< 1 Korintliler 16 >
1 Kutsallara yapılacak para yardımına gelince: Galatya kiliselerine ne buyurduysam, siz de öyle yapın.
၁ယုဒပြည်ရှိဘုရားသခင်၏လူစုတော်အား ထောက်ပံ့ရန်အတွက်အလှူငွေများနှင့်ပတ်သက် ၍ ဂလာတိပြည်ရှိအသင်းတော်များသို့ငါ ညွှန်ကြားခဲ့သည်အတိုင်းသင်တို့ပြုကြလော့။-
2 Haftanın ilk günü herkes kazancına göre bir miktar para ayırıp biriktirsin. Öyle ki, yanınıza geldiğimde para toplamaya gerek kalmasın.
၂ငါရောက်ရှိလာသောအခါအလှူငွေကောက်ခံဖို့ မလိုစေရန် တနင်္ဂနွေနေ့တိုင်းသင်တို့တစ်ဦးစီ သည် မိမိ၏ဝင်ငွေနည်းများအလိုက်လှူဒါန်းရန် စုဆောင်းထားကြလော့။-
3 Oraya vardığımda, bağışlarınızı götürmek üzere uygun gördüğünüz kişileri tanıtıcı mektuplarla Yeruşalim'e göndereceğim.
၃ငါရောက်ရှိလာသောအခါအမှာစာရေး၍ သင်တို့ရွေးချယ်သူများအား ထိုအလှူငွေကို ယေရုရှလင်မြို့သို့ယူဆောင်သွားစေမည်။-
4 Benim de gitmeme değerse, onları yanıma alıp gideceğim.
၄အကယ်၍ငါသွားရန်လိုအပ်ပါလျှင် ထိုသူ တို့သည်ငါနှင့်အတူလိုက်ပါနိုင်ပါသည်။
5 Makedonya'dan geçtikten sonra yanınıza geleceğim. Çünkü Makedonya'dan geçmek niyetindeyim.
၅ငါသည်မာကေဒေါနိပြည်လမ်းမှလာမည်ဖြစ် ၍ မာကေဒေါနိပြည်တစ်လျှောက်ခရီးပြုပြီး သောအခါသင်တို့ထံသို့လာခဲ့မည်။-
6 Belki bir süre yanınızda kalırım, hatta kışı da sizinle geçirebilirim. Öyle ki, sonra nereye gidecek olsam, bana yardım edebilesiniz.
၆သင်တို့နှင့်အတူအတန်ကြာနေနိုင်မည်ထင် ပါသည်။ ဆောင်းရာသီတစ်ချိန်လုံးပင်သင်တို့ နှင့်အတူနေကောင်းနေပါမည်။ ထိုနောက်ငါ သွားလိုရာအရပ်သို့သွားနိုင်ရန်သင်တို့ ကူညီနိုင်လိမ့်မည်ဟုမျှော်လင့်ပါသည်။-
7 Sizi öyle kısaca görüp geçmek istemiyorum. Rab'bin izniyle uzunca bir süre yanınızda kalmayı umut ediyorum.
၇ငါသည်သင်တို့ထံတွင်ခေတ္တတည်းခိုရုံမျှသာ မလာလိုပါ။ သခင်ဘုရားခွင့်ပြုတော်မူပါ လျှင်အတန်ကြာသင်တို့နှင့်နေလိုပါသည်။
8 Ama Pentikost Günü'ne dek Efes'te kalacağım.
၈ပင်တေကုတ္တေပွဲနေ့အထိဧဖက်မြို့တွင်ငါနေ ပါမည်။
9 Çünkü büyük ve etkili işler yapmam için burada bana bir kapı açıldı. Ne var ki, bana karşı çıkanlar çoktur.
၉ထိုမြို့တွင်ငါ့ကိုဆန့်ကျင်ဖက်ပြုသူများပင်ရှိ သော်လည်း အမှုတော်ဆောင်ရန်အခွင့်ကောင်း အမှန်ပင်ရှိ၏။
10 Timoteos yanınıza gelirse, bir şeyden korkmamasına dikkat edin. Çünkü o da benim gibi Rab'bin işini yapıyor.
၁၀အကယ်၍သင်တို့ထံသို့တိမောသေရောက်ရှိလာ ပါလျှင် သူ့အားလှိုက်လှဲစွာကြိုဆိုဧည့်ခံကြလော့။ သူသည်ငါကဲ့သို့ပင်သခင်ဘုရား၏အမှုတော် ဆောင်ဖြစ်ပေသည်။-
11 Kimse onu hor görmesin. Yanıma gelmesi için onu esenlikle uğurlayın. Kardeşlerle birlikte onun da gelmesini bekliyorum.
၁၁သူ့ကိုအဘယ်သူမျှမလေးမစားမပြုစေနှင့်။ ငါသည်ခရစ်ယာန်ညီအစ်ကိုများနှင့်အတူသူ့ ကိုစောင့်မျှော်လျက်ရှိသဖြင့် သူ့အားငါ့ထံသို့ ချောမောစွာပြန်လည်ရောက်ရှိစေရန်ကူညီ ကြလော့။
12 Kardeşimiz Apollos'a gelince, kardeşlerle birlikte size gelmesi için ona çok ricada bulundum, ama şimdilik gelmeye hiç de istekli değil. Fırsat bulunca gelecek.
၁၂ငါ့ညီအာပေါလုနှင့်ပတ်သက်၍ပြောရမည်ဆို လျှင် သူသည်အခြားခရစ်ယာန်ညီအစ်ကိုများ နှင့်အတူ သင်တို့ထံသို့သွားရောက်လည်ပတ်ရန် အထူးပင်ငါအားပေးတိုက်တွန်းပါ၏။ သို့ရာ တွင်ယခုအချိန်အခါမသင့်သေးဟုသူ ယုံကြည်၏။ နောင်အခွင့်ကောင်းကြုံသည့်အခါ လာရောက်ပါလိမ့်မည်။
13 Uyanık kalın, imanda dimdik durun, mert ve güçlü olun.
၁၃နိုးနိုးကြားကြားရှိကြလော့။ သင်တို့၏ယုံကြည် ခြင်းတွင်ခိုင်မာစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိ ရှိကြလော့။-
14 Her şeyi sevgiyle yapın.
၁၄ခပ်သိမ်းသောအမှုတို့ကိုမေတ္တာနှင့်ပြုကြလော့။-
15 Ahaya'da ilk iman eden ve kendilerini kutsalların hizmetine adayan İstefanas'ın ev halkını bilirsiniz. Kardeşler, size yalvarırım, bu gibilere ve onlarla birlikte çalışıp emek verenlerin hepsine bağımlı olun.
၁၅သင်တို့သည်သတေဖန်နှင့်သူ၏အိမ်သားများကို သိကြ၏။ သူတို့သည်ဂရိပြည်မှခရစ်ယာန်ဦး များဖြစ်၍ဘုရားသခင်၏လူစုတော်အား ကူညီမစရန်မိမိတို့ကိုယ်ကိုဆက်ကပ်ထားသူ များဖြစ်ပေသည်။ ညီအစ်ကိုတို့၊ ထိုသို့သောသူတို့ ၏ခေါင်းဆောင်မှုကိုလည်းကောင်း၊ သူတို့နှင့်အတူ အမှုတော်ကိုကြိုးစား၍ပါဝင်ဆောင်ရွက်ကြ သောသူတို့၏ခေါင်းဆောင်မှုကိုလည်းကောင်း လက်ခံကြရန်သင်တို့အားငါမေတ္တာရပ်ခံ ပါ၏။
17 İstefanas, Fortunatus ve Ahaykos'un gelişine sevindim. Yokluğunuzu bana unutturdular.
၁၇သတေဖန်၊ ဖော်တုနက်နှင့်အခါယကုတို့ရောက် ရှိလာကြသြဖင့်ငါဝမ်းမြောက်၏။ သူတို့သည် သင်တို့၏ကိုယ်စားငါ့အားပြုစုပေးကြ၏။-
18 Sizin ruhunuzu da benim ruhumu da ferahlattılar. Böylelerinin değerini bilin.
၁၈သူတို့သည်သင်တို့၏စိတ်ကိုရွှင်လန်းစေသကဲ့သို့ ငါ၏စိတ်ကိုလည်းရွှင်လန်းစေ၏။ ထိုသို့သောသူ တို့သည်အသိအမှတ်ပြုခြင်းကိုခံထိုက်ကြ၏။
19 Asya İli'ndeki kiliseler size selam eder. Akvila ve Priska, evlerinde buluşan toplulukla birlikte Rab'de size çok selam ederler.
၁၉အာရှပြည်အသင်းတော်များကသင်တို့အား နှုတ်ဆက်ကြ၏။ အာကုလ၊ ပြစ်ကိလနှင့်သူတို့ အိမ်တွင်ဝတ်ပြုကိုးကွယ်ကြသည့်အသင်းဝင် များကလည်း သခင်ဘုရား၏နာမတော်နှင့် နှုတ်ဆက်ကြ၏။-
20 Buradaki bütün kardeşlerin size selamı var. Birbirinizi kutsal öpüşle selamlayın.
၂၀ဤအရပ်တွင်ရှိသည့်ညီအစ်ကိုအပေါင်းကလည်း သင်တို့ကိုနှုတ်ဆက်ကြ၏။ သင်တို့အချင်းချင်း သန့်ရှင်းသောနမ်းခြင်းဖြင့်နှုတ်ဆက်ကြလော့။
21 Ben Pavlus, bu selamı kendi elimle yazıyorum.
၂၁``မေတ္တာဖြင့်ပေါလု'' ဟူ၍ဤစာကိုငါကိုယ်တိုင် လက်မှတ်ရေးထိုးလိုက်ပါ၏။-
22 Rab'bi sevmeyene lanet olsun. Maranata!
၂၂မည်သူမဆိုသခင်ဘုရားကိုမချစ်ပါမူ ကျိန်စာသင့်ပါစေသတည်း။ သခင်ဘုရား ကြွလာတော်မူပါ။-
23 Rab İsa'nın lütfu sizinle birlikte olsun.
၂၃အရှင်ယေရှု၏ကျေးဇူးတော်သည်သင်တို့ အပေါ်သို့သက်ရောက်ပါစေသတည်း။-
24 Hepinize Mesih İsa'da sevgiler! Amin.
၂၄ငါသည်ခရစ်တော်ယေရှုတပည့်ဖြစ်သူ သင် တို့အပေါင်းအားမေတ္တာပို့သလိုက်ပါ၏။ ကောရိန္သုသြဝါဒစာပထမစာစောင်ပြီး၏။