< Josua 14 >
1 Detta är nu det som Israels barn intogo i Canaans lande, hvilket dem emellan utskifte Presten Eleazar och Josua, Nuns son, och de öfverste fäder i Israels barnas slägter.
၁ခါနာန်ပြည်၌လည်း ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုအစရှိသော ဣသရေလအမျိုးအနွယ် တို့၌ မင်းဖြစ်သောသူတို့သည် အမွေဝေဖန်၍ ဣသရေလ အမျိုးသားတို့သည် အမွေခံရကြ၏။
2 Och de skifte det emellan sig med lott, såsom Herren budit hade genom Mose, att gifva de halftionde slägter.
၂ထာဝရဘုရားသည် မောရှေအားဖြင့် မှာထား တော်မူသည်အတိုင်း၊ ဣသရေလအမျိုး ကိုးမျိုးနှင့် တဝက် တို့သည် စာရေးတံပြု၍ အမွေခံရကြ၏။
3 Ty de två slägterna, och den halfva, hade Mose gifvit arfvedel hinsidon Jordan; men Leviterna hade han ingen arfvedel gifvit ibland dem.
၃မောရှေသည် ဣသရေလအမျိုးနှစ်မျိုးနှင့် တဝက်တို့အား၊ ယော်ဒန်မြစ်အရှေ့ဘက်၌ အမွေပေးနှင့် ပြီ။ လေဝိသားတို့အား အခြားသောအမျိုးနှင့်ရော၍ အမွေမပေး။
4 Ty Josephs barn vordo två slägter, Manasse och Ephraim; derföre gåfvo de Leviterna ingen del i landena, utan städer, der de skulle bo uti, och förstäder för deras boskap, och håfvor.
၄ယောသပ်အမျိုးသားတို့သည် မနာရှေအမျိုး၊ ဧဖရိမ်အမျိုးနှစ်မျိုးဖြစ်၍၊ လေဝိသားတို့နေစရာမြို့၊ သူတို့ တိရစ္ဆာန်နှင့် ဥစ္စာကို ထားစရာမြို့နယ်မှတပါး အခြား သောမြေကို မပေး။
5 Såsom Herren hade budit Mose, så gjorde Israels barn, och skifte landet.
၅မောရှေအား ထာဝရဘုရားမှာထားတော်မူ သည်အတိုင်း၊ ဣသရေလအမျိုးသားတို့သည် ပြု၍ မြေကို ဝေဖန်ကြ၏။
6 Då gingo Juda barn fram till Josua i Gilgal; och Caleb, Jephunne son, den Kenisiten, sade till honom: Du vetst hvad Herren sade till den Guds mannen Mose, på mina och dina vägnar, i KadesBarnea.
၆ထိုအခါ ယုဒအမျိုးသားတို့သည်၊ ဂိလဂါလမြို့၌ ယောရှုထံသို့လာ၍၊ ကေနက်အမျိုးယေဖုန္နာ၏သား ကာလက်က၊ ထာဝရဘုရားသည် ကာဒေရှဗာနာအရပ်၌ ကိုယ်တော်နှင့် အကျွန်ုပ်ကို ရည်ဆောင်၍၊ ဘုရားသခင် ၏လူမောရှေအား မိန့်တော်မူသောစကားကို ကိုယ်တော် သိပါ၏။
7 Jag var fyratio åra gammal, när Mose Herrans tjenare mig utsände ifrå KadesBarnea, till att bespeja landet; och jag sade honom igen efter mitt samvet.
၇ဤပြည်ကို စူးစမ်းစေခြင်းငှါ ဘုရားသခင်၏ ကျွန် မောရှေသည် အကျွန်ုပ်ကို ကာဒေရှဗာနာအရပ်မှ စေလွှတ်သောအခါ၊ အကျွန်ုပ်သည် အသက်လေးဆယ် ရှိပါ၏။ အကျွန်ုပ်သည် ကိုယ်စိတ်ထင်သည်အတိုင်း ပြန်ကြားလျှောက်ထားပါ၏။
8 Men mine bröder, som med mig uppgångne voro, gjorde folkena ett förskräckt hjerta; men jag följde Herran min Gud troliga efter.
၈အကျွန်ုပ်နှင့်အတူသွားသော ညီအစ်ကိုတို့သည်၊ လူများစိတ်ပျက်စရာကို ပြုသော်လည်း၊ အကျွန်ုပ်သည် အကျွန်ုပ်၏ ဘုရားသခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်ပါ၏။
9 Då svor Mose på den samma dagen, och sade: Det landet, som du på trädt hafver med din fot, skall vara din och dina barnas arfvedel till evig tid; derföre, att du Herran min Gud troliga efterföljt hafver.
၉ထိုနေ့ရက်၌ မောရှေက၊ သင်သည် ငါ၏ဘုရား သခင် ထာဝရဘုရားနောက်တော်သို့ လုံးလုံးလိုက်သော ကြောင့်၊ အကယ်၍ သင်နင်းပြီးသောမြေသည် အစဉ်အ ဆက် သင်၏အမွေ၊ သင်၏ သားမြေးတို့၏အမွေ ဖြစ်ရ လိမ့်မည်ဟု ကျိန်ဆိုလေ၏။
10 Och nu, si, Herren hafver låtit mig lefva, såsom han sagt hade; det är nu fem och fyratio år, sedan Herren detta sade till Mose, då Israel vandrade i öknene; och si, jag är nu på denna dag fem och åttatio åra gammal;
၁၀ဣသရေလအမျိုးသည် တော၌ လှည့်လည်စဉ် အခါ၊ ထာဝရဘုရားသည် ထိုသို့ မောရှေအား မိန့်တော်မူ သောနေ့မှစ၍ ယခုတိုင်အောင် အမိန့်တော်ရှိသည်အ တိုင်း၊ အနှစ်လေးဆယ်ငါးနှစ်ပတ်လုံး အကျွန်ုပ် အသက်ကို ရှင်စေတော်မူသဖြင့်၊ ယနေ့မှာ အကျွန်ုပ်သည် အသက်ရှစ်ဆယ်ငါးနှစ်ရှိပါပြီ။
11 Och är ännu i dag så stark, som jag var på den dagen, då Mose sände mig ut; såsom min magt var på den tiden, så är hon ännu, till att strida och till att gå ut och in.
၁၁သို့ရာတွင် မောရှေစေလွှတ်သောနေ့၌ ခွန်အား ရှိသကဲ့သို့ ယနေ့၌ ရှိပါ၏။ ထိုအခါ ထွက်ဝင်ခြင်းအမှု၊ စစ်တိုက်ခြင်းအမှုကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်းနိုင် သကဲ့သို့ ယခုလည်း တတ်စွမ်းနိုင်ပါ၏။
12 Så gif mig nu detta berget, om hvilket Herren sade på den dagen; ty du hörde det på den tiden, att de Enakim bo deruppå, och äro store och faste städer, om Herren ville vara med mig, att jag kunde fördrifva dem, såsom Herren sagt hafver.
၁၂သို့ဖြစ်၍ ထိုနေ့၌ ထာဝရဘုရားမိန့်တော်မူ သော ဤတောင်ကို အကျွန်ုပ်အား ပေးပါ။ ဤတောင် ပေါ်မှာ အာနကလူရှိကြောင်းကို၎င်း၊ ကြီးမားခိုင်ခံ့သော မြို့တို့နှင့် ပြည့်စုံကြောင်းကို၎င်း၊ ထိုနေ့၌ ကိုယ်တော်သည် ကြားရပြီ။ သို့ရာတွင် ထာဝရဘုရားသည် အကျွန်ုပ်နှင့် အတူရှိတော်မူလျှင်၊ အမိန့်တော်ရှိသည်အတိုင်း ထိုသူတို့ ကို နှင်ထုတ်ခြင်းငှါ အကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက်ဆို၏။
13 Då välsignade Josua honom, och gaf så Caleb, Jephunne son, Hebron till arfvedel.
၁၃ထိုအခါ ယောရှုသည် ကောင်းကြီးပေး၏။ ဟေဗြုန်ပြည်ကိုလည်း၊ ယေဖုန္နာ၏သား ကာလက်အမွေခံ စရာဘို့ အပ်ပေးလေ၏။
14 Deraf vardt Hebron Calebs, Jephunne sons, den Kenisitens arfvedel, allt intill denna dag; derföre, att han hade troliga efterföljt Herran Israels Gud.
၁၄သို့ဖြစ်၍ ကေနက်အမျိုး ယေဖုန္နာ၏သား ကာ လက်သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရားနောက်တော်သို့ လုံးလုံးလိုက်သောကြောင့်၊ ဟေဗြုန် ပြည်သည် ယနေ့တိုင်အောင် ကာလက်၏အမွေမြေဖြစ် သတည်း။
15 Men Hebron kallades i förtiden KiriathArba, den en stor man var ibland de Enakim. Och landet hade återvändt örliga.
၁၅ဟေဗြုန်မြို့သည် အထက်ကကိရသာဘအမည် ရှိ၏။ အာဗသည် အာနကအမျိုးသားတို့တွင် လူကြီးဖြစ် ၏။ ထိုအခါ တပြည်လုံးစစ်ငြိမ်းလေ၏။