< Klagovisorna 5 >
1 Tänk uppå, Herre, huru oss går; skåda och se uppå vår smälek.
၁အိုထာဝရဘုရား၊အကျွန်ုပ်တို့၌ရောက်သော အမှုကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ခံရသော ကဲ့ရဲ့ခြင်းကိုကြည့်ရှု၍ ဆင်ခြင်တော်မူပါ။
2 Vårt arf är främmandom till del vordet, och vår hus utländskom.
၂အကျွန်ုပ်တို့ အမွေခံရာမြေသည် တပါး အမျိုးသားလက်သို့၎င်း၊ နေရာအိမ်တို့သည်လည်း တကျွန်းနိုင်ငံသားတို့လက်သို့၎င်း ရောက်ပါပြီ။
3 Vi äre faderlöse, och hafvom ingen fader våra mödrar äro såsom enkor.
၃အကျွန်ုပ်တို့သည် မိဘမရှိသော သူငယ်ဖြစ်ကြ ပါ၏။ အဘဆုံးပါပြီ။ အမိသည်မုတ်ဆိုးမကဲ့သို့နေရပါ၏။
4 Vattnet, som oss tillhörde, måste vi dricka för penningar, vår egen ved måste vi betala.
၄ငွေပေးမှရေကို သောက်ရပါ၏။ ထင်းကိုလည်း ဝယ်ရပါ၏။
5 Tvång ligger oss på halsen, och om vi än trötte varda, så gifs oss dock ingen hvila.
၅ထမ်းဘိုးကိုအစဉ်ထမ်းရပါ၏။ မရပ်မနေဘဲ လုပ်ကိုင်ရပါ၏။
6 Vi hafve måst gifva oss under Egypten och Assur, på det vi dock måtte få bröd, och äta oss mätta.
၆စားစရာကိုရခြင်းငှါ အဲဂုတ္တုပြည်သား၊ အာရှုရိ ပြည်သားတို့၌ ကျွန်ခံရပါ၏။
7 Våre fäder hafva syndat, och äro icke mer för handene, och vi måste deras missgerningar umgälla.
၇ဘိုးဘေးတို့သည်ပြစ်မှား၍ သေပြီးမှ၊ အကျွန်ုပ် တို့သည် သူတို့ အပြစ်များကို ခံရပါ၏။
8 Tjenare äro rådande öfver oss, och ingen är, som oss utu deras hand förlossar.
၈သူ့ကျွန်တို့သည် အကျွန်ုပ်တို့ကိုအုပ်စိုးကြပါ၏။ သူတို့လက်မှ အဘယ်သူမျှမကယ်မနှုတ်ပါ။
9 Vi måste hemta vårt bröd med vår lifsfara för svärdena uti öknene.
၉တော၌ထားဘေးနှင့်တွေ့၍ အသေခံလျက် စားစရာကို ရှာရကြပါ၏။
10 Vår hud är förbränd såsom uti enom ugn, för den grufveliga hungren.
၁၀မိတ်သိပ်ခြင်းအရှိန်ကြောင့် အကျွန်ုပ်တို့၏ အရေသည် မီးဖိုကဲ့သို့ မည်းပါ၏။
11 De hafva skämt qvinnorna i Zion, och jungfrurna uti Juda städer.
၁၁ဇိအုန်မြို့၌မိန်းမများကို၎င်း၊ ယုဒမြို့ရွာတို့၌ မိန်းမပျိုများကို၎င်း၊ အဓမ္မပြုကြပါ၏။
12 Förstarna äro af dem upphängde, och de gamlas person hafver man intet ärat.
၁၂မှူးမတ်တို့ကို လက်ဖြင့် ဆွဲထားကြပါ၏။ အသက်ကြီးသူတို့ကိုလည်း မရိုသေကြပါ။
13 Ynglingarna hafva måst draga qvarnena, och de unge stupa under vedabördor.
၁၃လူပျိုတို့သည် ကြိတ်ဆုံကို ထမ်းရကြပါ၏။ သူငယ်တို့သည်လည်း ထင်းအောက်မှာလဲရကြပါ၏။
14 De gamle sitta intet mer i portarna, och ynglingar bruka intet mer strängaspel.
၁၄အသက်ကြီးသူတို့သည် မြို့တံခါးဝ၌၎င်း၊ လူပျို တို့သည် ပွဲသဘင်၌၎င်း ကွယ်ပျောက်ကြပါ၏။
15 Vår hjertas glädje hafver en ända, vår dans är vänd uti klagogråt.
၁၅အကျွန်ုပ်တို့သည် နှလုံးရွှင်လန်းခြင်းပြတ်၍၊ ကခြင်းအရာ၌ ညည်းတွားခြင်း ရှိကြပါ၏။
16 Af vårt hufvud är kronan fallen: Ack ve! att vi så syndat hafve!
၁၆အကျွန်ုပ်တို့ဆောင်းသော သရဖူသည်ကျပါပြီ။ အကျွန်ုပ်တို့သည် ပြစ်မှားသောကြောင့် အမင်္ဂလာ ရှိကြပါ၏။
17 Derföre är ock vårt hjerta bedröfvadt, och vår ögon förmörkrad;
၁၇ထိုကြောင့်အကျွန်ုပ်တို့သည်စိတ်ပျက်ကြပါပြီ။ ထိုအပြစ်ကြောင့် မျက်စိတို့သည်လည်း မွဲကြပါ၏။
18 För Zions bergs skull, att det så öde ligger, att räfvarna löpa deröfver.
၁၈လူဆိတ်ညံလျက်ရှိသော ဇိအုန်တောင်ပေါ်မှာ မြေခွေးတို့သည် သွားလာကြပါ၏။
19 Men du, Herre, som blifver evinnerliga, och din stol i evig tid;
၁၉အိုထာဝရဘုရား၊ ကိုယ်တော်သည် နိစ္စ အမြဲ တည်တော်မူ၏။ ပလ္လင်တော်သည်လည်း ထာဝရပလ္လင် ဖြစ်ပါ၏။
20 Hvi vill du så platt förgäta oss, och så länge platt öfvergifva oss?
၂၀ကိုယ်တော်သည် အဘယ်ကြောင့်အကျွန်ုပ်တို့ကို အစဉ်မပြတ် မေ့လျော့တော်မူသနည်း။ အဘယ်ကြောင့် ကာလကြာမြင့်စွာ စွန့်ပစ်တော်မူသနည်း။
21 Hemta oss, Herre, åter till dig, att vi måge komma hem igen; förnya våra dagar, lika som de fordom voro.
၂၁အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကိုအထံတော်သို့ လှည့်စေတော်မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်တို့သည်ပြန်၍ လာကြပါမည်။ ရှေးကာလကဲ့သို့ အကျွန်ုတို့ကာလကို အသစ်ပြုပြင်တော်မူပါ။
22 Ty du hafver förkastat oss, och är allt svårliga öfver oss förtörnad.
၂၂အကယ်၍ ကိုယ်တော်သည်အကျွန်ုပ်တို့ကို ရှင်းပယ်တော်မူမည်လော။ ပြင်းစွာအမျက်ထွက်တော် မူမည်လော။