< Johannes 19 >

1 Så tog då Pilatus Jesus och lät gissla honom.
ထိုအခါ ပိလတ် မင်းသည် ယေရှု ကိုယူ ၍ ရိုက် ပြီးမှ၊
2 Och krigsmännen vredo samman en krona av törnen och satte den på hans huvud och klädde på honom en purpurfärgad mantel.
စစ်သူရဲ တို့သည် ဆူးပင် နှင့် ရက် သော ဦးရစ် ကိုခေါင်း တော်၌တင် ၍၊ နီမောင်း သောဝတ်လုံ နှင့် ခြုံ စေ ပြီးလျှင် ၊
3 Sedan trädde de fram till honom och sade: »Hell dig, du judarnas konung!» och slogo honom på kinden.
ယုဒ ရှင်ဘုရင် ၊ ကိုယ်တော်သည် မင်္ဂလာ ရှိစေသတည်းဟုဆို ၍ ရိုက်ပုတ် ကြ၏။
4 Åter gick Pilatus ut och sade till folket: »Se, jag vill föra honom ut till eder, på det att I mån förstå att jag icke finner honom skyldig till något brott.»
ပိလတ် မင်းကလည်း ၊ ဤသူ ၌ အဘယ် အပြစ် ကိုမျှ ငါမတွေ့ ကြောင်း ကို သင်တို့သိ စေခြင်းငှာ ၊ သူ့ ကို သင် တို့ရှိရာသို့ ငါထုတ်ပြ သည်ဟုဆို ၏။
5 Och Jesus kom då ut, klädd i törnekronan och den purpurfärgade manteln. Och han sade till dem: »Se mannen!»
ထိုအခါ ယေရှု သည် ဆူး ပင်ဦးရစ် နှင့် နီမောင်း သောဝတ်လုံ တို့ကိုဝတ် လျက် အပြင် သို့ထွက်ကြွ တော်မူ၏။ ပိလတ်မင်းကလည်း သူ့ ကိုကြည့် ကြလော့ဟုဆို ၏။
6 Då nu översteprästerna och rättstjänarna fingo se honom, skriade de: »Korsfäst! Korsfäst!» Pilatus sade till dem: »Tagen I honom, och korsfästen honom; jag finner honom icke skyldig till något brott.»
ယဇ်ပုရောဟိတ် အကြီးတို့နှင့် လုလင် များတို့က၊ ထိုသူကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားပါ၊ ရိုက် ထားပါ ဟု ဟစ်ကြော် ကြ၏။ ပိလတ် မင်းကလည်း၊ သင် တို့သည် သူ့ ကိုယူ ၍ လက်ဝါးကပ်တိုင် မှာရိုက်ထားကြ။ ငါ သည် သူ ၌ အပြစ် ကို မ တွေ့ ဟုဆို လျှင်၊
7 Judarna svarade honom: »Vi hava själva en lag, och efter den lagen måste han dö, ty han har gjort sig till Guds Son.»
ယုဒ လူတို့က၊ ဤသူသည်ဘုရားသခင် ၏သား တော်ဖြစ်ယောင်ဆောင်သောကြောင့် အကျွန်ုပ် တို့၌ ရှိ သောဓမ္မသတ် အတိုင်း သေ ထိုက် ပါသည်ဟုလျှောက် ကြ၏။
8 När Pilatus hörde dem tala så, blev hans fruktan ännu större.
ထို စကား ကိုကြား လျှင် ပိလတ် မင်းသည်သာ၍ ကြောက် သဖြင့် ၊ အိမ်တော်ဦး ထဲသို့ ဝင် ပြန် ၍ ၊
9 Och han gick åter in i pretoriet och frågade Jesus: »Varifrån är du?» Men Jesus gav honom intet svar.
ယေရှု အား၊ သင် သည် အဘယ် ကဖြစ် သနည်းဟုမေး လျှင်၊ တစ်ခွန်းကိုမျှပြန် တော်မ မူ၊
10 Då sade Pilatus till honom: »Svarar du mig icke? Vet du då icke att jag har makt att giva dig lös och makt att korsfästa dig?»
၁၀ပိလတ် မင်းကလည်း၊ ငါ နှင့်စကား မ ပြောသလော။ ငါ သည် သင့် ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားပိုင် သည်ကို၎င်း ၊ လွှတ် ပိုင်သည်ကို၎င်း၊ သင်မ သိ လောဟုဆို သော်၊
11 Jesus svarade honom: »Du hade alls ingen makt över mig, om den icke vore dig given ovanifrån. Därför har den större synd, som har överlämnat mig åt dig.»
၁၁အထက် အရပ်မှအခွင့် ကို မ ရ လျှင် မင်းကြီး သည် ငါ့ ကို အဘယ်သို့မျှ မပြုပိုင်။ ထိုကြောင့် ငါ့ ကို မင်းကြီး လက်သို့ အပ်နှံ သောသူ သည်သာ၍ကြီး သောအပြစ် ရှိ သည် ဟု မိန့် တော်မူ ၏။
12 Från den stunden sökte Pilatus efter någon utväg att giva honom lös. Men judarna ropade och sade: »Giver du honom lös, så är du icke kejsarens vän. Vemhelst som gör sig till konung, han sätter sig upp mot kejsaren.»
၁၂ထိုအခါ မှစ၍ ပိလတ် မင်းသည် ကိုယ်တော် ကိုလွှတ် ခြင်းငှာရှာကြံ လေ၏။ ယုဒ လူတို့ကလည်း ၊ ထို သူကို လွှတ် လျှင် ကိုယ်တော်သည် ကဲသာ ဘုရင်၏အဆွေ မ ဟုတ် ပါ။ ရှင်ဘုရင် လုပ် သောသူ မည်သည်ကား ၊ ကဲသာ ဘုရင်၏ရန်သူ ဖြစ်ပါသည်ဟု လျှောက် ကြ၏။
13 När Pilatus hörde de orden, lät han föra ut Jesus och satte sig på domarsätet, på en plats som kallades Litostroton, på hebreiska Gabbata.
၁၃ထို စကား ကိုကြား လျှင် ပိလတ် မင်းသည် ယေရှု ကိုပြင် သို့ထုတ် ပြီးမှ၊ ဟေဗြဲ စကားအားဖြင့်ဂဗ္ဗသ အမည်ရှိ၍ ကျောက် ခင်းဟုခေါ်ဝေါ်သောအရပ် ၌ တရားပလ္လင် ပေါ်မှာ ထိုင် လေ၏။
14 Och det var tillredelsedagen före påsken, vid sjätte timmen. Och han sade till judarna: »Se här är eder konung!»
၁၄ထိုနေ့အချိန်ကား၊ ပသခါ အဘိတ်နေ့ တစ် ချက်တီးအချိန် လောက် ရှိ ၏။ ပိလတ်မင်းကလည်းသင် တို့၏ ရှင်ဘုရင် ကို ကြည့် ကြလော့ဟု ယုဒ လူတို့အား ပြောဆို လျှင် ၊
15 Då skriade de: »Bort med honom! Bort med honom! Korsfäst honom!» Pilatus sade till dem: »Skall jag korsfästa eder konung?» Översteprästerna svarade: »Vi hava ingen annan konung än kejsaren.»
၁၅ထို သူ ကိုထုတ် ပါ။ ထုတ် ပါ။ လက်ဝါးကပ်တိုင် မှာ ရိုက်ထားပါဟု လူအများဟစ်ကြော် ကြ၏။ ပိလတ် မင်းကလည်း၊ သင် တို့၏ရှင်ဘုရင် ကို လက်ဝါးကပ်တိုင် မှာရိုက်ထားရမည်လောဟု မေး ပြန်လျှင်၊ ယဇ်ပုရောဟိတ် အကြီးတို့က၊ အကျွန်ုပ်တို့၌ ကဲသာ ဘုရင်မှတစ်ပါး အဘယ် ရှင်ဘုရင် မျှမရှိ ဟု ပြန်ပြော ကြ၏။
16 Då gjorde han dem till viljes och bjöd att han skulle korsfästas. Och de togo Jesus med sig.
၁၆ထိုအခါ ပိလတ်မင်းသည် ယေရှု ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားစေခြင်းငှာ ထိုသူ တို့လက်သို့ အပ် သဖြင့်၊ သူတို့သည် ကိုယ်တော် ကိုယူ၍ထုတ်သွား ကြ၏။
17 Och han bar själv sitt kors och kom så ut till det ställe som kallades Huvudskalleplatsen, på hebreiska Golgata.
၁၇ကိုယ်တော်သည် မိမိ လက်ဝါးကပ်တိုင် ကိုထမ်း လျှက် ဦးခေါင်းခွံ အရပ်ဟူ၍တွင် သောအရပ် သို့ ထွက် တော်မူ၏။ ထို အရပ် ကား၊ ဟေဗြဲ စကားအားဖြင့်ဂေါလဂေါသ အမည် ရှိ၏။
18 Där korsfäste de honom, och med honom två andra, en på vardera sidan, och Jesus i mitten.
၁၈ထိုအရပ် ၌ ကိုယ်တော် ကို အခြား သောသူနှစ် ယောက်နှင့်တကွ လက်ဝါးကပ်တိုင် မှာ ရိုက်ထားကြ၏။ ထိုသူနှစ်ယောက်အလယ် မှာ ယေရှု သည် နေရာကျသတည်း။
19 Men Pilatus lät ock göra en överskrift och sätta upp den på korset; och den lydde så: »Jesus från Nasaret, judarnas konung.»
၁၉ပိလတ် မင်းသည်လည်း ကမ္ဗည်း လိပ်စာကိုရေး ၍ လက်ဝါးကပ်တိုင် တော်၌ တပ် လေ၏။ လိပ်စာချက်ဟူမူကား၊ ယုဒ ရှင်ဘုရင် ၊ နာဇရက် မြို့သားယေရှု ဟု ရေး ထားသတည်း။
20 Den överskriften läste många av judarna, ty det ställe där Jesus var korsfäst låg nära staden: och den var avfattad på hebreiska, på latin och på grekiska.
၂၀ယေရှု ကိုလက်ဝါးကပ်တိုင် မှာ ရိုက်ထားသောအရပ် သည် မြို့ နှင့်နီး သည်ဖြစ်၍ ၊ ထိုလိပ်စာကို ဟေဗြဲ ဘာသာ၊ ဟေလသ ဘာသာ၊ ရောမ ဘာသာအားဖြင့်ရေး ထားသောကြောင့် ယုဒ လူများ တို့သည် ဖတ် ကြ၏။
21 Då sade judarnas överstepräster till Pilatus: »Skriv icke: 'Judarnas konung', utan skriv att han har sagt sig vara judarnas konung.»
၂၁ထိုကြောင့် ယုဒ ယဇ်ပုရောဟိတ် အကြီးတို့သည် ပိလတ် မင်းထံသို့ဝင်၍၊ ယုဒ ရှင်ဘုရင် ဟု မ ရေး ပါနှင့်။ ငါသည်ယုဒ ရှင်ဘုရင် ဖြစ် သည်ဟု သူ ဆို ကြောင်း ကို ရေးတော်မူပါဟုလျှောက် ကြလျှင်၊
22 Pilatus svarade: »Vad jag har skrivit, det har jag skrivit.»
၂၂ပိလတ် မင်းက၊ ငါရေး ပြီးသောအရာ ကို ငါရေး ပြီဟုပြန်ဆို ၏။
23 Då nu krigsmännen hade korsfäst Jesus, togo de hans kläder och delade dem i fyra delar, en del åt var krigsman. Också livklädnaden togo de. Men livklädnaden hade inga sömmar, utan var vävd i ett stycke, uppifrån och alltigenom.
၂၃စစ်သူရဲ တို့သည် ယေရှု ကိုလက်ဝါးကပ်တိုင် ၌ ရိုက်ထားပြီးမှ၊ အဝတ် တော်တို့ကို လေး ပိုင်း ပိုင်း၍ တစ်ယောက်တစ်ပိုင်း စီ ယူကြလေ၏။ အတွင်းအင်္ကျီ တော်ကား၊ မ ချုပ်ဘဲလျက် အထက် စွန်းမှသည်အောက်စွန်းတိုင်အောင် ရက် သောအင်္ကျီ ဖြစ်သောကြောင့် ၊
24 Därför sade de till varandra: »Låt oss icke skära sönder den, utan kasta lott om vilken den skall tillhöra.» Ty skriftens ord skulle fullbordas: »De delade mina kläder mellan sig och kastade lott om min klädnad.» Så gjorde nu krigsmännen.
၂၄ထိုသူတို့က၊ အင်္ကျီ ကိုမ ဆုတ် ကြနှင့်။ အဘယ်သူ ယူ ရမည်ကို စာရေးတံ ချကြကုန်အံ့ဟု အချင်းချင်း ဆို ကြ၏။ ကျမ်းစာ လာသည်ကား ၊ သူတို့သည် အကျွန်ုပ် အဝတ် ကို အချင်းချင်း ဝေဖန် ၍ အကျွန်ုပ် အင်္ကျီ ကိုစာရေးတံ ချကြပါ၏ဟူသော အချက်စကား ကိုပြည့်စုံ စေ၍၊ စစ်သူရဲ တို့သည် ထိုသို့ ပြု ကြ၏။
25 Men vid Jesu kors stodo hans moder och hans moders syster, Maria, Klopas' hustru, och Maria från Magdala.
၂၅ယေရှု ၏ လက်ဝါးကပ်တိုင် တော်နား မှာ မယ်တော် နှင့် မယ်တော် ၏ညီမ ဖြစ်သော ကလောဖ ၏မယား မာရိ နှင့် မာဂဒလ မာရိ တို့သည် ရပ် နေကြ၏။
26 När Jesus nu fick se sin moder och bredvid henne den lärjunge som han älskade, sade han till sin moder: »Moder, se din son.»
၂၆ထိုအခါမယ်တော် နှင့် ချစ် တော်မူသောတပည့် တော်သည် အနားမှာရပ် နေသည်ကို ယေရှု သည် မြင် တော်မူလျှင်၊ မယ်တော် အား၊ အချင်းမိန်းမ ၊ သင် ၏သား ကို ကြည့် ပါ ဟူ၍၎င်း ၊
27 Sedan sade han till lärjungen: »Se din moder.» Och från den stunden tog lärjungen henne hem till sig.
၂၇တပည့် တော်အားလည်း၊ သင် ၏အမိ ကိုကြည့် ပါ ဟူ၍၎င်း မိန့် တော်မူ၏။ ထို အခါ မှစ၍ ထိုတပည့် တော်သည် မယ်တော် ကိုမိမိ အိမ်၌ သိမ်းထား ၏။
28 Eftersom nu Jesus visste att allt annat redan var fullbordat, sade han därefter, då ju skriften skulle i allt uppfyllas: »Jag törstar.»
၂၈ထိုနောက်မှ ကျမ်းစာ ပြည့်စုံ စေခြင်းငှာ အမှုရှိသမျှ ကုန်စင် ပြီး သည်ကို သိ တော်မူလျှင်၊ ရေငတ် သည်ဟု မိန့် တော်မူ၏။
29 Där stod då en kärl som var fullt av ättikvin. Med det vinet fyllde de en svamp, som de satte på en isopsstängel och förde till hans mun.
၂၉ထိုအရပ်၌ပုံးရည် နှင့်ပြည့် သော အိုး တစ်လုံးရှိ သည်ဖြစ်၍၊ ထိုသူတို့သည် ရေမှို တထွေးကိုပုံးရည် နှင့် ပြည့် စေပြီးလျှင်၊ ဟုဿုပ် ပင် အကိုင်းဖျား၌တပ် ၍ ခံတွင်း တော်သို့ကပ် ထားကြ၏။
30 Och när Jesus hade tagit emot vinet, sade han: »Det är fullbordat.» Sedan böjde han ned huvudet och gav upp andan.
၃၀ယေရှု သည် ပုံးရည် ကိုခံ ပြီးမှ၊ အမှုပြီး ပြီဟုမိန့် တော်မူလျက်၊ ခေါင်း တော်ကို ငိုက် ဆိုက်ညွှတ်၍ အသက် တော်ကို စွန့် တော်မူ၏။
31 Men eftersom det var tillredelsedag och judarna icke ville att kropparna skulle bliva kvar på korset över sabbaten (det var nämligen en stor sabbatsdag), bådo de Pilatus att han skulle låta sönderslå de korsfästas ben och taga bort kropparna.
၃၁ထို နေ့သည် အဘိတ်နေ့ ဖြစ် ၍၊ နက်ဖြန်နေ့လည်း ကြီးမြတ် သောဥပုသ်နေ့ ဖြစ် သည်ကို ယုဒ လူတို့သည် ထောက်၍၊ အလောင်း ကောင်တို့ကို ဥပုသ်နေ့ ၌ လက်ဝါးကပ်တိုင် ပေါ်မှာ မ ရှိစေခြင်းငှာ ပိလတ် မင်းထံသို့ဝင် ပြီးလျှင်၊ ခြေ ကိုချိုး ၍ ထိုအလောင်းကောင်တို့ကို ယူသွား ရမည်အကြောင်း အခွင့်တောင်း ကြ၏။
32 Så kommo då krigsmännen och slogo sönder den förstes ben och sedan den andres som var korsfäst med honom.
၃၂ထိုအခါ စစ်သူရဲ တို့သည် သွား ၍ကိုယ်တော် နှင့်အတူလက်ဝါးကပ်တိုင် မှာ ရိုက်ထားသောသူနှစ် ယောက်တို့၏ ခြေ ကိုချိုး လေ၏။
33 När de därefter kommo till Jesus och sågo honom redan vara död, slogo de icke sönder hans ben;
၃၃ယေရှု ထံသို့ ရောက် ၍ အသက် မရှိကြောင်းကို မြင် လျှင်ခြေ ကို မ ချိုး ဘဲ၊
34 men en av krigsmännen stack upp han sida med ett spjut, och strax kom därifrån ut blod och vatten.
၃၄စစ်သူရဲ တစ် ယောက်သည် နံဖေး တော်ကို လှံ နှင့်ထိုးဖောက် ၍ သွေး နှင့် ရေ သည်ချက်ခြင်း ထွက်လာ ၏။
35 Och den som har sett detta, han har vittnat därom, för att ock I skolen tro; och hans vittnesbörd är sant, och han vet att han talar sanning.
၃၅ထိုအကြောင်းအရာကိုမြင် သောသူ သည် သက်သေခံ ၏။ သူ ၏သက်သေခံ ချက်သည်လည်း မှန် ပေ၏။ သင် တို့သည်ယုံကြည် မည်အကြောင်း ၊ သူပြော သောစကားမှန် သည် ကို သူ သိ ၏။
36 Ty detta skedde, för att skriftens ord skulle fullbordas: »Intet ben skall sönderslås på honom.»
၃၆ထို အကြောင်းအရာကား၊ သူ ၏အရိုး ကို မ ချိုး ရဟု ကျမ်းစာ လာချက်ပြည့်စုံ မည်အကြောင်း တည်း။
37 Och åter ett annat skriftens ord lyder så: »De skola se upp till honom som de hava stungit.»
၃၇တစ်ဖန် ကျမ်းစာ လာသည်ကား၊ ထိုသူတို့သည် မိမိတို့ ထိုးဖောက် သောသူ ကို ရှုမြင် ရကြလိမ့်မည်ဟု လာ၏။
38 Men Josef från Arimatea, som var en Jesu lärjunge -- fastän i hemlighet, av fruktan för judarna -- kom därefter och bad Pilatus att få taga Jesu kropp; och Pilatus tillstadde honom det. Då gick han åstad och tog hans kropp.
၃၈ထိုနောက်မှ အရိမသဲ မြို့သားယောသပ် သည် ယုဒ လူတို့ကိုကြောက် ၍ မထင်မရှား တပည့် တော်ဖြစ် သည်နှင့်၊ ပိလတ် မင်းထံသို့ဝင်၍ ယေရှု ၏အလောင်း တော်ကို ယူသွား မည်အကြောင်း အခွင့်တောင်း ၏။ ပိလတ် မင်းအခွင့် ပေးလျှင်၊ ထိုသူသည်သွား ၍ ယေရှု ၏အလောင်း တော်ကို ယူ လေ၏။
39 Och jämväl Nikodemus kom dit, han som första gången hade besökt honom om natten; denne förde med sig en blandning av myrra och aloe, vid pass hundra skålpund.
၃၉အထက် ကညဉ့် အခါယေရှု ထံသို့ လာ သော နိကောဒင် သည်လည်း ၊ အခွက်သုံးဆယ်မျှလောက် အချိန် ရှိသောမုရန် နှင့် အကျော် ကို ရောနှော သော နံ့သာပျောင်းကို ဆောင် လျက်လာ ၏။
40 Och de togo Jesu kropp och omlindade den med linnebindlar och lade dit de välluktande kryddorna, såsom judarna hava för sed vid tillredelse till begravning.
၄၀ထိုသူတို့သည် ယေရှု ၏အလောင်း တော်ကိုယူ ၍ ၊ ယုဒ လူတို့၏ သင်္ဂြိုဟ် ခြင်းနှင့်ဆိုင်သောပြင်ဆင်ခြင်း ထုံးစံ ရှိ သည်အတိုင်း နံ့သာမျိုး နှင့်တကွ ပိတ် ပုဆိုးဖြင့် အလောင်း တော်ကို ပတ်ရစ် ကြ၏။
41 Men invid det ställe där han hade blivit korsfäst var en örtagård, och i örtagården fanns en ny grav, som ännu ingen hade varit lagd i.
၄၁လက်ဝါးကပ်တိုင် မှာ ရိုက်ထားသောအရပ် တွင်ဥယျာဉ် ရှိ ၏။ ထိုဥယျာဉ် တွင် တစ်ယောက် ကိုမျှမ သင်္ဂြိုဟ်ဘူးသော သင်္ချိုင်း တွင်းသစ် ရှိ၏။
42 Där lade de nu Jesus, eftersom det var judarnas tillredelsedag och graven låg nära.
၄၂ယုဒ လူတို့၏ အဘိတ်နေ့ ဖြစ်သောကြောင့် ၊ အနီးအပါး တွင်ရှိ သော ထိုသင်္ချိုင်း အတွင်း၌ အလောင်း တော်ကိုထား ကြ၏။

< Johannes 19 >