< 5 Mosebok 2 >
1 Sedan vände vi oss åt annat håll, vi bröto upp och togo vägen mot öknen, åt Röda havet till, såsom Herren hade tillsagt mig, och vi höllo en lång tid på med att tåga omkring Seirs bergsbygd.
၁တဖန် ထာဝရဘုရားသည် ငါ့အား မိန့်တော်မူ သည်အတိုင်း၊ ငါတို့သည် လှည့်၍၊ ဧဒုံပင်လယ်လမ်းဖြင့် တောသို့ ခရီးသွားလျက်၊ စိရတောင်ကို ကြာမြင့်စွာ လှည့်လည်ကြ၏။
2 Och HERREN talade till mig och sade:
၂ထာဝရဘုရားကလည်း၊ သင်တို့သည် ကာလ အချိန်စေ့အောင် ဤတောင်ကို လှည့်လည်ကြပြီ။
3 »Länge nog haven I hållit på med att tåga omkring denna bergsbygd; vänden eder nu mot norr.
၃တဖန် မြောက်မျက်နှာသို့ သွားကြဦးလော့။
4 Och bjud folket och säg: I kommen nu att draga fram genom det område som tillhör edra bröder, Esaus barn, vilka bo i Seir; men fastän de skola frukta för eder, mån I taga eder väl till vara.
၄သင်သည် လူများတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့၏ညီအစ်ကို ဧသောအမျိုးသားတို့ နေသော စိရပြည်အနားမှာ သင်တို့ရှောက်သွားသောအခါ၊ သူတို့ သည် ကြောက်ကြလိမ့်မည်။ ထို့ကြောင့် သတိပြုကြ လော့။
5 I skolen icke inlåta eder i strid med dem, ty av deras land skall jag icke giva eder ens så mycket som en fotsbredd, eftersom jag redan har givit Seirs bergsbygd till besittning åt Esau.
၅သူတို့ကို အလျှင်းမပြုကြနှင့်။ သူတို့ပြည်ကို သင်တို့အား ငါမပေး။ ခြေနင်းရာခန့်ကိုမျှ မပေး။ စိရတောင်ကို ဧသောအားငါ အပိုင်ပေးပြီ။
6 Mat att äta skolen I köpa av dem för penningar; vatten att dricka skolen I ock köpa av dem för penningar.
၆သင်တို့သည် စားဘို့ရာအစာကို၎င်း၊ သောက်ဘို့ ရာရေကို၎င်း သူတို့ထံ ငွေနှင့်ဝယ်ရကြမည်။
7 HERREN, din Gud, har ju välsignat dig i alla dina händers verk; han har låtit sig vårda om din vandring i denna stora öken; nu i fyrtio år har HERREN, din Gud, varit med dig, och intet har fattats dig.
၇သင်တို့ပြုလေရာရာ၌ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ကောင်းကြီးပေးတော်မူပြီ။ ဤတော ကြီး၌ သင်တို့လှည့်လည်သော အကြောင်းအရာတို့ကို သိတော်မူ၏။ အနှစ်လေးဆယ်ပတ်လုံး သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူသည်ဖြစ်၍၊ သင်တို့၌ ဘာမျှမလိုဟု ဆင့်ဆို ရ၏။
8 Så drog vi då åstad bort ifrån våra bröder, Esaus barn, som bodde i Seir, och lämnade Hedmarksvägen och Elat och Esjon-Geber. Vi vände oss nu åt annat håll och drogo fram på vägen till Moabs öken.
၈စိရပြည်မှာနေသော ငါတို့ညီအစ်ကို ဧသော အမျိုးသားတို့အနား၌ ရှောက်လျက် ဧလပ်မြို့၊ ဧဇယုန် ဂါဗါမြို့မှသွားသော လွင်ပြင်လမ်းသို့ လိုက်ပြီးလျှင်၊ တဖန် လှည့်၍ မောဘတောလမ်းဖြင့် သွားကြ၏။
9 Och Herren sade till mig: »Du skall icke angripa Moab eller inlåta dig i strid med dem, ty av deras land skall jag icke giva dig något till besittning, eftersom jag redan har givit Ar åt Lots barn till besittning.
၉ထာဝရဘုရားကလည်း၊ မောဘပြည်သားတို့ကို မနှောင့်ရှက်နှင့်။ စစ်မတိုက်နှင့်။ သူတို့ပြည်ကို သင့်အား ငါအပိုင်မပေး။ အာရပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ၏။
10 (Eméerna bodde där fordom, ett stort och talrikt och resligt folk, sådant som anakiterna.
၁၀ရှေးကာလ၌ အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသောလူ၊ ဧမိမ်အမျိုးသားတို့သည် ထိုပြည်မှာ နေကြ၏။
11 Och likasom anakiterna räknas också de för rafaéer; men moabiterna kalla dem eméer.
၁၁ထိုသူတို့သည် အာနကအမျိုးသားကဲ့သို့ အလွန် ကြီးမားသော လူတို့အဝင်ဖြစ်သည်ကို လူများ ထင်မှတ် ကြ၏။ သို့ရာတွင် မောဘပြည်သားတို့သည် ထိုသူတို့ကို ဧမိမ်ဟူ၍ ခေါ်ကြ၏။
12 I Seir bodde däremot fordom horéerna, men Esaus barn fördrevo dem för sig och förgjorde dem och bosatte sig på det land som Herren hade givit dem till besittning.)
၁၂ရှေးကာလ၌ ဟောရိလူတို့သည်လည်း စိရပြည် မှာနေကြ၏။ ထိုသူတို့ကို ဧသောအမျိုးသားတို့သည် သုတ်သင်ပယ်ရှင်း၍ သူတို့နေရာ၌ နေကြ၏။ ထိုအတူ ထာဝရဘုရား အပိုင်ပေးတော်မူသော ပြည်ကို ဣသရေလအမျိုးသားတို့သည် ပြုရကြသတည်း။
13 Stån nu upp och gån över bäcken Sered.» Så gingo vi då över bäcken Sered.
၁၃ယခုထ၍ ဇေရက်ချောင်းကို ကူးကြလော့ဟု မိန့်တော်မူသည်အတိုင်း၊ သင်တို့သည် ဇေရက်ချောင်းကို ကူးကြ၏။
14 Och den tid som åtgick för vår vandring från Kades-Barnea, till dess vi gingo över bäcken Sered. var trettioåtta år, och under denna tid förgicks hela den släktet, alla stridbara män i lägret, såsom Herren hade svurit att det skulle gå dem.
၁၄ကာဒေရှဗာနာအရပ်သို့ အရင်ရောက်သော ကာလမှစ၍ ဇေရက်ချောင်းကို ကူးသောကာလ တိုင်အောင် နှစ်ပေါင်းသုံးဆယ်ရှစ်နှစ် လွန်သတည်း။ ထာဝရဘုရား ကျိန်ဆိုတော်မူသည်အတိုင်း။ အရင်စစ် သူရဲမျိုးအပေါင်းတို့သည် လူအလုံးအရင်းထဲက သေကြေ ကွယ်ပျောက်ရကြ၏။
15 Ja, Herrens hand drabbade dem, och han sände förödelse i lägret bland dem och ryckte dem bort därur, så att de förgingos.
၁၅ထိုသူတို့ မကွယ်မပျောက်မှီတိုင်အောင်၊ ထာဝရ ဘုရားသည် သူတို့ကို အလုံးအရင်းထဲက ပယ်ရှားခြင်းငှါ လက်တော်ကို ဆန့်တော်မူ၏။
16 Då nu alla stridbara män i folket hade dött ut,
၁၆စစ်သူရဲအပေါင်းတို့သည် လူစုထဲက သေကြေ ကွယ်ပျောက်ပြီးမှ၊
17 talade HERREN till mig och sade:
၁၇ထာဝရဘုရားက၊ သင်သည် မောဘပြည်၊ အာရနယ်အလယ်၌ ယနေ့ ရှောက်သွားရမည်။
18 »Du drager nu över Moabs gräns, genom Ar,
၁၈အမ္မုန်အမျိုးသားတို့ အနီးသို့ရောက်သောအခါ သူတို့ကို မနှောင့်ရှက်နှင့်၊ အလျှင်းမပြုနှင့်။
19 och skall så komma i närheten av Ammons barn; men du må icke angripa dessa, ej heller inlåta dig i strid med dem, ty av Ammons barns land skall jag icke giva dig något till besittning, eftersom jag redan har givit det åt Lots barn till besittning.
၁၉အမ္မုန်အမျိုး သားနေသောပြည်ကို သင့်အား ငါအပိုင်မပေး၊ ထိုပြည်ကို လောတအမျိုးသားတို့အား ငါအပိုင်ပေးပြီဟု ငါ့အား မိန့်တော်မူ၏။
20 (Såsom ett rafaéernas land räknas också detta; rafaéer bodde fordom där; men ammoniterna kalla dem samsummiter.
၂၀ထိုပြည်ကိုလည်း၊ အလွန်ကြီးမားသော သူတို့၏ နေရာဖြစ်သည်ဟု လူများထင်မှတ်ကြ၏။ ရှေးကာလ၌ ထိုသို့သောလူတို့သည် နေကြ၏။ သူတို့ကို အမ္မုန်ပြည်သား တို့သည် ဇံဇုမ္မိမ်ဟူ၍ ခေါ်ကြ၏။
21 De voro ett stort och talrikt och resligt folk, sådant som anakiterna. Men Herren förgjorde dessa för dem; de fördrevo dem och bosatte sig i deras land.
၂၁ထိုလူမျိုးသည် အာနကအမျိုးသားကဲ့သို့ ကြီးမြင့် များပြားသော လူဖြစ်ကြ၏။
22 På samma sätt hade han gjort för Esaus barn, som bo i Seir, i det han för dem förgjorde horéerna; de fördrevo dem och bosatte sig i deras land, där de bo ännu i dag.
၂၂သို့သော်လည်း စိရပြည်၌ နေသော ဧသောအမျိုးသားရှေ့မှာ ဟောရိလူတို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူသဖြင့်၊ သူတို့နေရာ၌ ဧသောအမျိုးသားတို့သည် ယနေ့တိုင်အောင် နေကြ သကဲ့သို့၊ အမ္မုန်အမျိုးသားတို့သည် နေကြ၏။
23 Likaså blevo avéerna, som bodde i byar ända fram till Gasa, förgjorda av kaftoréerna, som drogo ut från Kaftor och sedan bosatte sig i deras land.)
၂၃ထိုအတူ၊ ဟာဇရိမ်မြို့မှစ၍ အဇ္ဇာမြို့တိုင် အောင် နေဘူးသော အာဝိမ်လူတို့ကို၊ ကတ္တောရမြို့မှ ထွက်သော ကတ္တောရိမ်လူတို့သည် ဖျက်ဆီး၍ သူတို့ နေရာ၌ နေကြ၏။
24 Stån nu upp, bryten upp och gån över bäcken Arnon. Se, jag har givit Sihon, konungen i Hesbon, amoréen, och hans land i ditt våld. Så begynn nu att intaga det, och bekriga honom.
၂၄သင်တို့သည် ထ၍ ခရီးသွားသဖြင့် အာနုန်မြစ် ကို ကူးကြလော့။ အာမောရိအမျိုး၊ ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်နှင့် သူ၏မြေကို သင်တို့လက်၌ ငါအပ်သော ကြောင့်၊ ထိုမြေကို သိမ်းစပြု၍ ထိုမင်းကို စစ်တိုက် ကြလော့။
25 Redan i dag vill jag begynna att låta förskräckelse och fruktan för dig komma över alla folk under himmelen, så att de skola darra och bäva för dig, när de höra berättas om dig.»
၂၅မိုဃ်းကောင်းကင်အောက်၌ ရှိသမျှသောလူမျိုး တို့သည် ယနေ့ သင်တို့ကို ကြောက်ရွံ့ထိတ်လန့်စရှိ မည်အကြောင်း ငါပြုမည်။ သင်တို့၏သိတင်းကို ကြား၍ တုန်လှုပ်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်းသို့ ရောက်ကြလိမ့် မည်ဟု မိန့်တော်မူ၏။
26 Och jag skickade sändebud från Kedemots öken till Sihon, konungen i Hesbon, med fridsam hälsning och lät säga:
၂၆ငါသည်လည်း၊ ကေဒမုတ်တောမှ ဟေရှဘုန် ရှင်ဘုရင်ရှိဟုန်မင်းထံသို့ သံတမန်တို့ကို စေလွှတ်လျက်၊
27 »Låt mig tåga genom ditt land. Raka vägen skall gå, utan att vika av vare sig till höger eller till vänster.
၂၇မင်းကြီး၏ ပြည်အလယ်၌ ကျွန်ုပ်ရှောက်သွားပါရစေ။ မင်းလမ်းသို့သာ လိုက်ပါမည်။ လက်ျာဘက်လက်ဝဲ ဘက်သို့မလွှဲပါ။
28 Mat att äta må du låta mig köpa för penningar; jag begär allenast att få tåga vägen fram härigenom
၂၈စိရပြည်၌နေသော ဧသောအမျိုးသား၊ အာရ ပြည်၌နေသော မောဘအမျိုးသားတို့သည် ကျွန်ုပ်၌ ပြုသကဲ့သို့ ကျွန်ုပ်စားဘို့ရာ အစာကို၎င်း၊ သောက်ဘို့ ရာ ရေကို၎င်း၊ မင်းကြီးသည် ငွေနှင့်ရောင်းပါလော့။
29 -- detsamma som tillstaddes mig av Esaus barn, Seirs inbyggare, och av moabiterna, Ars inbyggare -- så att jag kan gå över Jordan in i det land som HERREN, vår Gud, vill giva oss.»
၂၉ကျွန်ုပ်တို့ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော ပြည်သို့ ကျွန်ုပ်သည် ယော်ဒန်မြစ်ကို ကူး၍ မရောက်မှီ တိုင်အောင် မင်းကြီး ပြည်အလယ်၌ ခြေဖြင့်သွားရုံမျှသာ ပြုပါမည်ဟု မိဿဟာယစကားနှင့် ပြောဆိုသော်လည်း၊
30 Men Sihon, konungen i Hesbon, ville icke låta oss tåga genom sitt land, ty HERREN, din Gud, förhärdade hans sinne och förstockade hans hjärta, för att han skulle giva honom i din hand, såsom ock nu har skett.
၃၀ကျွန်ုပ်တို့ ရှောက်သွားရသော အခွင့်ကို ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်မင်းသည် မပေး။ အကြောင်း မူကား၊ ယနေ့ ထင်ရှားသည်အတိုင်း၊ သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ထိုမင်းကို သင်တို့ လက်၌ အပ်ခြင်းငှါ၊ ခက်ထန်သော စိတ်သဘော၊ ခိုင်မာသောနှလုံးကို သူ၌ ပေးသွင်းတော်မူ၏။
31 Och Herren sade till mig: »Se, jag begynner nu att giva Sihon och hans land i ditt våld. Begynn alltså du nu att intaga det, så att du får hans land till besittning.»
၃၁ထာဝရဘုရားကလည်း၊ ရှိဟုန်မင်းနှင့် သူ၏ မြေကို သင့်အား ငါပေးစပြု၏။ ထိုမြေကို အမွေခံအံ့ သောငှါ၊ သိမ်းစပြုလော့ဟု ငါ့အား မိန့်တော်မူ၏။
32 Och Sihon drog med allt sitt folk ut till strid mot oss, till Jahas.
၃၂ထိုအခါ ရှိဟုန်မင်းသည် သူ၏လူအပေါင်းတို့ နှင့်တကွ ယာဟတ်မြို့မှာ ငါတို့ကိုတိုက်ခြင်းငှါ ထွက်လာ၏။-
33 Men HERREN, vår Gud, gav honom i vårt våld, och vi slogo honom jämte hans söner och allt hans folk.
၃၃ငါတို့ဘုရားသခင်ထာဝရဘုရားသည်ထိုမင်းကို ငါတို့၌ အပ်တော်မူသဖြင့် သူမှစ၍ သားများ၊ လူများအပေါင်းတို့ကို ငါတို့သည် လုပ်ကြံကြ၏။
34 Och vi intogo då alla hans städer och gåvo hela den manliga stadsbefolkningen till spillo, så ock kvinnor och barn; vi läto ingen slippa undan.
၃၄ထိုအခါ သူ၏မြို့ရှိသမျှတို့ကို တိုက်ယူ၍၊ ယောက်ျားမိန်းမ သူငယ်တို့ကို တယောက်မျှ မကြွင်း စေခြင်းငှါ ရှင်းရှင်းဖျက်ဆီးကြ၏။
35 Allenast boskapen togo vi såsom byte, jämte rovet från de städer vi intogo.
၃၅တိရစ္ဆာန်များ၊ မြို့ရွာ၌လက်ရဥစ္စာများကိုသာ ကိုယ်ဘို့ သိမ်းယူကြ၏။
36 Från Aroer, vid bäcken Arnons strand, och från staden i dalen ända till Gilead fanns ingen stad vars murar voro för höga för oss; allasammans gav HERREN, vår Gud, i vårt våld.
၃၆အာနုန်မြစ်နား၌ရှိသော အာရော်မြို့မှစ၍ ဂိလဒ်မြို့တိုင်အောင်၊ မြစ်နား၌ ရှိသမျှသော မြို့တို့တွင် ငါတို့မအောင်နိုင်သော မြို့တမြို့မျှမရှိ။ ငါတို့ဘုရား သခင် ထာဝရဘုရားသည် အလုံးစုံတို့ကို ငါတို့၌ အပ်တော်မူ၏။
37 Men Ammons barns land lät du vara, hela landsträckan utefter bäcken Jabbok, och städerna i bergsbygden, och allt övrigt varom HERREN, vår Gud, hade så bjudit.
၃၇သို့ရာတွင် အမ္မုန်အမျိုးသားနေသောမြေ၊ ယဗ္ဗုတ်မြစ်နှင့်ဆိုင်သော မြေ၊ တောင်ရိုးမြို့ အစရှိသော၊ ငါတို့ဘုရားသခင် ထာဝရဘုရား မြစ်တားတော်မူသော အရာတစုံတခုကိုမျှ မချဉ်းရကြ။