< Job 14 >
1 Menniskan, af qvinno född, lefver en liten tid, och är full med orolighet;
၁လူသည် မိန်းမဘွားသောသူဖြစ်သဖြင့်၊ အသက်တို၍ ဒုက္ခနှင့် ပြည့်စုံပါ၏။
2 Växer upp som ett blomster, och faller af; flyr bort som en skugge, och blifver icke.
၂ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်ခြင်းကိုခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်ပါ၏။
3 Och öfver en sådana upplåter du din ögon, och drager mig för dig i rätten.
၃ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်တော်မူ သလော။ အကျွန်ုပ်နှင့်ဘက်၍တရားတွေ့တော်မူမည် လော။
4 Ho vill finna en renan när dem, der ingen ren är?
၄မသန့်ရှင်းသောအရာထဲက သန့်ရှင်းသောအရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူမျှ မထုတ်မဘော်နိုင်ပါ။
5 Han hafver sin förelagda tid; hans månaders tal är när dig; du hafver satt honom ett mål före, derutöfver varder han icke gångandes.
၅လူ၏နေ့ရက်တို့ကို မှတ်သား၍၊ သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသဖြင့်၊ သူ မလွန်နိုင်သော အပိုင်းအခြားကို ထားတော်မူသော ကြောင့်၊
6 Gack ifrå honom, att han må hvilas, så länge hans tid kommer, den han såsom en dagakarl bidar efter.
၆မျက်စိတော်ကို လွှဲ၍ လူသည်သူငှါးကဲ့သို့ မိမိ နေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်ရသောအခွင့် ကို ပေးတော်မူပါ။
7 Ett trä hafver hopp, om det än är afhugget, att det skall åter förvandla sig, och dess telningar vända icke igen.
၇သစ်ပင်ကိုခုတ်သော်လည်း၊ အငုတ်အချည်း စည်းမရှိဘဲ အတက်ပေါက်လေဦးမည်ဟု မြော်လင့်စရာ ရှိ၏။
8 Ändock dess rot föråldras i jordene, och stubben dör i mullene;
၈မြေထဲမှာ အမြစ်ဟောင်း၍၊ မြေပေါ်မှာ အငုတ်သေသော်လည်း၊
9 Så grönskas han dock åter af vattnets lukt, och växer lika som han plantad vore.
၉ရေငွေ့ကြောင့် အတက်ပေါက်၍၊ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့် ပြည့်စုံလိမ့်မည်။
10 Men hvar är en menniska, då hon död, förgången och borto är?
၁၀လူမူကားသေ၍ ဆွေးမြေ့တတ်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိသနည်း။
11 Såsom ett vatten löper utur en sjö, och såsom en bäck utlöper och förtorkas;
၁၁အိုင်ရေပြတ်သကဲ့သို့၎င်း၊ မြစ်ရေခန်းခြောက် သကဲ့သို့၎င်း၊
12 Så är en menniska, då hon lägges ned, och varder intet uppståndandes, och varder intet uppvaknandes, så länge himmelen varar, och varder icke uppväckt af sinom sömn.
၁၂လူသည်အိပ်ပြီးမှ နောက်တဖန်မထရ။ မိုဃ်း ကောင်းကင်မကုန် မဆုံးမှီတိုင်အောင် မနိုးရ။ အအိပ် အပျော်မပျက်ရ။
13 Ack! att du fördolde mig i helvete, och fördolde mig, så länge din vrede afgår, och satte mig ett mål, att du ville tänka uppå mig. (Sheol )
၁၃ကိုယ်တော်သည် အကျွန်ုပ်ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်မလွန်မှီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ် ကိုအောက်မေ့စရာ အချိန်ကို ချိန်းချက်တော်မူပါစေ။ (Sheol )
14 Menar du, att en död menniska skall åter lefva igen? Jag förbidar dagliga, medan jag strider, tilldess min förvandling kommer;
၁၄လူသည် သေလျှင်အသက်ရှင်ပြန်ပါလိမ့်မည်လော။ အကျွန်ုပ် ပြောင်းလဲချိန်မရောက်မှီ၊ ပင်ပန်းစွာ အမှုထမ်းရသော နေ့ရက်ကာလပတ်လုံးသည်းခံလျက်နေ ပါမည်။
15 Att du ville kalla mig, och jag måtte svara dig; och du ville icke förkasta ditt handaverk:
၁၅အကျွန်ုပ်ကို ခေါ်တော်မူပါ။ အကျွန်ုပ်ပြန် လျှောက်ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနားခြင်း စိတ်ရှိတော်မူပါ။
16 Ty du hafver allaredo talt min tren; men akta dock icke uppå mina synd.
၁၆ယခုမှာ အကျွန်ုပ်ခြေရာတို့ကို ကိုယ်တော်သည် ရေတွက်၍၊ အကျွန်ုပ်အပြစ်တို့ကို စောင့်တော်မူ၏။
17 Min öfverträdelse hafver du förseglat uti ett knippe, och sammanfattat mina missgerning.
၁၇အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍၊ အကျွန်ုပ်ဒုစရိုက်အပြစ်အပေါ်မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။
18 Förfaller dock ett berg, och förgås, och en klippa går af sitt rum;
၁၈ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏။ ကျောက်သည်လည်း မိမိနေရာမှ ရွေ့လျော့တတ်ပါ၏။ ရေတိုက်သောကျောက်ခဲသည်လည်း ပွန်းတတ်ပါ၏။
19 Vattnet sköljer stenarna bort, och floden förer jordena bort; men menniskones hopp är förloradt.
၁၉လွှမ်းမိုးသောရေနှင့်အတူ မြေမှုန့်ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူမြော်လင့်စရာ အကြောင်းကို ဖျက်တော်မူ၏။
20 Ty du stöter henne platt omkull, så att hon förgås; du förvandlar hennes väsende, och låter henne fara.
၂၀ကိုယ်တော်သည် လူကို အစဉ်နိုင်တော်မူ၍၊ လူသည်ကွယ်ပျောက်တတ်ပါ၏။ ထူးခြားသောမျက်နှာ ကို ပေး၍ အခြားသို့ လွှတ်လိုက်တော်မူ၏။
21 Äro hennes barn i äro, det vet hon icke; eller om de äro föraktelige, det förnimmer hon intet.
၂၁သူ၏သားတို့သည် ချီးမြှောက်ခြင်းသို့ ရောက်သော်လည်း သူသည်မသိရပါ။ နှိမ့်ချခြင်းသို့ ရောက်သော် လည်း ထိုအမှုကိုပင် မရိပ်မိပါ။
22 Medan hon är i köttena, måste hon hafva sveda; och medan hennes själ är än när henne, måste hon lida vedermödo.
၂၂သို့ရာတွင် သူ၏ကိုယ်သည်ကိုက်ခဲလျက်၊ သူ၏ဝိညာဉ်သည်ညည်းတွားလျက်နေရပါသည်ဟု မြွတ်ဆို၏။