< 4 Mosebok 5 >
1 Och Herren talade med Mose, och sade:
၁တဖန် ထာဝရဘုရားသည် မောရှေအား မိန့်တော်မူသည်ကား၊
2 Bjud Israels barnom, att de låta alla spitelska komma utu lägret, och alla de som etterflöd hafva, och de som på något dödt orene vordne äro.
၂ငါနေသောတပ်ကို မညစ်ညူးစေခြင်းငှါ၊
3 Både man och qvinno skola de drifva ut för lägret, att de icke skola göra deras lägre orent, der jag uti bor ibland dem.
၃ဣသရေလအမျိုးသားတို့သည် နူသောသူ၊ ရိနာ စွဲသောသူ၊ အသေကောင်ထိ၍ မစင်ကြယ်သောသူ ယောက်ျားမိန်းမအပေါင်းတို့ကို၊ တပ်ပြင်မှာ နေရာချထား ရမည်အကြောင်း ဆင့်ဆိုလော့ဟု
4 Och Israels barn gjorde så, och drefvo dem ut för lägret, såsom Herren hade sagt till Mose.
၄မောရှေအား မိန့်တော်မူသည်အတိုင်း ဣသ ရေလအမျိုးသားတို့သည် ပြုကြ၏။
5 Och Herren talade med Mose, och sade:
၅တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
6 Tala till Israels barn, och säg till dem: Om en man eller qvinna gör en synd på en mennisko, och förbryter sig dermed emot Herranom, så hafver den själen en skuld uppå sig.
၆လူပြုတတ်သော ဒုစရိုက်ကိုပြု၍၊ ထာဝရဘုရား ကို ပြစ်မှားသဖြင့် အပြစ်ရောက်သော ယောက်ျားမိန်းမ သည်၊
7 Och de skola bekänna deras synd, som de gjort hafva, och skola försona deras skuld med lika värd, och derutöfver lägga femtedelen till, och gifva honom, som de emot syndat hafva.
၇ထိုအပြစ်ကို ဘော်ပြ၍ တောင်းပန်ရမည်။ ပြစ် မှားသောအတွက်၊ ငါးစုတစုကိုထပ်၍ ပြစ်မှားခံသော သူအားပေးရမည်။
8 Om ingen är, hvilkom man betala skulle, så skall man gifvat Herranom inför Prestenom, undantagen försoningenes vädur, der han med försonad varder.
၈ထိုအပြစ်အတွက် ပေးသောဥစ္စာကိုခံထိုက်သော အမျိုးသားချင်းမရှိလျှင်၊ ယဇ်ပုရောဟိတ်အဘို့ ထာဝရ ဘုရားအားပူဇော်ရမည်။ ထိုမှတပါး အပြစ်ဖြေစေခြင်းငှါ အပြစ်ဖြေရာယဇ်ဘို့ သိုးတကောင်ကို ပူဇော်ရမည်။
9 Desslikes skall allt häfoffer af allo thy, som Israels barn helga och offra Prestenom, vara hans.
၉ယဇ်ပုရောဟိတ်အား ဣသရေလအမျိုးသား ပူဇော်၍ သန့်ရှင်းသောအရာရှိသမျှတို့သည်၊ ယဇ်ပုရော ဟိတ်၏ဥစ္စာ ဖြစ်ရမည်။
10 Och hvilken något helgar, det skall ock vara hans; och hvad någor gifver Prestenom, det skall ock vara hans.
၁၀လူတိုင်းသန့်ရှင်းစေ၍ ယဇ်ပုရောဟိတ်အား လှူ သမျှတို့သည်လည်း ယဇ်ပုရောဟိတ်အား လှူသမျှတို့ သည်လည်း ယဇ်ပုရောဟိတ်၏ ဥစ္စာဖြစ်ရမည်ဟု မိန့် တော်မူ၏။
11 Och Herren talade med Mose, och sade:
၁၁တဖန်မောရှေအားထာဝရဘုရားက သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
12 Tala till Israels barn, och säg till dem: Om en mans hustru förlöper honom, och förbryter sig emot honom;
၁၂လင်ရှိသော မိန်းမသည် အခြားတပါးသော ယောက်ျားနှင့် မှားယွင်း၍ လင်ကိုပြစ်မှားလျှင်၎င်း၊
13 Och någor köttsliga belägrar henne, och varder dock mannenom fördoldt för hans ögon, och varder förskyldt att hon oren vorden är, och han kan icke öfvertygat henne; ty hon är icke beslagen dermed;
၁၃မှားယွင်းစဉ်တွင် သူတပါးမတွေ့မိ သက်သေမရှိ၊ သီလပျက် သော်လည်း ထိုအမှုကို ဝှက်ထား၍ လင်မသိလျှင်၎င်း၊
14 Och misstankoanden upptänder honom, att han sina hustru misstänker, ehvad hon är oren, eller ej oren;
၁၄သီလပျက်သည်ဖြစ်စေ ပျက်သည်ဖြစ်စေ၊ လင် သည် မယားကို မယုံလျှင်၎င်း
15 Så skall han hafva henne fram för Presten, och bära fram ett offer öfver henne, tiondeparten af ett epha bjuggmjöl, och skall ingen oljo gjuta deruppå, ej heller lägga der rökelse på; ty det är ett misstankaoffer, och ett röjelseoffer, som missgerning röjer.
၁၅ထိုမိန်းမပြုရသော ပူဇော်သက္ကာဘို့မှယောမုန့်၊ တဩမဲပါလျက် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီကိုမလောင်းရ။ လောဗန်ကိုမတင်ရ။ မယားကိုမယုံခြင်း ပူဇော်သက္ကာအပြစ်ကို ဖေါ်တင်ရာ ပူဇော်သက္ကာဖြစ်၏။
16 Då skall Presten hafva henne fram, och ställa henne för Herran;
၁၆ယဇ်ပုရောဟိတ်သည်၊ ထိုပူဇော်သက္ကာကို ယူ၍ ထာဝရဘုရားရှေ့တော်၌ ထားရမည်။
17 Och taga af det helga vattnet uti ett lerkar, och lägga stoft af tabernaklets golf i vattnet;
၁၇ယဇ်ပုရောဟိတ်သည် သန့်ရှင်းသော ရေကို မြေအိုး၌ လောင်းပြီးလျှင်၊ တဲတော်၌ရှိသော မြေမှုန့်ကို ယူ၍ ရေထဲမှာ ထည့်ရမည်။
18 Och skall ställa qvinnona inför Herran, och blotta hennes hufvud, och lägga röjelseoffret, det ett misstankaoffer är, på hennes hand; och Presten skall hafva i sine hand bittert förbannadt vatten.
၁၈ထိုမိန်းမကို ထာဝရဘုရားရှေ့တော်မှာထားပြီး လျှင်၊ ခေါင်း၌ အချည်းစည်းရှိစေ၍၊ မယားကိုမယုံခြင်း၊ ပူဇော်သက္ကာတည်းဟူသော သတိပေးရာ ပူဇော်သက္ကာကို မိန်းမလက်၌ ထည့်ရမည်။ ကျိန်ခြင်းဘေးကိုဖြစ်စေသော ရေခါးကို၊ ယဇ်ပုရောဟိတ်ကိုယ်တိုင်ကိုင်ရမည်။
19 Han skall besvärja qvinnan, och säga till henne: Hafver ingen man belägrat dig, och du icke hafver förlupit din man, så att du hafver orenat dig, så skall detta bittra förbannade vattnet intet skada dig.
၁၉ထိုအခါ ယဇ်ပုရောဟိတ်သည်၊ ထိုမိန်းမကို အကျိန်တိုက်လျက် သင်သည် ကိုယ်ခင်ပွန်းမှ တပါး အခြားသော ယောက်ျားနှင့် မှားယွင်းခြင်း ညစ်ညူးခြင်း မရှိလျှင်၊ ကျိန်ခြင်းဘေးကိုဖြစ်စေသော၊ ဤရေခါးနှင့် ကင်းလွတ်စေသတည်း။
20 Men hafver du förlupit din man, så att du äst oren, och någor hafver belägrat dig förutan din man;
၂၀ကိုယ်ခင်ပွန်းမှ တပါးအခြားသော ယောက်ျား နှင့် မှားယွင်း၍ ညစ်ညူးခြင်းရှိလျှင်၊
21 Så skall Presten besvärja qvinnona med sådana förbannelse, och skall säga till henne: Herren sätte dig i förbannelse och till en ed ibland ditt folk; så att Herren låter förfalla dina länder, och din buk svälla.
၂၁ထာဝရဘုရားသည်၊ သင်၏ပေါင်ကို ပိန်စေ၍ ဝမ်းကိုလည်း ရောင်စေသဖြင့်၊ သင့်ကိုကျိန်အပ်သောသူ၊ အထိမ်းအမှတ်ပြု၍ လူများကျိန်ဆိုခြင်းကို ခံရသောသူ ဖြစ်စေခြင်းငှါ စီရင်တော်မူစေသတည်း။
22 Så gånge nu det förbannade vattnet i ditt lif, så att din buk sväller, och dina länder förfalla. Och qvinnan skall säga: Amen, amen.
၂၂ကျိန်ခြင်းဘေး ဖြစ်စေသော ဤရေသည်သင်၏ ဝမ်းထဲသို့ ဝင်၍ ဝမ်းရောင်းခြင်း၊ ပေါင်ပိန်ခြင်းကိုဖြစ်စေ သတည်းဟု ယဇ်ပုရောဟိတ်သည် ကျိန်ခြင်းအကျိန်တိုက် လျှင် မိန်းမက၊ အာမင်၊ အာမင်ဟု ဝန်ခံရမည်။
23 Och så skall Presten skrifva denna förbannelsen på en sedel, och två det af med vattnet;
၂၃ယဇ်ပုရောဟိတ်သည်လည်း၊ ထိုအကျိန်တို့ကို ရေးမှတ်၍ တဖန် ရေခါးနှင့်ချေပြီးမှ၊
24 Och skall gifva qvinnone dricka af det bittra förbannade vattnet; och när det bittra förbannade vattnet är gånget uti henne;
၂၄ကျိန်ခြင်းဘေးဖြစ်စေသောရေခါးကို မိန်းမအား တိုက်ရမည်။ ထိုရေသည် မိန်းမထဲသို့ဝင်၍ ခါးလိမ့်မည်။
25 Då skall Presten taga det misstankaoffret af hennes hand, och veftoffra det för Herranom till ett spisoffer, och offrat uppå altaret.
၂၅ထိုအခါ ယဇ်ပုရောဟိတ်သည်၊ မယားကို မယုံ ခြင်း၊ ပူဇော်သက္ကာကို မိန်းမလက်မှ ယူ၍ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲလျက် ယဇ်ပလ္လင်ပေါ်မှာဆက်ပြီးလျှင်၊
26 Han skall taga en hand full af spisoffret till hennes åminnelse, och bränna det upp på altaret, och derefter gifva qvinnone dricka vattnet.
၂၆မုန့်ညက်တလက်ဆွန်းတည်းဟူသော ပူဇော် သက္ကာအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို၍ ထိုနောက် အကျိန်ရေကို မိန်းမသောက်စေရမည်။
27 Och när hon hafver druckit vattnet, om hon är oren, och hafver sig emot sin man förbrutit; så skall det förbannade vattnet gå in i henne, och vara henne bittert, så att buken sväller på henne, och länderna förfalla; och den qvinna skall vara till en förbannelse ibland hennes folk.
၂၇ထိုမိန်းမသည် လက်ကိုပြစ်မှား၍ ညစ်ညူးခြင်း ရှိလျင် ကျိန်ခြင်း ဘေးဖြစ်စေသော ရေကိုသောက်ပြီးမှ သူ့အထဲ၌ ရေဝင်၍ ခါးသဖြင့် ဝမ်းရောင်ခြင်း၊ ပေါင်ပိန် ခြင်းသို့ရောက်၍ ထိမိန်းမသည် မိမိအမျိုး၌ ကျိန်အပ် သောသူဖြစ်လိမ့်မည်။
28 Är samma qvinna intet orenad, utan är ren; så skall det intet skada henne, så att hon ju må varda hafvandes.
၂၈သို့မဟုတ် ထိုမိန်းမသည် မညစ်ညူး၊ စင်ကြယ် ခြင်းရှိလျှင်၊ ဘေးနှင့်လွတ်၍ ပဋိသန္ဓေယူသော အခွင့် ရှိလိမ့်မည်။
29 Detta är misstankas lag, när en qvinna förlöper sin man och varder oren;
၂၉ဤရွှေ့ကား၊ မိန်းမသည် ကိုယ်ခင်ပွန်းမှတပါး အခြားသော ယောက်ျားနှင့် မှားယွင်း၍ ညစ်ညူးခြင်း ရှိသော်၎င်း၊
30 Eller när en misstankoande upptänder en man, att han misstänker sina hustru, att han skall ställa henne inför Herran; och Presten göre med henne allt efter denna lagen.
၃၀ယောက်ျားသည် မယားကို မယုံသောသဘော စွဲလမ်းသော်၎င်း၊ စောင့်ရသော တရားပေတည်း။ ယောက်ျားသည် မယားကိုမယုံ ထာဝရဘုရားရှေ့တော်၌ ထားသောအခါ ယဇ်ပုရောဟိတ်သည် ဤတရားအတိုင်း စီရင်သဖြင့်၊
31 Och mannen skall vara utan skuld för den missgerning, men qvinnan skall bära sin skuld.
၃၁ယောက်ျားသည် အပြစ်နှင့် ကင်းလွတ်၍ မိန်းမသည် မိမိအပြစ်ကို ခံရမည်ဟု မိန့်တော်မူ၏။