< Apostlagärningarna 7 >
1 Och översteprästen frågade: »Förhåller detta sig så?»
၁ထိုအခါ ယဇ်ပုရောဟိတ် မင်းက၊ ဤ စကားမှန် သလောဟု မေး သည်ရှိသော်၊
2 Då sade han: »Bröder och fäder, hören mig. Härlighetens Gud uppenbarade sig för vår fader Abraham, medan han ännu var i Mesopotamien, och förrän han bosatte sig i Karran,
၂သတေဖန်က၊ ညီအစ်ကို အဘ တို့ နားထောင် ကြပါလော့။ ငါ တို့ အဘ အာဗြဟံ သည်၊ ခါရန် မြို့၌ မ နေ မှီ ၊ မေသောပေါဘာမိ အရပ်၌ ရှိ စဉ်အခါ၊ ဘုန်းကြီး တော်မူသော ဘုရားသခင် သည် ထင်ရှား တော်မူ၍၊
3 och sade till honom: 'Gå ut ur ditt land och från din släkt, och drag till det land som jag skall visa dig.'
၃သင် နေသော ပြည် နှင့်တကွ အမျိုးသား ချင်း များထဲက ထွက် ပြီးလျှင် ၊ ငါပြ လတံ့သော ပြည် သို့ သွား လော့ဟု အာဗြဟံ အား မိန့် တော်မူ၏။
4 Då gick han åstad ut ur kaldéernas land och bosatte sig i Karran. Sedan, efter han faders död, bjöd Gud honom att flytta därifrån till detta land, där I nu bon.
၄ထိုအခါ အာဗြဟံ သည် ခါလဒဲ ပြည် မှ ထွက် ၍ ခါရန် မြို့၌ နေ ၏။ သူ ၏ အဘ သေ လွန်သည်ရှိသော်၊ ယခု သင်တို့နေ သော ဤ ပြည် သို့ ထိုမြို့ မှ ပြောင်း စေတော်မူ၏။
5 Han gav honom ingen arvedel däri, icke ens så mycket som en fotsbredd, men lovade att giva det till besittning åt honom och åt hans säd efter honom; detta var på den tid då han ännu icke hade någon son.
၅ဤ ပြည်၌ ခြေနင်း ရာကိုမျှ အမွေ ပေး တော် မမူ သော်လည်း ၊ သူမှစ၍ သူ ၏သား မြေးတို့အား ဤ ပြည်ကိုအပိုင် ပေးတော်မူမည်ဟု သား တစ်ယောက် မျှ မရှိ မှီဂတိ ထား တော်မူ၏။
6 Och vad Gud sade var detta, att hans säd skulle leva såsom främlingar i ett land som icke tillhörde dem, och att man skulle göra dem till trälar och förtrycka dem i fyra hundra år.
၆သင်၏အမျိုးအနွယ် သည် သူတစ်ပါး ပိုင်သော ပြည် ၌ ဧည့်သည် ဖြစ် ကြသဖြင့် ၊ သူတစ်ပါးတို့၌ ကျွန် ခံခြင်း၊ နှိပ်စက် ညှဉ်းဆဲခြင်းကို အနှစ် လေးရာ ပတ်လုံးခံရကြလိမ့်မည်။
7 'Men det folk vars trälar de bliva skall jag döma', sade Gud; 'sedan skola de draga ut och hålla gudstjänst åt mig på denna plats.'
၇သူ တို့ကို စေခိုင်း သောလူမျိုး ကိုလည်း ငါ စီရင် မည်။ ထိုနောက်မှ သူတို့သည်ထွက် ၍ ဤ အရပ် ၌ ငါ့ အား ဝတ်ပြု ကြလိမ့်မည်ဟု ဗျာဒိတ် ထားတော်မူ၏။
8 Och han upprättade ett omskärelsens förbund med honom. Och så födde han Isak och omskar honom på åttonde dagen, och Isak födde Jakob, och Jakob födde våra tolv stamfäder.
၈ဘုရားသခင်သည်လည်း အရေဖျားလှီး ခြင်းနှင့် ဆိုင်သော ပဋိညာဉ် တရားကို အာဗြဟံ အား ပေး တော်မူ၏။ ထိုသို့ ဣဇာက် ကို ဘွားမြင် ၍ ရှစ် ရက်မြောက်သော နေ့ ၌ အရေဖျားလှီး ခြင်းကိုပေးလေ၏။ ဣဇာက် သား ယာကုပ် ၊ ယာကုပ် သားများကား၊ အမျိုး၏အဘ တကျိတ် နှစ်ပါးတည်း။
9 Och våra stamfäder avundades Josef och sålde honom till Egypten. Men Gud var med honom
၉အမျိုး၏ အဘ တို့သည် လည်း ငြူစူ သောစိတ်ရှိ၍ ၊ ယောသပ် ကို အဲဂုတ္တု ပြည်သို့ ရောင်း လိုက်ကြ၏။ ဘုရားသခင် သည် သူ့ ကိုစောင့်မ တော်မူလျက်၊
10 och frälste honom ur allt hans betryck och lät honom finna nåd och gav honom vishet inför Farao, konungen i Egypten; och denne satte honom till herre över Egypten och över hela sitt hus.
၁၀အလုံးစုံ သော ဒုက္ခ ဆင်းရဲထဲမှ ကယ်နှုတ် ၍ ၊ အဲဂုတ္တု ပြည်ကို အစိုးရ သော ဖာရော ဘုရင်ထံ၌ မျက်နှာ ပွင့်လန်းခြင်းနှင့် ပညာ အတတ် ကိုပေး တော်မူသဖြင့် ၊ ထိုမင်းကြီးသည် အဲဂုတ္တု နိုင်ငံအုပ် အရာ၊ နန်းတော် အုပ်အရာ၌ ယောသပ် ကိုခန့်ထား လေ၏။
11 Och hungersnöd kom över hela Egypten och Kanaan med stort betryck, och våra fäder kunde icke få något att äta.
၁၁ခါနာန် ပြည်နှင့် အဲဂုတ္တု ပြည် တရှောက် လုံး၌ အစာ ခေါင်းပါးခြင်း၊ ကြီးစွာ သောဆင်းရဲ ခြင်းရှိ၍ ငါ တို့ အဘ များ၌ စားစရာ ကုန် သောအခါ ၊ အဲဂုတ္တု ပြည်မှာ ဆန် စပါးရှိ သည်ဟု ယာကုပ် သည်ကြား လျှင် ၊
12 Men när Jakob fick höra att bröd fanns i Egypten, sände han våra fäder åstad dit, en första gång.
၁၂ငါ တို့အဘ များကို ပဌမ အကြိမ်တွင် စေလွှတ် လေ၏။
13 Sedan, när de för andra gången kommo dit, blev Josef igenkänd av sina bröder, och Farao fick kunskap och Josefs släkt.
၁၃ဒုတိယ အကြိမ်တွင် ယောသပ် သည် မိမိ ညီအစ်ကို တို့အား မိမိအကြောင်းကို ဘော်ပြ ၍ ၊ ဖာရော ဘုရင်သည် ယောသပ် ၏ အမျိုး ကို သိ တော်မူ၏။
14 Därefter sände Josef åstad och kallade till sig sin fader Jakob och hela sin släkt, sjuttiofem personer.
၁၄ထိုအခါ ယောသပ် သည်စေလွှတ် ၍ မိမိ အဘ ယာကုပ် နှင့်တကွအရေအတွက်အားဖြင့်ခုနစ်ကျိပ် ငါး ယောက်သော မိမိအမျိုးသား ချင်းအပေါင်း တို့ကို ခေါ်ပင့် လေ၏။
15 Och Jakob for ned till Egypten; och han dog där, han såväl som våra fäder.
၁၅ယာကုပ် သည်လည်း အဲဂုတ္တု ပြည်သို့ သွား ၍ ကိုယ်တိုင်မှစသောငါ တို့အဘ များသည် သေ လွန်ကြ၏။
16 Och man förde dem därifrån till Sikem och lade dem i den grav som Abraham för en summa penningar hade köpt av Emmors barn i Sikem.
၁၆ထိုသူတို့ကိုလည်း ရှေခင် မြို့သို့ ပို့ဆောင် သဖြင့်၊ ရှေခင် ၏အဘ ဖြစ်သောဟာမော် ၏ သား တို့အား အဘိုး ငွေ ကိုပေး၍ဝယ် ပြီဖြစ်သော သင်္ချိုင်း တွင်း၌ ထား ကြ၏။
17 Och alltefter som tiden nalkades att det löfte skulle uppfyllas, som Gud hade givit Abraham, växte folket till och förökade sig i Egypten,
၁၇အာဗြဟံ အား ဘုရားသခင် ဓိဋ္ဌာန် တော်မူသော ဂတိ တော်၏ အချိန် ရောက် လုသောအခါ ၊
18 till dess en ny konung över Egypten uppstod, en som icke visste av Josef.
၁၈ထိုလူမျိုး သည် အဲဂုတ္တု ပြည်၌ တိုးပွား ၍ ၊ ယောသပ် ကိုမ သိ မကျွမ်းသော မင်းကြီး တစ်ပါး ပေါ်လာ သည်တိုင်အောင် များပြား ကြလေ၏။
19 Denne konung gick listigt till väga mot vårt folk och förtryckte våra fäder och drev dem till att utsätta sina späda barn, för att dessa icke skulle bliva vid liv.
၁၉ထိုမင်းကြီး သည် ငါ တို့အဆွေအမျိုး ကို ပရိယာယ် ပြုသဖြင့်၊ သူငယ် များကိုအသက် မ ရှင်စေခြင်းငှာ ပစ် ထားရမည်အကြောင်း ငါ တို့ အဘ များကို ညှဉ်းဆဲ နှိပ်စက်လေ၏။
20 Vid den tiden föddes Moses, och han 'var ett vackert barn' inför Gud. Under tre månader fostrades han i sin faders hus;
၂၀ထို အခါ အလွန်အဆင်းလှ သော မောရှေ ကို ဘွားမြင် လျှင်၊ သုံး လ ပတ်လုံးအဘ ၏ အိမ် တွင် ကျွေးမွေး ကြ၏။
21 sedan, när han hade blivit utsatt, lät Faraos dotter hämta honom till sig och uppfostra honom såsom sin egen son.
၂၁နောက်မှပစ် ထားသည်ရှိသော်၊ ဖာရော ဘုရင် သမီး တော်သည် ကောက်ယူ ၍ မိမိ သား အရာ၌ မွေးစား လေ၏။
22 Och Moses blev undervisad i all egyptiernas visdom och var mäktig i ord och gärningar.
၂၂မောရှေ သည်လည်းအဲဂုတ္တု အတတ် ၊ ပညာ အလုံးစုံ တို့ကို သင် ၍၊ နှုတ် သတ္တိ ၊ လက် သတ္တိရှိ ၏။
23 Men när han blev fyrtio år gammal, fick han i sinnet att besöka sina bröder, Israels barn.
၂၃အသက် လေးဆယ်စေ့ သောအခါ ဣသရေလ အမျိုးသား ဖြစ်သော မိမိ ညီအစ်ကို တို့ကို အကြည့်အရှု သွားမည်ဟု အကြံရှိ၏။
24 När han då såg att en av dem led orätt, tog han den misshandlade i försvar och hämnades honom, i det att han slog ihjäl egyptiern.
၂၄အမျိုးသားချင်းတစ် ယောက်သည် ညှဉ်းဆဲ ခံရသည်ကို မြင် လျှင် သူ့ဘက်ကနေ၍အဲဂုတ္တု လူကို ကွပ်မျက် သဖြင့်၊ ထိုညှဉ်းဆဲ ခံရသောသူ အား အနိုင် ပေး လေ ၏။
25 Nu menade han att hans bröder skulle förstå att Gud genom honom ville bereda dem frälsning; men de förstodo det icke.
၂၅ဘုရားသခင် သည် ဤသူ လက် ဖြင့် ငါ တို့ကို ကယ်နှုတ် တော်မူမည်အရာကို ညီအစ်ကို တို့သည် နားလည် လိမ့်မည်ဟု ထင်မှတ် သော်လည်း ၊ ထိုသူတို့သည် နား မ လည်ဘဲနေကြ၏။
26 Dagen därefter kom han åter fram till dem, där de tvistade, och ville förlika dem och sade: 'I män, I ären ju bröder; varför gören I då varandra orätt?'
၂၆နက်ဖြန် နေ့ ၌ အချင်းချင်းခိုက်ရန် ပြုကြသော သူ တို့ရှိရာသို့ သွား ၍ ၊ အချင်းလူ တို့၊ ညီအစ်ကို ချင်းဖြစ် လျက်နှင့် အဘယ်ကြောင့် တစ် ယောက်ကိုတစ်ယောက်ညှဉ်းဆဲ ကြသနည်းဟု ဆို ၍ ရန်ငြိမ်း ရာသို့ သွေးဆောင် သည်ရှိသော်၊
27 Men den som gjorde orätt mot sin landsman stötte bort honom och sade: 'Vem har satt dig till hövding och domare över oss?
၂၇အိမ်နီးချင်း ကို ညှဉ်းဆဲ သောသူ က၊ အဘယ်သူ သည် သင့် ကို ငါ တို့အပေါ်မှာ အကဲအမှူး တရားသူကြီး အရာ၌ ခန့်ထား သနည်း။
28 Kanske du vill döda mig, såsom du i går dödade egyptiern?'
၂၈မနေ့ ကအဲဂုတ္တု လူကို သတ် သကဲ့သို့ ငါ့ ကိုသတ် လို သလောဟု ဆို လျက် မောရှေ ကိုပယ် ၏။
29 Vid det talet flydde Moses bort och levde sedan såsom främling i Madiams land och födde där två söner.
၂၉ထို စကား ကိုကြားလျှင် ၊ မောရှေ သည် ပြေး ၍ မိဒျန် ပြည် ၌ ဧည့်သည် ဖြစ် လျက်နေသည်တွင် သား နှစ် ယောက်ကိုမြင် လေ၏။
30 Och när fyrtio är äter voro förlidna, uppenbarade sig för honom, i öknen vid berget Sinai, en ängel i en brinnande törnbuske.
၃၀အနှစ် လေးဆယ် လွန်သောအခါ ၊ သိနာ တောင် ခြေရင်း တော တွင် ၊ မီး လောင် သောချုံ ၌ ထာဝရဘုရား၏ ကောင်းကင်တမန် ထင်ရှား ၏။
31 När Moses såg detta, förundrade han sig över synen; och då han gick fram för att se vad det var, hördes Herrens röst:
၃၁ထိုရူပါရုံ ကို မြင် သောအခါ မောရှေ သည် အံ့ဩ ၍စေ့စေ့ကြည့်ရှု ခြင်းငှာအနားသို့ချဉ်းကပ် လျှင်၊
32 'Jag är dina fäders Gud, Abrahams, Isaks och Jakobs Gud.' Då greps Moses av bävan och dristade sig icke att se dit.
၃၂ငါ ကား သင့် ဘိုးဘေး တို့၏ဘုရား ၊ အာဗြဟံ ၏ ဘုရား ၊ ဣဇာက် ၏ဘုရား၊ ယာကုပ် ၏ဘုရားဖြစ်၏ ဟုထာဝရ ဘုရား၏ ဗျာဒိတ် တော်အသံ ထွက် တော်မူ၏။ ထိုအခါ မောရှေ သည် တုန်လှုပ် လျက် စေ့စေ့မ ကြည့် ဝံ့ ။
33 Och Herren sade till honom: 'Lös dina skor av dina fötter, ty platsen där du står är helig mark.
၃၃ထာဝရ ဘုရားကလည်း၊ သင် ၏ခြေနင်း ကို ချွတ် လော့။ သင်နင်း သောအရပ် ကား သန့်ရှင်း သောမြေ ဖြစ် ၏။
34 Jag har nogsamt sett mitt folks betryck i Egypten, och deras suckan har jag hört, och jag har stigit ned för att rädda dem. Därför må du nu gå åstad; jag vill sända dig till Egypten.
၃၄အဲဂုတ္တု ပြည်၌ ရှိသော ငါ ၏လူ တို့သည် ခံရသော ညှဉ်းဆဲ ခြင်းကို ငါစေ့စေ့မြင် ခဲ့ပြီ။ သူ တို့ညည်းတွား မြည်တမ်းသောအသံကိုလည်း ငါကြား ခဲ့ပြီ။ သူ တို့ကို ကယ်နှုတ် ခြင်းငှာငါဆင်းလာ ပြီ။ ယခု သွား လော့။ သင့် ကို အဲဂုတ္တု ပြည်သို့ ငါစေလွှတ် မည်ဟု ဗျာဒိတ် တော်ရှိ၏။
35 Denne Moses, som de hade förnekat, i det de sade: 'Vem har satt dig till hövding och domare?', honom sände Gud att vara både en hövding och en förlossare, genom ängeln som uppenbarade sig för honom i törnbusken.
၃၅အဘယ်သူ သည် သင့် ကို အကဲအမှူး တရားသူကြီး အရာ၌ ခန့်ထား သနည်းဟူ၍အငြင်းအပယ် ခံရသော ထို မောရှေ ကို အကဲအမှူး ၊ ကယ်လွှတ် သောသူ ဖြစ်စေခြင်းငှာ၊ ဘုရားသခင် သည်ချုံ ၌ ထင်ရှား သော ကောင်းကင်တမန် အားဖြင့် စေခန့် တော်မူ၏။
36 Det var han som förde ut dem, och som gjorde under och tecken i Egyptens land och i Röda havet och i öknen, under fyrtio år.
၃၆ထိုသူ သည် ဣသရေလ အမျိုးသားတို့ကို နှုတ်ဆောင် ၍ အနှစ် လေးဆယ် ပတ်လုံးအဲဂုတ္တု ပြည် ၌ ၎င်း၊ ဧဒုံ ပင်လယ် ၌ ၎င်း၊ တော ၌ ၎င်း၊ နိမိတ် လက္ခဏာ၊ အံ့ဘွယ် သောအမှုတို့ကိုပြု လေ၏။
37 Det var samme Moses som sade till Israels barn: 'En profet skall Gud låta uppstå åt eder, av edra bröder, en som är mig lik.'
၃၇သင်တို့၏ ဘုရားသခင် ထာဝရဘုရားသည်၊ သင်တို့အမျိုးသား ချင်းတို့အထဲ ၌ ငါ နှင့်တူ သော ပရောဖက် တစ်ပါးကို သင်တို့ အဘို့ ပေါ်ထွန်း စေတော်မူမည်။ ထိုပရောဖက်၏ စကားကိုနားထောင်ရကြမည်ဟု ဣသရေလ အမျိုးသား တို့အားပြောဆို သောသူ ကား အခြားသူမဟုတ်၊ ထို မောရှေ ပင်ဖြစ် သတည်း။
38 Det var och han, som under den tid då menigheten levde i öknen, både var hos ängeln, som talade med honom på berget Sinai, och tillika hos våra fäder; och han undfick levande ord för att giva dem åt eder.
၃၈ထို သူ သည် တော တွင် ရှိ သော အစည်းအဝေး ၌ ၎င်း၊ သိနာ တောင် ပေါ်မှာ သူ့ ကိုနှုတ်ဆက် သော ကောင်းကင်တမန် နှင့် ၎င်း၊ ငါ တို့ အဘ များနှင့် ၎င်းရှိ ၏။ ထိုသူ သည် ငါ တို့အား အပ်ပေး ခြင်းငှာအသက် ရှင်စေသော ဗျာဒိတ် တော်ကိုခံ လေ၏။
39 Men våra fäder ville icke bliva honom lydiga, utan stötte bort honom och vände sig med sina hjärtan mot Egypten
၃၉ထိုသူ ၏စကားကိုငါ တို့အဘ များသည် နား မ ထောင်လို ဘဲလျက် ပယ် ၍၊
40 och sade till Aron: 'Gör oss gudar, som kunna gå framför oss; ty vi veta icke vad som har vederfarits denne Moses, som förde oss ut ur Egyptens land.'
၄၀ငါ တို့ရှေ့ မှာ သွားရသော ဘုရား တို့ကို ငါ တို့အဘို့လုပ် ပါ။ ငါ တို့ကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် ခဲ့သောထို မောရှေ ၌ အဘယ်သို့ ဖြစ် သည်ကို ငါတို့မ သိ ဟု အဲဂုတ္တု ပြည်သို့ ပြန် ချင်သောစိတ် နှင့် အာရုန် ကို ပြောဆို ကြ၏။
41 Och de gjorde i de dagarna en kalv och buro sedan fram offer åt avguden och gladde sig över sina händers verk.
၄၁ထို နေ့ရက် ကာလ၌ နွားသငယ် ကို လုပ်၍ ထိုရုပ်တု အား ယဇ်ပူဇော် သဖြင့် မိမိ တို့လက် နှင့် လုပ် သော အရာ၌ ပင် ပျော်မွေ့ ကြ၏။ အနာဂတ္တိ ကျမ်း ၌ လာ သည် ကား ၊
42 Då vände Gud sig bort och prisgav dem till att dyrka himmelens härskara, såsom det är skrivet i Profeternas bok: 'Framburen I väl åt mig slaktoffer och spisoffer under de fyrtio åren i öknen, I av Israels hus?
၄၂အိုဣသရေလ အမျိုး ၊ သင်တို့သည် စီရင်သော တိရစ္ဆာန် နှင့် ယဇ် များကိုတော ၌ အနှစ် လေးဆယ်ပတ်လုံးငါ့ အား ပူဇော် ကြသလော။
43 Nej, I buren Moloks tält och guden Romfas stjärna, de bilder som I hade gjort för att tillbedja. Därför skall jag låta eder föras åstad ända bortom Babylon.'
၄၃သင်တို့သည် မောလုပ် ၏တဲ နှင့် သင် တို့ဘုရား ရင်ဖန် ၏ ကြယ် တည်းဟူသောကိုးကွယ် ဘို့ရာမိမိ တို့လုပ် သော ပုံ တို့ကို ဆောင်ရွက် ကြပြီ တကား။ ထိုကြောင့် ငါသည် သင် တို့ကို ဗာဗုလုန် မြို့ တစ်ဘက် သို့ ဆောင်သွား မည်ဟု ကျမ်းလာရှိသည်နှင့်အညီ၊ ဘုရားသခင် သည် မျက်နှာတော်ကိုလွှဲ ၍ ၊ ကောင်းကင် တန်ဆာ များတို့အား ဝတ်ပြု စေခြင်းငှာထိုသူ တို့ကို စွန့်ပစ် ထားတော်မူ၏။
44 Våra fäder hade vittnesbördets tabernakel i öknen, så inrättat, som han som talade till Moses hade förordnat att denne skulle göra det, efter den mönsterbild som han hade fått se.
၄၄မောရှေမြင် ရသောပုံ နှင့်အညီ ၊ သက်သေခံ တော်မူချက် ဌာပနာ ရာတဲတော်ကို လုပ် ရမည်အကြောင်း အမိန့် တော်ရှိသောသူ မှာထား တော်မူသည်အတိုင်း ၊ ထိုတဲ တော်သည် တော တွင် ငါ တို့အဘ များ၌ ရှိ ၏။
45 Och våra fäder togo det i arv och förde det sedan under Josua hitin, när de togo landet i besittning, efter de folk som Gud fördrev för våra fäder. Så var det ända till Davids tid.
၄၅နောက်ကျ သော ငါ တို့အဘ များသည် ထိုတဲ တော်ကို တစ်ပါး အမျိုးသားတို့ ပိုင် သော မြေထဲသို့ ယောရှု နှင့်အတူ ဆောင်သွင်း ကြ၏။ ထို တစ်ပါး အမျိုးသားတို့ကို ဘုရားသခင် သည် ဒါဝိဒ် မင်းလက်ထက် တိုင်အောင် ငါ တို့အဘ များထံမှ နှင်ထုတ် တော်မူ၏။
46 Denne fann nåd inför Gud och bad att han måtte finna 'ett rum till boning' åt Jakobs Gud.
၄၆ထို ဒါဝိဒ်သည် ဘုရားသခင် ၏ ကျေးဇူး တော်ကို ခံရ ၍၊ ယာကုပ် ၏ ဘုရားသခင်ကျိန်းဝပ် တော်မူဘို့ရာအရပ် ကို တွေ့ ခြင်းငှာတောင့်တ ၏။
47 Men det var Salomo som fick bygga ett hus åt honom.
၄၇ရှောလမုန် သည်လည်း ဗိမာန် တော်ကို တည်ဆောက် ရ၏။
48 Dock, den Högste bor icke i hus som äro gjorda med händer, ty det är såsom profeten säger:
၄၈သို့သော်လည်း ကောင်းကင် ဘုံသည် ငါ့ ပလ္လင် ဖြစ်၏။
49 'Himmelen är min tron, och jorden är min fotapall; vad för ett hus skullen I då kunna bygga åt mig, säger Herren, och vad för en plats skulle tjäna mig till vilostad?
၄၉မြေကြီး သည် ငါ့ ခြေ တင်ရာခုံ ဖြစ်၏။ အဘယ်သို့ သော ဗိမာန် ကိုငါ့ အဘို့ တည်ဆောက် ကြမည်နည်း။ အဘယ် အရပ်သည် ငါ့ ကျိန်းဝပ် ရာအရပ် ဖြစ်မည်နည်း။
50 Min hand har ju gjort allt detta.'
၅၀ငါ့ လက် သည် ဤ အရာအလုံးစုံ တို့ကို ဖန်ဆင်း သည် မ ဟုတ်လောဟု ထာဝရ ဘုရား၏ ဗျာဒိတ် တော်အချက်ကို ပရောဖက် ပြန်ကြား သည်နှင့်အညီ ၊ အမြင့်ဆုံး သော ဘုရားသည် လူတို့ လက်ဖြင့် လုပ်သောဗိမာန် ၌ ကျိန်းဝပ် တော်မူသည်မ ဟုတ်။
51 I hårdnackade, med oomskurna hjärtan och öron, I stån alltid emot den helige Ande, I likaväl som edra fäder.
၅၁လည်ပင်း ခိုင်မာ၍ နှလုံး ဖြင့်၎င်း ၊ နား ဖြင့်၎င်း အရေဖျားလှီး ခြင်းကို မခံသောလူတို့၊ သင် တို့သည် သန့်ရှင်း သော ဝိညာဉ် တော်ကို အစဉ်မပြတ် ဆန့်ကျင်ဘက် ပြုလေ့ရှိကြ၏။ သင် တို့ဘိုးဘေး များ၏ အလေ့နှင့် သင် တို့အလေ့တူ ၏။
52 Vilken av profeterna hava icke edra fäder förföljt? De hava ju dräpt dem som förkunnade att den Rättfärdige skulle komma, han som I själva nu haven förrått och dräpt,
၅၂သင် တို့ဘိုးဘေး များသည် အဘယ် ပရောဖက် ကို မျှ မ ညှဉ်းဆဲ ဘဲ နေသနည်း။ ဖြောင့်မတ် သောသူ ကြွလာ တော်မူမည်အကြောင်း အရာကို ဟောပြော ပြညွှန်သော သူ တို့ကို ကွပ်မျက် ကြ၏။ ထို ဖြောင့်မတ်သောသူကိုပင် ယခု လည်း သင်တို့သည် အပ်နှံ ၍ အသေသတ် ကြပြီ။
53 I som fingen lagen eder given genom änglars försorg, men icke haven hållit den.»
၅၃သင်တို့သည် ကောင်းကင် တမန်များ ခင်းကျင်း သော အားဖြင့် ပညတ် တရားတော်ကို ခံရ သော်လည်းမ စောင့် မရှောက်ကြဟု သတေဖန် မြွက်ဆို ၏။
54 När de hörde detta, blevo de mycket förbittrade i sina hjärtan och beto sina tänder samman mot honom.
၅၄ထို စကားကိုကြား လျှင် နှလုံး ကွဲပြတ် မတတ်ဖြစ်၍၊ သတေဖန် ၌ အံသွား ခဲကြိတ် ခြင်းကို ပြုကြလေ၏။
55 Men han, full av helig ande, skådade upp mot himmelen och fick se Guds härlighet och såg Jesus stå på Guds högra sida.
၅၅သူသည်လည်း သန့်ရှင်း သော ဝိညာဉ် တော်နှင့် ပြည့် သဖြင့်၊ ကောင်းကင် သို့ စေ့စေ့ ကြည့်မျှော်၍ ဘုရားသခင် ၏ ဘုန်း တော်ကို ၎င်း၊ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ ယေရှု ရပ် နေသည်ကို၎င်း မြင် လျှင်၊
56 Och han sade: »Jag ser himmelen öppen och Människosonen stå på Guds högra sida.»
၅၆ကြည့် ပါ။ ကောင်းကင် ဖွင့်လှစ် သည်ကို ၎င်း၊ လူ သား သည် ဘုရားသခင် ၏လက်ျာ တော်ဘက်၌ ရပ် နေသည်ကို၎င်း၊ ငါမြင် သည်ဟုဆို ၏။
57 Då skriade de med hög röst och höllo för sina öron och stormade alla på en gång emot honom
၅၇ထိုသူ တို့သည် ပြင်းစွာ သော အသံ နှင့် ဟစ်ကြော် ၍ နား ကိုပိတ်ဆို့ လျက် သူ့ ဆီသို့ ညီညွတ် စွာ တဟုန်တည်း ပြေး၍ ၊
58 och förde honom ut ur staden och stenade honom. Och vittnena lade av sina mantlar vid en ung mans fötter, som hette Saulus.
၅၈မြို့ ပြင် သို့နှင်ထုတ် ပြီးမှ ကျောက်ခဲ နှင့်ပစ်ကြ၏။ သက်သေခံ တို့သည်လည်း မိမိ တို့အဝတ် ကို ရှောလု အမည် ရှိသော လုလင် ၏ခြေ ရင်း ၌ ထား ကြ၏။
59 Så stenade de Stefanus, under det att han åkallade och sade: »Herre Jesus, tag emot min ande.»
၅၉ကျောက်ခဲ နှင့်ပစ်ကြစဉ် သတေဖန် သည် ပဌနာပြုလျက်၊ သခင် ယေရှု ၊ အကျွန်ုပ် ၏ဝိညာဉ် ကို သိမ်းယူ တော်မူပါဟု လျှောက်ဆို ၏။
60 Och han föll ned på sina knän och ropade med hög röst: »Herre, tillräkna dem icke denna synd.» Och när han hade sagt detta, avsomnade han.
၆၀ဒူး ထောက် လျက်၊ သခင် ၊ ဤ သူ တို့ပြုသော ဒုစရိုက် အပြစ်ကို မှတ်တော်မ မူပါနှင့်ဟု ကြီး သော အသံ နှင့် ကြွေးကြော် ပြီးမှ ကျိန်းစက် လေ၏။