< 1 Krallar 11 >

1 Kral Süleyman firavunun kızının yanısıra Moavlı, Ammonlu, Edomlu, Saydalı ve Hititli birçok yabancı kadın sevdi.
ရှော​လ​မုန်​ချစ်​ခင်​မြတ်​နိုး​သည့် လူ​မျိုး​ခြား အ​မျိုး​သ​မီး​အ​မြောက်​အ​မြား​ရှိ​၏။ သူ​သည် အီ​ဂျစ်​ဘု​ရင်​၏​သ​မီး​တော်​ကို​သာ​မ​က​ဘဲ ဟိတ္တိ​အ​မျိုး​သ​မီး​များ၊ မော​ဘ​အ​မျိုး​သ​မီး များ၊ အမ္မုန်​အ​မျိုး​သ​မီး​များ၊ ဧ​ဒုံ​အ​မျိုး သ​မီး​များ​နှင့်​ဇိ​ဒုန်​အ​မျိုး​သ​မီး​များ​ကို လည်း​မိ​ဖု​ရား​မြှောက်​တော်​မူ​လေ​သည်။-
2 Bu kadınlar RAB'bin İsrail halkına, “Ne siz onların arasına girin, ne de onlar sizin aranıza girsinler; çünkü onlar kesinlikle sizi kendi ilahlarının ardınca yürümek üzere saptıracaklardır” dediği uluslardandı. Buna karşın, Süleyman onlara sevgiyle bağlandı.
ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား``သင်​တို့​သည်​လူ​မျိုး​ခြား​များ​နှင့်​အိမ် ထောင်​မ​ပြု​ရ။ သူ​တို့​သည်​သင်​တို့​၏​စိတ်​နှ​လုံး ကို​သူ​တို့​ဘု​ရား​များ​ဘက်​သို့​အ​မှန်​ပင်​ယိမ်း ယိုင်​စေ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​ခဲ့​၏။ သို့ ပါ​လျက်​ရှော​လ​မုန်​သည်​ထို​အ​မျိုး​သ​မီး များ​နှင့်​စုံ​ဖက်​တော်​မူ​လေ​သည်။-
3 Süleyman'ın kral kızlarından yedi yüz karısı ve üç yüz cariyesi vardı. Karıları onu yolundan saptırdılar.
ရှော​လ​မုန်​သည်​မင်း​သ​မီး​ခု​နစ်​ရာ​ကို​ထိမ်း မြား​သည့်​အ​ပြင် သူ​၏​မောင်း​မ​တော်​သုံး​ရာ ရှိ​သေး​၏။ သူ​တို့​သည်​မင်း​ကြီး​အား​ထာ​ဝ​ရ ဘု​ရား​ကို​ကျော​ခိုင်း​စေ​ပြီး​လျှင်၊-
4 Süleyman yaşlandıkça, karıları onu başka ilahların ardınca yürümek üzere saptırdılar. Böylece Süleyman bütün yüreğini Tanrısı RAB'be adayan babası Davut gibi yaşamadı.
အို​မင်း​လာ​ချိန်​၌​လူ​မျိုး​ခြား​တို့​၏​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​စေ​ကြ​၏။ မင်း​ကြီး သည်​ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​အား​သစ္စာ​မ​စောင့်​ဘဲ၊-
5 Saydalılar'ın tanrıçası Aştoret'e ve Ammonlular'ın iğrenç ilahı Molek'e taptı.
ဇိ​ဒုန်​ဘု​ရား​မ​အာ​ရှ​တ​ရက်​နှင့်​စက်​ဆုပ်​ဖွယ် ကောင်း​သည့် အမ္မုန်​ဘု​ရား​မိ​လ​ကုံ​အား​ဝတ်​ပြု ကိုး​ကွယ်​၍၊-
6 Böylece RAB'bin gözünde kötü olanı yaptı, RAB'bin yolunda yürüyen babası Davut gibi tam anlamıyla RAB'bi izlemedi.
ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​တွင်​ဒု​စ​ရိုက်​ကို​ပြု လျက် ခ​မည်း​တော်​ဒါ​ဝိဒ်​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား ထံ​လုံး​ဝ​ဆည်း​ကပ်​ကိုး​ကွယ်​ခြင်း​မ​ပြု​ပေ။-
7 Yeruşalim'in doğusundaki tepede Moavlılar'ın iğrenç ilahı Kemoş'a ve Ammonlular'ın iğrenç ilahı Molek'e tapmak için bir yer yaptırdı.
ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ဘက်​ရှိ​တောင်​ပေါ်​တွင် စက် ဆုပ်​ဖွယ်​ကောင်း​သည့်​မော​ဘ​ဘု​ရား၊ ခေ​မု​ရှ​နှင့် စက်​ဆုပ်​ဖွယ်​ကောင်း​သော​အမ္မုန်​ဘု​ရား​မော​လုတ် အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​ကို​လည်း​ကောင်း တည်​ဆောက်​လေ​သည်။-
8 İlahlarına buhur yakıp kurban kesen bütün yabancı karıları için de aynı şeyleri yaptı.
လူ​မျိုး​ခြား​မိ​ဖု​ရား​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ သက်​ဆိုင်​ရာ​ဘု​ရား​များ​အား​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ပူ​ဇော်​နိုင်​ရန်​နှင့် ယဇ်​ပူ​ဇော်​နိုင်​ရန်​ဝတ်​ပြု ကိုး​ကွယ်​ရာ​ဌာ​န​များ​ကို​လည်း​တည်​ဆောက် ပေး​တော်​မူ​၏။
9 İsrail'in Tanrısı RAB, kendisine iki kez görünüp, “Başka ilahlara tapma!” demesine karşın, Süleyman RAB'bin yolundan saptı ve O'nun buyruğuna uymadı. Bu yüzden RAB Süleyman'a öfkelenerek,
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လ​မုန်​အား​နှစ်​ကြိမ် တိုင်​တိုင်​ထင်​ရှား​၍ လူ​မျိုး​ခြား​တို့​၏​ဘု​ရား များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ခြင်း​မ​ပြု​ရန်​မိန့် ကြား​တော်​မူ​သော်​လည်း ရှော​လ​မုန်​သည် ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​တော်​ကို​နား မ​ထောင်​ဘဲ ကိုယ်​တော်​အား​ကျော​ခိုင်း​သော ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​ရှော​လ​မုန်​အား အမျက်​ထွက်​တော်​မူ​သ​ဖြင့်၊-
၁၀
11 “Seninle yaptığım antlaşmaya ve kurallarıma bilerek uymadığın için krallığı elinden alacağım ve görevlilerinden birine vereceğim” dedi,
၁၁``သင်​သည်​ငါ​နှင့်​ပြု​ထား​သည့်​ပ​ဋိ​ညာဉ်​ကို ချိုး​ဖောက်​လျက် ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန် သည်​ဖြစ်​၍ ငါ​သည်​နိုင်​ငံ​တော်​ကို​သင့်​လက်​မှ မု​ချ​ရုပ်​သိမ်း​ပြီး​လျှင် သင်​၏​မှူး​မတ်​တစ်​ဦး အား​ပေး​အပ်​မည်။-
12 “Ancak baban Davut'un hatırı için, bunu senin yaşadığın sürede değil, oğlun kral olduktan sonra yapacağım.
၁၂သို့​ရာ​တွင်​ငါ​သည်​သင့်​ခ​မည်း​တော်​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍ သင်​၏​လက်​ထက်​၌​ဤ အ​မှု​ကို​မ​ပြု​ဘဲ​သင်​၏​သား​လက်​ထက် ရောက်​မှ​ပြု​မည်။-
13 Ama oğlunun elinden bütün krallığı almayacağım. Kulum Davut'un ve kendi seçtiğim Yeruşalim'in hatırı için oğluna bir oymak bırakacağım.”
၁၃သို့​သော်​လည်း​ငါ​သည်​ငါ့​အ​စေ​ခံ​ဒါ​ဝိဒ်​၏ မျက်​နှာ​ကို​ထောက်​၍​လည်း​ကောင်း၊ ငါ​၏​မြို့​တော် အ​ဖြစ်​ငါ​ရွေး​ချယ်​ထား​သည့်​ယေ​ရု​ရှ​လင်​မြို့ ကို​ထောက်​ထား​၍​လည်း​ကောင်း သူ​၏​ထံ​မှ​တစ် နိုင်​ငံ​လုံး​ကို​မ​ရုပ်​သိမ်း။ သူ​၏​အ​တွက်​တစ်​နွယ် ကို​ချန်​ထား​မည်'' ဟု​ရှော​လ​မုန်​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။
14 RAB kral soyundan gelen bir düşmanı, Edomlu Hadat'ı Süleyman'a karşı ayaklandırdı.
၁၄သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​မင်း​မျိုး​နွယ် တစ်​ဦး​ဖြစ်​သူ​ဟာ​ဒဒ်​အား ရှော​လ​မုန်​ကို​ပုန်​ကန် စေ​တော်​မူ​၏။-
15 Daha önce, Davut Edomlular'la savaşırken, ölüleri gömmeye giden ordu komutanı Yoav Edom'daki bütün erkekleri öldürmüştü.
၁၅ဤ​အ​ရေး​အ​ခင်း​မ​ပေါ်​ပေါက်​မီ​ကာ​လ​အ​တော် ကြာ​က ဧ​ဒုံ​ပြည်​ကို​ဒါ​ဝိဒ်​နှိမ်​နင်း​အောင်​မြင်​ပြီး နောက် တပ်​မ​တော်​ဗိုလ်​ချုပ်​ယွာ​ဘ​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​သူ​တို့​ကို​သင်္ဂြိုဟ်​ရန်​ထို​ပြည်​သို့​သွား​၍ မိ​မိ​၏​တပ်​သား​များ​နှင့်​အ​တူ​ခြောက်​လ​မျှ နေ​ထိုင်​ကာ​ဧ​ဒုံ​ပြည်​သား​ယောကျာ်း​မှန်​သ​မျှ ကို​သတ်​လေ​သည်။-
16 Yoav ile İsrailliler Edom'daki erkeklerin hepsini yok edinceye dek, altı ay orada kalmışlardı.
၁၆
17 Ancak genç Hadat, babasının görevlilerinden bazı Edomlular'la birlikte Mısır'a kaçmıştı.
၁၇ဟာ​ဒဒ်​နှင့်​သူ့​ဖ​ခင်​၏​အ​စေ​ခံ​အ​ချို့​သာ​လျှင် လွတ်​မြောက်​၍ အီ​ဂျစ်​ပြည်​သို့​ထွက်​ပြေး​ကြ​၏။ (ထို​စဉ်​အ​ခါ​က​ဟာ​ဒဒ်​သည်​က​လေး​သူ​ငယ် မျှ​သာ​ရှိ​သေး​၏။-)
18 Sonra Midyan'dan ayrılıp Paran'a gitmişler, oradan bazı Paranlılar'ı da yanlarına alıp Mısır'a, firavunun yanına gelmişlerdi. Firavun Hadat'a barınak, yiyecek ve toprak sağlamıştı.
၁၈သူ​တို့​သည်​မိ​ဒျန်​ပြည်​မှ​ထွက်​ခွာ​ပြီး​လျှင်​ဖာ​ရန် မြို့​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ လူ​အ​ချို့​တို့​သည် သူ​တို့​ဘက်​သို့​ဝင်​ရောက်​လာ​ကြ​၏။ ထို့​နောက်​သူ တို့​သည်​အီ​ဂျစ်​ပြည်​သို့​ထွက်​သွား​၍​အီ​ဂျစ် ဘု​ရင်​ထံ​သို့​ရောက်​ရှိ​ကြ​သော​အ​ခါ မင်း​ကြီး သည်​ဟာ​ဒဒ်​အား မြေ၊ အိမ်​နှင့်၊ စား​နပ်​ရိက္ခာ​ကို ပေး​တော်​မူ​၏။-
19 Hadat firavunun dostluğunu kazandı. Bunun üzerine firavun, kendi karısı Kraliçe Tahpenes'in kızkardeşini Hadat'la evlendirdi.
၁၉ဟာ​ဒဒ်​သည်​မင်း​ကြီး​နှင့်​ချစ်​ကျွမ်း​ဝင်​၍​လာ ရ​ကား မင်း​ကြီး​က​သူ့​အား​မိ​ဖု​ရား​တာ​ပ​နက် ၏​ညီ​မ၊ မိ​မိ​၏​ခယ်​မ​တော်​နှင့်​စုံ​ဖက်​ပေး​တော် မူ​၏။-
20 Tahpenes'in kızkardeşi Hadat'a Genuvat adlı bir oğul doğurdu. Tahpenes çocuğu sarayda firavunun çocuklarıyla birlikte büyüttü.
၂၀ထို​အ​မျိုး​သ​မီး​သည်​သား​ဂေ​နု​ဗတ်​ကို​ဖွား​မြင် ရာ ထို​သား​ကို​နန်း​တော်​တွင်း​၌​မိ​ဖု​ရား​က​ပင် လျှင်​စောင့်​ရှောက်​ပြု​စု​ထား​သ​ဖြင့် သူ​ငယ်​သည် ဘု​ရင်​၏​သား​တော်​များ​နှင့်​အ​တူ​နေ​ထိုင်​ရ လေ​သည်။
21 Hadat Davut'la ordu komutanı Yoav'ın ölüm haberini Mısır'da duydu. Firavuna, “İzin ver, kendi ülkeme döneyim” dedi.
၂၁ဒါ​ဝိဒ်​မင်း​ကွယ်​လွန်​တော်​မူ​၍ တပ်​မ​တော်​ဗိုလ် ချုပ်​ယွာ​ဘ​သည်​လည်း​သေ​ဆုံး​ပြီ​ဖြစ်​ကြောင်း အီ​ဂျစ်​ပြည်​သို့​သ​တင်း​ရောက်​ရှိ​လာ​သော အ​ခါ ဟာ​ဒဒ်​က​အီ​ဂျစ်​ဘု​ရင်​ထံ``အ​ကျွန်ုပ် အား​မိ​မိ​တိုင်း​ပြည်​သို့​ပြန်​ခွင့်​ပြု​တော်​မူ ပါ'' ဟု​လျှောက်​လေ​၏။
22 Firavun, “Bir eksiğin mi var, neden ülkene dönmek istiyorsun?” diye sordu. Hadat, “Hayır, ama lütfen gitmeme izin ver” diye yanıtladı.
၂၂မင်း​ကြီး​က``အ​ဘယ်​ကြောင့်​နည်း။ အ​ဘယ်​အ​လို ဆန္ဒ​မ​ပြည့်​ဝ​၍​သင့်​ပြည်​သို့​ပြန်​လို​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ ဟာ​ဒဒ်​က``ယင်း​သို့​မ​ဟုတ်​ပါ။ သို့​ရာ​တွင်​ပြန် ခွင့်​ပေး​တော်​မူ​ပါ'' ဟု​လျှောက်​ထား​ပြီး​လျှင် မိ​မိ​၏​ပြည်​သို့​ပြန်​သွား​လေ​၏။ ဟာ​ဒဒ်​သည်​ဧ​ဒုံ​ပြည်​တွင်​မင်း​ပြု​လျက် ဣ​သ ရေ​လ​လူ​မျိုး​ကို​ရွံ​ရှာ​၍​ရန်​မူ​လေ​သည်။
23 Tanrı, efendisi Sova Kralı Hadadezer'den kaçan bir düşmanı, Elyada oğlu Rezon'u Süleyman'a karşı ayaklandırdı.
၂၃ဘု​ရား​သ​ခင်​သည်​ဧ​လျာ​ဒ​၏​သား​ရေ​ဇုန်​ကို လည်း ရှော​လ​မုန်​အား​ပုန်​ကန်​စေ​တော်​မူ​၏။ ရေ​ဇုန် သည်​မိ​မိ​၏​သ​ခင်၊ ဇော​ဘ​ဘု​ရင်၊ ဟာ​ဒ​ဒေ​ဇာ ထံ​မှ​ထွက်​ပြေး​ပြီး​လျှင်​တော​ပုန်း​အ​ဖွဲ့​ခေါင်း ဆောင်​လုပ်​၍​နေ​လေ​၏။-
24 Davut Sovalılar'a saldırdığında, Rezon çevresine haydutları toplayıp onlara önderlik etmişti. Birlikte Şam'a gitmişler, orada kalıp yönetimi ele geçirmişlerdi.
၂၄(ဤ​သို့​ဖြစ်​ပျက်​မှု​မှာ​ဒါ​ဝိဒ်​သည်​ဟာ​ဒ​ဒေ​ဇာ ကို​နှိမ်​နင်း​၍ ထို​မင်း​၏​ရှု​ရိ​မ​ဟာ​မိတ်​များ​ကို သုတ်​သင်​ပြီး​ချိန်​၌​ဖြစ်​သ​တည်း။) ရေ​ဇုန်​သည် မိ​မိ​၏​နောက်​လိုက်​များ​နှင့်​အ​တူ ဒ​မာ​သက်​မြို့ သို့​သွား​ရောက်​နေ​ထိုင်​ရာ​သူ​၏​လူ​တို့​သည်​သူ့ ကို​ရှု​ရိ​ဘုရင်​အ​ဖြစ်​မင်း​မြှောက်​ကြ​လေ​သည်။-
25 Hadat'ın yaptığı kötülüğün yanısıra, Rezon Süleyman yaşadığı sürece İsrail'in düşmanı oldu; Aram'da krallık yaparak İsrail'den nefret etti.
၂၅ရေ​ဇုန်​သည်​လည်း​ရှော​လ​မုန်​အ​သက်​ရှင်​သ​မျှ ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​လူ​မျိုး​တို့​အား ရန်​မူ​လျက်​နေ​၏။
26 Efrayim oymağından Nevat oğlu Seredalı Yarovam Kral Süleyman'a karşı ayaklandı. Yarovam Süleyman'ın görevlilerindendi. Annesi Serua adlı dul bir kadındı.
၂၆ရှော​လ​မုန်​အား​ပုန်​ကန်​သူ​အ​ခြား​လူ​တစ်​ယောက် မှာ ဧ​ဖ​ရိမ်​ပြည်၊ ဇေ​ရ​ဒ​ရွာ​သား၊ နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​ဖြစ်​သည်။ သူ​သည်​ရှော​လ​မုန်​၏ နန်း​တွင်း​အ​ရာ​ရှိ​တစ်​ဦး​ဖြစ်​၍ သူ​၏​မိ​ခင်​မှာ ဇေရွာ​နာ​မည်​ရှိ​သော​မု​ဆိုး​မ​ဖြစ်​၏။-
27 Yarovam'ın krala karşı ayaklanmasının öyküsü şöyleydi: Süleyman Millo'yu yaptırıp babası Davut'un Kenti'ndeki surların gediğini kapatmıştı.
၂၇ပုန်​ကန်​မှု​ဖြစ်​ပွား​ပုံ​ကား​ဤ​သို့​တည်း။ ရှော​လ​မုန်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​ရှေ့​ပိုင်း​တွင် မြေ​ဖို့​လျက် မြို့​ရိုး​များ​ကို​တိုး​ချဲ့​လျက်​နေ​၏။-
28 Yarovam çok yetenekli biriydi. Süleyman bu genç adamın ne denli çalışkan olduğunu görünce, Yusuf soyunun bütün ağır işlerinin sorumluluğunu ona verdi.
၂၈လုပ်​ရည်​ကိုင်​ရည်​ကောင်း​သူ​ယေ​ရော​ဗောင်​၏​လုံ့​လ ဝိ​ရိ​ယ​ကို​မြင်​တော်​မူ​သော​အ​ခါ ရှော​လ​မုန် သည်​သူ့​အား​မ​နာ​ရှေ​နှင့်​ဧ​ဖ​ရိမ်​နယ်​မြေ​များ အ​တွက် ချွေး​တပ်​မှူး​အ​ဖြစ်​ဖြင့်​ခန့်​အပ်​တော် မူ​၏။-
29 Bir gün Yarovam Yeruşalim'in dışına çıktı. Yolda Şilolu Peygamber Ahiya ile karşılaştı. Ahiya yeni giysisini giymişti. İkisi kent dışında yalnızdılar.
၂၉တစ်​နေ့​သ၌​ယေ​ရော​ဗောင်​သည်​ယေ​ရု​ရှ​လင်​မြို့ မှ​ခ​ရီး​ပြု​ရန်​ထွက်​ခွာ​လာ​စဉ် လမ်း​ပေါ်​၌​သူ နှင့်​ရှိ​လော​မြို့​သား​ပ​ရော​ဖက်​အ​ဟိ​ယ​တို့ နှစ်​ဦး​တည်း​တွေ့​ဆုံ​မိ​ကြ​လေ​သည်။-
30 Ahiya üzerindeki giysiyi yırtıp on iki parçaya ayırdı
၃၀အ​ဟိ​ယ​သည်​မိ​မိ​ဝတ်​ထား​သည့်​ဝတ်​လုံ သစ်​ကို​ချွတ်​၍ တစ်​ဆယ့်​နှစ်​ပိုင်း​ဆုတ်​ဖြဲ ပြီး​လျှင်၊-
31 ve Yarovam'a, “On parçayı kendine al” dedi, “Çünkü İsrail'in Tanrısı RAB diyor ki, ‘Ben, Süleyman'ın elinden krallığı alıp on oymağı sana vereceğim.
၃၁ယေ​ရော​ဗောင်​အား``သင့်​အ​တွက်​ဝတ်​လုံ​စ ဆယ်​ခု​ကို​ယူ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​သင့် အား`ငါ​သည်​ရှော​လ​မုန်​ထံ​မှ​နိုင်​ငံ​တော်​ကို ရုပ်​သိမ်း​၍ ဣသ​ရေ​လ​တို့​၏​နယ်​မြေ​ဆယ်​ခု ကို​ပေး​မည်။-
32 Ama kulum Davut'un ve İsrail oymaklarının yaşadığı kentler arasından seçtiğim Yeruşalim Kenti'nin hatırı için bir oymağı onda bırakacağım.
၃၂ငါ​၏​အ​စေ​ခံ​ဒါဝိဒ်​၏​မျက်​နှာ​ကို​ထောက်​၍ လည်း​ကောင်း၊ ဣ​သ​ရေ​လ​တစ်​နိုင်​ငံ​လုံး​မှ​ငါ ရွေး​ချယ်​ထား​သည့်​မြို့​တော်​တည်း​ဟူ​သော ယေ​ရု ရှ​လင်​မြို့​ကို​ထောက်​ထား​၍​လည်း​ကောင်း၊ ငါ​သည် ရှော​လ​မုန်​အ​တွက်​နယ်​မြေ​တစ်​ခု​ကို​ချန်​ထား ပေး​မည်။-
33 Çünkü Süleyman bana sırt çevirip Saydalılar'ın tanrıçası Aştoret'e, Moavlılar'ın ilahı Kemoş'a ve Ammonlular'ın ilahı Molek'e taptı. Kurallarıma, ilkelerime uyup gözümde doğru olanı yapan babası Davut gibi yollarımı izlemedi.
၃၃ဤ​သို့​ငါ​ပြု​ရ​မည့်​အ​ကြောင်း​မှာ​ရှော​လ​မုန်​သည် ငါ့​ကို​ပစ်​ပယ်​၍ ဇိ​ဒုန်​ဘု​ရား​မ​အာ​ရှ​တ​ရက်၊ မော​ဘ​ဘု​ရား​ခေ​မု​ရှ၊ အမ္မုန်​ဘု​ရား​မိ​လ​ကုံ တို့​ကို​ဝတ်​ပြု​ကိုး​ကွယ်​သော​ကြောင့်​ဖြစ်​၏။ ရှော​လ​မုန်​သည်​ငါ​၏​အ​မိန့်​တော်​ကို​လွန်​ဆန် လေ​ပြီ။ သူ​သည်​မ​ကောင်း​မှု​ကို​ပြု​၍​ငါ​၏ ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​တို့​ကို​သူ​၏ ခ​မည်း​တော်​ဒါ​ဝိဒ်​နာ​ခံ​သ​ကဲ​သို့​မ​နာ​ခံ။-
34 Ama buyruklarıma, kurallarıma bağlı kalan, seçtiğim kulum Davut'un hatırı için Süleyman'ın elinden bütün krallığı almayacağım. Yaşamı boyunca onu önder yapacağım.
၃၄သို့​ရာ​တွင်​ငါ​သည်​သူ​၏​ထံ​မှ​တစ်​နိုင်​ငံ​လုံး ကို​ရုပ်​သိမ်း​ဦး​မည်​မ​ဟုတ်။ ငါ​ရွေး​ချယ်​ခန့်​ထား ၍​ငါ​၏​ပ​ညတ်​တော်​များ​နှင့်​အ​မိန့်​တော်​တို့ ကို​နာ​ခံ​သူ၊ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏​မျက်​နှာ ကို​ထောက်​၍ ငါ​သည်​ရှော​လ​မုန်​အား​တစ်​သက် လုံး​ထို​နိုင်​ငံ​ကို​အုပ်​စိုး​စေ​မည်။-
35 Ancak krallığı oğlunun elinden alıp on oymağı sana vereceğim.
၃၅သူ​၏​သား​လက်​ထက်​ရောက်​မှ​ထို​နိုင်​ငံ​ကို ရုပ်​သိမ်း​၍ ဣ​သ​ရေ​လ​ဆယ်​နွယ်​ကို​သင့်​အား ငါ​ပေး​မည်။-
36 Adımı yerleştirmek için kendime seçtiğim Yeruşalim Kenti'nde kulum Davut için önümde sönmeyen bir ışık olmak üzere Süleyman'ın oğluna bir oymak vereceğim.
၃၆ရှော​လ​မုန်​၏​သား​ကို​မူ​ကား​ဣ​သ​ရေ​လ​တစ် နွယ်​ကို​ငါ​ပေး​မည်။ ဤ​သို့​ပေး​ရ​ခြင်း​အ​ကြောင်း မှာ​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရာ​ဌာ​န​အ​ဖြစ်​ဖြင့် ငါ​ရွေး​ချယ်​ထား​သည့်​မြို့​တော်​တည်း​ဟူ​သော ယေ​ရု​ရှ​လင်​မြို့​၌ ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​၏ သား​မြေး​များ​အ​ဆက်​မ​ပြတ်​နန်း​စံ​လျက် ရှိ​နေ​စေ​ရန်​ဖြစ်​၏။-
37 Sana gelince, seni İsrail Kralı yapacağım. İsrail'i dilediğin gibi yöneteceksin.
၃၇အ​ချင်း​ယေ​ရော​ဗောင်၊ ငါ​သည်​သင့်​အား​ဣ​သ​ရေ​လ ဘု​ရင်​အ​ဖြစ်​ခန့်​ထား​မည်။ သင်​သည်​မိ​မိ​အ​လို​ရှိ သော​နယ်​မြေ​တို့​ကို​အုပ်​စိုး​ရ​လိမ့်​မည်။-
38 Kulum Davut gibi isteklerimi yerine getirir, kurallarıma ve buyruklarıma uyar, gözümde doğru olanı yapar, yollarımı izlersen, seninle birlikte olacağım. Davut'a yaptığım gibi senin için de güçlü bir hanedan kurup İsrail'i sana vereceğim.
၃၈အ​ကယ်​၍​သင်​သည်​ငါ​၏​စ​ကား​ကို​အ​ကြွင်း​မဲ့ နား​ထောင်​ကာ​ငါ့​ပ​ညတ်​တော်​တို့​ကို​ကျင့်​သုံး ပြီး​လျှင် ငါ​၏​အ​စေ​ခံ​ဒါ​ဝိဒ်​နည်း​တူ​ငါ့​အ​မိန့် တို့​ကို​နာ​ခံ​ခြင်း​အား​ဖြင့် ငါ​နှစ်​သက်​မြတ်​နိုး အောင်​ပြု​လျှင်​သင်​နှင့်​အ​တူ​အ​စဉ်​အ​မြဲ​ငါ ရှိ​မည်။ သင့်​အား​ဣသ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ခန့် ထား​ပြီး​လျှင် ဒါ​ဝိဒ်​၏​သား​မြေး​များ​အ​တွက် ငါ​ပြု​သ​ကဲ့​သို့​သင်​၏​သား​မြေး​တို့​ကို​လည်း သင့်​နောက်​၌​ဧ​ကန်​အ​မှန်​ဆက်​လက်​နန်း​စံ စေ​မည်။-
39 Süleyman'ın günahından ötürü Davut soyunun gururunu kıracağım, ancak sonsuza dek değil.’”
၃၉ရှော​လ​မုန်​၏​အ​ပြစ်​အ​တွက်​ငါ​သည်​ဒါဝိဒ်​၏ သား​မြေး​တို့​အား​ဒဏ်​ခတ်​မည်။ သို့​သော်​အ​စဉ် အ​မြဲ​မ​ဟုတ်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဆင့်​ဆို လေ​သည်။
40 Süleyman Yarovam'ı öldürmeye çalıştı. Ama Yarovam Mısır'a kaçıp Mısır Kralı Şişak'a sığındı. Süleyman'ın ölümüne kadar orada kaldı.
၄၀ထို့​ကြောင့်​ရှော​လ​မုန်​သည် ယေ​ရော​ဗောင်​ကို​သတ် ရန်​ကြိုး​စား​လေ​၏။ ယေ​ရော​ဗောင်​သည်​အီ​ဂျစ် ဘု​ရင်​ရှိ​ရှက်​ထံ​သို့​ထွက်​ပြေး​၍ ရှော​လ​မုန် ကွယ်​လွန်​သည့်​တိုင်​အောင်​အီ​ဂျစ်​ပြည်​တွင်​နေ လေ​သည်။
41 Süleyman'ın krallığı dönemindeki öteki olaylar, bütün yaptıkları ve bilgeliği Süleyman'ın tarihinde yazılıdır.
၄၁ရှော​လ​မုန်​ဆောင်​ရွက်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ များ၊ နေ​ထိုင်​ပြု​မူ​ပုံ​နှင့်​ပ​ညာ​ဉာဏ်​ရှိ​ပုံ​အ​ကြောင်း တို့​ကို​ရှော​လ​မုန်​အတ္ထု​ပ္ပတ္တိ​စာ​စောင်​တွင်​ရေး​သား ဖော်​ပြ​ထား​လေ​သည်။-
42 Süleyman kırk yıl süreyle bütün İsrail'i Yeruşalim'den yönetti.
၄၂သူ​သည်​လေး​ဆယ့်​တစ်နှစ်​တိုင်​တိုင်​ယေ​ရု​ရှ​လင် မြို့​တွင်​နန်း​စံ​တော်​မူ​လျက် ဣ​သ​ရေ​လ​တစ် နိုင်​ငံ​လုံး​ကို​အုပ်​စိုး​တော်​မူ​ခဲ့​သတည်း။-
43 Süleyman ölüp atalarına kavuşunca babası Davut'un Kenti'nde gömüldü. Yerine oğlu Rehavam kral oldu.
၄၃သူ​သည်​ကွယ်​လွန်​၍​ဒါ​ဝိဒ်​၏​မြို့​၌​သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​၏။ သား​တော်​ရော​ဗောင်​သည်​နန်း​တက် လေ​၏။

< 1 Krallar 11 >