< Psaltaren 44 >

1 En undervisning Korah barnas, till att föresjunga. Gud, vi hafve med våra öron hört, våre fäder hafva det förtäljt oss, hvad du i deras dagar gjort hafver fordom.
အို ဘု​ရား​သ​ခင်၊ ရှေး​ကာ​လ​က​ဘိုး​ဘေး​တို့​လက်​ထက်​၌ ကိုယ်​တော်​ပြု​တော်​မူ​ခဲ့​သော​အ​မှု​အ​ရာ​များ အ​ကြောင်း​ကို​သူ​တို့​ပြော​ပြ​သ​ဖြင့် ကျွန်​တော်​မျိုး​တို့​ကိုယ်​တိုင်​ကြား​ကြ​ရ​ပါ​ပြီ။
2 Du hafver med dine hand fördrifvit Hedningarna; men dem hafver du insatt. Du hafver förderfvat folken; men dem hafver du utvidgat.
ကိုယ်​တော်​ရှင်​ကိုယ်​တိုင်​အ​ခြား​လူ​မျိုး​တို့​အား နှင်​ထုတ်​တော်​မူ​၍ ကိုယ်​တော်​၏​လူ​စု​တော်​အား​ထို​သူ​တို့​၏​ပြည်​တွင် နေ​ရာ​ချ​ထား​တော်​မူ​ကြောင်း၊ လူ​မျိုး​ခြား​တို့​အား​အ​ပြစ်​ဒဏ်​ပေး​တော်​မူ​၍ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​ကြီး​ပွား တိုး​တက်​စေ​တော်​မူ​ကြောင်း​ကို​ပြော​ပြ​ပါ​၏။
3 Ty de hafva icke intagit landet genom sitt svärd, och deras arm halp dem intet; utan din högra hand, din arm och ditt ansigtes ljus; ty du hade ett behag till dem.
ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​သည်​ထို​ပြည်​ကို ဋ္ဌား​လက်​နက်​ဖြင့်​သိမ်း​ပိုက်​နိုင်​ကြ​သည်​မ​ဟုတ်​ပါ။ မိ​မိ​တို့​၏​ကိုယ်​ပိုင်​စွမ်း​ရည်​အား​ဖြင့်​လည်း သိမ်း​ပိုက်​နိုင်​ကြ​သည်​မ​ဟုတ်​ပါ။ ကိုယ်​တော်​ရှင်​၏​အ​စွမ်း​တန်​ခိုး​တော် အား​ဖြင့်​လည်း​ကောင်း၊ ကိုယ်​တော်​သည်​သူ​တို့​အား​ချစ်​တော်​မူ​သ​ဖြင့် သူ​တို့​နှင့်​အ​တူ​ကိုယ်​တော်​ရှင်​ရှိ​တော်​မူ​ခြင်း အား​ဖြင့်​လည်း​ကောင်း သူ​တို့​သည်​ထို​ပြည်​ကို​သိမ်း​ပိုက်​နိုင်​ကြ​ပါ​၏။
4 Gud, du äst den samme min Konung, som Jacob hjelp tillsäger.
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရင်၊ ကျွန်​တော်​မျိုး​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား​အောင်​ပွဲ​ကို ပေး​တော်​မူ​ပါ​၏။
5 Igenom dig skole vi nederslå våra fiendar. I ditt Namn vilje vi undertrampa dem som sig emot oss sätta.
ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏ တန်​ခိုး​တော်​အား​ဖြင့်​ရန်​သူ​များ​ကို အ​နိုင်​ရ​ကြ​ပါ​၏။
6 Ty Jag förlåter mig icke uppå min båga, och mitt svärd kan intet hjelpa mig;
ကျွန်​တော်​မျိုး​သည်​မိ​မိ​၏​လေး​ကို​အား​မ​ကိုး​ပါ။ ကျွန်​တော်​မျိုး​၏​ဋ္ဌား​သည်​လည်း​ကျွန်​တော်​မျိုး​ကို မ​ကယ်​နိုင်​ပါ။
7 Utan du hjelper oss ifrå våra fiendar, och gör dem till skam, som hata oss.
သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး တို့​အား ရန်​သူ​များ​လက်​မှ​ကယ်​တော်​မူ​၍ ကျွန်​တော်​မျိုး​တို့​ကို​မုန်း​သူ​တို့​အား နှိမ်​နင်း​တော်​မူ​ခဲ့​ပါ​၏။
8 Vi vilje dagliga berömma oss af Gudi, och tacka dino Namne evinnerliga. (Sela)
ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား အ​စဉ်​အ​မြဲ​ထော​မ​နာ​ပြု​၍​ကျေး​ဇူး​တော်​ကို ထာ​ဝ​စဉ်​ချီး​မွမ်း​ပါ​မည်။
9 Hvi bortdrifver du då nu oss, och låter oss till skam varda; och drager icke ut i vårom här?
သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​ကိုယ်​တော်​သည် ကျွန်​တော်​မျိုး​တို့​အား​ပစ်​ပယ်​တော်​မူ​လျက် အ​ရေး​ရှုံး​နိမ့်​စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​၏​စစ်​တပ်​များ​နှင့်​အ​တူ ချီ​တက်​တော်​မ​မူ​တော့​ပါ။
10 Du låter oss fly för våra fiendar, att de, som oss hata, skola beröfva oss.
၁၀ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ရန်​သူ​များ​ထံ​မှ​ထွက်​ပြေး​စေ​တော်​မူ​ပါ​၏။ သူ​တို့​သည်​လည်း​ကျွန်​တော်​မျိုး​တို့​၏ ပစ္စည်း​ဥစ္စာ​များ​ကို​အ​ပိုင်​သိမ်း​ယူ​ကြ​ပါ​၏။
11 Du låter uppäta oss såsom får, och förströr oss ibland Hedningarna.
၁၁ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​သိုး​များ သ​ဖွယ် အ​သတ်​ခံ​စေ​တော်​မူ​လျက်​တစ်​ကျွန်း​တစ်​နိုင်​ငံ​သို့ ကွဲ​လွင့်​သွား​စေ​တော်​မူ​ပါ​၏။
12 Du säljer ditt folk förgäfves, och tager der intet före.
၁၂ကိုယ်​တော်​ရှင်​သည်​မိ​မိ​၏​လူ​စု​တော်​အား အ​ဖိုး​အ​နည်း​ငယ်​ဖြင့်​ရောင်း​ချ​တော်​မူ​ပါ​၏။ မည်​သည့်​အ​မြတ်​အ​စွန်း​မျှ​လည်း​ရ​ရှိ​တော်​မ​မူ​ပါ။
13 Du gör oss till smälek vårom grannom; till spott och hån dem som omkring oss äro.
၁၃ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော အ​မှု​ကို အိမ်​နီး​ချင်း​များ​သည်​မြင်​၍​ကျွန်​တော်​မျိုး​တို့​အား ပြောင်​လှောင်​၍​ပြက်​ရယ်​ပြု​ကြ​ပါ​၏။
14 Du gör oss till ett ordspråk ibland Hedningarna, och att folken rista hufvudet öfver oss.
၁၄ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား လူ​မျိုး​တ​ကာ​တို့​မ​ထီ​မဲ့​မြင်​ပြု​စ​ရာ ဖြစ်​စေ​တော်​မူ​ပါ​ပြီ။ သူ​တို့​သည်​ကျွန်​တော်​မျိုး​တို့​အား​မ​ခိုး​မ​ခန့် ဦး​ခေါင်း​ညိတ်​၍​ပြ​ကြ​ပါ​၏။
15 Dagliga är min smälek för mig, och mitt ansigte är fullt med skam;
၁၅ရန်​သူ​များ​နှင့်​လက်​စား​ချေ​သူ​တို့​မ​ခိုး​မ​ခန့် စော်​ကား​ပြော​ဆို​ကြ​သည့်​စ​ကား​များ​ကြောင့် ကျွန်​တော်​မျိုး​သည်​အ​စဉ်​အ​မြဲ​အ​သ​ရေ ပျက်​၍ အ​ရှက်​ကွဲ​လျက်​နေ​ပါ​၏။
16 Att jag måste de försmädare och lastare höra, och fienderna och de hämndgiruga se.
၁၆
17 Allt detta är öfver oss kommet, och vi hafve dock intet förgätit dig, eller otroliga i ditt förbund handlat.
၁၇ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပြု​တော် မူ​သော ပ​ဋိ​ညာဉ်​တော်​ကို​မ​ချိုး​ဖောက်​ခဲ့​ကြ​ပါ။ ကိုယ်​တော်​ရှင်​အား​လည်း​မ​မေ့​လျော့​ခဲ့​ကြ​ပါ။ သို့​ပါ​လျက်​ဤ​ဆင်း​ရဲ​ဒုက္ခ​များ​ကို​ကျွန်​တော် မျိုး​တို့ ခံ​ကြ​ရ​ပါ​၏။
18 Vårt hjerta är icke affallet, eller vår gång viken ifrå din väg;
၁၈ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​အား သစ္စာ​မ​ဖောက်​ခဲ့​ကြ​ပါ။ ကိုယ်​တော်​၏​အ​မိန့်​တော်​များ​ကို​မ​လွန်​ဆန်​ခဲ့ ကြ​ပါ။
19 Att du så sönderslår oss ibland drakar, och öfvertäcker oss med mörker.
၁၉သို့​ပါ​လျက်​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​တို့​အား​သား​ရဲ​များ​ရှိ​ရာ အ​ရပ်​တွင် ခို​ကိုး​ရာ​မဲ့​ထား​တော်​မူ​ခဲ့​ပါ​၏။ အ​မှောင်​ဆုံး​အ​ရပ်​တွင်​စွန့်​ပစ်​၍​ထား​တော် မူ​ခဲ့​ပါ​၏။
20 Om vi vår Guds Namn förgätit hade, och våra händer upplyft till en främmande Gud;
၂၀အ​ကယ်​၍​ကျွန်​တော်​မျိုး​တို့​သည်​မိ​မိ​တို့​၏ ဘု​ရား​အား​ဝတ်​မ​ပြု​ရှိ​မ​ခိုး​ဘဲ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား​တို့​၏​ဘု​ရား​ထံ​သို့ ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​ပါ​မူ
21 Det kunde Gud väl finna. Nu känner han ju vår hjertans grund.
၂၁ဧ​ကန်​မု​ချ​ကိုယ်​တော်​ရှင်​သိ​တော်​မူ​မည်​သာ ဖြစ်​ပါ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​ရှင်​သည် လူ​တို့​၏​လျှို့​ဝှက်​သော​အ​ကြံ​အ​စည်​များ​ကို သိ​တော်​မူ​သော​ကြောင့်​ဖြစ်​ပါ​၏။
22 Ty vi varde ju dagliga för dina skull dräpne, och äro räknade såsom slagtefår.
၂၂သို့​ရာ​တွင်​ကိုယ်​တော်​ရှင်​အား​သစ္စာ​စောင့်​သည့် အ​တွက်​ကြောင့် ကျွန်​တော်​မျိုး​တို့​သည်​အ​ခါ​ခပ်​သိမ်း​သေ ဘေး​နှင့် ကြုံ​ရ​ကြ​ပါ​၏။ သတ်​ရန်​လျာ​ထား​သော​သိုး​များ​ကဲ့​သို့​သူ​တစ်​ပါး​တို့ မှတ်​ယူ​ခြင်း​ကို​ခံ​ရ​ကြ​ပါ​၏။
23 Uppväck dig, Herre; hvi sofver du? Vaka upp, och bortdrif oss icke med allo.
၂၃အို ထာ​ဝ​ရ​ဘု​ရား၊ နိုး​ထ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့်​ကျိန်း​စက်​၍ နေ​တော်​မူ​ပါ​သ​နည်း။ ထ​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့​အား​ထာ​ဝ​စဉ်​ပစ်​ပယ်​တော်​မ​မူ​ပါ​နှင့်။
24 Hvi fördöljer du ditt ansigte; och förgäter vårt elände och tvång?
၂၄ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​ကြောင့် ကျွန်​တော်​မျိုး​တို့​အား​မျက်​နှာ​တော်​ကို လွှဲ​တော်​မူ​ပါ​သ​နည်း။ ကျွန်​တော်​မျိုး​တို့​၏​ဝေ​ဒ​နာ​နှင့်​ဆင်း​ရဲ​ဒုက္ခ​များ​ကို မေ့​တော်​မ​မူ​ပါ​နှင့်။
25 Ty vår själ är nederböjd till jordena; vår buk låder vid jordena.
၂၅ကျွန်​တော်​မျိုး​တို့​သည်​မြေ​သို့​တိုင်​အောင် ချေ​မှုန်း​ခြင်း​ကို​ခံ​ကြ​ရ​ပါ​၏။ အ​ရေး​ရှုံး​နိမ့်​ကာ​မြေ​မှုန့်​တွင်​လဲ​လျက် နေ​ကြ​ရ​ပါ​၏။
26 Statt upp, hjelp oss, och förlös oss, för dina godhets skull.
၂၆ထ​တော်​မူ​၍​ကျွန်​တော်​မျိုး​တို့​အား​ကူ​မ တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို ထောက်​၍ ကယ်​တော်​မူ​ပါ။

< Psaltaren 44 >