< Psaltaren 145 >
1 Ett lof Davids. Jag vill upphöja dig, min Gud, du Konung, och ditt Namn lofva alltid och förutan ända.
၁ကျွန်တော်မျိုး၏ဘုရား၊ကျွန်တော်မျိုး၏ဘုရင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင် ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။ ကိုယ်တော်ရှင်၏ကျေးဇူးတော်ကိုကာလအစဉ် အဆက် ချီးမွမ်းပါမည်။
2 Jag vill dagliga lofva dig, och ditt Namn prisa alltid och förutan ända.
၂နေ့စဉ်နေ့တိုင်းကိုယ်တော်ရှင်၏ကျေးဇူးတော်ကို ချီးမွမ်းပါမည်။ ကာလအစဉ်အဆက်ကိုယ်တော်ရှင်အား ထောမနာပြုပါမည်။
3 Herren är stor, och mycket loflig, och hans storhet är osägelig.
၃ထာဝရဘုရားသည်ကြီးမြတ်တော်မူ၍ ထောမနာပြုခြင်းကိုအလွန်ခံထိုက်တော်မူ၏။ ကြီးမြတ်တော်မူပုံကိုဆင်ခြင်တိုင်းထွာ၍ မရနိုင်။
4 Barnabarn skola prisa dina verk, och tala om ditt välde.
၄ကိုယ်တော်ရှင်ပြုတော်မူသောအမှုတော်ကို လူတို့သည်သားစဉ်မြေးဆက်ထောမနာပြု ပါလိမ့်မည်။ သူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော မဟာအမှုတော်တို့ကိုထုတ်ဖော်ကြေညာ ကြပါလိမ့်မည်။
5 Jag vill tala om dina härliga stora äro, och om dina under;
၅သူတို့သည်ကိုယ်တော်ရှင်၏ဘုန်းအသရေ တော်နှင့် အာနုဘော်တော်ကိုပြောကြားကြပါလိမ့်မည်။ ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်ပြုတော်မူသော အံ့သြဖွယ်အမှုတော်တို့ကိုစဉ်းစားဆင်ခြင် ပါမည်။
6 Att man skall tala om dina härliga gerningar, och att man förtäljer dina härlighet;
၆လူတို့သည်ကိုယ်တော်ရှင်၏အံ့သြဖွယ်ကောင်းသော မဟာအမှုတော်တို့ကိုကြားပြောကြပါလိမ့်မည်။ ကျွန်တော်မျိုးသည်လည်းကိုယ်တော်ရှင်၏ ကြီးမြတ်တော်မူပုံကိုထုတ်ဖော်ကြေညာပါမည်။
7 Att man skall prisa dina stora godhet, och lofva dina rättfärdighet.
၇သူတို့သည်ကိုယ်တော်ကောင်းမြတ်တော်မူကြောင်းကို မြွက်ဆို၍ကိုယ်တော်ကောင်းမြတ်တော်မူကြောင်း သီချင်းဆိုကြပါလိမ့်မည်။
8 Nådelig och barmhertig är Herren, tålig och af stor godhet.
၈ထာဝရဘုရားသည်ချစ်တတ်သောသဘော၊ သည်းခံတတ်သောသဘောရှိတော်မူ၍ ခိုင်မြဲသောမေတ္တာတော်နှင့်ကြွယ်ဝတော် မူ၏။
9 Herren är allom god, och förbarmar sig öfver all sin verk.
၉ကိုယ်တော်သည်လူတိုင်းကိုကျေးဇူးပြုတော် မူ၍ မိမိဖန်ဆင်းတော်မူသမျှသောသတ္တဝါတို့ အား ကရုဏာထားတော်မူ၏။
10 All din verk, Herre, skola tacka dig, och dine helige lofva dig;
၁၀အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ဖန်ဆင်းတော်မူသမျှသော သတ္တဝါတို့သည်ကိုယ်တော်ရှင်အားထောမနာ ပြုကြပါလိမ့်မည်။ ကိုယ်တော်ရှင်၏လူစုတော်သည်ကျေးဇူး တော်ကို ချီးမွမ်းကြပါလိမ့်မည်။
11 Och prisa dins rikes äro, och tala om ditt välde;
၁၁သူတို့သည်ကိုယ်တော်ရှင်၏ဘုန်းအသရေ တော်နှင့် အာနုဘော်တော်အကြောင်းကိုပြောကြား ပါလိမ့်မည်။
12 Att ditt välde må menniskors barnom kunnogt varda, och dins rikes härliga majestät.
၁၂ဤနည်းအားဖြင့်လူအပေါင်းတို့သည်ကိုယ်တော် ရှင်၏ မဟာအမှုတော်တို့ကိုလည်းကောင်း၊ နိုင်ငံတော်၏ဘုန်းအသရေတော်ကိုလည်း ကောင်း သိရှိကြပါလိမ့်မည်။
13 Ditt rike är ett evigt rike, och ditt herradöme varar förutan ända.
၁၃ကိုယ်တော်ရှင်၏နိုင်ငံတော်သည်နိစ္စထာဝရ တည်တော်မူပါ၏။ ကိုယ်တော်ရှင်သည်လည်းထာဝရဘုရင် ဖြစ်တော်မူပါ၏။ ထာဝရဘုရားသည်မိမိ၏ကတိတော်တို့ကို တည်စေတော်မူ၍ ပြုတော်မူသမျှသောအမှုတို့တွင်မေတ္တာတော်ကို ဖော်ပြတော်မူ၏။
14 Herren uppehåller alla de som falla, och uppreser alla de som nederslagne äro.
၁၄ကိုယ်တော်သည်ဒုက္ခရောက်သူအပေါင်းကို ကူမတော်မူ၏။ လဲကျနေသူအပေါင်းကိုကူမတော်မူ၏။
15 Allas ögon vänta efter dig, och du gifver dem sin spis i sinom tid.
၁၅သက်ရှိသတ္တဝါအပေါင်းတို့သည်ကိုယ်တော်ကို မျှော်ကြည့်ကြ၏။ ကိုယ်တော်သည်သူတို့ကိုအချိန်တန်လျှင် ကျွေးမွေးတော်မူ၏။
16 Du upplåter dina hand, och uppfyller allt det som lefver med behag.
၁၆ကိုယ်တော်သည်သူတို့၏လိုအင်များကို လုံလောက်စွာ ဖြည့်တင်းပေးကာသူတို့ကိုရောင့်ရဲစေတော်မူ၏။
17 Herren är rättfärdig i alla sina vägar, och helig i alla sina gerningar.
၁၇ထာဝရဘုရားသည်ပြုလေသမျှသော အမှုတို့တွင်ဖြောင့်မတ်ခြင်းနှင့်ကရုဏာ တော်ကို ဖော်ပြတော်မူ၏။
18 Herren är när allom dem som åkalla honom, allom dem som med allvar åkalla honom.
၁၈ကိုယ်တော်သည်မိမိအားစိတ်ရောကိုယ်ပါ ပတ္ထနာပြုကြသူအပေါင်းတို့၏အနီးတွင် ရှိတော်မူ၏။
19 Han gör hvad de gudfruktige begära, och hörer deras rop, och hjelper dem.
၁၉ကိုယ်တော်သည်မိမိအား ကြောက်ရွံ့ရိုသေသူအပေါင်းတို့၏လိုအင် များကို ဖြည့်တင်းပေးတော်မူ၏။ သူတို့၏ဟစ်အော်သံကိုကြားတော်မူ၍ သူတို့အားကယ်တော်မူ၏။
20 Herren bevarar alla de honom älska, och skall förgöra alla ogudaktiga.
၂၀ကိုယ်တော်သည်မိမိအားချစ်သောသူအပေါင်း တို့ကို ကာကွယ်စောင့်ရှောက်တော်မူ၏။ သူယုတ်မာအပေါင်းတို့ကိုမူကား သုတ်သင်တော်မူလိမ့်မည်။
21 Min mun skall säga Herrans lof; allt kött lofve hans helga Namn alltid, och förutan ända!
၂၁ငါသည်ထာဝရဘုရားအားအစဉ်အမြဲ ထောမနာပြုမည်။ သတ္တဝါအပေါင်းတို့သည်ကိုယ်တော်၏ သန့်ရှင်းမြင့်မြတ်သည့်နာမတော်အား ကာလ အစဉ်အဆက်ထောမနာပြုကြပါစေ။