< 2 Krönikeboken 31 >

1 När nu allt detta var till ända, drogo alla israeliter som hade varit där tillstädes ut till Juda städer och slogo sönder stoderna, höggo ned Aserorna och bröto ned offerhöjderna och altarna i hela Juda och Benjamin och i Efraim och Manasse, till dess att de hade gjort ände på dem; sedan vände alla Israels barn tillbaka till sina städer, var och en till sin egendom.
ပွဲ​တော်​ပြီး​ဆုံး​သွား​သော​အ​ခါ၊ ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည်​ယု​ဒ​မြို့​ရှိ​သ​မျှ သို့​သွား​လျက် ကျောက်​တိုင်​များ​ကို​ဖြို​ဖျက်​၍ အာ​ရှ​ရ​ဘု​ရား​မ​၏​တံ​ခွန်​တိုင်​များ​ကို​ခုတ် လှဲ​ကြ​၏။ ယဇ်​ပလ္လင်​များ​နှင့်​ရုပ်​တု​ကိုး​ကွယ် ရာ​ဌာ​န​များ​ကို​လည်း​ဖြို​ဖျက်​ကြ​၏။ သူ​တို့ သည်​ယု​ဒ​နယ်​မြေ၊ ဗင်္ယာ​မိန်​နယ်​မြေ​နှင့်​မ​နာ​ရှေ နယ်​မြေ​တို့​တွင်​လည်း​ဤ​နည်း​အ​တိုင်း​ပြု​လုပ် ကြ​ပြီး​လျှင်​မိ​မိ​တို့​နေ​ရပ်​အ​သီး​သီး​သို့ ပြန်​သွား​ကြ​၏။
2 Och Hiskia förordnade om prästernas och leviternas avdelningar, alltefter som de tillhörde den ena eller den andra avdelningen, så att var och en av såväl prästerna som leviterna fick sitt bestämda göromål, när brännoffer och tackoffer skulle offras, till att därvid göra tjänst och tacka och lovsjunga i portarna till HERRENS läger.
ဟေ​ဇ​ကိ​မင်း​သည်​ယဇ်​ပု​ရော​ဟိတ်​နှင့်​လေ​ဝိ အနွယ်​ဝင်​အ​ဖွဲ့​ကို​ပြန်​လည်​ဖွဲ့​စည်း​တော်​မူ​၍ သူ​တို့​အ​သီး​သီး​အ​တွက်​တိ​ကျ​သော​တာ​ဝန် ဝတ္တ​ရား​များ​ကို​သတ်​မှတ်​ပေး​တော်​မူ​၏။ ထို တာ​ဝန်​ဝတ္တ​ရား​များ​တွင်​မီး​ရှို့​ရာ​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​များ​ကို​ပူ​ဇော်​ခြင်း၊ ဗိ​မာန်​တော်​၌​ဝတ်​ပြု​ကိုး​ကွယ်​ရာ​တွင် ပါ​ဝင်​ဆောင်​ရွက်​ခြင်း၊ ဗိ​မာန်​တော်​ဌာ​န အ​သီး​သီး​တွင်​ဂုဏ်​တော်​နှင့်​ကျေး​ဇူး တော်​ချီး​မွမ်း​ခြင်း​တို့​ပါ​ဝင်​လေ​သည်။-
3 Och konungen anslog en del av sin egendom till brännoffren, nämligen till att offra brännoffer morgon och afton, och till att offra brännoffer på sabbaterna, vid nymånaderna och vid högtiderna, såsom det var föreskrivet i HERRENS lag.
မင်း​ကြီး​သည်​ထာ​ဝရ​ဘု​ရား​၏​ပ​ညတ်​ကျမ်း အ​ရ နေ့​စဉ်​နံ​နက်​တိုင်း၊ ည​နေ​တိုင်း၊ ဥ​ပုသ်​နေ့ လ​ဆန်း​ပွဲ​တော်​နေ့​နှင့်​အ​ခြား​ပွဲ​တော်​များ​၌ မီး​ရှို့​ပူ​ဇော်​ရန် လို​အပ်​သော​သိုး​နွား​များ​ကို မိ​မိ​ပိုင်​သိုး​အုပ်​နွား​အုပ်​များ​မှ​ပေး​လှူ​တော် မူ​၏။
4 Och han befallde folket som bodde i Jerusalem att giva prästerna och leviterna deras del, för att de skulle kunna hålla fast vid HERRENS lag.
ထို​အ​ပြင်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​သည် ထာ​ဝရ​ဘု​ရား​၏​ပ​ညတ် ကျမ်း​ပြ​ဋ္ဌာန်း​ချက်​များ​ကို​အ​ချိန်​ပြည့် တာ​ဝန်​ယူ​ဆောင်​ရွက်​နိုင်​ကြ​စေ​ခြင်း​ငှာ သူ တို့​ခံ​ယူ​ထိုက်​သော​လှူ​ဖွယ်​ပစ္စည်း​များ​ကို ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​ယူ​ဆောင် လာ​ကြ​ရန်​အ​မိန့်​ပေး​တော်​မူ​၏။-
5 Och när denna befallning blev känd, gåvo Israels barn rikligen en förstling av säd, vin, olja och honung och av all markens avkastning; och tionde av allt förde de fram i myckenhet.
အ​မိန့်​တော်​ကို​ကြား​လျှင်​ကြား​ချင်း​ဣသ​ရေ​လ ပြည်​သူ​တို့​သည်​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ ပျား​ရည်​နှင့်​အ​ခြား​လယ်​ယာ​ထွက်​သီး​နှံ လက်​ဦး​လက်​ဖျား​များ ကို​လည်း​ကောင်း၊ ရှိ​သ​မျှ​သော​ဥစ္စာ​များ​၏ ဆယ်​ပုံ​တစ်​ပုံ​ကို​လည်း​ကောင်း​ယူ​ဆောင်​လာ ကြ​လေ​သည်။-
6 Och de av Israels och Juda barn, som bodde i Juda städer, förde ock fram tionde av fäkreatur och små boskap, så ock tionde av de heliga gåvor som helgades åt HERRENS, deras Gud, och lade upp dem i särskilda högar.
ယုဒ​မြို့​များ​တွင်​နေ​ထိုင်​သူ​အ​ပေါင်း​တို့​သည် လည်း မိ​မိ​တို့​၏​သိုး​နွား​ဆယ်​ပုံ​တစ်​ပုံ​နှင့် လှူ​ဖွယ်​ပစ္စည်း​အ​မြောက်​အ​မြား​ကို​ယူ​ဆောင် လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ် လှူ​ဒါန်း​ကြ​၏။-
7 I tredje månaden begynte de att lägga upp högarna, och i sjunde månaden hade de slutat därmed.
ထို​လှူ​ဖွယ်​ပစ္စည်း​များ​သည်​တ​တိ​ယ​လ​မှ အ​စ​ပြု​၍ နောက်​လေး​လ​တိုင်​တိုင်​ဆက်​လက် ရောက်​ရှိ​လာ​ကာ​စု​ပုံ​လျက်​နေ​လေ​၏။-
8 När då Hiskia och de överste kommo och sågo högarna, prisade de HERREN och hans folk Israel.
မင်း​ကြီး​နှင့်​မှူး​မတ်​တို့​သည်​စု​ပုံ​လျက်​နေ သော​ပစ္စည်း​များ​ကို​တွေ့​မြင်​ကြ​သော​အ​ခါ ထာ​ဝရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ ကိုယ်​တော်​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ချီး​ကူး​ကြ​ကုန်​၏။-
9 Och Hiskia frågade prästerna och leviterna om högarna.
မင်း​ကြီး​သည်​ထို​လှူ​ဖွယ်​ပစ္စည်း​များ​နှင့် ပတ်​သက်​၍ ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​အား​မိန့်​ကြား​တော်​မူ​သော အခါ၊-
10 Då svarade honom översteprästen Asarja, av Sadoks hus, och sade; "Alltsedan man begynte föra fram offergärden till HERRENS hus, hava vi ätit och blivit mätta och dock fått mycket kvar; ty HERREN har välsignat sitt folk, och vad som är kvar är denna stora rikedom."
၁၀ဇာ​ဒုတ်​၏​သား​မြေး​ယဇ်​ပု​ရော​ဟိတ်​မင်း အာ​ဇ​ရိ​က``ပြည်​သူ​တို့​သည်​ဤ​လှူ​ဖွယ် ပစ္စည်း​များ​ကို​ဗိ​မာန်​တော်​သို့​ယူ​ဆောင်​လာ ချိန်​မှ​အ​စ​ပြု​၍ အ​ကျွန်ုပ်​တို့​စား​သုံး​ရန် အ​လုံ​အ​လောက်​ရ​ရှိ​ကြ​သည့်​အ​ပြင် များ​စွာ​ပင်​ပို​လျှံ​လျက်​နေ​ပါ​၏။ ဤ​မျှ အ​ကျွန်ုပ်​တို့​ရ​ရှိ​ကြ​ခြင်း​မှာ​ထာ​ဝရ ဘု​ရား​သည် မိ​မိ​၏​လူ​မျိုး​တော်​အား ကောင်း​ချီး​ပေး​တော်​မူ​သော​ကြောင့်​ဖြစ် ပါ​၏'' ဟု​လျှောက်​လေ​သည်။
11 Och Hiskia befallde att man skulle inreda förrådskamrar i HERRENS hus, och man inredde sådana.
၁၁မင်း​ကြီး​၏​အ​မိန့်​တော်​အ​ရ​ဗိ​မာန်​တော် အ​နီး​တွင် ပစ္စည်း​သို​လှောင်​ခန်း​များ​ကို​ပြင် ဆင်​ပြီး​လျှင်၊-
12 Och i dem förde man in offergärden och tionden och de heliga gåvorna, allt på heder och tro. Och överuppsyningsman däröver var leviten Konanja, och hans närmaste man var hans broder Simei.
၁၂ထို​လှူ​ဖွယ်​ပစ္စည်း​များ​နှင့်​ဆယ်​ပုံ​တစ်​ပုံ အ​လှူ​များ​ကို​သိမ်း​ဆည်း​ထား​ကြ​၏။ သူ တို့​သည်​ပစ္စည်း​သို​လှောင်​ခန်း​များ​အ​တွက် လေ​ဝိ​အ​နွယ်​ဝင်​ကော​န​နိ​အား​တာ​ဝန်​ခံ အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ သူ​၏​ညီ​ရှိ​မိ​အား လက်​ထောက်​တာ​ဝန်​ခံ​အ​ဖြစ်​ဖြင့်​လည်း ကောင်း​ခန့်​အပ်​ကြ​လေ​သည်။-
13 Men Jehiel, Asasja, Nahat, Asael, Jerimot, Josabad, Eliel, Jismakja, Mahat och Benaja voro tillsyningsmän under Konanja och hans broder Simei, efter förordnande av konung Hiskia och Asarja, fursten i Guds hus.
၁၃သူ​တို့​၏​လက်​အောက်​တွင်​အ​မှု​ထမ်း​ရန် လေ​ဝိ အ​နွယ်​ဝင်​ဆယ်​ဦး​ဖြစ်​ကြ​သော​ယေ​ဟေ​လ၊ အာ​ဇ​ဇိ၊ နာ​ဟတ်၊ အာ​သ​ဟေ​လ၊ ယေ​ရိ​မုတ်၊ ယော​ဇ​ဗတ်၊ ဧ​လျေ​လ၊ ဣ​သ​မ​ခိ၊ မာ​ဟတ် နှင့်​ဗေ​နာ​ယ​တို့​ကို​လည်း​ခန့်​ထား​ကြ​၏။ ဤ​ရာ​ထူး​များ​ကို​ဟေ​ဇ​ကိ​မင်း​နှင့်​ယဇ် ပု​ရော​ဟိတ်​မင်း​အာ​ဇ​ရိ​တို့​၏​အ​မိန့်​အ​ရ ခန့်​ထား​ခြင်း​ဖြစ်​သ​တည်း။-
14 Och leviten Kore, Jimnas son, som var dörrvaktare på östra sidan, hade uppsikten över de frivilliga gåvorna åt Gud och skulle fördela HERRENS offergärd och det högheliga av offren.
၁၄လေ​ဝိ​အ​နွယ်​ဝင်​ဣမ​န​၏​သား၊ ဗိ​မာန်​တော် အ​ရှေ့​တံ​ခါး​မှူး​ကော​ရ​သည်​ထာ​ဝ​ရ​ဘု​ရား အား ပေး​လှူ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​လက် ခံ​ရန်​နှင့်​ဝေ​မျှ​ရန်​တာ​ဝန်​ယူ​ဆောင်​ရွက်​ရ​၏။-
15 Och under honom sattes Eden, Minjamin, Jesua, Semaja, Amarja och Sekanja till förtroendemän i präststäderna för att ombesörja utdelningen åt sina bröder, efter deras avdelningar, åt den minste såväl som åt den störste.
၁၅ယဇ်​ပု​ရော​ဟိတ်​များ​နေ​ထိုင်​ရာ​အ​ခြား​မြို့ များ​၌ အ​ခြား​လေ​ဝိ​အ​နွယ်​ဝင်​များ​ဖြစ် ကြ​သော​ဧ​ဒင်၊ ဗင်္ယာ​မိန်၊ ယော​ရှု၊ ရှေ​မာ​ယ၊ အာ​မ​ရိ​နှင့်​ရှေ​က​နိ​တို့​က​ကော​ရ​အား သစ္စာ​ရှိ​စွာ​ကူ​ညီ​ဆောင်​ရွက်​ပေး​ကြ​လေ​သည်။ သူ​တို့​သည်​မိ​မိ​တို့​၏​ညီ​အစ်​ကို​လေ​ဝိ အ​နွယ်​ဝင်​တို့​အား သား​ချင်း​စု​အ​လိုက် မ​ဟုတ်​ဘဲ​သူ​တို့​ထမ်း​ဆောင်​ရ​သည့်​တာ​ဝန် ဝတ္တ​ရား​များ​အ​လိုက် ထို​လှူ​ဖွယ်​ပစ္စည်း​များ ကို​ခွဲ​ဝေ​ပေး​ကြ​ရ​၏။ မိ​မိ​တို့​ရာ​ထူး အ​လိုက်​ဗိ​မာန်​တော်​တွင်​နေ့​စဉ် တာ​ဝန် ထမ်း​ဆောင်​ရ​သူ​အ​သက်​သုံး​ဆယ်​နှင့် အ​ထက်​ရှိ​သူ​အ​ပေါင်း​တို့​သည်​ဝေ​စု တစ်​စု​စီ​ရ​ရှိ​ကြ​လေ​သည်။-
16 Härifrån voro undantagna alla sådana i sina släktregister upptecknade personer av mankön, från tre års ålder och därutöver, som skulle infinna sig i HERRENS hus, där var dag de för den dagen bestämda sysslorna skulle utföras genom dem som hade tjänstgöringen, med de särskilda åligganden de hade efter sina avdelningar.
၁၆
17 Och vad angick prästernas släktregister, så var det uppgjort efter deras familjer; och av leviterna voro de upptagna, som voro tjugu år gamla eller därutöver, efter sina särskilda åligganden, alltefter sina avdelningar.
၁၇ယဇ်​ပု​ရော​ဟိတ်​များ​သည်​မိ​မိ​တို့​သား ချင်း​စု​အ​လိုက် တာ​ဝန်​ဝတ္တ​ရား​များ​ကို ထမ်း​ဆောင်​ရ​ကြ​၍​အ​သက်​နှစ်​ဆယ်​နှင့် အ​ထက်​ရှိ​လေဝိ​အနွယ်​ဝင်​များ​မှာ​မူ လုပ်​ငန်း အ​ဖွဲ့​များ​အ​လိုက်​တာ​ဝန်​ထမ်း​ဆောင်​ကြ ရ​၏။-
18 Och i släktregistret skulle de vara upptecknade jämte alla sina späda barn, hustrur, söner och döttrar, så många de voro. Ty på heder och tro skulle de förvalta det heliga såsom heligt.
၁၈ထို​သူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့​အ​တွက် သီး​သန့်​ထား​သော​တာ​ဝန်​ဝတ္တ​ရား​များ​ကို အ​ချိန်​မ​ရွေး​ထမ်း​ဆောင်​ရန်​အ​သင့်​ရှိ​အပ် သည်​ဖြစ်​၍ သား​မ​ယား​များ​နှင့်​တ​ကွ အ​ခြား​မှီ​ခို​သူ​များ​နှင့်​အ​တူ​မှတ်​ပုံ တင်​ထား​ရ​ကြ​လေ​သည်။-
19 Och för dem av Arons söner, prästerna, som bodde på sina städers utmarker, voro i var särskild stad namngivna män tillsatta, som åt allt mankön bland prästerna och åt alla de leviter som voro upptecknade i släktregistret skulle utdela vad dem tillkom.
၁၉အာ​ရုန်​မှ​ဆင်း​သက်​လာ​သူ​တို့​အား​နေ​ရာ ချ​ထား​သည့်​မြို့​များ​၌​ဖြစ်​စေ၊ ထို​မြို့​တို့ နှင့်​သက်​ဆိုင်​သည့်​စား​ကျက်​များ​၌​ဖြစ်​စေ နေ​ထိုင်​သူ​ယဇ်​ပု​ရော​ဟိတ်​များ​တွင်​ရိက္ခာ ခွဲ​ဝေ​မှု​တာ​ဝန်​ခံ​များ​ရှိ​၏။ သူ​တို့​သည်​ယဇ် ပု​ရော​ဟိတ်​များ​၏​အိမ်​ထောင်​စု​ဝင်​ယောကျာ်း မှန်​သ​မျှ​နှင့် လေ​ဝိ​သား​ချင်း​စု​စာ​ရင်း ဝင်​သူ​မှန်​သ​မျှ​တို့​အား​စား​နပ်​ရိက္ခာ များ​ကို​ခွဲ​ဝေ​ပေး​ကြ​၏။
20 Så förfor Hiskia i hela Juda, och han gjorde inför HERREN, sin Gud, vad gott och rätt och sant var.
၂၀ဟေ​ဇ​ကိ​မင်း​သည်​ယု​ဒ​ပြည်​တစ်​လျှောက် လုံး​တွင်​ဖြောင့်​မှန်​သော၊ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​နှစ်​သက်​တော်​မူ သော​အ​မှု​တို့​ကို​ပြု​တော်​မူ​၏။-
21 Och allt som han företog sig, när han nu sökte sin Gud, allt, vare sig det angick tjänstgöringen i Guds hus eller det angick lagen och budorden, det gjorde han av allt sitt hjärta, och det lyckades honom väl.
၂၁သူ​သည်​ဗိ​မာန်​တော်​အ​တွက်​ပြု​လေ​သ​မျှ သော​အ​မှု​တို့​တွင်​လည်း​ကောင်း၊ ပ​ညတ်​တော် ကို​စောင့်​ထိန်း​ရာ​၌​လည်း​ကောင်း၊ မိ​မိ​၏ ဘု​ရား​သ​ခင်​အား​စိတ်​ရော​ကိုယ်​ပါ ဆည်း ကပ်​လျက်​ပြု​တော်​မူ​သည့်​အ​တွက်​အောင် မြင်​ထ​မြောက်​တော်​မူ​၏။

< 2 Krönikeboken 31 >