< 2 Samuelsboken 9 >
1 Och David sade: "Finnes ännu någon kvar av Sauls hus, mot vilken jag kan bevisa barmhärtighet för Jonatans skull?"
၁တဖန် ဒါဝိဒ် က၊ ငါသည် ယောနသန် အတွက် ကျေးဇူး ပြု စရာ အခွင့်ရှိစေခြင်းငှါ ၊ ရှောလု အဆွေအမျိုး တစုံတယောက် ကျန်ကြွင်း သေး သလော ဟုမေး သော်၊
2 Nu hade Sauls hus haft en tjänare vid namn Siba; honom hämtade man till David. Då sade konungen till honom: "Är du Siba?" Han svarade: "Ja, din tjänare."
၂ဇိဘ အမည် ရှိသော ရှောလု ၏အဆွေအမျိုး နှင့်ဆိုင်သော ကျွန် တယောက်ကို အထံ တော်သို့သွင်း၍ ရှင် ဘုရင်က၊ သင် သည် ဇိဘ မှန်သလောဟုမေး လျှင် ၊ ကိုယ်တော် ကျွန် မှန်ပါသည်ဟု ပြန်လျှောက် လေ၏။
3 Konungen frågade: "Finnes ingen kvar av Sauls hus, mot vilken jag kan bevisa barmhärtighet, såsom Gud är barmhärtig?" Siba svarade konungen: "Ännu finnes kvar en son till Jonatan, en som är ofärdig i fötterna."
၃ရှင် ဘုရင်ကလည်း ၊ ဘုရား သခင့်အလိုတော်အတိုင်း ငါကျေးဇူး ပြု စရာ အခွင့်ရှိစေခြင်းငှါ ၊ ရှောလု အဆွေအမျိုး တစုံတယောက် မျှမ ရှိသလော ဟု မေး လျှင် ဇိဘ က၊ ယောနသန် ၌ ခြေဆွံ့ သောသား တယောက်ရှိပါသေး ၏ဟု လျှောက် သော်၊
4 Konungen frågade honom "Var är han?" Siba svarade konungen: "Han är nu i Makirs, Ammiels sons, hus i Lo-Debar."
၄ရှင် ဘုရင်က၊ သူ သည်အဘယ်မှာ ရှိသနည်းဟုမေး ပြန်လျှင် ၊ ဇိဘ က၊ လောဒေဗာ ရွာ၊ အမျေလ သား မာခိရ အိမ် ၌ ရှိ ပါသည်ဟု လျှောက် ၏။
5 Då sände konung David och lät hämta honom från Makirs, Ammiels sons, hus i Lo-Debar.
၅ထိုအခါ ဒါဝိဒ် သည် စေလွှတ် ၍ ရှောလု ၏သား ဖြစ်သော ယောနသန် ၏သား မေဖိဗောရှက် ကို၊ လောဒေဗာ ရွာ၊ အမျေလ သား မာခိရ အိမ် မှ ခေါ် ခဲ့၍၊
6 När så Mefiboset, Sauls son Jonatans son, kom in till David, föll han ned på sitt ansikte och bugade sig. Då sade David: "Mefiboset!" Han svarade: "Ja, din tjänare hör."
၆သူသည်အထံ တော်သို့ ရောက် သောအခါ ပြပ်ဝပ် လျက် ရှိခိုး လေ၏။ ဒါဝိဒ် ကလည်း ၊ မေဖိဗောရှက် ဟုခေါ် လျှင် ၊ ကိုယ်တော် ကျွန် ရှိ ပါသည်ဟုလျှောက် လေ၏။
7 David sade till honom: "Frukta icke, ty jag vill bevisa barmhärtighet mot dig för din fader Jonatans skull, och jag vill giva dig allt din faders Sauls jordagods tillbaka, och du skall äta vid mitt bord beständigt."
၇ဒါဝိဒ် ကလည်း မ စိုးရိမ် နှင့်။ သင် ၏အဘ ယောနသန် အတွက် ငါသည်သင် ၌ ဆက်ဆက်ကျေးဇူး ပြု မည်။ သင့် အဘို့ ရှောလု ပိုင်သမျှ သောမြေ ကို ငါပြန် ပေးမည်။ သင် သည် နေ့တိုင်း အစဉ်ငါ့ စားပွဲ ၌ စား ရမည်ဟုဆို သော်၊
8 Då bugade han sig och sade: "Vad är jag, din tjänare, eftersom du vänder dig till en sådan död hund som jag är?"
၈မေဖိဗောရှက်က၊ ကျွန်တော် ကဲ့သို့ ဖြစ်ရသော ခွေး သေ ကောင်ကို ကိုယ်တော်ကြည့်ရှု ရမည်အကြောင်း ၊ ကိုယ်တော် ကျွန် သည် အဘယ်သို့ သောသူဖြစ်ပါသနည်း ဟု ဦးချ ၍ ပြန်လျှောက် ၏။
9 Därefter tillkallade konungen Siba, Sauls tjänare, och sade till honom; "Allt som Saul och hela hans hus har ägt giver jag åt din herres son.
၉ထိုအခါ ရှင် ဘုရင်သည် ရှောလု ၏ကျွန် ဇိဘ ကို ခေါ် ၍ ၊ ရှောလု နှင့် သူ ၏အဆွေအမျိုး များ ပိုင်ထိုက်သမျှ တို့ ကို သင့် သခင် ၏သား အား ငါပေး ပြီ။
10 Och du med dina söner och dina tjänare skall bruka jorden åt honom och inbärga skörden, för att din herres son må hava bröd att äta, dock skall Mefiboset, din herres son, beständigt äta vid mitt bord." Siba hade nämligen femton söner och tjugu tjänare.
၁၀သင် သည်သင် ၏သား ကျွန် တို့နှင့်တကွ လယ် လုပ် ၍ သင့် သခင် ၏သား စားစရာ ဘို့ အသီးအနှံကို သွင်း ရမည်။ သို့ရာတွင် သင့် သခင် ၏သား မေဖိဗောရှက် သည် နေ့တိုင်း အစဉ် ငါ့ စားပွဲ ၌ အစာ စား ရမည်ဟု မိန့် တော်မူ၏။ ဇိဘ ၌ သား တဆယ် ငါး ယောက်နှင့် ကျွန် နှစ် ဆယ်ရှိ၏။
11 Då sade Siba till konungen: "Din tjänare skall i alla stycken göra såsom min herre konungen bjuder sin tjänare." "Ja", svarade han, "Mefiboset skall äta vid mitt bord, såsom vore han en av konungens söner."
၁၁ဇိဘ ကလည်း ၊ ကျွန်တော် သခင် အရှင် မင်းကြီးသည် ကိုယ်တော် ကျွန် ကို မှာ ထားတော်မူသမျှ အတိုင်း ၊ ကိုယ်တော် ကျွန် ပြု ပါမည်ဟု နားတော်လျှောက် ၏။ ထိုနောက် ၊ မေဖိဗောရှက် သည် ရှင်ဘုရင် ၏သားရင်း ကဲ့သို့ စားပွဲ တော်၌ အစာစား ရ၏။
12 Mefiboset hade en liten son, som hette Mika. Och alla som bodde i Sibas hus blevo Mefibosets tjänare.
၁၂မေဖိဗောရှက် ၌ မိက္ခါ အမည် ရှိသောသား ငယ် တယောက်ရှိ၏။ ဇိဘ အိမ် ၌ နေ သောသူအပေါင်း တို့သည်လည်း မေဖိဗောရှက် ၏ ကျွန် ဖြစ်ကြ၏။
13 Själv bodde Mefiboset i Jerusalem, eftersom han beständigt skulle äta vid konungens bord. Och han var halt på båda fötterna.
၁၃ထိုသို့ မေဖိဗောရှက် သည် ယေရုရှလင် မြို့၌ နေ ၍ ရှင်ဘုရင် ၏စားပွဲ တော်၌ နေ့တိုင်း အစဉ်စား ရ၏။ ခြေ နှစ် ဘက်ဆွံ့ သောသူဖြစ်၏။