< Mga Awit 62 >
1 Sa Diyos lamang ako naghihintay nang tahimik; magmumula sa kaniya ang aking kaligtasan.
၁ငါ့ကိုဘုရားသခင်ကယ်တင်ရန်ငါသည် စိတ်ရှည်စွာ စောင့်မျှော်လျက်နေပါ၏။ ငါသည်ကိုယ်တော်ကိုသာလျှင်မှီခိုပါ၏။
2 Siya lamang ang aking muog at aking kaligtasan; siya ang aking mataas na tore; ako ay hindi matitinag.
၂ကိုယ်တော်သာလျှင်ငါ၏ခိုလှုံရာကျောက်တောင်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူပါ၏။ ကိုယ်တော်သည်ငါ၏ရဲတိုက်သဖွယ်ဖြစ်တော် မူ၏။ ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။
3 Hanggang kailan kayong lahat sasalakay sa isang tao, para pabagsakin siya tulad ng isang pader o isang maugang bakuran?
၃သင်တို့အပေါင်းသည်ယိမ်းယိုင်လျက်ရှိသော နံရံနှင့် ပြိုကျပျက်စီးလျက်ရှိသောခြံဝင်းကဲ့သို့ အင်အားမရှိသည့်လူတစ်ယောက်အား အဘယ်မျှ ကြာအောင်တိုက်ခိုက်ကြပါမည်နည်း။
4 Sumasangguni (sila) sa kaniya para ibagsak siya mula sa kaniyang marangal na posisyon; mahilig silang magsabi ng mga kasinungalingan; siya ay pinagpapala nila sa kanilang mga bibig, pero sa kanilang mga puso siya ay kanilang isinusumpa. (Selah)
၄သင်တို့သည်သူ့အားဂုဏ်မြင့်ရာမှဆွဲချရန် ကိုသာ ကြံစည်ကြ၏။ သင်တို့သည်လိမ်လည်ပြောဆိုရန်နှစ်သက် ကြ၏။ သူ့အားနှုတ်ဖြင့်ကောင်းချီးပေးလျက်၊ စိတ်ထဲတွင်မူကားကျိန်ဆဲကြ၏။
5 Naghihintay ako nang tahimik para lamang sa Diyos; dahil nakatuon ang aking pag-asa sa kaniya.
၅ငါသည်ဘုရားသခင်ကိုသာလျှင်မှီခိုပါ၏။ ကိုယ်တော်အားမျှော်ကိုးပါ၏။
6 Siya lamang ang aking muog at kaligtasan; siya ang aking mataas na tore; ako ay hindi matitinag.
၆ကိုယ်တော်သာလျှင်ငါ၏ခိုလှုံရာကျောက် တောင်၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါ၏ရဲတိုက်သဖွယ်ဖြစ်တော် မူ၏။ ငါသည်အဘယ်အခါ၌မျှအရေးရှုံးနိမ့် ရလိမ့်မည်မဟုတ်။
7 Sa Diyos ang aking kaligtasan at kaluwalhatian; nasa Diyos ang saligan ng aking kalakasan at kanlungan.
၇ငါ၏ကယ်တင်ခြင်းနှင့်ဂုဏ်အသရေသည် ဘုရားသခင်အပေါ်တွင်တည်ပါ၏။ ကိုယ်တော်သာတန်ခိုးကြီးသည့်ကာကွယ်သော ကျောက်တောင်ဖြစ်တော်မူ၏။ ငါခိုလှုံရာကားဘုရားသခင်ပေတည်း။
8 Magtiwala kayo sa kaniya sa lahat ng oras, kayong mga tao; ibuhos ninyo ang inyong puso sa kaniyang harapan; kanlungan natin ang Diyos. (Selah)
၈အချင်းလူတို့ဘုရားသခင်အားအစဉ် အမြဲ ကိုးစားကြလော့။ သင်တို့၏ဒုက္ခအပေါင်းကိုကိုယ်တော်အား ဖော်ပြကြလော့။ ကိုယ်တော်သည်ငါတို့ခိုလှုံရာဖြစ်တော်မူ၏။
9 Tunay na walang kabuluhan ang mga lalaking mahina ang katayuan, at kasinungalingan ang mga lalaking mataas ang katayuan; magaan silang tinimbang sa sukatan; pareho silang tinimbang, (sila) ay magaan kaysa sa wala.
၉လူသားတို့သည်ထွက်သက်ဝင်သက်လေမျှသာ ဖြစ်ပေသည်။ လူတို့သည်ယုတ်မြတ်မဟူအနတ္တမျှသာဖြစ် ကြ၏။ သူတို့အားချိန်ခွင်တွင်ချိန်စက်၍ကြည့် ကြလော့။ သူတို့သည်အချိန်မစီး။ ထွက်သက်ဝင်သက်လေထက်ပင်ပေါ့ကြ၏။
10 Huwag kang magtitiwala sa pang-aapi o pagnanakaw; at huwag umasa sa walang kabuluhan na mga kayamanan, dahil wala itong maibubunga; huwag mong itutuon ang iyong puso sa mga ito.
၁၀အကြမ်းဖက်မှုကိုအားမကိုးကြနှင့်။ လုယက်မှုဖြင့်အကျိုးခံစားရလိမ့်မည်ဟု မမျှော်လင့်ကြနှင့်။ သင်တို့၏စည်းစိမ်ဥစ္စာများသည် တိုးပွားလာစေကာမူယင်းတို့ကိုအားမကိုး ကြနှင့်။
11 Minsang nagsalita ang Diyos, dalawang beses kong narinig ang mga ito: sa Diyos nauukol ang kapangyarihan.
၁၁ဘုရားသခင်၌တန်ခိုးရှိတော်မူကြောင်း ကိုလည်းကောင်း ကိုယ်တော်၏မေတ္တာတော်သည်ခိုင်မြဲကြောင်း ကိုလည်းကောင်း တစ်ကြိမ်မကကိုယ်တော်မိန့်တော်မူသည်ကို ငါကြားခဲ့ရလေပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုယ်တော်တိုင်ပင်လူအပေါင်း တို့အား အကျင့်အလျောက်ကောင်းကျိုးဆိုးကျိုးကို ချပေးတော်မူပါ၏။
12 Gayundin sa inyo, Panginoon, nauukol ang katapatan sa tipan, dahil binabayaran mo ang bawat tao kung ano ang kaniyang ginawa.
၁၂