန်မင်း၏ဘေးမှလွတ်မြောက်ရန်ထွက် ပြေးသွားသူနေဗက်၏သားယေရောဗောင်သည် ထိုသတင်းကိုကြားသောအခါအီဂျစ်ပြည် မှပြန်လာလေသည်။-
3 İsrail topluluğu Yarovam'ı çağırttı. Birlikte gidip Rehavam'a şöyle dediler:
၃ဣသရေလပြည်မြောက်ပိုင်းမှလူတို့သည်သူ့ကို ခေါ်ယူပြီးလျှင် သူနှင့်အတူရောဗောင်မင်းထံသို့ သွားကြ၏။ သူတို့က၊-
4 “Baban üzerimize ağır bir boyunduruk koydu. Ama babanın üzerimize yüklediği ağır yükü ve boyunduruğu hafifletirsen sana kul köle oluruz.”
၄``အရှင့်ခမည်းတော်ရှောလမုန်သည်ကျွန်ုပ်တို့ အပေါ်လေးလံသောထမ်းပိုးကိုတင်တော်မူခဲ့ ပါ၏။ အရှင်သည်ထိုလေးလံသောထမ်းပိုးနှင့် ပင်ပန်းသောဝန်ကိုပေါ့ပါးစေလျက် အကျွန်ုပ်တို့ အားနေသာထိုင်သာရှိအောင်ပြုတော်မူမည်ဆို ပါက အကျွန်ုပ်တို့သည်သစ္စာရှိစွာအရှင့်၏ အမှုတော်ကိုထမ်းဆောင်ပါမည်'' ဟုလျှောက် ထားကြ၏။
5 Rehavam, “Şimdi gidin, üç gün sonra yine gelin” yanıtını verince halk yanından ayrıldı.
၅ရောဗောင်ကလည်း``သုံးရက်ကြာလျှင်ငါ့ထံသို့ ပြန်ခဲ့ကြ။ ထိုအခါမှသင်တို့အားငါအဖြေ ပေးမည်'' ဟုဆို၏။
6 Kral Rehavam, babası Süleyman'a sağlığında danışmanlık yapan ileri gelenlere, “Bu halka nasıl yanıt vermemi öğütlersiniz?” diye sordu.
၆ထို့နောက်ရောဗောင်သည် ခမည်းတော်ရှောလမုန်၏ အတိုင်ပင်ခံအသက်ကြီးသူအမတ်များအား``ထို သူတို့ကိုငါအဘယ်သို့ဖြေကြားရပါမည်နည်း။ သင်တို့အဘယ်သို့အကြံပေးလိုကြပါသနည်း'' ဟုမေးတော်မူ၏။
7 İleri gelenler, “Bugün bu halka hizmet eder, olumlu yanıt verirsen, sana her zaman kul köle olurlar” diye karşılık verdiler.
၇မှူးမတ်တို့က``အရှင်သည်ထိုသူတို့အားအကျိုး ပြုလိုတော်မူပါလျှင် သူတို့၏ပန်ကြားချက်ကို လိုက်လျောတော်မူပါ။ သူတို့သည်အရှင်၏အမှု တော်ကို အစဉ်အမြဲသစ္စာနှင့်ထမ်းဆောင်ကြ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
8 Ne var ki, Rehavam ileri gelenlerin öğüdünü reddederek birlikte büyüdüğü genç görevlilerine danıştı:
၈သို့ရာတွင်ရောဗောင်သည်ထိုမှူးမတ်တို့ပေးသည့် အကြံကိုလျစ်လူရှု၍ အပါးတော်တွင်ခစား နေကျဖြစ်သောမိမိ၏ငယ်သူငယ်ချင်း လူငယ်လူရွယ်များထံသို့သွားပြီးလျှင်၊-
9 “Siz ne yapmamı öğütlersiniz? ‘Babanın üzerimize koyduğu boyunduruğu hafiflet’ diyen bu halka nasıl bir yanıt verelim?”
၉``သင်တို့ကငါ့အားအဘယ်သို့အကြံပေးကြ ပါမည်နည်း။ သူတို့၏ဝန်ကိုပေါ့ပါးအောင်ပြု လုပ်ပေးရန် ငါ့ထံပန်ကြားလျှောက်ထားနေသူ တို့အားအဘယ်သို့ဖြေကြားရပါမည်နည်း'' ဟုမေးတော်မူ၏။
10 Birlikte büyüdüğü gençler ona şu karşılığı verdiler: “Sana ‘Babanın üzerimize koyduğu boyunduruğu hafiflet’ diyen halka de ki, ‘Benim küçük parmağım babamın belinden daha kalındır.
၁၀ထိုသူငယ်များက``အရှင်သည်သူတို့အား`ငါ၏ လက်သန်းသည်ခမည်းတော်၏ခါးထက်ပို၍ တုတ်၏။-
11 Babam size ağır bir boyunduruk yüklediyse, ben boyunduruğunuzu daha da ağırlaştıracağım. Babam sizi kırbaçla yola getirdiyse, ben sizi akreplerle yola getireceğim.’”
၁၁ငါ့ခမည်းတော်တင်သောဝန်လေးသည်မှန်၏။ ငါ တင်သောဝန်ကားထိုထက်ပင်ပို၍လေးလိမ့်မည်။ သူသည်သင်တို့အားကြိမ်နှင့်ရိုက်၏။ ငါမူကား ကြာပွတ်နှင့်ရိုက်အံ့' ဟုဖြေကြားတော်မူပါ'' ဟုလျှောက်ကြ၏။
12 Yarovam'la bütün halk, kralın, “Üç gün sonra yine gelin” sözü üzerine, üçüncü gün Rehavam'ın yanına geldiler.
၁၂သုံးရက်မျှကြာသောအခါယေရောဗောင်နှင့် ဣသရေလအမျိုးသားတို့သည် ရောဗောင်မင်း မှာကြားလိုက်သည့်အတိုင်းပြန်လာကြ၏။-
13 İleri gelenlerin öğüdünü reddeden Kral Rehavam, gençlerin öğüdüne uyarak halka sert bir yanıt verdi: “Babamın size yüklediği boyunduruğu ben daha da ağırlaştıracağım. Babam sizi kırbaçla yola getirdiyse, ben sizi akreplerle yola getireceğim.”
၁၃ထိုအခါရောဗောင်သည်အသက်ကြီးသူအတိုင် ပင်ခံအမတ်များပေးသည့်အကြံကိုလျစ်လူ ရှုပြီးလျှင်၊-
၁၄လူငယ်လူရွယ်တို့ပေးသည့်အကြံအတိုင်းထို သူတို့အား``ငါ့ခမည်းတော်တင်သောဝန်လေး သည်မှန်၏။ ငါတင်သောဝန်ကားထိုထက်ပင်ပို ၍လေးလိမ့်မည်။ သူသည်သင်တို့အားကြိမ်နှင့် ရိုက်၏။ ငါမူကားကြာပွတ်နှင့်ရိုက်အံ့'' ဟု ခက်ထန်စွာဖြေကြားတော်မူ၏။-
15 Kral halkı dinlemedi. Çünkü Şilolu Ahiya aracılığıyla Nevat oğlu Yarovam'a verdiği sözü yerine getirmek için RAB bu olayı düzenlemişti.
၁၅မင်းကြီးသည်ဤသို့ပြည်သူတို့အားအလေး ဂရုမပြုဘဲနေတော်မူခြင်းမှာ ပရောဖက် အဟိယအားဖြင့်ယေရောဗောင်အားကိုယ်တော် ပေးတော်မူခဲ့သည့်ကတိတော်ကို အကောင် အထည်ပေါ်စေရန်ထာဝရဘုရားအလို ရှိတော်မူသောကြောင့်ဖြစ်၏။
16 Kralın kendilerini dinlemediğini görünce, bütün İsrailliler, “İşay oğlu, Davut'la ne ilgimiz, Ne de payımız var!” diye bağırdılar, “Ey İsrail halkı, haydi evimize dönelim! Davut'un soyu başının çaresine baksın.” Böylece herkes evine döndü.
၁၆မိမိတို့၏ပန်ကြားချက်ကို မင်းကြီးနားထောင် တော့မည်မဟုတ်ကြောင်းသိရှိကြသောအခါ လူ တို့က``ဒါဝိဒ်၌ငါတို့လူမျိုးတော်မရှိ။ ယေရှဲ ၏သား၌ငါတို့အမွေမရှိ။ အို ဣသရေလပြည် သူတို့၊ ငါတို့နေရပ်သို့ပြန်ကြကုန်အံ့။ အို ဒါဝိဒ်၊ သင်၏အိမ်ကိုပြန်ကြည့်လော့'' ဟုဟစ်အော်ကြ ကုန်၏။ သို့ဖြစ်၍ဣသရေလပြည်သူတို့သည်ပုန်ကန် ကြ၏။-
17 Rehavam da yalnızca Yahuda kentlerinde yaşayan İsrailliler'e krallık yapmaya başladı.
၁၇ရောဗောင်သည်ယုဒနယ်မြေတွင်နေထိုင်သူတို့ ကိုသာလျှင် အုပ်စိုးရလေသည်။
18 İsrailliler Kral Rehavam'ın gönderdiği angaryacıbaşı Adoram'ı taşa tutup öldürdüler. Bunun üzerine Kral Rehavam savaş arabasına atlayıp Yeruşalim'e kaçtı.
၁၈ထိုအခါရောဗောင်မင်းသည် ချွေးတပ်တာဝန်ခံ အဒေါနိရံအား ဣသရေလအမျိုးသားတို့ထံ သို့စေလွှတ်တော်မူ၏။ သို့ရာတွင်ဣသရေလ အမျိုးသားတို့က ထိုသူ့အားခဲနှင့်ပစ်သတ်ကြ သဖြင့် ရောဗောင်သည်မိမိရထားပေါ်သို့အဆော တလျင်တက်၍ယေရုရှလင်မြို့သို့ထွက်ပြေး လေ၏။-
19 İsrail halkı, Davut soyundan gelenlere hep başkaldırdı.
၁၉ထိုကာလမှစ၍ဣသရေလပြည်မြောက်ပိုင်း ပြည်သူတို့သည် ဒါဝိဒ်မင်းမျိုးကိုပုန်ကန် ကြလေသတည်း။
20 Yarovam'ın Mısır'dan döndüğünü duyunca, bütün İsrailliler haber gönderip kendisini toplantıya çağırdılar ve onu İsrail Kralı ilan ettiler. Yahuda oymağından başka hiç kimse Davut soyunu izlemedi.
၂၀ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည် မှယေရောဗောင်ပြန်လည်ရောက်ရှိလာသည့် သတင်းကိုကြားသောအခါ သူ့အားလူထု အစည်းအဝေးသို့ဖိတ်ခေါ်ကာ ဣသရေလ ဘုရင်အဖြစ်မင်းမြှောက်ကြကုန်၏။ ယုဒ အနွယ်သာလျှင်ဒါဝိဒ်၏သားမြေးတို့ အပေါ်တွင်သစ္စာစောင့်ကြလေသည်။
21 Süleyman oğlu Rehavam Yeruşalim'e varınca, İsrail oymaklarıyla savaşıp onları yeniden egemenliği altına almak amacıyla bütün Yahuda ve Benyamin oymaklarından yüz seksen bin seçkin savaşçı topladı.
၂၁ရောဗောင်သည်ယေရုရှလင်မြို့သို့ရောက်ရှိလာ သောအခါ ဣသရေလပြည်မြောက်ပိုင်းကိုပြန် လည်သိမ်းပိုက်ရန်ကြံစည်လျက် ယုဒနှင့်ဗင်္ယာ မိန်အနွယ်များမှလက်ရွေးစင်တပ်သား တစ်သိန်းရှစ်သောင်းကိုစုရုံးစေတော်မူ၏။
22 Bu arada Tanrı adamı Şemaya'ya Tanrı şöyle seslendi:
၂၂သို့ရာတွင်ဘုရားသခင်သည် ပရောဖက် ရှေမာယကိုစေလွှတ်၍၊-
23 “Süleyman oğlu Yahuda Kralı Rehavam'a, bütün Yahudalılar'a, Benyaminliler'e ve orada yaşayan öteki insanlara şunu söyle:
၂၃ရောဗောင်မင်းနှင့်တကွယုဒအနွယ်ဝင်နှင့် ဗင်္ယာမိန်အနွယ်ဝင်အပေါင်းတို့အား၊-
24 ‘RAB diyor ki, İsrailli kardeşlerinize saldırmayın, onlarla savaşmayın. Herkes evine dönsün! Çünkü bu olayı ben düzenledim.’” RAB'bin bu sözlerini duyan halk O'nun buyruğuna uyup evine döndü.
၂၄``သင်တို့သည်သင်တို့၏ညီအစ်ကိုများဖြစ် ကြသောဣသရေလပြည်သူတို့ကိုမတိုက် မခိုက်ကြနှင့်။ ယခုဖြစ်ပျက်ခဲ့သောအမှု သည်ငါ၏အလိုတော်အတိုင်းဖြစ်သဖြင့် သင်တို့အားလုံးမိမိတို့နေရပ်သို့ပြန်ကြ လော့'' ဟုထာဝရဘုရားမိန့်တော်မူကြောင်း ဆင့်ဆိုစေတော်မူ၏။ သူတို့အားလုံးသည် လည်းထာဝရဘုရား၏အမိန့်တော်ကို နာခံလျက်မိမိတို့နေရပ်သို့ပြန်သွား ကြ၏။
25 Yarovam Efrayim'in dağlık bölgesindeki Şekem Kenti'ni onarıp orada yaşamaya başladı. Daha sonra oradan ayrılıp Penuel Kenti'ni onardı.
၂၅ဣသရေလဘုရင်ယေရောဗောင်သည်တောင် ပေါများသောဧဖရိမ်ပြည်၊ ရှေခင်မြို့ကို တံတိုင်းကာပြီးလျှင်ကာလအတန်ကြာမျှ နန်းစံတော်မူ၏။ ထို့နောက်ထိုမြို့မှထွက်ခွာ ၍ပေနွေလမြို့ကိုတံတိုင်းကာတော်မူ၍၊-
26 Yarovam, “Şimdi krallık yine Davut soyunun eline geçebilir” diye düşündü,
၂၆``ငါ၏ပြည်သူတို့သည်ယခုအတိုင်းယေရု ရှလင်မြို့ရှိဗိမာန်တော်သို့သွား၍ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ကြလျှင် သူတို့ သည်ယုဒဘုရင်ရောဗောင်၏ကျေးဇူးသစ္စာ ကိုပြောင်းလဲခံယူကာငါ့အားလုပ်ကြံ ကြပေလိမ့်မည်'' ဟုတွေးတောလျက်နေ၏။
27 “Eğer bu halk Yeruşalim'e gidip RAB'bin Tapınağı'nda kurbanlar sunarsa, yürekleri efendileri, Yahuda Kralı Rehavam'a döner. Beni öldürüp yeniden Rehavam'a bağlanırlar.”
၂၇
28 Kral, danışmanlarına danıştıktan sonra, iki altın buzağı yaptırıp halkına, “Tapınmak için artık Yeruşalim'e gitmenize gerek yok” dedi, “Ey İsrail halkı, işte sizi Mısır'dan çıkaran ilahlarınız!”
၂၈ယင်းသို့တွေးတောပြီးနောက် ယေရောဗောင်သည် ရွှေနွားလားဥသဘရုပ်နှစ်ကောင်ကိုသွန်း လုပ်၍ပြည်သူတို့အား``သင်တို့သည်ကိုးကွယ် ဝတ်ပြုရန်အတွက် ယေရုရှလင်မြို့သို့သွားရ ကြသည်မှာကာလအတော်ကြာပြီ။ အို ဣသ ရေလပြည်သူတို့၊ သင်တို့အားအီဂျစ်ပြည် မှထုတ်ဆောင်လာတော်မူသောဘုရားများ ကားဤဘုရားများပင်တည်း'' ဟုမိန့်တော် မူ၏။-
29 Altın buzağılardan birini Beytel, ötekini Dan Kenti'ne yerleştirdi.
၂၉ထို့နောက်ရွှေနွားလားဥသဘရုပ်တစ်ကောင် ကိုဗေသလမြို့၌လည်းကောင်း၊ အခြားတစ် ကောင်ကိုဒန်မြို့၌လည်းကောင်းထားတော်မူ၏။-
30 Bu günahtı. Böylece halk buzağıya tapmak için Dan'a kadar gitmeye başladı.
၃၀ထို့ကြောင့်ပြည်သူတို့သည်ထိုမြို့များသို့သွား ရောက်ကာ ကိုးကွယ်ဝတ်ပြုလျက်အပြစ်ကူး လွန်ကြကုန်၏။-
31 Yarovam ayrıca tapınma yerlerinde tapınaklar yaptırdı. Levililer'in dışında her türlü insanlardan kâhinler atadı.
၃၁ယေရောဗောင်သည်တောင်ထိပ်များတွင်ကိုးကွယ် ဝတ်ပြုရာဌာနများကိုလည်းတည်ဆောက်ပြီး လျှင် လေဝိအနွယ်ဝင်မဟုတ်သောသူတို့အား ပုရောဟိတ်များအဖြစ်ခန့်ထားတော်မူလေ သည်။
32 Yarovam sekizinci ayın on beşinci günü Yahuda'daki bayrama benzer bir bayram başlattı. Dan'daki sunakta ve Beytel'de yaptırdığı altın buzağılara kurbanlar sundu; orada kurmuş olduğu tapınma yerlerine kâhinler yerleştirdi.
၃၂ယေရောဗောင်သည်ယုဒပြည်တွင်ကျင်းပသည့် ပွဲတော်နှင့်အလားတူဘာသာရေးပွဲတော်ကို လည်း အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့၌ကျင်းပ ရန်ပြဋ္ဌာန်းတော်မူ၏။ သူသည်မိမိသွန်းလုပ် ထားသောနွားလားဥသဘရုပ်များအား ဗေသလမြို့ရှိယဇ်ပလ္လင်တွင်ယဇ်များကို ပူဇော်၍ မိမိဆောက်လုပ်ထားသည့်ကိုးကွယ် ဝတ်ပြုရာဌာနများတွင် အမှုတော်ဆောင် လျက်ရှိသောယဇ်ပုရောဟိတ်တို့ကိုထို မြို့၌တာဝန်ပေးအပ်တော်မူ၏။-
33 Kendi kendine uydurduğu sekizinci ayın on beşinci günü, Beytel'de yaptırdığı sunağa gitti, kurban sunup buhur yaktı. Ve o günü İsrail halkı için bayram ilan etti.
၃၃မင်းကြီးသည်မိမိသတ်မှတ်ပေးသည့်နေ့ရက် ဖြစ်သည့် အဋ္ဌမလတစ်ဆယ့်ငါးရက်နေ့၌ ဗေသလမြို့ရှိယဇ်ပလ္လင်သို့သွား၍ ယဇ်ပူဇော် ကာဣသရေလပြည်သူတို့အတွက် မိမိကိုယ် တိုင်တီထွင်ပြဋ္ဌာန်းပေးသည့်ပွဲတော်ကို ကျင်းပတော်မူသတည်း။