< Hesekiel 29 >
1 Uti tionde årena, på tolfte dagen i tionde månadenom, skedde Herrans ord till mig, och sade:
၁သက္ကရာဇ် ဆယ် ခု၊ ဒသမ လ တဆယ် တရက်နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 Du menniskobarn, ställ ditt ansigte emot Pharao, Konungen i Egypten, och prophetera emot honom, och emot hela Egypti land.
၂အချင်းလူသား ၊ သင်သည် အဲဂုတ္တု ရှင်ဘုရင် ဖါရော မင်းတဘက် ၌မျက်နှာ ထား ၍ ၊ သူ နှင့် အဲဂုတ္တု ပြည် တပြည်လုံး တဘက် ၌ပရောဖက်ပြု လျက်၊
3 Predika, och säg: Detta säger Herren Herren: Si, jag vill till dig, Pharao, du Konung i Egypten, du store drake, som i vattnena ligger, och säger: Strömmen är min, och jag hafver gjort mig honom.
၃အရှင် ထာဝရဘုရား ၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ အိုအဲဂုတ္တု ရှင်ဘုရင် ဖာရော မင်း၊ ကိုယ် မြစ် များ အလယ် ၌ နေ လျက်၊ ငါ့ မြစ် ကို ငါ ပိုင်၏။ ငါ့ အဘို့ ငါ ဖန်ဆင်း ပြီဟု ဆို တတ်သောမိကျောင်း ကြီး ၊ သင့် တဘက် ၌ ငါ နေ၏။
4 Men jag skall lägga dig ett bett i munnen, och hänga fiskarna i dina floder vid din fjäll, och skall draga dig utu dinom ström, samt med alla fiskar i dina floder, som vid din fjäll hänga.
၄သင့် ပါးရိုး ကို သံချိတ် နှင့်ချိတ် ၍၊ သင့် မြစ် ၌နေသော ငါး တို့ကို သင့် အကြေး တို့၌ ငါကပ် စေမည်။ သင့် မြစ် များ အလယ် ထဲက သင့် ကို ငါနှုတ် ၍ ၊ မြစ် ၌ရှိသမျှ သော ငါး တို့သည် သင့် အကြေး တို့၌ ကပ် ကြလိမ့်မည်။
5 Jag skall kasta dig med fiskarna bort utu din vatten, in uti öknena; du skall falla uppå markene, och intet igen upphemtad eller församlad varda, utan blifva djuromen på markene, och foglomen under himmelen, till ett as.
၅သင် နှင့် သင့် မြစ် ၌ရှိသမျှ သော ငါး တို့ကိုတော ၌ ငါပစ်ထား မည်။ လွင်ပြင် ၌ကျ ၍ နောက်တဖန်စုဝေး ခြင်း ကို မ ပြုရ။ တော သားရဲ များ၊ မိုဃ်း ကောင်းကင်ငှက် များ စားစရာ ဘို့ သင့် ကိုငါအပ် ၏။
6 Och alle de, som bo uti Egypten, skola förnimma att jag är Herren, derföre att de Israels huse en rörstaf voro;
၆ငါ သည်ထာဝရဘုရား ဖြစ်ကြောင်း ကို အဲဂုတ္တု ပြည်သားအပေါင်း တို့သည် သိ ရကြလိမ့်မည်။ အကြောင်းမူကား ၊ သင်သည် ဣသရေလ အမျိုး ၌ ကျူ တောင်ဝေး ဖြစ် လေပြီ။
7 Hvilken, då de honom fattade, söndergick, och stack dem genom sidona; när de stödde sig vid honom, gick han sönder, och stack dem i ländena.
၇သင့် ကိုလက် နှင့် ကိုင် သောအခါ သင်သည် အကိုင်မခံ။ သူ တို့ ပခုံး ဆစ်ကို ဖြုတ် လေ၏။ သင် နှင့် ကိုယ်ကိုထောက် သောအခါ သင်သည် ကျိုး ၍ သူ တို့ခါး ကို နာ စေ၏။
8 Derföre säger Herren Herren alltså: Si, jag vill låta svärdet komma öfver dig, och utrota i dig både folk och fä.
၈သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ ငါ သည် သင့် အပေါ်သို့ ထား ကိုဆောင် ခဲ့၍ လူ နှင့် တိရစ္ဆာန် တို့ကို ပယ်ဖြတ် သဖြင့် ၊
9 Och Egypti land skall varda tomt och öde, och de skola förnimma, att jag är Herren; derföre, att han säger: Strömmen är min, och jag hafver gjort honom.
၉အဲဂုတ္တု ပြည် သည် လူဆိတ်ညံ လျက်၊ ပျက်စီး လျက်ရှိ သောအခါ ၊ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရလိမ့်မည်။ သင်က၊ ငါ့မြစ် ကိုငါ ပိုင်၏။ ငါ ဖန်ဆင်း ပြီ ဟု ဆို မိသောကြောင့် ၊
10 Derföre, si, jag vill till dig, och till dina strömmar, och skall göra Egypti land tomt och öde, ifrå det tornet i Sevene, allt intill Ethiopiens gränsor.
၁၀သင် နှင့် သင့် မြစ် တဘက် ၌ ငါ နေ၏။ အဲဂုတ္တု ပြည် ကို မိဂဒေါလ မှစ၍ သုဏေ မြို့တိုင်အောင်၎င်း ၊ အဲသယောပိ ပြည်စွန်း တိုင်အောင် ၎င်း ၊ ထားနှင့် ဖျက်ဆီး ၍ ဆိတ်ညံ စေမည်။
11 Att deruti hvarken fä eller folk gå eller bo skola, i fyratio år långt.
၁၁အနှစ် လေးဆယ် ပတ်လုံးလူ ရှောက် ၍မ သွားရ။ တိရစ္ဆာန် လည်း ရှောက် ၍မ သွားရ။ အဘယ်သူမျှမ နေ ရ။
12 Ty jag vill göra Egypti land öde, såsom dess öde gränsor, och låta dess städer öde ligga, såsom andra öde städer, i fyratio år långt; och skall förströ de Egyptier ibland Hedningarna, och förjaga dem bort i landen.
၁၂ပျက်စီး သောပြည် တို့တွင် အဲဂုတ္တု ပြည် ကို ငါဖျက်ဆီး မည်။ လူဆိတ်ညံ သောမြို့ တို့တွင် အနှစ် လေးဆယ် ပတ်လုံးအဲဂုတ္တု မြို့ တို့သည် ပျက်စီး လျက်ရှိ ကြလိမ့်မည်။ အဲဂုတ္တု လူတို့ကို အတိုင်းတိုင်း အပြည်ပြည် တို့သို့ ငါကွဲပြား ပြန့်လွင့် စေမည်။
13 Dock detta säger Herren Herren: När de fyratio år ute äro, så skall jag åter samka de Egyptier tillhopa ifrå folken, dit de förströdde varda;
၁၃သို့ရာတွင်၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ အနှစ် လေးဆယ် စေ့ သောအခါ၊ ကွဲပြား လျက် နေရသော လူမျိုး တို့မှ အဲဂုတ္တု လူတို့ကို ငါခေါ်၍ စုဝေး စေမည်။
14 Och skall omvända Egypti fängelse, och låta dem komma uti Patros land igen, det deras fädernesland är, och skola vara der ett fögo rike.
၁၄သိမ်း သွားခြင်းတို့မရသော အဲဂုတ္တု လူတို့ကို ငါတဖန် ဆောင်ခဲ့၍ သူ တို့နေရင်း ပြည် ၊ ပါသရု ပြည် သို့ ပြန် စေမည်။ ထို ပြည်၌ ယုတ် သောနိုင်ငံ ဖြစ် ရလိမ့်မည်။
15 Ty det skall vara litet emot annor rike, och intet mer rådandes vara öfver Hedningarna; och jag skall förminska dem, så att de intet råda skola öfver Hedningarna;
၁၅တပါး သော လူမျိုးတို့ကို နောက် တဖန်အစိုး မ ရ။ နိုင်ငံ တကာတို့တွင် အယုတ်ဆုံး ဖြစ် ရလိမ့်မည်။ တပါး သော လူမျိုးတို့ကို နောက်တဖန် အစိုး မ ရစေခြင်းငှါငါရှုတ်ချ မည်။
16 Att Israels hus icke skall mer förlåta sig uppå dem, och synda dermed, att de hålla sig intill dem, och skola förnimma, att jag är Herren Herren.
၁၆ဣသရေလ အမျိုးသား တို့သည် ထိုပြည်သားတို့ကို မြော်လင့်၍၊ မိမိတို့အပြစ် ကို ငါအောက်မေ့ စေသဖြင့်၊ နောက် တဖန် ထိုပြည်သည် သူတို့ ခိုလှုံ ရာမ ဖြစ် ရာ။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
17 Och det begaf sig uti sjunde och tjugonde årena, på första dagenom i första månadenom, skedde Herrans ord till mig, och sade:
၁၇သက္ကရာဇ် နှစ်ဆယ် ခုနစ် ခု၊ ပဌမ လ တရက် နေ့ တွင် ၊ ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
18 Du menniskobarn, NebucadNezar, Konungen i Babel, hafver fört sin här med stor mödo inför Tyrus, så att all hufvud voro skallot, och alle axlar försletne; och hans arbete är dock ännu honom eller hans här för Tyrus intet lönt vordet.
၁၈အချင်းလူသား ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည်၊ သူ ၏စစ်သူရဲ တို့ကို တုရု မြို့တဘက် ၌ များစွာ သော အမှု ကိုဆောင်ရွက် စေပြီ။ စစ်သူရဲတိုင်း ခေါင်းတုံး ပြီ။ ပခုံး လည်းပွန်း ပြီ။ သို့ရာတွင် ၊ ရှင်ဘုရင် နှင့် စစ်သူရဲ တို့သည် တုရု မြို့တဘက်၌ အမှု ဆောင်ရွက်ခ ကို ထိုမြို့တွင် မ ခံရ ကြ။
19 Derföre säger Herren Herren alltså: Si, jag skall gifva NebucadNezar, Konungen af Babel, Egypti land, att han skall taga bort allt dess gods, och skall skinna och beröfva det, på det han må gifva sinom här sold;
၁၉သို့ဖြစ်၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား၊ အဲဂုတ္တု ပြည် ကို ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ အား ငါ ပေး မည်။ ထိုမင်းသည် ပြည်သားအလုံးအရင်း ကို၎င်း၊ လက်ရ ဥစ္စာအမျိုးမျိုးကို၎င်း သိမ်းယူ ပြီးလျှင် ၊ မိမိ စစ်သူရဲ တို့ အခ ဘို့ ဝေငှ လိမ့်မည်။
20 Men Egypti land vill jag gifva honom för sitt arbete, som han derpå gjort hafver; ty de hafva tjent mig, säger Herren Herren.
၂၀ငါ့ အမှုကို ဆောင်ရွက် သောကြောင့် ၊ တုရု မြို့ တဘက် ၌ အမှု ဆောင်ရွက်ခ ဘို့ အဲဂုတ္တု ပြည် ကို ငါပေး ပြီ။
21 På den tiden skall jag låta växa Israels hus horn, och skall upplåta din mun ibland dem, att de skola, förnimma att jag är Herren.
၂၁ထို ကာလ ၌ ဣသရေလ အမျိုး ၏ ချို ကိုငါပေါက် စေ၍ ၊ သူ တို့အထဲ မှာ သင်ဟောပြော ရသော အခွင့်ကို ငါပေး မည်။ ငါ သည် ထာဝရဘုရား ဖြစ်ကြောင်း ကို သူတို့ သိ ရကြလိမ့်မည်ဟု မိန့်တော်မူ၏။