< 1 Krönikeboken 16 >

1 Sedan de hade fört Guds ark ditin, ställde de den i tältet som David hade slagit upp åt den, och framburo därefter brännoffer och tackoffer inför Guds ansikte.
သူ​တို့​သည်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို ဒါ​ဝိဒ် မင်း​အ​သင့်​ပြင်​ဆင်​ထား​သည့်​တဲ​တော်​သို့ ပင့်​ဆောင်​ပြီး​နောက် ထို​တဲ​တော်​ထဲ​တွင်​ထား ရှိ​ကြ​၏။ ထို့​နောက်​မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ် သ​ဟာ​ယ​ယဇ်​တို့​ကို​ဘု​ရား​သ​ခင်​အား ပူ​ဇော်​ကြ​၏။-
2 När David hade offrat brännoffret och tackoffret, välsignade han folket i HERRENS namn.
ဒါ​ဝိဒ်​မင်း​သည်​ဤ​သို့​ယဇ်​များ​ကို​ပူ​ဇော် ပြီး​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​အ​မှီ​ပြု​၍​လူ​တို့​အား​ကောင်း​ချီး ပေး​ပြီး​လျှင်၊-
3 Och åt var och en av alla israeliterna, både man och kvinna, gav han en kaka bröd, ett stycke kött och en druvkaka.
အ​စား​အ​စာ​များ​ကို​ဝေ​ပေး​တော်​မူ​၏။ မင်း ကြီး​သည်​ဣ​သ​ရေ​လ​နိုင်​ငံ​ရှိ​အ​မျိုး​သား အ​မျိုး​သ​မီး​အ​ပေါင်း​တို့​အား​မုန့်​တစ်​လုံး၊ အ​မဲ​သား​တစ်​တုံး​နှင့် စ​ပျစ်​သီး​ခြောက် အ​နည်း​ငယ်​စီ​ပေး​တော်​မူ​၏။
4 Och han förordnade vissa leviter till att göra tjänst inför HERRENS ark, för att de skulle prisa, tacka och lova HERREN, Israels Gud:
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ရှေ့ တွင်​ဝတ်​ပြု​ကိုး​ကွယ်​ရာ​၌​သီ​ချင်း​ဆို​ခြင်း၊ ဂုဏ်​တော်​ကို​ချီး​မွမ်း​ခြင်း​တို့​ဖြင့်​ဦး​ဆောင်​ရန် ဒါ​ဝိဒ်​မင်း​သည်​လေ​ဝိ​အ​နွယ်​ဝင်​အ​ချို့​တို့ ကို​ခန့်​ထား​တော်​မူ​၏။-
5 Asaf såsom anförare, näst efter honom Sakarja, och vidare Jegiel, Semiramot, Jehiel, Mattitja, Eliab, Benaja, Obed-Edom och Jegiel med psaltare och harpor; och Asaf skulle slå cymbaler.
သူ​တို့​၏​ခေါင်း​ဆောင်​မှာ​အာ​သပ်​ဖြစ်​၍​သူ ၏​လက်​ထောက်​မှာ​ဇာ​ခ​ရိ​ဖြစ်​၏။ ယေ​လ၊ ရှေ​မိ၊ ရာ​မုတ်၊ ယေ​ဟေ​လ၊ မတ္တိ​သိ၊ ဧ​လျာ​ဘ၊ ဗေ​နာ​ယ၊ သြ​ဗ​ဒေ​ဒုံ​နှင့်​ယေ​လ​တို့​သည် စောင်း​များ​ကို​တီး​ရ​ကြ​၏။ အာ​သပ်​ကား လင်း​ကွင်း​ကို​တီး​ရ​၍၊-
6 Men prästerna Benaja och Jahasiel skulle beständigt stå med sina trumpeter framför Guds förbundsark.
ယဇ်​ပု​ရော​ဟိတ်​ဗေ​နာ​ယ​နှင့်​ယ​ဟာ​ဇေ​လ တို့​က​တံ​ပိုး​ခ​ရာ​များ​ကို​ပ​ဋိ​ညာဉ်​သေတ္တာ တော်​၏​ရှေ့​တွင်​အ​ချိန်​မှန်​မှန်​မှုတ်​ရ​ကြ​၏။-
7 På den dagen var det som David först fastställde den ordningen att man genom Asaf och hans bröder skulle tacka HERREN på detta sätt:
ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု ၍​သီ​ချင်း​ဆို​ကြ​ရန် အာ​သပ်​နှင့်​မိ​မိ​၏​အ​ဖော် လေ​ဝိ​အ​နွယ်​ဝင်​တို့​ကို ဒါ​ဝိဒ်​မင်း​ပ​ထ​မ​ဆုံး အ​ကြိမ်​တာ​ဝန်​ပေး​ခြင်း​ပင်​ဖြစ်​သ​တည်း။
8 »Tacken HERREN, åkallen hans namn, gören hans gärningar kunniga bland folken.
ထာ​ဝ​ရ​ဘု​ရား​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ကြ​လော့။ ကိုယ်​တော်​သည်​ကြီး​မြတ်​တော်​မူ​ကြောင်း​ကို ထုတ်​ဖော်​ကြေ​ညာ​ကြ​လော့။ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​ကြ​လော့။
9 Sjungen till hans ära, lovsägen honom, talen om alla hans under.
ကိုယ်​တော်​ပြု​တော်​မူ​သော​အံ့​သြ​ဘွယ်​ရာ​တို့ ကို ပြော​ကြား​လျက် ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​သီ​ချင်း​ဆို​၍ ချီး​မွမ်း​ကြ​လော့။
10 Berömmen eder av hans heliga namn; glädje sig av hjärtat de som söka HERREN.
၁၀ငါ​တို့​အား​ကိုယ်​တော်​ပိုင်​တော်​မူ​သည်​ဖြစ်​၍ ဝမ်း​မြောက်​ကြ​လော့။ ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​သူ​အ​ပေါင်း တို့​သည် ဝမ်း​မြောက်​ရွှင်​မြူး​ကြ​စေ။
11 Frågen efter HERREN och hans makt, söken hans ansikte beständigt.
၁၁ကူ​မ​တော်​မူ​ရန်​ထာ​ဝ​ရ​ဘု​ရား​၏​ထံ​တော်​သို့ ချဉ်း​ကပ်​ကြ​လော့။ ကိုယ်​တော်​အား​အ​စဉ်​အ​မြဲ​ဝတ်​ပြု ကိုး​ကွယ်​ကြ​လော့။
12 Tänken på de underbara verk som han har gjort, på hans under och hans muns domar,
၁၂ဘု​ရား​သ​ခင်​၏​အ​စေ​ခံ​ယာ​ကုပ်​၏​သား မြေး​တို့၊ ဘု​ရား​သ​ခင်​ရွေး​ကောက်​တော်​မူ​သော ဣ​သ​ရေ​လ​၏​သား​မြေး​တို့၊ ကိုယ်​တော်​ပြ​တော်​မူ​သည့်​ကြီး​မြတ်​အံ့​သြ​ဖွယ် ကောင်း​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို​လည်း​ကောင်း၊ ကိုယ်​တော်​ချ​မှတ်​တော်​မူ​သော​တ​ရား စီ​ရင်​ချက်​တို့​ကို​လည်း​ကောင်း အောက်​မေ့​သ​တိ​ရ​ကြ​လော့။
13 I Israels, hans tjänares, säd, I Jakobs barn, hans utvalda.
၁၃
14 Han är HERREN, vår Gud; över hela jorden gå hans domar.
၁၄ထာ​ဝ​ရ​ဘု​ရား​သည်​ငါ​တို့​၏​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၏​ပ​ညတ်​တော်​တို့​သည် ကမ္ဘာ​တစ်​ဝန်း​လုံး​အ​တွက်​ဖြစ်​၏။
15 Tänken evinnerligen på hans förbund, intill tusen släkten på vad han har stadgat,
၁၅ထာ​ဝ​စဉ်​တည်​မြဲ​စေ​ရန်​ကိုယ်​တော်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​တော်​တည်း​ဟူ​သော အာ​ဗြ​ဟံ​နှင့်​ကိုယ်​တော်​ပြု​တော်​မူ​သော ပ​ဋိ​ညာဉ်​တော်​ကို​လည်း​ကောင်း၊ ဣ​ဇာက်​အား​ပေး​တော်​မူ​သော​က​တိ​တော် ကို​လည်း​ကောင်း၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​မေ့​မ​လျော့​ကြ​နှင့်။
16 på det förbund han slöt med Abraham och på hans ed till Isak.
၁၆
17 Han fastställde det för Jakob till en stadga, för Israel till ett evigt förbund;
၁၇ထာ​ဝ​ရ​ဘု​ရား​သည်​ထာ​ဝ​စဉ်​တည်​မြဲ​မည့် ပ​ဋိ​ညာဉ်​တော်​ကို​ယာ​ကုပ်​နှင့်​ပြု​တော်​မူ​ခဲ့​၏။
18 han sade: 'Åt dig vill jag giva Kanaans land, det skall bliva eder arvedels lott.'
၁၈ကိုယ်​တော်​က``ခါ​နာန်​ပြည်​ကို​သင့်​အား​ငါ​ပေး​မည်။ သင်​သည်​ထို​ပြည်​ကို​အ​ပိုင်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
19 Då voren I ännu en liten hop, I voren ringa och främlingar därinne.
၁၉ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည် အ​ရေ​အ​တွက်​အား​ဖြင့်​နည်း​ပါး​၍၊ ခါ​နာန်​ပြည်​တွင်​သူ​စိမ်း​တစ်​ရံ​ဆံ​များ အဖြစ်​ဖြင့် နေ​ရ​ကြ​၏။
20 Och de vandrade åstad ifrån folk till folk ifrån ett rike bort till ett annat.
၂၀တစ်​နိုင်​ငံ​မှ​တစ်​နိုင်​ငံ၊လူ​မျိုး​တစ်​မျိုး​မှ တစ်​မျိုး​သို့ လှည့်​လည်​သွား​လာ​ရ​ကြ​၏။
21 Han tillstadde ingen att göra dem skada, han straffade konungar för deras skull:
၂၁သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သူ​တို့​အား​ဖိ​စီး နှိပ်​စက်​ရန် အ​ဘယ်​သူ​ကို​မျှ​ခွင့်​ပြု​တော်​မ​မူ။ သူ​တို့​အား​ကာ​ကွယ်​စောင့်​ရှောက်​ရန် ရှင်​ဘု​ရင်​တို့​အား​သ​တိ​ပေး​တော်​မူ​၏။
22 'Kommen icke vid mina smorda, och gören ej mina profeter något ont.'
၂၂ကိုယ်​တော်​က``ငါ​ရွေး​ချယ်​ထား​သည့်​အ​စေ​ခံ တို့​ကို ဘေး​ဥ​ပဒ်​မ​ရောက်​စေ​ကြ​နှင့်။ ငါ​၏​ပ​ရော​ဖက်​တို့​ကို​မ​ထိ​ကြ​နှင့်'' ဟု​မိန့် တော်​မူ​၏။
23 Sjungen till HERRENS ära, alla länder, båden glädje var dag, förkunnen hans frälsning.
၂၃ကမ္ဘာ​သူ​ကမ္ဘာ​သား​အ​ပေါင်း​တို့၊သီ​ချင်း​ဆို​၍ ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ လော့။ ကိုယ်​တော်​သည်​ငါ​တို့​အား​ကယ်​တော်​မူ​ကြောင်း သ​တင်း​ကောင်း​ကို နေ့​စဉ်​နေ့​တိုင်း​ထုတ်​ဖော်​ကြေ​ညာ​ကြ​လော့။
24 Förtäljen bland hedningarna hans ära, bland alla folk hans under.
၂၄လူ​မျိုး​တ​ကာ​တို့​အား​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​ကို​လည်း​ကောင်း၊ လူ​အ​ပေါင်း​တို့​အား​ကိုယ်​တော်​၏ အံ့​သြ​ဖွယ်​သော​အ​မှု​တော်​တို့​ကို​လည်း​ကောင်း ထုတ်​ဖော်​ကြေ​ညာ​ကြလော့။
25 Ty stor är HERREN och högt lovad, och fruktansvärd är han mer än alla gudar.
၂၅ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​၍ ငါ​တို့​သည်​ကိုယ်​တော်​ကို​ထော​မ​နာ​ပြု​ရ​ကြ ပေ​မည်။ ငါ​တို့​သည်​ကိုယ်​တော်​အား​အ​ခြား​ဘု​ရား​များ ထက် ပို​၍​ကြောက်​ရွံ့​ရို​သေ​ရ​ကြ​ပေ​မည်။
26 Ty folkens alla gudar äro avgudar, men HERREN är den som har gjort himmelen.
၂၆အ​ခြား​လူ​မျိုး​တို့​၏​ဘု​ရား​များ​သည် ရုပ်​တု​များ​သာ​ဖြစ်​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​သော​အ​ရှင်​ဖြစ်​တော်​မူ​၏။
27 Majestät och härlighet äro inför hans ansikte, makt och fröjd i hans boning.
၂၇ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး​အာ​နု​ဘော် တော်​သည် ကိုယ်​တော်​အား​ဝိုင်း​ရံ​လျက်​ရှိ​၏။ ကိုယ်​တော်​၏​ဗိ​မာန်​တော်​သည်​ဝမ်း​မြောက် ရွှင်​မြူး​သံ​နှင့်​ပြည့်​လျက်​ရှိ​၏။
28 Given åt HERREN, I folkens släkter, given åt HERREN ära och makt;
၂၈ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊ထာ​ဝရ​ဘု​ရား​ကို ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး အာ​နု​ဘော်​တော်​ကို​ထော​မ​နာ​ပြု​ကြ​လော့။
29 given åt HERREN hans namns ära, bären fram skänker och kommen inför hans ansikte, tillbedjen HERREN i helig skrud.
၂၉ဘုန်း​အ​သ​ရေ​တော်​ရှင်​ထာ​ဝရ​ဘု​ရား​၏​နာ​မ တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ ပူ​ဇော်​သ​ကာ​ကို​ဆောင်​ယူ​လျက်​ကိုယ်​တော်​၏ ဗိ​မာန်​တော်​သို့​ဝင်​ကြ​လော့။ သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​သော​အ​ရှင် ကြွ​လာ​တော်​မူ​သော​အ​ခါ​ဦး​ညွှတ်​ပျပ်​ဝပ် ကြ​လော့။
30 Bäven för hans ansikte, alla länder; se, jordkretsen står fast och vacklar icke.
၃၀ကမ္ဘာ​မြေ​ကြီး​သား​အ​ပေါင်း​တို့၊ကိုယ်​တော်​၏ ရှေ့​တော်​၌ ကြောက်​လန့်​တုန်​လှုပ်​ကြ​လော့။ ကမ္ဘာ​မြေ​ကြီး​သည်​မ​ရွှေ့​မ​လျား​နိုင်​အောင် မိ​မိ​၏​နေ​ရာ​တွင်​ခိုင်​မြဲ​စွာ​တည်​နေ​၏။
31 Himmelen vare glad, och jorden fröjde sig, och bland hedningarna säge man: 'HERREN är nu konung!'
၃၁အ​ချင်း​ကုန်း​မြေ​နှင့်​မိုး​ကောင်း​ကင်​တို့၊ ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​ကြောင်း လူ​မျိုး​တ​ကာ​တို့​အား​ပြော​ကြား​လော့။
32 Havet bruse och allt vad däri är, marken glädje sig och allt som är därpå;
၃၂ပင်​လယ်​နှင့်​ပင်​လယ်​ထဲ​တွင်​ရှိ​သ​မျှ​သော သတ္တဝါ​တို့၊ မြည်​ဟည်း​သံ​ကို​ပြု​ကြ​လော့။ ပင်​လယ်​နှင့်​လယ်​ပြင်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့၊ ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့။
33 ja, då juble skogens träd inför HERREN, ty han kommer för att döma jorden.
၃၃ထာ​ဝ​ရ​ဘု​ရား​သည်​ကမ္ဘာ​လော​က​ကို​အုပ်​စိုး ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ တော​များ​ရှိ​သစ်​ပင်​တို့​သည်​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လိမ့်​မည်။
34 Tacken HERREN, ty han är god, ty hans nåd varar evinnerligen,
၃၄ထာ​ဝ​ရ​ဘု​ရား​သည်​ကောင်း​မြတ်​တော်​မူ​သည် ဖြစ်​၍ ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​ကြ​လော့။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​၏။
35 och sägen: 'Fräls oss, du vår frälsnings Gud, församla oss och rädda oss från hedningarna, så att vi få prisa ditt heliga namn och berömma oss av ditt lov.'
၃၅``ကျွန်​တော်​မျိုး​တို့​သည်​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၍ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ်​သော နာ​မ​တော်​ကို ထော​မ​နာ​ပြု​ကြ​စေ​ရန်​ကျွန်​တော်​မျိုး​တို့​၏ ကယ်​တင်​ရှင်​ဘု​ရား​သ​ခင် ကျွန်​တော်​မျိုး​တို့​ကို​ကယ်​တင်​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​ကို​စု​ရုံး​၍​ကျွန်​တော်​မျိုး​တို့​အား လူ​မျိုး​တ​ကာ​တို့​၏​လက်​မှ​ကယ်​တော်​မူ​ပါ'' ဟု ကိုယ်​တော်​အား​မြွက်​ဆို​ကြ​လော့။
36 Lovad vare HERREN, Israels Gud, från evighet till evighet!» Och allt folket sade: »Amen», och lovade HERREN.
၃၆ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ​ပြု​ကြ​လော့။ ကိုယ်​တော်​အား​ယ​ခု​မှ​စ​၍​ကမ္ဘာ​အ​ဆက်​ဆက် ထော​မ​နာ​ပြု​ကြ​လော့။ ထို​အ​ခါ​လူ​အ​ပေါင်း​တို့​သည်``အာ​မင်'' ဟု​ဆို ၍​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​ကြ ကုန်​၏။
37 Och han gav där, inför HERRENS förbundsark, åt Asaf och hans bröder uppdraget att beständigt göra tjänst inför arken, var dag med de för den dagen bestämda sysslorna.
၃၇ဒါ​ဝိဒ်​မင်း​သည်​အာ​သပ်​နှင့်​သူ​၏​သား​ချင်း လေ​ဝိ​အ​နွယ်​တို့​အား ပ​ဋိ​ညာဉ်​သေတ္တာ​တော် တည်​ရာ​ဌာ​န​တွင်​ကိုး​ကွယ်​ဝတ်​ပြု​မှု​အ​တွက် အ​မြဲ​တမ်း​တာ​ဝန်​ပေး​အပ်​တော်​မူ​၏။ သူ​တို့ သည်​နေ့​စဉ်​နေ့​တိုင်း​မိ​မိ​တို့​၏​တာ​ဝန်​ဝတ္တ​ရား များ​ကို​ဆောင်​ရွက်​ရ​ကြ​၏။-
38 Men Obed-Edom och deras bröder voro sextioåtta; och Obed-Edom, Jedituns son, och Hosa gjorde han till dörrvaktare.
၃၈ယေ​ဒု​သုန်​၏​သား​သြဗ​ဒေဒုံ​နှင့်​သူ​၏​သား​ချင်း စု​မှ​လူ​ခြောက်​ဆယ့်​ရှစ်​ယောက်​တို့​သည် အာ​သပ် နှင့်​လေ​ဝိ​အ​နွယ်​ဝင်​တို့​အား​ကူ​ညီ​မ​စ​ရ ကြ​၏။ ဟော​သံ​နှင့်​သြ​ဗ​ဒေ​ဒုံ​တို့​ကား တံ​ခါး​မှူး​များ​ဖြစ်​သ​တည်း။
39 Och prästen Sadok och hans bröder, prästerna, anställde han inför HERRENS tabernakel, på offerhöjden i Gibeon,
၃၉ယဇ်​ပု​ရော​ဟိတ်​ဇာ​ဒုတ်​နှင့်​သူ​၏​အ​ဖော်​ယဇ် ပု​ရော​ဟိတ်​များ​မူ​ကား ဂိ​ဗောင်​၌​ထာ​ဝ​ရ ဘု​ရား​အား​ကိုး​ကွယ်​ဝတ်​ပြု​ရာ​ဌာ​န​တွင် တာ​ဝန်​ယူ​ရ​ကြ​လေ​သည်။-
40 för att de beständigt skulle offra åt HERREN brännoffer på brännoffersaltaret, morgon och afton, och göra allt vad som var föreskrivet i HERRENS lag, den som han hade givit åt Israel;
၄၀သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ထာ​ဝ​ရ​ဘု​ရား ပေး​အပ်​တော်​မူ​သော​ပ​ညတ် ကျမ်း​တွင်​ရေး​သား​ပါ​ရှိ​သည့်​အ​တိုင်း​နေ့​စဉ် နံ​နက်​၌​တစ်​ကြိမ်၊ ည​နေ​၌​တစ်​ကြိမ်​ယဇ်​ပလ္လင် ပေါ်​တွင် ယဇ်​ကောင်​များ​ကို​အ​ကောင်​လိုက်​တင် ၍​မီး​ရှို့​ပူ​ဇော်​ရ​ကြ​၏။-
41 och jämte dem Heman och Jedutun och de övriga namngivna utvalda, på det att de skulle tacka HERREN, därför att hans nåd varar evinnerligen.
၄၁ထာ​ဝ​ရ​ဘု​ရား​၏​မေတ္တာ​တော်​သည်​ထာ​ဝ​ရ တည်​သည်​ဖြစ်​၍ ထော​မ​နာ​သီ​ချင်း​များ​ဖြင့် ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ရန်​သီး​ခြား သတ်​မှတ်​ရွေး​ချယ်​ထား​သူ​ဟေ​မန်၊ ယေ​ဒု​သုန် နှင့်​အ​ခြား​သူ​တို့​သည်​လည်း ထို​အ​ရပ်​တွင် ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​အ​တူ​ရှိ​ကြ​ပေ သည်။-
42 Och hos dessa, nämligen Heman och Jedutun, förvarades trumpeter och cymbaler åt dem som skulle spela, så ock andra instrumenter som hörde till gudstjänsten. Och Jedutuns söner gjorde han till dörrvaktare.
၄၂ထော​မ​နာ​သီ​ချင်း​များ​ကို​သီ​ဆို​ချိန်​၌​ဟေ​မန် နှင့်​ယေ​ဒု​သုန်​တို့​သည်​တံပိုး​ခ​ရာ၊ လင်း​ကွင်း​နှင့် အ​ခြား​တူ​ရိ​ယာ​များ​ကို​တီး​မှုတ်​ရာ​၌​လည်း တာ​ဝန်​ယူ​ရ​ကြ​၏။ ယေ​ဒု​သုန်​၏​သား​ချင်း​စု မှ​လူ​တို့​သည် တံ​ခါး​များ​ကို​တာ​ဝန်​ယူ​၍ စောင့်​ရ​သူ​များ​ဖြစ်​ကြ​၏။
43 Sedan gick allt folket hem, var och en till sitt; men David vände om för att hälsa sitt husfolk.
၄၃ထို့​နောက်​လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​၏​အိမ် အ​သီး​သီး​သို့​ပြန်​သွား​ကြ​၏။ ဒါ​ဝိဒ်​မင်း သည်​လည်း​မိ​မိ​၏​အိမ်​ထောင်​စု​သား​တို့​ထံ သို့​ပြန်​သွား​တော်​မူ​၏။

< 1 Krönikeboken 16 >