< 1 Timoteo 1 >

1 Si Pablo, na apostol ni Cristo Jesus ayon sa utos ng Dios na ating Tagapagligtas, at ni Cristo Jesus na ating pagasa;
ငါ​တို့​၏​ကယ်​တင်​ရှင်​ဘု​ရား​သ​ခင်​နှင့်​ငါ တို့​မျှော်​လင့်​ရာ​ဖြစ်​သော​ခ​ရစ်​တော်​ယေ​ရှု​၏ အ​မိန့်​တော်​အ​ရ ခ​ရစ်​တော်​ယေ​ရှု​၏​တ​မန် တော်​အ​ဖြစ်​ခန့်​ထား​ခြင်း​ခံ​ရ​သော​ငါ ပေါ​လု​ထံ​မှ၊
2 Kay Timoteo na aking tunay na anak sa pananampalataya: Biyaya, kahabagan, at kapayapaan nawang mula sa Dios na Ama at kay Jesucristo na Panginoon natin.
ယုံ​ကြည်​ခြင်း​အား​ဖြင့်​ငါ​၏​သား​စစ်​ဖြစ် သော​တိ​မော​သေ​ထံ​သို့​စာ​ရေး​လိုက်​ပါ​သည်။ သင်​သည်​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​ငါ​တို့​အ​ရှင် ခ​ရစ်​တော်​ယေ​ရှု​ထံ​တော်​မှ ကျေး​ဇူး​တော်၊ က​ရု​ဏာ​တော်​နှင့်​ငြိမ်​သက်​ခြင်း​ကို​ခံ​စား ရ​ပါ​စေ​သ​တည်း။
3 Kung paanong ipinamanhik ko sa iyo na ikaw ay matira sa Efeso, nang pumaparoon ako sa Macedonia, upang maipagbilin mo sa ilang tao na huwag magsipagturo ng ibang aral,
မာ​ကေ​ဒေါ​နိ​ပြည်​သို့​ငါ​ထွက်​ခွာ​စဉ်​အ​ခါ က သင့်​အား​ငါ​မှာ​ကြား​ခဲ့​သည်​အ​တိုင်း ဧ​ဖက် မြို့​တွင်​ဆက်​လက်​နေ​ထိုင်​စေ​လို​၏။ လူ​အ​ချို့ တို့​သည်​မိစ္ဆာ​အ​ယူ​ဝါ​ဒ​များ​ကို​ဟော​ပြော သွန်​သင်​လျက်​ရှိ​ကြ​ပေ​သည်။ မ​ကုန်​မ​ဆုံး​နိုင် သော​ဒဏ္ဍာ​ရီ​များ​နှင့်​ဆွေ​စဉ်​မျိုး​ဆက်​စာ​ရင်း များ​ကို အ​ပတ်​တ​ကုတ်​အား​ထုတ်​လေ့​လာ တတ်​သူ​တို့​အား ထို​အ​မှု​တို့​ကို​ရပ်​စဲ​ကြ စေ​ရန်​ပြော​ကြား​လော့။ ထို​အ​မှု​အ​ရာ​များ သည်​အ​ငြင်း​ပွား​မှု​များ​ကို​သာ​လျှင်​ပြု​စု ပေး​တတ်​၏။ ဘု​ရား​သ​ခင်​၏​အ​ကြံ​အ​စည် တော်​ကို​အ​ကျိုး​မ​ပြု​တတ်။ ယုံ​ကြည်​ခြင်း အား​ဖြင့်​သာ​လျှင် ထို​အ​ကြံ​အ​စည်​တော် ကို​သိ​နိုင်​လေ​သည်။-
4 Ni huwag makinig sa mga katha at sa mga kasaysayan ng mga lahi na walang katapusan, na pinanggagalingan ng pagtatalo, at hindi ng pagkakatiwalang mula sa Dios na nasa pananampalataya; ay gayon din ang ipinamamanhik ko ngayon.
5 Nguni't ang kinauuwian ng bilin ay ang pagibig na nagbubuhat sa malinis na puso at sa mabuting budhi at sa pananampalatayang hindi paimbabaw:
ဤ​သို့​ပ​ညတ်​ရ​ခြင်း​အ​ကြောင်း​မှာ​သန့်​စင် သော​မေတ္တာ၊ ကြည်​လင်​သော​သြတ္တပ္ပ​စိတ်​နှင့် စစ်​မှန်​သော​ယုံ​ကြည်​ခြင်း​ကို​နှိုး​ဆွ​ပေး လို​၍​ဖြစ်​၏။-
6 Na pagkasinsay ng iba sa mga bagay na ito ay nagsibaling sa walang kabuluhang pananalita;
လူ​အ​ချို့​တို့​သည်​ဆို​ခဲ့​သော​သ​ဘော​မျိုး​ကို မ​ကျင့်​ဘဲ အ​ကျိုး​မဲ့​ပြော​ဆို​ငြင်း​ခုံ​မှု​များ ပြု​၍​လမ်း​လွဲ​သွား​ကြ​ပြီ။-
7 Na nagsisipagnasang maging mga guro ng kautusan, bagaman di nila natatalastas kahit ang kanilang sinasabi, kahit ang kanilang buong tiwalang pinatutunayan.
ထို​သူ​တို့​သည်​မိ​မိ​တို့​ပြော​ဆို​သော​စ​ကား များ​ကို​သော်​လည်း​ကောင်း၊ မိ​မိ​တို့​ပိုင်​နိုင်​စွာ ပြော​ဆို​သည့်​အ​ကြောင်း​အ​ရာ​များ​ကို​သော် လည်း​ကောင်း​နား​မ​လည်​ကြ။ သို့​နှင့်​လည်း​သူ တို့​သည်​ဘု​ရား​သ​ခင်​၏​ပ​ညတ်​ဆိုင်​ရာ နည်း​ပြ​ဆ​ရာ​များ​လုပ်​လို​သေး​၏။
8 Datapuwa't nalalaman natin na ang kautusan ay mabuti, kung ginagamit ng tao sa matuwid,
ပ​ညတ်​တ​ရား​ကို​အ​သုံး​ပြု​သင့်​သည်​အ​တိုင်း အ​သုံး​ပြု​လျှင် ပ​ညတ်​တ​ရား​သည်​ကောင်း​မြတ် ကြောင်း​ကို​ငါ​တို့​သိ​ကြ​၏။-
9 Yamang nalalaman ito, na ang kautusan ay hindi ginawa dahil sa taong matuwid, kundi sa mga walang kautusan at manggugulo, dahil sa masasama at mga makasalanan, dahil sa mga di banal at mapaglapastangan, dahil sa nagsisipatay sa ama at sa nagsisipatay sa ina, dahil sa mga mamamatay-tao,
သို့​ရာ​တွင်​တ​ရား​ဥ​ပ​ဒေ​များ​ကို​လူ​ကောင်း တို့​အ​တွက်​မ​ဟုတ်။ တ​ရား​လက်​လွတ်​စည်း​မဲ့ ကမ်း​မဲ့​ကျင့်​ကြံ​သူ​များ၊ ပြစ်​မှု​ကူး​လွန်​သူ များ၊ ဘု​ရား​ကို​မ​ကြည်​ညို​သူ​များ၊ အ​ပြစ် ကူး​သူ​များ၊ ဘာ​သာ​တ​ရား​ကိုင်း​ရှိုင်း​မှု မ​ရှိ​သူ​များ၊ အ​ဖ​ကို​သတ်​သူ​များ​နှင့် အ​မိ​ကို​သတ်​သူ​များ၊ သူ​သတ်​သ​မား​များ၊-
10 Dahil sa mga nakikiapid, dahil sa mga mapakiapid sa kapuwa lalake, dahil sa mga nagnanakaw ng tao, dahil sa mga bulaan, dahil sa mga mapagsumpa ng kabulaanan, at kung mayroon pang ibang bagay laban sa mabuting aral;
၁၀အ​ကျင့်​စာ​ရိတ္တ​ပျက်​ပြား​သူ​များ၊ လိင်​တူ ချင်း​ကာ​မ​ဆက်​ဆံ​တတ်​သူ​များ၊ ပြန်​ပေး ဆွဲ​သူ​များ၊ လိမ်​လည်​ပြော​ဆို​တတ်​သူ​များ၊ မ​မှန်​သော​သက်​သေ​ကို​ခံ​တတ်​သူ​များ​နှင့် မှန်​ကန်​သော​အ​ယူ​ဝါ​ဒ​နှင့် ဆန့်​ကျင်​၍​ပြု လုပ်​တတ်​သူ​များ​အ​တွက်​သာ​လျှင် ပြ​ဋ္ဌာန်း ထား​ခြင်း​ဖြစ်​ကြောင်း​ငါ​တို့​သိ​မှတ်​ရ​ကြ ပေ​မည်။-
11 Ayon sa evangelio ng kaluwalhatian ng mapagpalang Dios, na ipinagkatiwala sa akin.
၁၁ဤ​သွန်​သင်​ချက်​သည်​ဘုန်း​အ​သ​ရေ​နှင့်​ပြည့် ဝ​၍ မင်္ဂ​လာ​ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ထံ တော်​မှ​လာ​သည့်​သ​တင်း​ကောင်း​အ​တိုင်း​ဖြစ် ပေ​သည်။ ထို​သ​တင်း​ကောင်း​ကို​ကြေ​ညာ​ရန် ငါ့​အား​ပေး​အပ်​တော်​မူ​၏။
12 Nagpapasalamat ako sa kaniya na nagpapalakas sa akin, kay Cristo Jesus na Panginoon natin, sapagka't ako'y inari niyang tapat, na ako'y inilagay sa paglilingkod sa kaniya;
၁၂ငါ​သည်​ဤ​အ​မှု​တော်​ကို​ဆောင်​ရွက်​နိုင်​ရန် ငါ့​အား​ခွန်​အား​ကို​ပေး​တော်​မူ​သော ငါ​တို့ အ​ရှင်​ခ​ရစ်​တော်​ယေ​ရှု​၏​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​၏။ ငါ​သည်​ယ​ခင်​က​ကိုယ်​တော်​အား ပုတ်​ခတ်​ပြော​ဆို​ခဲ့​သူ၊ ညှဉ်း​ပန်း​နှိပ်​စက်​ခဲ့​သူ၊ စော်​ကား​ခဲ့​သူ​ဖြစ်​သော်​လည်း​ကိုယ်​တော်​သည် ငါ့​အား​ထိုက်​တန်​သူ​ဟု​မှတ်​ယူ​တော်​မူ​လျက် ဤ​အ​လုပ်​တာ​ဝန်​ကို​အပ်​နှင်း​တော်​မူ​သော ကြောင့်​ကိုယ်​တော်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၏။ ထို​စဉ်​အ​ခါ​က​ငါ​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​သူ​မ​ဟုတ်​သ​ဖြင့် မ​သိ​နား​မ​လည် သည့်​အ​တွက် ယင်း​သို့​ပြု​ကျင့်​မိ​ခဲ့​ခြင်း​ဖြစ်​၏။ ထို့​ကြောင့်​ကိုယ်​တော်​သည်​ငါ့​အား​က​ရု​ဏာ ထား​တော်​မူ​ပေ​သည်။-
13 Bagaman nang una ako'y naging mamumusong, at manguusig; at mangaalipusta: gayon ma'y kinahabagan ako, sapagka't yao'y ginawa ko sa di pagkaalam sa kawalan ng pananampalataya;
၁၃
14 At totoong sumagana ang biyaya ng ating Panginoon na nasa pananampalataya at pagibig na pawang kay Cristo Jesus.
၁၄ငါ​တို့​သ​ခင်​ဘု​ရား​သည်​မိ​မိ​၏​ကြွယ်​ဝ​သော ကျေး​ဇူး​တော်​ကို​ငါ့​အ​ပေါ်​သို့​သွန်း​လောင်း တော်​မူ​၍ ခ​ရစ်​တော်​ယေ​ရှု​နှင့်​တစ်​လုံး​တစ်​ဝ တည်း​ဖြစ်​ခြင်း​အား​ဖြင့်​ငါ​တို့​ရ​ရှိ​သည့် ယုံ​ကြည်​ခြင်း​နှင့်​ချစ်​ခြင်း​ကို​ငါ့​အား ပေး​တော်​မူ​၏။-
15 Tapat ang pasabi, at nararapat tanggapin ng lahat, na si Cristo Jesus ay naparito sa sanglibutan upang iligtas ang mga makasalanan; na ako ang pangulo sa mga ito;
၁၅ဤ​လော​က​သို့​ခ​ရစ်​တော်​ယေ​ရှု​ကြွ​လာ​တော် မူ​သည်​မှာ​အ​ပြစ်​ကူး​သူ​တို့​အား ကယ်​တင်​ရန် ဖြစ်​၏​ဟူ​သော​စကား​သည်​သစ္စာ​စ​ကား​ဖြစ်​၍ ခြွင်း​ချက်​မ​ရှိ​လက်​ခံ​ယုံ​ကြည်​ရ​ပေ​မည်။ ငါ သည်​အ​ပြစ်​ကူး​သူ​တို့​တွင်​အ​ဆိုး​ဆုံး​ဖြစ်​၏။-
16 Gayon ma'y dahil dito, kinahabagan ako, upang sa akin na pangulong makasalanan, ay maipahayag ni Jesucristo ang buong pagpapahinuhod niya, na halimbawa sa mga magsisisampalataya sa kaniya, sa ikabubuhay na walang hanggan. (aiōnios g166)
၁၆သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​ငါ့​ကို​က​ရု​ဏာ ထား​တော်​မူ​၏။ ယင်း​သို့​ထား​တော်​မူ​ခြင်း​မှာ နောင်​အ​ခါ​၌​ခ​ရစ်​တော်​ကို​ယုံ​ကြည်​ကာ ထာ​ဝ​ရ​အ​သက်​ရ​ရှိ​ကြ​မည့်​သူ​တို့ အ​တွက်​ပုံ​စံ​ဖြစ်​စေ​ရန် ခ​ရစ်​တော်​ယေ​ရှု သည်​ခပ်​သိမ်း​သော​ခန္တီ​တော်​ကို​အ​ပြစ်​ကူး သူ​တို့​တွင် အ​ဆိုး​ဆုံး​ဖြစ်​သူ​ငါ့​အား ပြ​တော်​မူ​သော​ကြောင့်​ပင်​ဖြစ်​သ​တည်း။- (aiōnios g166)
17 Ngayon sa Haring walang hanggan, walang kamatayan, di nakikita, sa iisang Dios, ay ang kapurihan at kaluwalhatian magpakailan kailan man. Siya nawa. (aiōn g165)
၁၇ထာ​ဝ​ရ​ဘု​ရင်​ဖြစ်​တော်​မူ​သော၊ သင်္ခါ​ရ သ​ဘော​တ​ရား​နှင့်​ကင်း​တော်​မူ​သော၊ လူ တို့​မျက်​စိ​ဖြင့်​မ​မြင်​နိုင်​သော၊ တစ်​ဆူ​တည်း ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည်​ကမ္ဘာ အ​ဆက်​ဆက်​ဂုဏ်​အ​သ​ရေ​နှင့်​ဘုန်း​အာ​နု ဘော်​တော်​ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ (aiōn g165)
18 Ang biling ito ay ipinagtatagubilin ko sa iyo, Timoteo na aking anak, ayon sa mga hula na nangauna tungkol sa iyo, upang sa pamamagitan ng mga ito ay makipagbaka ka ng mabuting pakikipagbaka;
၁၈ငါ့​သား​တိ​မော​သေ၊ အ​ခါ​တစ်​ပါး​က​သင့်​ကို ရည်​စူး​၍​ပ​ရော​ဖက်​တို့​ဟော​ကြား​ကြ​သည့် အ​တိုင်း ငါ​သည်​ဤ​အ​လုပ်​တာ​ဝန်​ကို​သင့်​အား ပေး​အပ်​၏။ ကောင်း​စွာ​တိုက်​ခိုက်​ရန်​ထို​ပ​ရော​ဖက် တို့​ဟော​ကြား​ခဲ့​သည့်​စ​ကား​များ​ကို​လက်​နက် သ​ဖွယ်​အ​သုံး​ပြု​လော့။-
19 Na ingatan mo ang pananampalataya at ang mabuting budhi; na nang ito'y itakuwil ng iba sa kanila ay nangabagbag tungkol sa pananampalataya:
၁၉သင်​၌​ယုံ​ကြည်​ခြင်း​နှင့်​ကြည်​လင်​သော​သြတ္တပ္ပ စိတ်​ရှိ​စေ​လော့။ အ​ချို့​သော​သူ​တို့​သည်​သြတ္တပ္ပ စိတ်​၏​နှိုး​ဆော်​မှု​ကို​နား​မ​ထောင်​သ​ဖြင့် မိ​မိ တို့​၏​ယုံ​ကြည်​ခြင်း​ကို​ပျက်​ပြယ်​စေ​ကြ​၏။-
20 Na sa mga ito'y si Himeneo at si Alejandro; na sila'y aking ibinigay kay Satanas, upang sila'y maturuang huwag mamusong.
၂၀ထို​သူ​တို့​အ​ထဲ​တွင်​ဟု​မေ​နဲ​နှင့်​အာ​လေ ဇန္ဒြု​တို့​လည်း​ပါ​ကြ​၏။ သူ​တို့​သည်​ဘု​ရား သ​ခင်​အား​ပြစ်​မှား​ပြော​ဆို​မှု​ကို​မ​ပြု​ရန် သင်​ခန်း​စာ​ရ​စေ​အံ့​ငှာ ငါ​သည်​သူ​တို့​ကို စာ​တန်​၏​လက်​သို့​ပေး​အပ်​လိုက်​လေ​ပြီ။

< 1 Timoteo 1 >