< Mga Awit 2 >
1 Bakit ang mga bansa ay nangagugulo, at ang mga bayan ay nangagaakala ng walang kabuluhang bagay?
၁လူမျိုး တို့သည် အဘယ်ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစု တို့သည် အဘယ်ကြောင့်အချည်းနှီး ကြံစည် ကြသနည်း။
2 Ang mga hari sa lupa ay nagsisihanda, at ang mga pinuno ay nagsasanggunian, Laban sa Panginoon at laban sa kaniyang pinahiran ng langis, na sinasabi:
၂လောကီ ရှင် ဘုရင်တို့သည် ထ ကြ၍ ၊ မှူးမတ်အရာရှိတို့လည်း၊ ထာဝရဘုရား နှင့် ခရစ်တော် ကို ရန် ဘက်ပြုလျက်၊
3 Lagutin natin ang kanilang tali, at ating iwaksi ang kanilang mga panali sa atin.
၃သူ တို့ချည်နှောင် ခြင်းကို ဖြေ ကြကုန်အံ့။ ချည်နှောင် သောကြိုး တို့ကို ပယ် ကြကုန်အံ့ဟု သင်းဖွဲ့ ကြ၏။
4 Siyang nauupo sa kalangitan ay tatawa: ilalagay (sila) ng Panginoon sa kakutyaan.
၄ကောင်းကင် ဘုံ၌ ထိုင် တော်မူသောသူသည် ပြုံး ရယ်၍၊ ထာဝရ ဘုရားသည် သူ တို့ကို ကဲ့ရဲ့ တော်မူ၏။
5 Kung magkagayo'y magsasalita siya sa kanila sa kaniyang poot, at babagabagin (sila) sa kaniyang malabis na sama ng loob:
၅ထိုအခါ အမျက် တော်ထွက်၍ ၊ သူ တို့ကိုမိန့် တော်မူမည်။ ပြင်းစွာ သော အမျက်တော်နှင့် သူ တို့ကို ပူပန် စေတော်မူမည်။
6 Gayon ma'y inilagay ko ang aking hari sa aking banal na bundok ng Sion.
၆ငါ ၏ ရှင်ဘုရင်ကို သန့်ရှင်း သော ဇိအုန် တောင် တော်ပေါ် မှာ၊ ငါ့ ကိုယ်တိုင်ဘိသိတ် ပေးပြီဟု မိန့်တော်မူ မည်။
7 Aking sasaysayin ang tungkol sa pasiya: sinabi ng Panginoon sa akin, Ikaw ay aking anak; sa araw na ito ay ipinanganak kita.
၇ဗျာဒိတ် တော်အချက်ကို ငါပြန် ကြားပေအံ့။ ထာဝရဘုရား က သင် သည် ငါ့ သား ဖြစ်၏။ ယနေ့ ပင် သင့် ကို ငါဖြစ် ဘွားစေပြီ။
8 Humingi ka sa akin, at ibibigay ko sa iyo ang mga bansa na iyong pinakamana, at ang mga pinakadulong bahagi ng lupa ay iyong pinakaari.
၈ငါ့ ကိုတောင်း လော့။ လူ အမျိုးမျိုးတို့ကို သင် ၏ အမွေ ဥစ္စာဘို့ ငါပေး မည်။ မြေကြီး စွန်း တိုင်အောင်ပိုင် ထိုက်သော အခွင့်ကိုလည်း ငါပေးမည်။
9 Sila'y iyong babaliin ng isang pamalong bakal; iyong dudurugin (sila) na parang isang sisidlan ng magpapalyok.
၉သင်သည်သူ တို့ကို သံ လှံတံ နှင့် အုပ်စိုး ၍၊ မြေအိုး ကို ခွဲဖျက်သကဲ့သို့ ခွဲဖျက် လိမ့်မည်ဟု ငါ့အားမိန့်တော်မူပြီ။
10 Ngayon nga'y magpakapantas kayo, Oh kayong mga hari: mangatuto kayo, kayong mga hukom sa lupa.
၁၀သို့ဖြစ်၍ ရှင် ဘုရင်တို့၊ ပညာ သတိရှိကြလော့။ လောကီ မင်း တို့၊ ဆုံးမ ခြင်းကိုခံ ကြလော့။
11 Kayo'y mangaglingkod sa Panginoon na may takot, at mangagalak na may panginginig.
၁၁ကြောက်ရွံ့ သောစိတ်နှင့် ထာဝရ ဘုရား၏ အမှုတော် ကို ထမ်းရွက် ၍ ၊ တုန်လှုပ် ခြင်းနှင့် ဝမ်းမြောက် ကြလော့။
12 Hagkan ninyo ang anak, baka magalit siya, at kayo'y mangapahamak sa daan, sapagka't ang kaniyang poot ay madaling magalab. Mapapalad ang nanganganlong sa kaniya.
၁၂သား တော်ကို နမ်း ကြလော့။ သို့မဟုတ် လျှင် အမျက် တော်ထွက်၍ ၊ သင်တို့သည်လမ်း ၌ ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။ အမျက် တော်သည် ချက်ခြင်း ထွက် လိမ့်မည်။ သား တော်ကို ကိုးစား သောသူအပေါင်း တို့ သည် မင်္ဂလာ ရှိကြ၏။