< Qığeepç'iy 2 >
1 Leviyne nasılıkene sa cühüt'ee, cune nasıleençe cusda xhunaşşe hee'e.
၁ထိုကာလ၌ လေဝိအမျိုးသားတယောက်သည်၊ လေဝိအမျိုးသမီးနှင့် အိမ်ထောင်ဘက်ပြု၍၊
2 Mana vuxhne ayxu mang'us dix uxu. Uşax micagda g'acu, məng'ee man uşax xheyible vazna dyugul ha'a.
၂မိန်းမသည် ပဋိသန္ဓေယူသဖြင့် သားယောက်ျားကို ဘွားမြင်လေ၏။ ထိုသားသည် အဆင်းလှကြောင်းကို အမိမြင်လျှင်၊ သုံးလပတ်လုံး ဖွက်ထားလေ၏။
3 Mançile hexxada dyugul ha'as dəxəmee, məng'ee q'amışeke hav'una ç'emç'e alyapt'ı, çilqa g'ır qadğu, uşaxıd caqa gixhxhı Niline mıglek alyadıyne q'amışeeqa giyxhe.
၃နောက်တဖန် ဖွက်၍မထားနိုင်သောအခါ၊ ဂမာကိုင်းပင်ဖြင့် ရက်သောပုခက်ကိုယူ၍ ရေညှိနှင့်သစ်စေး ဖြင့် လူးပြီးလျှင်၊ ပုခက်ထဲတွင် သူငယ်ကိုထည့်၍ မြစ်ကမ်းနားကိုင်းတော၌ ထားလေ၏။
4 Uşaxık hucooyiy ixhesva ileeka, uşaxna yuçu sik'irra şaqana ileezar.
၄သူငယ်အစ်မလည်း အဘယ်သို့ဖြစ်မည်ကို သိမြင်ခြင်းငှါ အဝေး၌ ရပ်နေလေ၏။
5 Fironna yiş əyeexərasva damaysqa geeç'e, cen guluxçerıb damayne mıglek ı'ğviykar vooxhe. Məng'ı'k'le q'amışee ç'emç'e g'ooce. Mana alyapt'as cena guluxçiy g'ıxeele.
၅ဖာရောဘုရင်၏သမီးတော်သည် ရေချိုးခြင်းငှါ ဆင်းလာ၍၊ ကျွန်မတို့နှင့် မြစ်ကမ်းနား၌ လှည့်လည်စဉ်၊ ကိုင်းတော၌ ပုခက်ကိုမြင်၍ ဆောင်ယူစေခြင်းငှါ ကျွန်မ တယောက်ကို စေလွှတ်လေ၏။
6 Ç'emç'eyn ghal ulyot'ulmee məng'ı'k'lee maa uşax gece. Gade geşşe g'acuys, məng'ı'na rəhı'm qabı eyhen: – İn cühüt'yaaşin uşaxıd.
၆ပုခက်ဖုံးကို ဖွင့်သောအခါ၊ ငိုလျက်နေသော သူငယ်ကိုမြင်၍၊ သနားသောစိတ်ရှိလျှင်၊ ဤသူငယ်သည် ဟေဗြဲအမျိုးဖြစ်လိမ့်မည်ဟု ဆိုပြီးသော်၊
7 Manke uşaxne yuçee fironne yişşeke qiyghanan: – Yiğnemee hark'ın mana gyoqa'asda cühüt'yaaşina sa zəiyfa ayrene?
၇သူငယ်၏အစ်မက၊ ကိုယ်တော်အတွက် သူငယ်ကို ထိန်းရသော ဟေဗြဲအထိန်းကို ကျွန်မသွား၍ ခေါ်ရ ပါမည်လောဟု ဖာရောဘုရင်၏ သမီးတော်အား မေးလျှောက်၍၊
8 Fironne yişşee məng'ı'k'le «Hiyek'neva» eyhe. Yuçee hark'ın uşaxna yed ayreele.
၈မင်းသမီးက သွားလော့ဟု အခွင့်ပေးလျှင်၊ မိန်းမငယ်သွား၍ သူငယ်၏အမိကိုခေါ်လေ၏။
9 Fironne yişşee məng'ı'k'le eyhen: – İn uşax alyat'u yizdemee gyoqe'e. Mançil-alla zı vas hək' qevles. Zəiyfee uşax alyaat'u cene xaa gyoqa'an.
၉ဖာရောဘုရင်၏သမီးတော်က၊ ဤသူငယ်ကို ယူသွား၍ ငါ့ဘို့ ထိန်းလော။ အခကို ငါပေးမည်ဟု မှာထားသည်အတိုင်း၊ ထိုမိန်းမသည် သူငယ်ကို ယူသွား၍ ထိန်းလေ၏။
10 Uşax xət qıxhamee, məng'ee mana qıkkekana fironne yişşesqa. Fironne yişşee mana dixvalis alyarat'a. Məng'ee uşaxın do Mısa (qığavhuna) gixhxhı eyhen: – Zı mana xhinençe qığavhu.
၁၀သူငယ်ကြီးပွားသောအခါ၊ ဖာရောဘုရင်၏ သမီးတော်ထံသို့ ပို့ဆောင်၍ မင်းသမီးသည် သားအရာ၌ ခန့်ထားလျက်၊ မောရှအမည်ဖြင့် မှည့်၏။ အကြောင်းမူကား၊ ရေထဲကငါနှုတ်ယူသည်ဟု ဆိုသတည်း။
11 Mısa xər qıxha cune xınıbışisqa hark'ınmee, mang'uk'le, cune milletın nimee yı'q'na işiy haa'ava g'ecen. Mang'uk'le maa'ar, cuna xını cühüt misirğançeng'vee geta g'ece.
၁၁မောရှေသည် ကြီးသောအခါ၊ မိမိအမျိုးသားချင်းတို့ရှိရာသို့ သွား၍ သူတို့အမှုထမ်းရသောအခြင်း အရာတို့ကို ကြည့်ရှုလေ၏။ မိမိအမျိုးသားဟေဗြဲ လူတယောက်ကို၊ အဲဂုတ္တုလူရိုက်သည်ကိုမြင်လျှင်၊
12 Hiqiy-alla ilyakkı vuşucar g'idecumee, Mısee mana misirğançena gik'u g'umeeqa dyugulya'a.
၁၂ပတ်လည်ကြည့်ရှု၍ အဘယ်သူမျှမရှိသည်ကို သိသောအခါ၊ အဲဂုတ္တုလူကိုသတ်၍ သဲထဲ၌ မြှုပ်ထားလေ ၏။
13 Qinne yiğıl mang'uk'le q'öyre sana-sang'uka aldaxhvanan cühüt'yar g'ooce. Mang'vee getang'uke qiyghanan: – Nya'a ğu yiğne milletna insan geta?
၁၃နက်ဖြန်နေ့၌ ထွက်ပြန်သော်၊ ဟေဗြဲလူနှစ်ယောက်တို့သည် အချင်းချင်းသတ်ကြသည်ကို မြင်လျှင်၊ သင်သည် သင်၏အပေါင်းအဘော်ကို အဘယ်ကြောင့် ရိုက်သနည်းဟု ညှဉ်းဆဲသောသူအား မေးသည်ရှိသော်၊
14 Mane insanee eyhen: – Şavaane vake yişda xərnayiy şas məhkama ha'ana hı'ı? Şena misirğançena gik'uyn xhinne, deşxhee, vas zınarne gik'as ıkkan? Mısa qərq'ı'n culed-alqa eyhen: – Mıts'an, zı hı'iyn ats'axhxha ixhes.
၁၄ထိုသူက၊ အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာ အကဲအမှူး တရားသူကြီးအရာ၌ ခန့်ထားသနည်း။ အဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကို သတ်လိုသလောဟု ပြန်ဆို၏။ ထိုအခါ မောရှေသည် မိမိပြုသောအမှု ထင်ရှားပြီဟု သိ၍ကြောက်လေ၏။
15 Fironuk'le Mısee hı'iyn g'ayxhımee mana gik'as ıkkiykan. Mısa fironuke hixu, Midyan eyhene ölkeeqa qarı sa kahrızne k'ane axva.
၁၅ထိုသိတင်းကို ဖါရောဘုရင်ကြားသောအခါ၊ မောရှေကို သတ်ခြင်းငှါ ရှာကြံလေ၏။ မောရှေသည် ဖါရောဘုရင်ထံမှ ထွက်ပြေး၍၊ မိဒျန်ပြည်သို့ ရောက်လျှင်၊ ရေတွင်းနားမှာ ထိုင်၍နားနေလေ၏။
16 Yiğbışde sa yiğıl Midyanaaşine kaahinna yighıyre yiş dekkıne vəq'əbışis xhyan helesva maqa abayle. Manbışe kahrızeençe xhyan alqı'ı nəybı (axurbı) gyats'a'a eyxhe.
၁၆ထိုအခါ မိဒျန်ယဇ်ပုရောဟိတ်၏ သမီးညီအစ်မ ခုနစ်ယောက်တို့သည်၊ မိမိတို့အဘ၏ သိုးဆိတ်များကို ရေတိုက်ခြင်းငှါလာ၍ ရေခပ်ပြီးလျှင်၊ ရေသောက်ခွက်တို့၌ လောင်းကြ၏။
17 Maqa qabıyne çobanaaşis içer g'eheebşes vukkiykan. Mısayk'le man g'acu, içeeşineme vuç ögeeqa huvu manbışin vəq'əbı xhinen ats'ya'anbı.
၁၇သိုးထိန်းအချို့တို့လည်း လာ၍ သိုးဆိတ်များကို မောင်းကြ၏။ ထိုအခါ မောရှေသည်ထ၍ ထိုမိန်းမတို့ဘက်၌နေလျက်၊ သိုးဆိတ်များကို ရေတိုက်လေ၏။
18 İçer cone dekkısqa Reuelisqa sapk'ılmee, mang'vee qiyghanan: – Nya'a şu g'iyna zaraba sapk'ıl?
၁၈ထိုမိန်းမတို့သည် အဘရွေလထံသို့ ရောက်ကြသော်၊ အဘက အဘယ်ကြောင့် ယနေ့အလျင်အမြန် ရောက်လာရကြသနည်းဟု မေးလေ၏။
19 Manbışe eyhen: – Misirğançene sang'vee yişdemee vuc ögiylqa huvu, şi çobanaaşine xılençe g'attivxhan hav'u. Qiyğa mang'vee yişdemee yişin vəq'əbı ats'esın xhyan kahrızeençe alqı'ı.
၁၉သူတို့ကလည်း၊ အဲဂုတ္တုလူတယောက်သည် အကျွန်ုပ်တို့ကို သိုးထိန်းတို့လက်မှ ကယ်နှုတ်၍၊ ရေ လိုသမျှကို ခပ်သဖြင့်၊ သိုးဆိတ်များကို ရေတိုက်ပါသည်ဟု ပြန်ပြော၏။
20 Mang'vee yişşaaşike qiyghanan: – Mana insan nyaane vor? Nya'a şu mana g'alerçu? Qot'le, arı şakasana kar oxhnecen.
၂၀အဘကလည်း၊ ထိုသူသည် အဘယ်မှာရှိသနည်း။ အဘယ်ကြောင့် သူ့ကိုပစ်ထားခဲ့သနည်း။ အစာ စားစေခြင်းငှါ သူ့ကိုခေါ်ချေကြဟု ဆိုလေ၏။
21 Manbışer Mısa cong'ə qoyt'alna. Dekke eyhen: – Mısa, şing'əəcar axve. Mısaysır ıkkiykanna manbışəəng'ə axvas. Sabara gah ılğevç'uyle qiyğa, mang'veeyir Mısays cuna yiş Tsippora xhunaşşe yixhecenva heele.
၂၁မောရှေသည် ထိုသူထံမှာနေ၍ ပျော်မွေ့သဖြင့်၊ သမီးဇိပေါရကို မောရှေအား ထိမ်းမြားပေးစားလေ၏။
22 Məng'ee Mısays dix uxu. Mısee eyhen: – Zı menne cigeençe qarına xhinne axva vor Mançil-alla mang'vee duxayn do Gerşom (menne cigayna) giyxhe.
၂၂ထိုမိန်းမဘွားသောသားကို ဂေရရှုံအမည်ဖြင့် မှည့်၏။ အကြောင်းမူကား၊ ငါသည်တကျွန်းတနိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟုဆိုသတည်း။
23 Ooğançe geed senbı ılğeeç'uyle qiyğa Misirna paççah qek'ana. İzrailybışe nukariyvalee uts'ur ts'ıts'a'a, kumag heqqa eyxhe. Manbışe ts'ıts'a'an nukariyvaleedın uts'ur Allahık'le g'eceniy vod.
၂၃ကာလအင်တန်ကြာပြီးမှ၊ အဲဂုတ္တုရှင်ဘုရင် အနိစ္စရောက်လေ၏။ ဣသရေလအမျိုးသားတို့လည်း အစေကျွန်ခံရသောကြောင့် ညည်းတွားငိုကြွေးကြ၏။ ထိုသို့ အစေကျွန်ခံ၍ငိုကြွေးသော အသံသည် ဘုရား သခင်ထံတော်သို့ တက်ရောက်လေ၏။
24 Allah manbışe ts'ıts'a'ane uts'uruqa ilyakka-ilyakka İbrahimıka, I'saq'ıka, Yaaq'ubuka hav'una mugaavile yik'el qavalyaa'a.
၂၄သူတို့ ညည်းတွားမြည်တမ်းခြင်း အသံကို ဘုရားသခင်ကြားတော်မူလျှင်၊ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ပြုခဲ့ဘူးသောပဋိညာဉ်ကို အောက်မေ့တော်မူ၏။
25 Allahık'le İzrailybı nukarar vuxhay g'acu manbışilqa rəhı'm qavayle.
၂၅ဘုရားသခင်သည်လည်း၊ ဣသရေလအမျိုးသားတို့ကို ကြည့်ရှု၍ သူတို့အမှုကို ဆင်ခြင်တော်မူ၏။