< Sakaria 7 >

1 Och i konung Darejaves' fjärde regeringsår hände sig att HERRENS ord kom till Sakarja, på fjärde dagen i nionde månaden, det är Kisleu.
ဧ​က​ရာဇ်​ဘု​ရင်​ဒါ​ရိ​နန်း​စံ​စ​တုတ္ထ​နှစ် ခိ​သ​လု​နာ​မည်​တွင်​သော န​ဝ​မ​လ၊ လေး ရက်​နေ့​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား ဗျာ​ဒိတ်​ပေး​တော်​မူ​၏။
2 Ty från Betel hade då Sareser och Regem-Melek med sina män blivit sända för att bönfalla inför HERREN;
ဗေ​သ​လ​မြို့​သား​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ကောင်း​ချီး​မင်္ဂ​လာ​ကို​တောင်း​ခံ​ကြ​ရန် လည်း​ကောင်း``အ​ကျွန်ုပ်​တို့​သည်​ဗိ​မာန်​တော် ပြို​ပျက်​မှု​အ​တွက် နှစ်​ပေါင်း​များ​စွာ​ပြု​လုပ် ခဲ့​ကြ​သည့်​နည်း​တူ အ​စာ​ရှောင်​ခြင်း​အား ဖြင့်​ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​မှတ်​လက္ခ​ဏာ ကို​ပြ​ရ​ကြ​ပါ​မည်​လော'' ဟု​မေး​လျှောက် ကြ​ရန်​လည်း​ကောင်း၊ ရှ​ရေ​ဇာ​နှင့်​ရေ​ဂင်္မေ လက်​နှင့်​သူ​တို့​၏​လူ​တို့​အား အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​၏​ဗိ​မာန်​တော်​မှ ယဇ် ပု​ရော​ဟိတ်​များ၊ ပ​ရော​ဖက်​များ​ထံ​သို့ စေ​လွှတ်​လိုက်​ကြ​၏။
3 de skulle nämligen fråga prästerna i HERREN Sebaots hus och profeterna sålunda: »Skola vi framgent hålla gråtodag och späka oss i femte månaden, såsom vi hava gjort nu i så många år?»
4 Så kom då HERREN Sebaots ord till mig; han sade:
ငါ့​အား​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ဗျာ​ဒိတ်​တော်​ကား​ဤ​သို့​တည်း။-
5 Säg till allt folket i landet och till prästerna: När I nu under sjuttio år haven hållit faste- och klagodagar i femte och i sjunde månaden, har det då varit åt mig som I haven hållit fasta?
ကိုယ်​တော်​က``ပြည်​သူ​များ​နှင့်​ယဇ်​ပု​ရော ဟိတ်​တို့​သည်​နှစ်​ပေါင်း​ခု​နစ်​ဆယ်​ပတ်​လုံး၊ ပဉ္စ​မ​လ​နှင့်​သတ္တ​မ​လ​တို့​တွင်​အ​စာ​ရှောင် ၍​ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​မှတ်​လက္ခ​ဏာ ကို​ပြ​ခဲ့​ကြ​သည်​မှာ​ငါ့​အား​ဂုဏ်​ပြု​ချီး ကူး​ရန်​မ​ဟုတ်။-
6 Och när I äten och dricken, är det icke då för eder egen räkning som I äten och dricken?
စား​ပွဲ​သောက်​ပွဲ​ကျင်း​ပ​ကြ​သည်​မှာ​လည်း မိ​မိ​တို့​အာ​သာ​ချင်​ရဲ​ပြေ​စေ​ရန်​သာ​လျှင် ဖြစ်​ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။
7 Haven I icke förnummit de ord som HERREN lät predika genom forna tiders profeter, medan Jerusalem ännu tronade i god ro med sina städer omkring sig, och medan Sydlandet och Låglandet ännu voro bebodda?
ဤ​ကား​ယေ​ရု​ရှ​လင်​မြို့​ကောင်း​စား​စည်​ပင် လျက်​နေ​ချိန်​၌ ရှေး​ပ​ရော​ဖက်​များ​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ဗျာ​ဒိတ် တော်​ဖြစ်​၏။ ထို​အ​ခါ​မြို့​ပတ်​ဝန်း​ကျင်​ကျေး ရွာ​များ​တွင်​သာ​လျှင်​လူ​အ​မြောက်​အ​မြား နေ​ထိုင်​ကြ​သည်​မ​ဟုတ်။ တောင်​ဘက်​ဒေ​သ နှင့်​အ​နောက်​ဘက်​ရှိ​တောင်​ခြေ​ဒေ​သ​များ တွင်​လည်း​နေ​ထိုင်​ကြ​လေ​သည်။
8 Vidare kom HERRENS ord till Sakarja; han sade:
ထာ​ဝ​ရ​ဘု​ရား​သည်​ဇာ​ခ​ရိ​အား ဤ​သို့ ဗျာ​ဒိတ်​ပေး​တော်​မူ​၏။-
9 Så sade ju HERREN Sebaot: »Dömen rätta domar, och bevisen varandra kärlek och barmhärtighet.
အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ရှေး အ​ခါ​၌​ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား`သင် တို့​သည်​တ​ရား​မျှ​တ​စွာ​ပြု​ကျင့်​ကြ​လျက်၊ တစ်​ဦး​အ​ပေါ်​တစ်​ဦး​သ​နား​က​ရု​ဏာ ထား​ရ​ကြ​မည်။-
10 Förtrycken icke änkan och den faderlöse, främlingen och den fattige, och tänken icke i edra hjärtan ut ont mot varandra.»
၁၀မု​ဆိုး​မ​များ၊ မိ​ဘ​မဲ့​များ၊ တစ်​ကျွန်း​တစ် နိုင်​ငံ​သား​များ​သို့​မ​ဟုတ်​ဆင်း​ရဲ​နွမ်း​ပါး သူ​များ​အား​မ​ညှင်း​ဆဲ​မ​နှိပ်​စက်​ကြ​နှင့်၊ တစ်​ဦး​ကို​တစ်​ဦး​ဘေး​ဒုက္ခ​ရောက်​အောင် မ​ကြံ​စည်​ကြ​နှင့်'' ဟု​မိန့်​မှာ​ခဲ့​၏။
11 Men de ville icke akta därpå, utan spjärnade emot i gensträvighet och tillslöto sina öron för att slippa att höra.
၁၁``သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​သည်​ဂ​ရု မ​စိုက်​ဘဲ​ခေါင်း​မာ​လျက် ငါ့​စ​ကား​ကို​နား မ​ထောင်​ကြ။ သူ​တို့​သည်​နား​ကို​ပိတ်​ထား ကြ​၏။-
12 ja, de gjorde sina hjärtan hårda såsom diamant, för att slippa att höra den lag och de ord som HERREN Sebaot genom sin Ande hade sänt, förmedelst forna tiders profeter. Därför utgick stor vrede från HERREN Sebaot.
၁၂စိတ်​နှ​လုံး​ကို​ကျောက်​ကဲ့​သို့​မာ​ကျော​စေ ကြ​၏။ သူ​တို့​သည်​ရှေး​ပ​ရော​ဖက်​များ​အား ဖြင့်​ငါ​ပေး​အပ်​ခဲ့​သည့်​သွန်​သင်​ချက်​များ ကို​နား​မ​ထောင်​သ​ဖြင့် အ​နန္တ​တန်​ခိုး​ရှင် ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ပြင်း​စွာ​အ​မျက် ထွက်​ခဲ့​သည်။-
13 Och det skedde, att likasom de icke hade velat höra, när han ropade, så sade nu HERREN Sebaot: »Jag vill icke höra, när de ropa;
၁၃ငါ​၏​မိန့်​တော်​မူ​ချက်​ကို​သူ​တို့​သည်​နား မ​ထောင်​သော​ကြောင့် သူ​တို့​၏​ဆု​တောင်း​သံ ကို​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား နား​ညောင်း​တော်​မ​မူ။-
14 utan jag skall förströ dem såsom genom en stormvind bland allahanda hednafolk som de icke känna.» Så har nu landet blivit öde efter dem, så att ingen färdas där, vare sig fram eller tillbaka; ty de hava så gjort det ljuvliga landet till en ödemark.
၁၄မုန်​တိုင်း​သ​ဖွယ်​တိုက်​ခတ်​ကာ​နိုင်​ငံ​ရပ် ခြား​များ​သို့​လွင့်​စင်​သွား​စေ​၏။ ဤ​သာ ယာ​သော​ပြည်​သည်​လည်း​နေ​ထိုင်​သူ​မ ရှိ​ဘဲ​လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လျက်​ကျန် ရစ်​ခဲ့​ပေ​သည်'' ဟု​မိန့်​တော်​မူ​၏။

< Sakaria 7 >