< Ts'etta ıxhaynbı 43 >
1 Kana'anaşine cigabışee mısvalybı geedniy qeetxha.
၁ခါနာန်ပြည်တွင်အစာခေါင်းပါးခြင်းကပ် သည်ပို၍ဆိုးရွားလာလေ၏။-
2 Çocaaşe Misirğançe abına suk opxhun g'apt'ımee, dekkee manbışik'le eyhen: – Havak'ne şas sık'ınin oxhanasın kar alişşe.
၂ယာကုပ်၏မိသားစုတို့သည်အီဂျစ်ပြည်မှဝယ် ယူခဲ့သောစပါးကို စားသုံး၍ကုန်သောအခါ ယာကုပ်ကသားတို့အား``အီဂျစ်ပြည်သို့ပြန် သွား၍ရိက္ခာဝယ်ကြဦး'' ဟုစေခိုင်းလေ၏။
3 Yahudee mang'uk'le inəxüd eyhe: – Şene insanee şas yugda g'ayxhı'iyn, yizde ulesqa qımaale şokasana vuşda çoc dexhene.
၃ယုဒကယာကုပ်အား``အီဂျစ်ပြည်ဘုရင်ခံက ကျွန်တော်တို့၏ညီကိုမခေါ်ဆောင်နိုင်ခဲ့လျှင် သူ၏ရှေ့တော်မှောက်သို့မဝင်ရဟူ၍အတိ အလင်းသတိပေးပါသည်။-
4 Ğu çoc şaka g'axuvuynxhiy şi hapk'ın vasın otxhuniy ileşşeyiy.
၄အဖကညီကိုကျွန်တော်တို့နှင့်အတူသွား ခွင့်ပြုမည်ဆိုလျှင် ကျွန်တော်တို့သွား၍အဖ အတွက်ရိက္ခာဝယ်ယူပါမည်။-
5 Ğu mana g'ıxdevee, şi maqa vüqqəs deş. Şene insanee şak'le uvhuynniy çoc ittyare yizde ulesqa qımaale.
၅အဖကကျွန်တော်တို့နှင့်အတူညီကိုသွားခွင့် မပေးလျှင် သင်တို့၏ညီမပါခဲ့လျှင်ငါ၏ရှေ့ မှောက်သို့မဝင်ရဟုဘုရင်ခံကအမိန့်ရှိသဖြင့် ကျွန်တော်တို့မသွားဝံ့ပါ'' ဟုပြောလေ၏။
6 Manbışde dekkee İzrailee eyhen: – Nya'a şu zalqa ina ver ablyav'u, nişisne şu şene insanık'le uvhu şoqa sayır çoc vornava?
၆ထိုအခါယာကုပ်က``သင်တို့တွင်ညီတစ်ယောက် ရှိသေးသည်ဟု ထိုသူအားအဘယ်ကြောင့်ပြော ရသနည်း။ ငါ့ကိုဤမျှစိတ်ဆင်းရဲအောင်အဘယ် ကြောင့်ပြုလုပ်ရသနည်း'' ဟုဆို၏။
7 Manbışe eyhen: – Mane insanee yişdeyiy yişde xizanbışde hək'e geed qidghınbı hı'ı: «Həşde dek üç'ürne vor? Merna şoqa çoc vornane?» Şinad mang'une alidghıniybışis cuvabniy qele. Nya'a yişde ək'eleeqa qadayleyiy, mang'vee çoc ayreva eyhes ıxhay?
၇သူတို့က``ထိုသူသည်ကျွန်တော်တို့၏မိသား စုအကြောင်းကို စေ့စေ့စပ်စပ်မေးမြန်းပါသည်။ သူက`သင်တို့၏အဖအသက်ရှင်လျက်ရှိသေး သလော။ သင်တို့တွင်ညီရှိသေးသလော' ဟု မေးပါသည်။ ကျွန်တော်တို့ကသူ၏မေးခွန်း များကိုဖြေရပါသည်။ သူကကျွန်တော်တို့ ၏ညီကိုအီဂျစ်ပြည်သို့ခေါ်ဆောင်ခဲ့ရန်စေ ခိုင်းလိမ့်မည်ဟုကျွန်တော်တို့အဘယ်သို့သိ နိုင်မည်နည်း'' ဟုဖြေကြားကြ၏။
8 Yahudee dekkık'le İzrailik'le eyhen: – Gade g'aykke, şi əlyhəəs. Ğunar, şinab, uşaxarıb hidyapt'ı manke üç'übba aaxva.
၈ယုဒကအဖအား``သူငယ်ကိုကျွန်တော်နှင့် အတူထည့်လိုက်ပါ။ ယခုပင်ခရီးစထွက် ကြပါမည်။ သို့မှသာကျွန်တော်တို့အားလုံး အစာမငတ်ဘဲအသက်ချမ်းသာရာရ ကြပါမည်။-
9 Zı mang'ul-alla vas cuvab qeles, ğu mana zake qiyghne. Zı mana vasqa qidyaree, yiğne ögiyl ulyozar hide'ee, zı yiğne ögiyl qik'asmee vuk'ul avqa ixhes.
၉ကျွန်တော်သည်သူငယ်အတွက်အာမခံပါ မည်။ သူ့အတွက်တာဝန်ယူပါမည်။ သူငယ် ကိုအဖထံသို့ဘေးကင်းလုံခြုံစွာပြန်၍ မခေါ်ဆောင်ခဲ့လျှင် ကျွန်တော်သည်တစ်သက် လုံးအပြစ်တင်ခံရပါစေ။-
10 Şi vaxt ılğıdyavhunaxhiy, həşdilqasse q'öneyəqees hapk'ın qabı vooxheyiy.
၁၀ကျွန်တော်တို့သည်ဤမျှလောက်မနှောင့်နှေး မဆိုင်းတွခဲ့လျှင် အီဂျစ်ပြည်သို့အသွား အပြန်ခရီးနှစ်ခေါက်ရနိုင်ပါပြီ'' ဟုဆို လေ၏။
11 İzrailee eyhen: – Mennəxüd dexhexhenee, şu in kar he'e: q'oç'ebışeeqa ine cigayne inette yugne meyvabışike, qiyğale xhinne balyzam, sık'ınin itv, ədviyat, ətriyat, püste, badam sı'ı mane insanıs pay xhinne ıkkee.
၁၁ထိုအခါသူတို့အဖက``သို့ဖြစ်လျှင်ဤကဲ့ သို့ပြုလုပ်ကြလော့။ ခါနာန်ပြည်မှအကောင်း ဆုံးထွက်ကုန်များဖြစ်သောဗာလစံစေးအနည်း ငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ သစ်အယ်သီး၊ ဗာတံသီးတို့ကိုဘုရင်ခံအား လက်ဆောင်ဆက်သရန်သင်တို့အိတ်များတွင် ထည့်၍ယူသွားကြလော့။-
12 Q'öd şene ögiylinmeen nuk'ra aleet'e. Balagbışeead yı'q'əlqa qadıyn nuk'rad ıkkı vuşde xıleka sak'ale'e, sayib manbı balagbışeeqa yugba ilydyaakı vooxhe.
၁၂သင်တို့၏စပါးအိတ်ဝများ၌ထည့်ပေးလိုက် သောငွေကိုပြန်ပေးရမည်ဖြစ်၍ ငွေကိုနှစ်ဆ ယူသွားကြလော့။ ပြန်ထည့်ပေးလိုက်သောငွေ မှာမှားပြီးပြန်ထည့်ပေးလိုက်ဟန်တူသည်။-
13 Çocur alyart'u, mane insanne k'anyaqa savk'le.
၁၃သင်တို့ညီကိုခေါ်ဆောင်လျက်ထိုသူထံသို့ သွားကြလော့။-
14 Gırgın əxəne Allahee mana insan şos məxür g'üvəna qe'ecen, mang'veeyir vuşda şenasa çociy Benyamin şoka xaaqa savaak'alas havaasrecen. Zınar uşaxarşikena ixhesxhee, hasre ixhecen.
၁၄ထိုသူသည်ဗင်္ယာမိန်နှင့်ရှိမောင်တို့ကိုသင်တို့ အားပြန်အပ်စေရန် အနန္တတန်ခိုးရှင်ဘုရားသခင်သည်ထိုသူ၏စိတ်ကိုပြုပြင်ပေးတော် မူပါစေသော။ အကယ်၍ငါသည်သားတို့ ကိုဆုံးရှုံးရမည်ဆိုလျှင်ဆုံးရှုံးရမည်သာ ဖြစ်သည်'' ဟုဆို၏။
15 Çocaaşe Benyaminır, paybıd, q'öd şenimen nuk'rad alyat'u hamankecab gyabak'anbı yəqqı'lqa. Misirqa hipxhır manbı Yusufusqa qavayle.
၁၅သို့ဖြစ်၍ညီအစ်ကိုတို့သည်လက်ဆောင်များ နှင့်ငွေနှစ်ဆကိုယူ၍ အီဂျစ်ပြည်သို့ထွက်ခွာ သွားကြလေသည်။ သူတို့နှင့်အတူဗင်္ယာမိန် လည်းလိုက်ပါသွားလေ၏။ ထိုပြည်သို့ရောက် သောအခါသူတို့သည်ယောသပ်ထံသို့ဝင် ၍ခစားကြ၏။-
16 Yusufuk'le Benyaminır manbışika sa cigee g'acumee, cun xav vuk'lek ıkkekang'uk'le eyhen: – İn insanar yizde xaaqa quvku, həyvan gyuvk'u ç'əra qee'e, manbışe zaka yı'q'ı'hiyn karbı oxhanas.
၁၆ယောသပ်သည်သူတို့နှင့်အတူဗင်္ယာမိန်ပါ လာသည်ကိုမြင်လျှင် သူ၏အိမ်တော်ဝန်အား``ဤ သူတို့ကိုငါ့အိမ်သို့ခေါ်ဆောင်သွားလော့။ သား ကောင်တစ်ကောင်ကိုသတ်၍ဟင်းလျာပြင်လော့။ ငါသည်သူတို့နှင့်နေ့လည်စာကိုသုံးဆောင် မည်'' ဟုစေခိုင်းလေ၏။-
17 Mane insanee Yusufee cuk'le nəxüdiy uvhu həməxüdud ha'an: man insanar quvkekkanbı Yusufne xaaqa.
၁၇အိမ်တော်ဝန်သည်စေခိုင်းသည့်အတိုင်းထို သူတို့ကိုယောသပ်၏အိမ်သို့ခေါ်ဆောင်ခဲ့ လေ၏။
18 Manbışe co Yusufne xaaqa quvkekkava qəpq'ı'n eyhen: – Şene ögiyl balagbışee sak'alı'iyne nuk'ral-alla şi quvkekka. Mang'us şalqa xıl g'ot'alas, şale ğamxha əməler g'ayşu, şake nukarar haa'as vukkan.
၁၈ညီအစ်ကိုတို့သည်ယောသပ်အိမ်သို့လိုက်ပါ လာကြစဉ်``ပထမအခေါက်တွင်ငါတို့၏ စပါးအိတ်များ၌ငွေများပြန်ထည့်ပေးလိုက် သည့်ကိစ္စကိုအကြောင်းပြုပြီးလျှင် သူတို့ သည်ငါတို့အားဖမ်းဆီးလျက်မြည်းများကို သိမ်းယူ၍သူ့ထံ၌ကျွန်ခံစေလိမ့်မည်'' ဟု တွေးတောကာစိုးရိမ်ကြောက်ရွံ့ကြ၏။-
19 Manbı xaaqa əkkəəne cigee Yusufne xav vuk'lek ıkkekang'usqa qeepxha inva eyhe:
၁၉သို့ဖြစ်၍သူတို့သည်အိမ်တံခါးဝသို့ ရောက်သောအခါ ယောသပ်၏အိမ်တော်ဝန်အား၊-
20 – Yişda xərna, şi şene ögiylib otxhanan kar alişşes abıynbıniy.
၂၀``အရှင်၊ ကျွန်တော်တို့သည်ဤပြည်သို့ရိက္ခာ ဝယ်ရန် ယခင်ကတစ်ခေါက်ရောက်ခဲ့ပါသည်။-
21 Şi xəmde aaxvane cigee balagbışin ghalybı aaqiyng'a, gırgıng'uk'le cun nuk'ra nəxüdiy vod k'ıl qidexha balagne ad iveeke. Həşde man şi yişde xıleka yı'q'əlqa sak'ala'a.
၂၁အိမ်ပြန်ခရီးတွင်စခန်းချ၍စပါးအိတ်များ ကိုဖွင့်လိုက်ရာ တစ်ယောက်စီ၏အိတ်ဝတွင် မိမိ၏စပါးဖိုးငွေမလျော့ဘဲတွေ့ရပါသည်။ ကျွန်တော်တို့သည်ထိုငွေကိုယခုပြန်၍ ယူခဲ့ကြပါသည်။-
22 G'iyniysın otxhuniy alişşesınıd şi nuk'ra curayda adı. Şen nuk'rad şavaame yişde balagbışeeqa gixhxhı, ats'a deş.
၂၂ရိက္ခာထပ်၍ဝယ်ရန်ငွေပိုလည်းယူခဲ့ပါသည်။ ကျွန်တော်တို့၏စပါးအိတ်များတွင်မည်သူ ကငွေကိုပြန်ထည့်ထားသည်ကိုမသိရပါ'' ဟုပြောပြလေ၏။
23 Xav vuk'lek ıkkekang'vee eyhen: – Gırgın çine cigal vod, qıməəq'ən. Vuşdeyiy vuşde dekkıne Allahee man nuk'ra vuşde balagbışeeqa gixhxhı. Şu şene ögee adıyn nuk'ra zasne vod. Qiyğaler Şimon manbışisqa qığayhe.
၂၃အိမ်တော်ဝန်က``သင်တို့မစိုးရိမ်ကြနှင့်။ မ ကြောက်ကြနှင့်။ သင်တို့ဘုရား၊ သင်တို့အဖ ၏ဘုရားသည်စပါးအိတ်များထဲ၌သင်တို့ အတွက် ထိုငွေကိုထည့်ခြင်းဖြစ်ရမည်။ သင် တို့ထံမှစပါးဖိုးငွေကိုကျွန်ုပ်လက်ခံရရှိ ပြီးဖြစ်သည်'' ဟုဆိုလေ၏။ ထိုနောက်သူသည် ရှိမောင်ကိုသူတို့ထံသို့ခေါ်ထုတ်ခဲ့လေသည်။
24 Mane insanee çocar qavaylenbı Yusufne xaaqa. G'elybı hoğalasın manbışis xhyaniy əməleeşisın yemıd helen.
၂၄အိမ်တော်ဝန်သည်သူတို့ကိုအိမ်ထဲသို့ဝင်စေ ၏။ သူတို့၏ခြေများကိုဆေးကြောရန်ရေကို ပေး၍သူတို့၏မြည်းများကိုအစာကျွေး ၏။-
25 Çocaaşik'le uvhuyng'a co Yusufuka yı'q'ı'hin kar maa oxhanasva, manbışe mana qalesse con paybı qığa'anbı.
၂၅မွန်းတည့်အချိန်၌ယောသပ်သည်သူတို့နှင့် အတူစားသောက်မည်ဟုကြားသိရသဖြင့် သူတို့သည်မိမိတို့၏လက်ဆောင်များကို အသင့်ပြင်ထားကြ၏။-
26 Yusuf xaaqa qarımee, manbışe co adiyn paybı hagu, mang'une ögiyl çiyelqamee k'yoozaranbı.
၂၆ယောသပ်အိမ်သို့ပြန်လာသောအခါသူတို့ သည် မိမိတို့နှင့်ပါလာသောလက်ဆောင်များ ကိုအိမ်ထဲသို့ယူဆောင်လာပြီးလျှင် ယောသပ် အားဆက်သ၍သူ၏ရှေ့တွင်ပျပ်ဝပ်ကြ လေသည်။-
27 Yusufee manbışike qidghın ha'a: – Co nəxübiyva? Şena şu eyhena vuşda q'əsda dek nəxürneva? Meernaneva həşde?
၂၇ယောသပ်သည်သူတို့အားနှုတ်ခွန်းဆက်ပြီး နောက်``သင်တို့ပြောသောသင်တို့၏ဖခင်အို သည်ကျန်းမာပါ၏လော။ သူအသက်ရှင်လျက် ရှိပါသေးသလော'' ဟုမေးမြန်းလေ၏။
28 Manbışe eyhen: – Yiğna g'ul, yişda dek meerna, yugra vor. Manıd uvhu Yusufne ögiyl ç'iyelqamee k'yoozaranbı.
၂၈သူတို့က``အရှင့်ကျွန်၊ ကျွန်တော်တို့၏အဖသည် ကျန်းမာ၍အသက်ရှင်လျက်ရှိပါ၏'' ဟုဖြေ ကြ၏။ ထိုနောက်သူတို့သည်ယောသပ်အား ဦးညွှတ်ရှိခိုးကြ၏။
29 Yusufee ul alivk'arav'uyng'a cune yedikena çoc Benyamin g'acu eyhen: – Şena şu zak'le eyhena k'ınna çoc haynane? Qiyğa Benyaminık'le eyhen: – Dix, Allahee vas yugun helen.
၂၉ယောသပ်သည်မိမိအမိ၏သားမိမိ၏ညီ ဗင်္ယာမိန်ကိုမြင်သောအခါ``ဤသူငယ်သည် သင်တို့၏ညီအငယ်ဆုံးဆိုသူဖြစ်ပါသ လော။ လူကလေးသင့်အားဘုရားကောင်းချီး ပေးပါစေသော'' ဟုဆိုလေ၏။-
30 Yusufuk'le çoc g'acumee, mang'un yik' hoyç'an giyğal, geşşuy qadayle. Mana ek'ra qığeç'u, cune gozeeqa ark'ın yugra geşşena.
၃၀ယောသပ်သည်ညီကိုမြင်ရသဖြင့်ကြင်နာ သောစိတ်ရှိ၍ မျက်ရည်မဆည်နိုင်သောကြောင့် မိမိ၏အခန်းတွင်းသို့ဝင်၍ငိုကြွေးလေ၏။-
31 Yusuf aq'va hodğul qiğeç'e. Mang'vee geşşuy aqqı əmr haa'a: – Otxhuniy qalle.
၃၁ထိုနောက်သူသည်မျက်နှာသစ်ပြီးလျှင်အပြင် သို့ထွက်လာ၍ မိမိ၏စိတ်ကိုထိန်းလျက်စား သောက်ပွဲကိုပြင်ရန်အမိန့်ပေးလေသည်။-
32 Otxhuniy mang'us curayda, çocaaşis curayda, mang'uka kar otxhanne Misirbışis curayda qadayle. Misirğançenbışisse Cühüt'yaaşika sacigee kar oxhanas əxən deşdiy, mançile Misirğançenbı həlyvəyq'ənanbıniy.
၃၂ယောသပ်အဖို့စားပွဲတစ်ပွဲ၊ သူ၏အစ်ကိုတို့ အဖို့စားပွဲတစ်ပွဲ၊ အီဂျစ်အမျိုးသားတို့ အဖို့စားပွဲတစ်ပွဲတည်ခင်းကြ၏။ အီဂျစ် အမျိုးသားတို့သည်ဟေဗြဲအမျိုးသားတို့ နှင့်အတူစားသောက်လျှင် ဂုဏ်သိမ်သည်ဟု ယူဆကြသောကြောင့်ဟေဗြဲအမျိုးသား တို့နှင့်အတူတူမစားကြ။-
33 Yusufne ögiyl çocar senbışis sik'ı çiçiqab qihna gyuv'araa'a. Manbı sana-sang'uqa ilyаakı mattebaxhenbı.
၃၃ညီအစ်ကိုတို့သည်အသက်ကြီးစဉ်ငယ်လိုက် ယောသပ်၏ရှေ့တွင်ထိုင်ရကြ၏။ သူတို့သည် မိမိတို့အားနေရာချထားပုံကိုမြင်ကြ သဖြင့် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ကြည့်၍အံ့အားသင့်လျက်ရှိကြ၏။-
34 Yusufne ögiylyne otxhuniybışike manbışisdab pay curaa'ana. Saccu Benyaminna pay mansanbışde paybışile xhoniyəqqee xəppa vuxha. Məxüd manbışe mang'uka yugda otxhun-ulyoğan.
၃၄ယောသပ်သည်မိမိစားပွဲမှအစားအစာ များကိုသူတို့ထံသို့ပို့ပေး၏။ ဗင်္ယာမိန်သည် အခြားသူများထက်ငါးဆပို၍ရလေ၏။ သို့ဖြစ်၍သူတို့သည်ယောသပ်နှင့်အတူ စားသောက်ပျော်မြူးကြလေ၏။